ကျောက်ဖြူအထူးစီးပွားရေးဇုန်၏ စက်မှုဇုန်စီမံကိန်းတွင် မြန်မာရှယ်ယာ ၄၉ ရာခိုင်နှုန်း၊ တရုတ် ၅၁ ရာခိုင်နှုန်းပိုင်ဆိုင်မည်

ကျောက်ဖြူအထူးစီးပွားရေးဇုန်၏ စက်မှုဇုန်စီမံကိန်းတွင် မြန်မာရှယ်ယာ ၄၉ ရာခိုင်နှုန်း၊ တရုတ် ၅၁ ရာခိုင်နှုန်းပိုင်ဆိုင်မည် - Property News in Myanmar from iMyanmarHouse.com
18 Feb 2020 9:52 am တွင် တင်ခဲ့သည်
3585 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

ကျောက်ဖြူအထူးစီးပွားရေးဇုန်၏ စက်မူဇုန် စီမံကိန်းကို မြန်မာက ရှယ်ယာ ၄၉ ရာခိုင်နှုန်းနှင့် တရုတ်ကရှယ်ယာ ၅၁ ရာခိုင်နှုန်းပိုင်ဆိုင်မည်ဖြစ်ပြီး ဒေါ်လာ သန်း၃၀ ဖြင့် ရင်းနှီးမြှပ်နှံမှုဆောင်ရွက်သွားမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးကပြောသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို မြန်မာ့စီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့က ၂၀၁၅ ခုနှစ်တွင် ‌မြေဧက ၄၃၀၀ ခန့်တွင်အကောင်အထည်ဖော်ရန်ထုတ်ပြန်ခဲ့ပြီး ၎င်းတို့အနက် ရေနက်ဆိပ်ကမ်းအတွက် ဧက ၆၀၀ကျော်၊ စက်မှုဇုန်အတွက် ဧက ၂၅၀၀ ခန့်နှင့် အိမ်ယာစီမံကိန်းအတွက် ဧက ၁၂၀၀ကျော်တို့ပါဝင်မည်ဖြစ်သည်။

ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း မူဘောင်သဘောတူညီချက်ကို ၂၀၁၈ နိုဝင်ဘာ၈ရက်တွင် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီနှင့် CITIC consortiumတို့ လက်မှတ်ရေးထိုးခဲ့သည်။ ၂၀၂၀ဇန်နဝါရီလ တရုတ်နိုင်ငံ သမ္မတခရီးစဉ်အတွင်း ထိုစီမံကိန်းအတွက်နားလည်မူစာချွန်လွှာ အပြန်အလှန်လည်လှယ်ခဲ့သည်။

ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် စက်မှုဇုန်စီမံကိန်းတို့ကို တရုတ်နိုင်ငံမှ CITIC Consortium နှင့် မြန်မာနိုင်ငံဘက်မှ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ ၄၂ ခုပါဝင်သော မြန်မာကျောက်ဖြူအထူးစီးပွားရေးဇုန် ဟိုး(လ်)ဒင်းကုမ္ပဏီအုပ်စု အများနှင့်သက်ဆိုင်သောကုမ္ပဏီတို့ ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်သည်။

ထိုစီမံကိန်းသည် ဒေါ်လာ ၇ ဘီလီယံကျော်တန်ဖိုးရှိပြီး မြန်မာက ရှယ်ယာ ၁၅ ရာခိုင်နှုန်းနှင့် တရုတ်ကရှယ်ယာ ၈၅ ရာခိုင်နှုန်းပိုင်ဆိုင်မည်ဟု ဦးသိန်းစိန်အစိုးရလက်ထက်တွင် သတ်မှတ်ခဲ့သည်။

လက်ရှိအစိုးရက စီမံကိန်းအရွယ်အစားနှင့် ရှယ်ယာအချိုးကို ပြောင်းလဲခဲ့သည်။

ရေနက်ဆိပ်ကမ်းကို တရုတ်က ရှယ်ယာ ၇၀ ရာခိုင်နှုန်း၊ မြန်မာဘက်က ရှယ်ယာ ၃၀ ရာခိုင်နှုန်းဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး ပထမအဆင့်တွင် ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံဖြင့် စတင်အကောင်အထည်ဖော်မည်ဖြစ်သည်။

စက်မှုဇုန်စီမံကိန်းကိုလည်း အထက်ပါအတိုင်းဆောင်ရွက်မည်ဟု ဒုဝန်ကြီးကပြောသည်။ စီမံကိန်းစတင်နိုင်ရန် လူမှုဘဝနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်နစ်နာမှု စစ်တမ်းများကောက်ယူနေသည်ဟု ဝန်ကြီးကဆိုသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

### Zawgyi Version ###

ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္၏ စက္မႈဇုန္စီမံကိန္းတြင္ ျမန္မာရွယ္ယာ ၄၉ ရာခိုင္ႏႈန္း၊ တ႐ုတ္ ၅၁ ရာခိုင္ႏႈန္းပိုင္ဆိုင္မည္

ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္၏ စက္မူဇုန္ စီမံကိန္းကို ျမန္မာက ရွယ္ယာ ၄၉ ရာခိုင္ႏႈန္းႏွင့္ တ႐ုတ္ကရွယ္ယာ ၅၁ ရာခိုင္ႏႈန္းပိုင္ဆိုင္မည္ျဖစ္ၿပီး ေဒၚလာ သန္း၃၀ ျဖင့္ ရင္းႏွီးျမႇပ္ႏွံမႈေဆာင္႐ြက္သြားမည္ဟု စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး ဦးေအာင္ထူးကေျပာသည္။

ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္ကို ျမန္မာ့စီးပြားေရးဇုန္ဆိုင္ရာဗဟိုအဖြဲ႕က ၂၀၁၅ ခုႏွစ္တြင္ ‌ေျမဧက ၄၃၀၀ ခန႔္တြင္အေကာင္အထည္ေဖာ္ရန္ထုတ္ျပန္ခဲ့ၿပီး ၎တို႔အနက္ ေရနက္ဆိပ္ကမ္းအတြက္ ဧက ၆၀၀ေက်ာ္၊ စက္မႈဇုန္အတြက္ ဧက ၂၅၀၀ ခန႔္ႏွင့္ အိမ္ယာစီမံကိန္းအတြက္ ဧက ၁၂၀၀ေက်ာ္တို႔ပါဝင္မည္ျဖစ္သည္။

ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းစီမံကိန္း မူေဘာင္သေဘာတူညီခ်က္ကို ၂၀၁၈ ႏိုဝင္ဘာ၈ရက္တြင္ ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္စီမံခန႔္ခြဲမႈေကာ္မတီႏွင့္ CITIC consortiumတို႔ လက္မွတ္ေရးထိုးခဲ့သည္။ ၂၀၂၀ဇန္နဝါရီလ တ႐ုတ္ႏိုင္ငံ သမၼတခရီးစဥ္အတြင္း ထိုစီမံကိန္းအတြက္နားလည္မူစာခြၽန္လႊာ အျပန္အလွန္လည္လွယ္ခဲ့သည္။

ေရနက္ဆိပ္ကမ္းစီမံကိန္းႏွင့္ စက္မႈဇုန္စီမံကိန္းတို႔ကို တ႐ုတ္ႏိုင္ငံမွ CITIC Consortium ႏွင့္ ျမန္မာႏိုင္ငံဘက္မွ ပုဂၢလိကရင္းႏွီးျမႇဳပ္ႏွံမႈကုမၸဏီ ၄၂ ခုပါဝင္ေသာ ျမန္မာေက်ာက္ျဖဴအထူးစီးပြားေရးဇုန္ ဟိုး(လ္)ဒင္းကုမၸဏီအုပ္စု အမ်ားႏွင့္သက္ဆိုင္ေသာကုမၸဏီတို႔ ဆက္လက္အေကာင္အထည္ေဖာ္သြားမည္ျဖစ္သည္။

ထိုစီမံကိန္းသည္ ေဒၚလာ ၇ ဘီလီယံေက်ာ္တန္ဖိုးရွိၿပီး ျမန္မာက ရွယ္ယာ ၁၅ ရာခိုင္ႏႈန္းႏွင့္ တ႐ုတ္ကရွယ္ယာ ၈၅ ရာခိုင္ႏႈန္းပိုင္ဆိုင္မည္ဟု ဦးသိန္းစိန္အစိုးရလက္ထက္တြင္ သတ္မွတ္ခဲ့သည္။

လက္ရွိအစိုးရက စီမံကိန္းအ႐ြယ္အစားႏွင့္ ရွယ္ယာအခ်ိဳးကို ေျပာင္းလဲခဲ့သည္။

ေရနက္ဆိပ္ကမ္းကို တ႐ုတ္က ရွယ္ယာ ၇၀ ရာခိုင္ႏႈန္း၊ ျမန္မာဘက္က ရွယ္ယာ ၃၀ ရာခိုင္ႏႈန္းျဖင့္ ေဆာင္႐ြက္မည္ျဖစ္ၿပီး ပထမအဆင့္တြင္ ေဒၚလာ ၁ ဒသမ ၃ ဘီလီယံျဖင့္ စတင္အေကာင္အထည္ေဖာ္မည္ျဖစ္သည္။

စက္မႈဇုန္စီမံကိန္းကိုလည္း အထက္ပါအတိုင္းေဆာင္႐ြက္မည္ဟု ဒုဝန္ႀကီးကေျပာသည္။ စီမံကိန္းစတင္ႏိုင္ရန္ လူမႈဘဝႏွင့္ သဘာဝပတ္ဝန္းက်င္ထိခိုက္နစ္နာမႈ စစ္တမ္းမ်ားေကာက္ယူေနသည္ဟု ဝန္ႀကီးကဆိုသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service