လူနေထိုင်ဖို့မသင့်တော်တဲ့အဆောက်အအုံတွေစစ်ဆေးတာ အရှိန်မြင့်မယ်

လူနေထိုင်ဖို့မသင့်တော်တဲ့အဆောက်အအုံတွေစစ်ဆေးတာ အရှိန်မြင့်မယ် - Property News in Myanmar from iMyanmarHouse.com
28 Jul 2020 11:58 am တွင် တင်ခဲ့သည်
1339 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ရန်ကုန်မြို့ရှိ လူနေထိုင်ရန်မသင့်သော အန္တရာယ်ရှိသည့် အဆောက်အအုံများကို စစ်ဆေးမှုများပြုလုပ်ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက သတိပေးစာများကပ်နှိပ်ကာ အသိပေးထားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရပါတယ်။

လက်ရှိတွင် အဆိုပါ အဆောက်အအုံများကို ပြန်လည်စစ်ဆေးမှုများပြုလုပ်ရန် စစ်ဆေးရေးအဖွဲ့တစ်ခု ဖွဲ့စည်းထားပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဦးသန်းက ဦးဆောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ ရန်ကုန်မြို့တွင် ကန်ထရိုက်များဖြင့် တည်ဆောက်ထားသော အထပ်မြင့်အဆောက်အအုံအများစုကို ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်နှင့် တာမွေမြို့နယ်၊ စမ်းချောင်းမြို့နယ်၊ သာကေတမြို့နယ်တို့တွင် အများဆုံးတွေ့ရှိရကြောင်း သိရပါတယ်။

ထိုသို့စစ်ဆေးရာတွင် လူနေထိုင်ရန်မသင့်သော အန္တရာယ်ရှိ အဆောက်အအုံများအဖြစ် စစ်ဆေးတွေ့ရှိပါက သတိပေးစာများကပ်၍ အသိပေးသွားမည်ဖြစ်ကာ လူနေထိုင်ခြင်းမပြုရန် တိုက်တွန်းသွားမည်ဖြစ်ကြောင်း သိရပါတယ်။

လက်ရှိ ရန်ကုန်မြို့တွင် လူနေထိုင်ရန်မသင့်သော အန္တရာယ်ရှိ အဆောက်အအုံများစွာရှိနေပြီး ယခင်ကတည်းက အန္တရာယ်ရှိ အဆောက်အအုံများအဖြစ် သတ်မှတ်ထားသော အဆောက်အအုံများလည်းပါဝင်ကာ မကြာသေးမီကလည်း မြို့နယ်တချို့တွင် တိုက်ခန်းပြိုကျမှုများ ဖြစ်ပွားခဲ့သဖြင့် သက်တမ်းရင့် အဆောက်အအုံများနှင့် အန္တရာယ်ရှိနိုင်သော အဆောက်အအုံများကို စစ်ဆေးဆောင်ရွက်ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရပါတယ်။

“ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေပုဒ်မ - ၈၁ (က)မှာ မြို့တော်နယ်နိမိတ်အတွင်း အဆောက်အအုံတစ်ခု သို့မဟုတ် ယင်း၏ အစိတ်အပိုင်းတစ်ခုခုသည် ကျန်းမာရေးနှင့် ညီညွတ်ခြင်းမရှိကြောင်း၊ ဘေးအန္တရာယ်ကျရောက်နိုင်ကြောင်း သို့မဟုတ် လူနေထိုင်အသုံးပြုရန် သင့်လျော်ခြင်းမရှိကြောင်း စစ်ဆေး တွေ့ရှိလျှင် အဆိုပါ အဆောက်အအုံ၌ နေထိုင်သူ သို့မဟုတ် ပိုင်ရှင်အား ဆက်လက်နေထိုင်ခြင်းမပြုရန် တားမြစ်နိုင်သည်။ တားမြစ်ခြင်းကို လိုက်နာခြင်း မရှိပါက ယင်းအဆောက်အအုံမှ ဖယ်ရှားခြင်း၊ ပြန်လည်ပြင်ဆင် တည်ဆောက်ခွင့်ပြုခြင်း သို့မဟုတ် ဖြိုဖျက်စေခြင်းတို့ကို မြို့တော်စည်ပင်သာယာရေးကော်မတီက ဆောင်ရွက်နိုင်သည်လို "့ ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် အမှန်တကယ် အန္တရာယ်ရှိမယ့် အဆောက်အအုံ ဖြစ်နေရင်တော့ ဖြိုဖျက်စေသည်အထိ ဆောင်ရွက်ညွှန်ကြားခွင့်ရှိမှာ ဖြစ်ပါတယ်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

လူေနထိုင္ဖို ့မသင့္ေတာ္တဲ့အေဆာက္အအုံေတြစစ္ေဆးတာ အရွိန္ျမင့္မယ္

ရန္ကုန္ၿမိဳ႕ရွိ လူေနထိုင္ရန္မသင့္ေသာ အႏၲရာယ္ရွိသည့္ အေဆာက္အအုံမ်ားကို စစ္ေဆးမႈမ်ားျပဳလုပ္ၿပီး ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီက သတိေပးစာမ်ားကပ္ႏွိပ္ကာ အသိေပးထားမည္ျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီမွ သိရပါတယ္။

လက္ရွိတြင္ အဆိုပါ အေဆာက္အအုံမ်ားကို ျပန္လည္စစ္ေဆးမႈမ်ားျပဳလုပ္ရန္ စစ္ေဆးေရးအဖြဲ႕တစ္ခု ဖြဲ႕စည္းထားၿပီး ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီမွ တြဲဖက္အတြင္းေရးမႉး ဦးသန္းက ဦးေဆာင္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရပါတယ္။ ရန္ကုန္ၿမိဳ႕တြင္ ကန္ထ႐ိုက္မ်ားျဖင့္ တည္ေဆာက္ထားေသာ အထပ္ျမင့္အေဆာက္အအုံအမ်ားစုကို ရန္ကုန္ၿမိဳ႕တြင္း ေျခာက္ၿမိဳ႕နယ္ႏွင့္ တာေမြၿမိဳ႕နယ္၊ စမ္းေခ်ာင္းၿမိဳ႕နယ္၊ သာေကတၿမိဳ႕နယ္တို႔တြင္ အမ်ားဆုံးေတြ႕ရွိရေၾကာင္း သိရပါတယ္။

ထိုသို႔စစ္ေဆးရာတြင္ လူေနထိုင္ရန္မသင့္ေသာ အႏၲရာယ္ရွိ အေဆာက္အအုံမ်ားအျဖစ္ စစ္ေဆးေတြ႕ရွိပါက သတိေပးစာမ်ားကပ္၍ အသိေပးသြားမည္ျဖစ္ကာ လူေနထိုင္ျခင္းမျပဳရန္ တိုက္တြန္းသြားမည္ျဖစ္ေၾကာင္း သိရပါတယ္။

လက္ရွိ ရန္ကုန္ၿမိဳ႕တြင္ လူေနထိုင္ရန္မသင့္ေသာ အႏၲရာယ္ရွိ အေဆာက္အအုံမ်ားစြာရွိေနၿပီး ယခင္ကတည္းက အႏၲရာယ္ရွိ အေဆာက္အအုံမ်ားအျဖစ္ သတ္မွတ္ထားေသာ အေဆာက္အအုံမ်ားလည္းပါဝင္ကာ မၾကာေသးမီကလည္း ၿမိဳ႕နယ္တခ်ိဳ႕တြင္ တိုက္ခန္းၿပိဳက်မႈမ်ား ျဖစ္ပြားခဲ့သျဖင့္ သက္တမ္းရင့္ အေဆာက္အအုံမ်ားႏွင့္ အႏၲရာယ္ရွိႏိုင္ေသာ အေဆာက္အအုံမ်ားကို စစ္ေဆးေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီမွ သိရပါတယ္။

“ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ဥပေဒပုဒ္မ - ၈၁ (က)မွာ ၿမိဳ႕ေတာ္နယ္နိမိတ္အတြင္း အေဆာက္အအုံတစ္ခု သို႔မဟုတ္ ယင္း၏ အစိတ္အပိုင္းတစ္ခုခုသည္ က်န္းမာေရးႏွင့္ ညီၫြတ္ျခင္းမရွိေၾကာင္း၊ ေဘးအႏၱရာယ္က်ေရာက္ႏိုင္ေၾကာင္း သို႔မဟုတ္ လူေနထိုင္အသုံးျပဳရန္ သင့္ေလ်ာ္ျခင္းမရွိေၾကာင္း စစ္ေဆး ေတြ႕ရွိလွ်င္ အဆိုပါ အေဆာက္အအုံ၌ ေနထိုင္သူ သို႔မဟုတ္ ပိုင္ရွင္အား ဆက္လက္ေနထိုင္ျခင္းမျပဳရန္ တားျမစ္ႏိုင္သည္။ တားျမစ္ျခင္းကို လိုက္နာျခင္း မရွိပါက ယင္းအေဆာက္အအုံမွ ဖယ္ရွားျခင္း၊ ျပန္လည္ျပင္ဆင္ တည္ေဆာက္ခြင့္ျပဳျခင္း သို႔မဟုတ္ ၿဖိဳဖ်က္ေစျခင္းတို႔ကို ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီက ေဆာင္႐ြက္ႏိုင္သည္လို "႔ ျပ႒ာန္းထားပါတယ္။ ဒါေၾကာင့္ အမွန္တကယ္ အႏၲရာယ္ရွိမယ့္ အေဆာက္အအုံ ျဖစ္ေနရင္ေတာ့ ၿဖိဳဖ်က္ေစသည္အထိ ေဆာင္႐ြက္ၫႊန္ၾကားခြင့္ရွိမွာ ျဖစ္ပါတယ္။

ေနးရွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service