ဗီယက်နမ်အိမ်ရာချေးငွေအတိုးနှုန်းများ ၂၀၂၁ ခုနှစ်တွင် ဆွဲဆောင်မှုရှိဆဲဖြစ်မည်
ဗီယက်နမ်အိမ်ရာချေးငွေအတိုးနှုန်းများ ၂၀၂၁ ခုနှစ်တွင် ဆွဲဆောင်မှုရှိဆဲဖြစ်မည် - Property News in Myanmar from iMyanmarHouse.com
6 Jan 2021 10:47 am တွင် တင်ခဲ့သည်
760 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဗီယက်နမ်အခြေစိုက်ရင်းနှီးမြှုပ်နှံမှုအကြံပေးကုမ္ပဏီ VNDirect ၏ အစီရင်ခံစာတစ်စောင်ကို အခြေခံရသော် ဗီယက်နမ်အိမ်ခြံမြေဈေးကွက်တွင် ဖွံ့ဖြိုးတိုးတက်မှုဖြစ်စေမည့် အကြီးစားစီးပွားရေးပြန်လည်နာလန်ထူမှုနှင့် ရောင်းလိုအားမြင့်တက်မှုနှင့်အတူ အိမ်ခြံမြေဝယ်လိုအားကို လှုံ့ဆော်ပေးမည့် မျှော်လင့်ချက်များဖြင့် ၂၀၂၁ ခုနှစ်တွင် အိမ်ရာချေးငွေနှုန်းထားများ ဆက်လက်နည်းမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာ Viet Nam News က တင်ပြခဲ့သည်။
ဗီယက်နမ်နိုင်ငံတော်ဘဏ် State Bank of Viet Nam (SBV) သည် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် COVID-19 စတင်ဖြစ်ပွားကတည်းက ပြည်သူတို့အတိုးထမ်းရသည့်စရိတ်များသက်သာချောင်ချိစေရန်၊ ဘဏ်များ၏ ထောက်ပံ့စရိတ်များ သက်သာစေရန်နှင့် စီးပွားရေးပြန်လည်နာလန်ထူနိုင်ရေးရှေးရှု၍ မတ်၊ မေနှင့် အောက်တိုဘာတို့တွင် အတိုးနှုန်းများ လျှော့ချခဲ့သည်။
အိမ်ရာချေးငွေအတိုးနှုန်းများကိုပြီးခဲ့သည့် ၁၀ နှစ်အတွင်း အနိမ့်ဆုံးနှုန်းအဖြစ် ၉ ဒသမ ၅ ရာခိုင်နှုန်းသို့ ၁ ဒသမ ၈ ရာခိုင်နှုန်း လျှော့ချခဲ့ခြင်းဖြစ်ကြောင်း VNDirect ၏ ရင်းနှီးမြှုပ်နှံမှုဆန်းစစ်လေ့လာရေးလက်ထောက်ခေါင်းဆောင် Tran Khanh Hien ၏ အဆိုအရ သိရသည်။
Hien က “ငွေကြေးဖောင်းပွမှုဖိအားကိုတည်ငြိမ်စေတဲ့အခြေအနေမာ SBV ဟာ ၂၀၂၁ ခုနှစ်မှာ ပြင်လွယ်ပြောင်းလွယ်ရှိတဲ့ ငွေကြေးမူဝါဒတစ်ခုကို ဆက်ထိန်းထားလိမ့်မယ်လို့ ကျွန်တော်တို့ခန့်မှန်းရပါတယ်။ နောက်ထပ်အတိုးနှုန်းလျှော့ချမှုတွေ ထပ်ဖြစ်လာဖို့ မမျှော်မှန်းပေမဲ့ SBV ဟာ အဲဒီချောင်ချိတဲ့ ငွေကြေးမူဝါဒတွေကို ထိန်းသိမ်းရင်းနဲ့ စီးပွားရေးပြန်လည်နာလန်ထူလာဖို့ ၂၀၂၁ ခုနှစ်မှာ အတိုးနှုန်းတွေကို တိုးမြှင့်မှာမဟုတ်ဘူးလို့ ယူဆရပါတယ်။” ဟု ပြောကြားခဲ့သည်။
“ဒါကြောင့်မို့ အိမ်ရာချေးငွေတွေအတွက် အတိုးနှုန်းတွေဟာ အိမ်ရာဈေးကွက်မှာ ဝယ်လိုအားကို လှုံ့ဆော်ဖို့ ၂၀၂၁ ခုနှစ်မှာ နှုန်းထားတွေဆက်နည်းမှာပါ” ဟု သူက ဖြည့်စွက်ပြောကြားခဲ့သည်။
VNDirect က လာမည့်နှစ်မှာ အိမ်ရာဈေးကွက်ကို တိုးမြှင့်မည့် နိုင်ငံ့အကြီးစားစီးပွားရေးပြန်လည်နာလန်ထူရန် ခန့်မှန်းထားသည်။ ကမ္ဘာလုံးဆိုင်ရာကုန်ထုတ်လုပ်မှုမှ ရင်းနှီးမြှုပ်နှံမှုစီးဆင်းမှုက အိမ်ခြံမြေဈေးကွက် အထူးသဖြင့် စက်မှုလုပ်ငန်းဆိုင်ရာအိမ်ခြံမြေဈေးကွက်ကို အကျိုးပြုမည်ဖြစ်သည်။
ဥပဒေရေးရာလုပ်ငန်းတစ်ဆို့ကြန့်ကြာနေမှုများကို ဖြတ်တိုက်ယူပစ်မည့် ၂၀၂၀ ပြည့်နှစ် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေနှင့် ဆောက်လုပ်‌ရေးဆိုင်ရာဥပဒေပြင်ဆင်ချက်များကြောင့် ရောင်းလိုအားသစ် တစ်ဟုန်ထိုးမြင့်တက်မည်ဟုလည်း အဆိုပါအစီရင်ခံစာက ခန့်မှန်းထားသည်။ ယင်းဖြတ်ထုတ်မှုက အိမ်ခြံမြေဈေးကွက်အား ၂၀၂၁ ခုနှစ်တွင် အားကောင်းစွာဖွံ့ဖြိုးမှုစေမည်ဖြစ်ကြောင်း သိရသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Vietnam’s interest rates for home loans remains attractive in 2021 (propertyreport)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
YADANAR BON
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service