ထိုင္းအစိုးရက ၄ ႏိုင္ငံ ဆက္သြယ္ေပးမည့္ ႏိုင္ငံခ်င္းဆက္လမ္းမၾကီးမ်ား ေဖာက္လုပ္ရန္ ျမန္မာ၊ ကေမၻာဒီးယားႏွင့္ လာအိုတို႔ကို ကန္ေဒၚလာ သန္း ၃၀၀ နီးပါး ထုတ္ေခ်းသြားမည္

ထိုင္းအစိုးရက ၄ ႏိုင္ငံ ဆက္သြယ္ေပးမည့္ ႏိုင္ငံခ်င္းဆက္လမ္းမၾကီးမ်ား ေဖာက္လုပ္ရန္ ျမန္မာ၊ ကေမၻာဒီးယားႏွင့္ လာအိုတို႔ကို ကန္ေဒၚလာ သန္း ၃၀၀ နီးပါး ထုတ္ေခ်းသြားမည္ - Property News in Myanmar from iMyanmarHouse.com
27 Dec 2019 11:13 am တွင် တင်ခဲ့သည်
1250 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

အာဆီယံ ဆက္သြယ္ေရး ပဏာမေျခလွမ္းအစီအစဥ္အရ ၄ ႏိုင္ငံ ႏိုင္ငံခ်င္းဆက္လမ္းမၾကီးမ်ား ေဖာက္လုပ္ရန္ လာမည့္ႏွစ္တြင္ ျမန္မာ၊ ကေမၻာဒီးယားႏွင့္ လာအိုႏိုင္ငံမ်ားကို ကန္ေဒၚလာ ၂၈၁ ဒသမ ၆ သန္း ထုတ္ေခ်းသြားမည္ဟု ဘန္ေကာက္ပို႔စ္ သတင္းစာ၏ ေဖာ္ျပခ်က္ကို ကိုးကားျပီး ကေမၻာဒီးယားအေျခစိုက္ သတင္းဝက္ဘ္ဆိုက္တစ္ခုတြင္ ေဖာ္ျပသည္။

ကေမၻာဒီးယားႏိုင္ငံဘက္တြင္ ဆီယမ္ရိျပည္နယ္၊ အိုဒါ မီးေခ်းျပည္နယ္မွ အန္ေလာင္းဗန္ခရိုင္တို႔မွတဆင့္ ထိုင္းႏိုင္ငံသို႔ ဆက္သြယ္ေပးမည့္ ၁၃၁ ကီလိုမီတာရွည္လ်ားေသာ လမ္းပိုင္းေဖာက္လုပ္ရန္ ကေမၻာဒီးယားကအဆိုပါေခ်းေငြမွ ကန္ေဒၚလာ ၃၉ ဒသမ ၇၈ သန္း ရရွိမည္ ျဖစ္သည္။

အဆိုပါ အေျခခံအေဆာက္အအံုဖြံ႔ျဖိိဳးေရးစီမံကိန္းမ်ားအား ခြင့္ျပဳခ်က္ရရွိရန္ ထိုင္းဝန္ၾကီးမ်ား ေကာင္စီထံ တင္ျပသြားမည္ ျဖစ္သည္။

“လမ္းစီမံကိန္း တစ္ခုခ်င္းစီအတြက္ ေခ်းေငြအတိုးႏႈန္းက ၀ ဒသမ ၁ ရာခိုင္ႏႈန္းပဲရွိပါတယ္” ဟု ထိုင္းအစိုးရ၏ “အိမ္နီးခ်င္းႏိုင္ငံမ်ား စီးပြားေရးဖြံ႔ျဖိဳးေရး ပူးေပါင္းေဆာင္ရြက္မႈေအဂ်င္စီ” အၾကီးအကဲ ပီရာမက္စ္ ဗုသီေတာ္နီတီရက္စ္က ေျပာၾကားသည္။

မဟာမဲေခါင္ေဒသၾကီး ဖြံ႔ျဖိဳးေရးအတြက္ ယခုစီမံကိန္းမ်ားျဖင့္ အေထာက္အကူျဖစ္ေစရန္ ရည္ရြယ္ေၾကာင္း ၎က ျဖည့္စြက္ေျပာၾကားသည္။

“အလ်င္အျမန္စီးပြားေရးဖြံ႔ျဖိဳးလာေနသည့္ ျမန္မာႏွင့္ ကေမၻာဒီးယားတို႔ကို ၾကီးမားသည့္ ေၾကြးျမီမ်ားျဖင့္ ဝန္မပိေစသင့္ေၾကာင္း သုေတသီတို႔က ေျပာၾကားသည္” ဟု ဘန္ေကာက္ပို႔စ္သတင္းတြင္ ေဖာ္ျပထားသည္။

ဆီရမ္ရိျပည္နယ္-အိုဒါ မီးေခ်းျပည္နယ္ ကူးသန္းေရာင္းဝယ္ေရးအဖြဲ႔ ဥကၠဌ ေဟြးဖက္ဗ္က ေျပာၾကားရာတြင္ ယခုေဖာက္လုပ္မည့္ လမ္းမသစ္သည္ ထုိင္း-ကေမၻာဒီးယား ႏွစ္ႏိုင္ငံဆက္ဆံေရးကို ပိုမိုခိုင္မာေစမည္ျဖစ္ျပီး အထူးသျဖင့္ ကုန္သြယ္မႈႏွင့္ စီးပြားေရးလုပ္ငန္းမ်ားကို ျမွင့္တင္ေပးႏိုင္မည္ျဖစ္ေၾကာင္း ေျပာၾကားသည္။

ကေမၻာဒီးယားက ထိုင္းသို႔ တင္ပို႔သည့္ အဓိကကုန္စည္မ်ားမွာ အဓိကအားျဖင့္ စိုက္ပ်ဳိးေရးထြက္ကုန္မ်ားျဖစ္ျပီး သရက္၊ ဆန္၊ ေျပာင္း၊ ပီေလာပီနံႏွင့္ ပဲပုပ္တို႔ျဖစ္ျပီး ထိုင္းမွ ကေမၻာဒီးယားသို႔ တင္သြင္းသည္မ်ားမွာ စက္ပစၥည္း၊ လွ်ပ္စစ္ပစၥည္း၊ ဆီ၊ ေဆာက္လုပ္ေရးပစၥည္း၊ အလွကုန္ႏွင့္ အိမ္သံုးပစၥည္းမ်ား ျဖစ္ၾကသည္။

“ႏိုင္ငံခ်င္း ဆက္သြယ္မယ့္ လမ္းစီမံကိန္းဟာ ထိုင္းကို တင္ပို႔မယ့္ ကေမၻာဒီးယား စိုက္ပ်ဳိးေရးပို႔ကုန္က႑အေပၚ ၾကီးမားတဲ့ အေထာက္အပံ့ျဖစ္ေစမယ့္အျပင္ စီးပြားေရးတိုးတက္ဖို႔ ေကာင္းက်ဳိးေတြ ရရွိေစမွာ ျဖစ္ပါတယ္” ဟု ေဟြးဖက္ဗ္က ဆက္လက္ေျပာၾကားသည္။

ကေမၻာဒီးယားႏွင့္ ထိုင္းတို႔သည္ လာမည့္ႏွစ္မွစတင္ျပီး ႏွစ္စဥ္ကုန္သြယ္မႈ ကန္ေဒၚလာ ၁၅ ဘီလီယံဖိုးရွိရန္ ကတိျပဳထားၾကသည္။

ဖႏြမ္းပင္ရွိ ထိုင္းသံရံုးမွ ထုတ္ျပန္ခ်က္အရ ျပီးခဲ့ေသာ ၂၀၁၈ ခုႏွစ္အတြင္း ႏွစ္ႏိုင္ငံကုန္သြယ္မႈမွာ ကန္ေဒၚလာ ၈ ဒသမ ၃ ဘီလီယံဖိုး ရွိခဲ့သည္ဟု ဆိုသည္။

ယခုႏွစ္ ပထမႏွစ္ဝက္ကာလအတြင္း ထုိင္း-ကေမၻာဒီးယား ႏွစ္ႏိုင္ငံ ကုန္သြယ္မႈပမာဏမွာ ကန္ေဒၚလာ ၄ ဒသမ ၂ ဘီလီယံဖုိးရွိခဲ့ေၾကာင္း အဆိုပါထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ဥကၠာသစၥာ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

 

အာဆီယံ ဆက်သွယ်ရေး ပဏာမခြေလှမ်းအစီအစဉ်အရ ၄ နိုင်ငံ နိုင်ငံချင်းဆက် လမ်းမကြီးများ ဖောက်လုပ်ရန် လာမည့်နှစ်တွင် မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံများကို ကန်ဒေါ်လာ ၂၈၁ ဒသမ ၆ သန်း ထုတ်ချေးသွားမည်ဟု ဘန်ကောက်ပို့စ် သတင်းစာ၏ ဖော်ပြချက်ကို ကိုးကားပြီး ကမ္ဘောဒီးယားအခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ကမ္ဘောဒီးယားနိုင်ငံဘက်တွင် ဆီယမ်ရိပြည်နယ်၊ အိုဒါ မီးချေးပြည်နယ်မှ အန်လောင်းဗန်ခရိုင်တို့မှတဆင့် ထိုင်းနိုင်ငံသို့ ဆက်သွယ်ပေးမည့် ၁၃၁ ကီလိုမီတာရှည်လျားသော လမ်းပိုင်းဖောက်လုပ်ရန် ကမ္ဘောဒီးယားက အဆိုပါချေးငွေမှ ကန်ဒေါ်လာ ၃၉ ဒသမ ၇၈ သန်း ရရှိမည် ဖြစ်သည်။

အဆိုပါ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးစီမံကိန်းများအား ခွင့်ပြုချက်ရရှိရန် ထိုင်းဝန်ကြီးများ ကောင်စီထံ တင်ပြသွားမည် ဖြစ်သည်။

“လမ်းစီမံကိန်း တစ်ခုချင်းစီအတွက် ချေးငွေအတိုးနှုန်းက ၀ ဒသမ ၁ ရာခိုင်နှုန်းပဲရှိပါတယ်” ဟု ထိုင်းအစိုးရ၏ “အိမ်နီးချင်းနိုင်ငံများ စီးပွားရေးဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှုအေဂျင်စီ” အကြီးအကဲ ပီရာမက်စ် ဗုသီတော်နီတီရက်စ်က ပြောကြားသည်။

မဟာမဲခေါင်ဒေသကြီး ဖွံ့ဖြိုးရေးအတွက် ယခုစီမံကိန်းများဖြင့် အထောက်အကူဖြစ်စေရန် ရည်ရွယ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

“အလျင်အမြန်စီးပွားရေးဖွံ့ဖြိုးလာနေသည့် မြန်မာနှင့် ကမ္ဘောဒီးယားတို့ကို ကြီးမားသည့် ကြွေးမြီများဖြင့် ဝန်မပိစေသင့်ကြောင်း သုတေသီတို့က ပြောကြားသည်” ဟု ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားသည်။

ဆီရမ်ရိပြည်နယ်-အိုဒါ မီးချေးပြည်နယ် ကူးသန်းရောင်းဝယ်ရေးအဖွဲ့ ဥက္ကဌ ဟွေးဖက်ဗ်က ပြောကြားရာတွင် ယခုဖောက်လုပ်မည့် လမ်းမသစ်သည် ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုခိုင်မာစေမည်ဖြစ်ပြီး အထူးသဖြင့် ကုန်သွယ်မှုနှင့် စီးပွားရေးလုပ်ငန်းများကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ကမ္ဘောဒီးယားက ထိုင်းသို့ တင်ပို့သည့် အဓိကကုန်စည်များမှာ အဓိကအားဖြင့် စိုက်ပျိုးရေးထွက်ကုန်များဖြစ်ပြီး သရက်၊ ဆန်၊ ပြောင်း၊ ပီလောပီနံနှင့် ပဲပုပ်တို့ဖြစ်ပြီး ထိုင်းမှ ကမ္ဘောဒီးယားသို့ တင်သွင်းသည်များမှာ စက်ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဆီ၊ ဆောက်လုပ်ရေးပစ္စည်း၊ အလှကုန်နှင့် အိမ်သုံးပစ္စည်းများ ဖြစ်ကြသည်။

“နိုင်ငံချင်း ဆက်သွယ်မယ့် လမ်းစီမံကိန်းဟာ ထိုင်းကို တင်ပို့မယ့် ကမ္ဘောဒီးယား စိုက်ပျိုးရေးပို့ကုန်ကဏ္ဍအပေါ် ကြီးမားတဲ့ အထောက်အပံ့ဖြစ်စေမယ့်အပြင် စီးပွားရေးတိုးတက်ဖို့ ကောင်းကျိုးတွေ ရရှိစေမှာ ဖြစ်ပါတယ်” ဟု ဟွေးဖက်ဗ်က ဆက်လက်ပြောကြားသည်။

ကမ္ဘောဒီးယားနှင့် ထိုင်းတို့သည် လာမည့်နှစ်မှစတင်ပြီး နှစ်စဉ်ကုန်သွယ်မှု ကန်ဒေါ်လာ ၁၅ ဘီလီယံဖိုးရှိရန် ကတိပြုထားကြသည်။

ဖနွမ်းပင်ရှိ ထိုင်းသံရုံးမှ ထုတ်ပြန်ချက်အရ ပြီးခဲ့သော ၂၀၁၈ ခုနှစ်အတွင်း နှစ်နိုင်ငံကုန်သွယ်မှုမှာ ကန်ဒေါ်လာ ၈ ဒသမ ၃ ဘီလီယံဖိုး ရှိခဲ့သည်ဟု ဆိုသည်။

ယခုနှစ် ပထမနှစ်ဝက်ကာလအတွင်း ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏမှာ ကန်ဒေါ်လာ ၄ ဒသမ ၂ ဘီလီယံဖိုးရှိခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဥက္ကာသစ္စာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service