[Unicode]
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ ဈေးတန် Location ကောင်းပြီး အသင့်ပြင်ထားသည့် Shwe Moe Kaung Condo အထူးအရောင်းပြပွဲကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ၊ ၂၆ ရက်နှင့် ၂၇ ရက်(စနေ၊ တနင်္ဂနွေနေ့) များတွင် မိုးကောင်းလမ်းနှင့် အောင်ဇေယျလမ်းထောင့် ၊ ရန်ကင်းမြို့နယ်ရှိ Shwe Moe Kaung Condo တွင် မနက် (၉)နာရီမှ ညနေ (၅)နာရီအထိ ကျင်းပခဲ့ရာ အောင်မြင်စွာ ရောင်းချနိုင်ခဲ့ကြောင်း သိရှိရပါသည်။
ပြပွဲ(၂)ရက်အတွင်းဝယ်ယူခဲ့ကြသူများကိုလည်း အထူးပရိုမိုးရှင်းများအနေဖြင့် 25% အထိ Discount ၊ ဘဏ်ဖြင့် (၁၅) နှစ်အရစ်ကျစနစ် ၊ 100% bank transfer (Special) တို့အပြင် ဝယ်ယူသည့်အခန်းအမျိုးအစားအလိုက် iPhone 14 ProMax (၃)လုံး ၊ အခန်းတစ်ခန်းကို Air Con (1 HP ၂ လုံး) အသီးသီးတို့ကို ထပ်ဆောင်း မေတ္တာလက်ဆောင်များ ပေးအပ်ခဲ့ကြောင်းသိရသည်။
Shwe Moe Kaung Condo သည် မိုးကောင်းလမ်းနှင့် အောင်ဇေယျလမ်းထောင့် ၊ ရန်ကင်းမြို့နယ် တွင်တည်ရှိသည်။(၁၂) ထပ် အမြင့်ရှိသော အဆောက်အဦး (၁၀) လုံးကို Great Master Construction မှ အရည်အသွေးပြည့်မှီစွာတည်ဆောက်ပေးထားပြီး BCC ကျပြီး ဖြစ်၍ဝယ်ယူပြီး အသင့်နေထိုင်နိုင်မည်ဖြစ်သည်။ သည့်အပြင် ဝယ်ယူသူအမည်ပေါက် Owner Book ရရှိနိုင်မည်ဖြစ်သည်။တစ်ခန်းတစ်စီး ရပ်နားရန် ကားပါကင်တစ်နေရာ ရရှိမည်ဖြစ်ပြီး အခြား Facilities များအနေဖြင့် ရေကူးကန် ၊ အားကစားခန်းမ ၊ Outdoor Garden Area ၊ Retail Shops ၊ City Mart Super Market စသည်တို့ ပါဝင်နေမည်ဖြစ်သည်။
အနီးအနားတွင်လည်း အင်းယားကန် ၊ Yankin Center ၊ ရန်ကင်းကလေးဆေးရုံ ၊ Myanmar Plaza ၊ Sedona Hotel ၊ International School တို့တည်ရှိသည်။
“Shwe Moe Kaung Condo က ရန်ကုန်မြို့၏ အချက်အချာ ရန်ကင်းမြို့နယ် ၊ မိုးကောင်းလမ်းနှင့် အောင်ဇေယျလမ်းထောင့်မှာ တည်ရှိတာကြောင့် Location ကောင်းမွန်ခြင်း ၊ နေထိုင်ခွင့် BCC ကျပြီးဖြစ်၍ ဝယ်ယူပြီးတာနဲ့ အသင့်နေထိုင်နိုင်ခြင်း၊ ဝယ်ယူသူအမည်ပေါက် owner book ရရှိနိုင်ခြင်းကြောင့် ပိုင်ဆိုင်မှုခိုင်မာခြင်း ၊ အခန်းတိုင်းကို Decoration အပြည့်အစုံပြင်ပေးထားသောကြောင့် Decoration ကုန်ကျစရိတ်သက်သာခြင်း ၊ Facilities အစုံပါဝင်သည့်အပြင် Ground floor တွင် City mart Supermarket နှင့် Retail Shop များဖွင့်လှစ်ထားသောကြောင့် တစ်နေ့တာ လိုအပ်ချက်များကို တစ်နေရာတည်း ရရှိနိုင်ခြင်း ၊ ကွန်ဒိုတွင်နေထိုင်ရင်း အရစ်ကျ စနစ်ဖြင့်ငွေပေးချေလိုပါက ဘဏ်ဖြင့်ချိတ်ဆက်ပြီး ၁၅ နှစ်အရစ်ကျအထိ ပေးချေနိုင်ခြင်း ၊ အင်းယားကန် ၊ Yankin Center ၊ ရန်ကင်းကလေးဆေးရုံ ၊ Myanmar Plaza ၊ Sedona Hotel ၊ International School တို့အနီးတွင်ရှိခြင်းစတဲ့ အချက်တွေနဲ့ပြည့်စုံနေတာကြောင့် ရန်ကင်းမြို့နယ်မှာ Luxury Condo မှာလည်း နေချင်တယ် ၊ သင့်တင့်တဲ့ ဈေးနဲ့လည်းဝယ်ချင်တယ်ဆိုရင်တော့ Shwe Moe Kaung Condo က အခန်းတွေကို လက်လွှတ်မခံဘဲ ဝယ်ယူဖို့ တိုက်တွန်းလိုက်ပါတယ်။ ” ဟု iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူက ပြောကြားခဲ့သည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်စေရမည်
[Zawgyi]
ဈေးတန် Location ကောင်းပြီး အသင့်ပြင်ထားတဲ့ Shwe Moe Kaung ကွန်ဒိုကို နှစ်ရှည်ဘဏ်အရစ်ကျဖြင့် ဝယ်ယူနိုင်မည့် အခွင့်အရေး
iMyanmarHouse.com