မီဒီယာလုပ်ငန်းရှင်သူဌေးကြီး ပီရန်ချီယို၏ အမေရိကန်တစ်ပြည်လုံးတွင် ဒုတိယဈေးအကြီးဆုံးအဖြစ် ကန်ဒေါ်လာ သန်း ၃၅၀ ဖြင့် ဈေးခေါ်ခဲ့သော စံအိမ်ကြီးကို မီဒီယာသူဌေးကြီး ရူးပတ်မားဒေါ့၏ သားက ကန်ဒေါ်လာ သန်း ၁၅၀ ခန့်ဖြင့် ဝယ်ယူရရှိ
မီဒီယာလုပ်ငန်းရှင်သူဌေးကြီး ပီရန်ချီယို၏ အမေရိကန်တစ်ပြည်လုံးတွင် ဒုတိယဈေးအကြီးဆုံးအဖြစ် ကန်ဒေါ်လာ သန်း ၃၅၀ ဖြင့် ဈေးခေါ်ခဲ့သော စံအိမ်ကြီးကို မီဒီယာသူဌေးကြီး ရူးပတ်မားဒေါ့၏ သားက ကန်ဒေါ်လာ သန်း ၁၅၀ ခန့်ဖြင့် ဝယ်ယူရရှိ - Property News in Myanmar from iMyanmarHouse.com
17 Dec 2019 12:55 pm တွင် တင်ခဲ့သည်
1299 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိမြို့၊ ကမ္ဘာကျော်များနှင့် သူဌေးကြီးများ အခြေချရာ ဘဲလ်အဲရ်အရပ်တွင် တချိန်က အမေရိက၏ ဒုတိယဈေးအကြီးဆုံးအဖြစ် ကန်ဒေါ်လာ သန်း ၃၅၀ ဖြင့် ဈေးခေါ်ရောင်းချခဲ့ဖူးသော စံအိမ်ကြီးကို မီဒီယာသူဌေးကြီး ရူးပတ်မားဒေါ့၏ သားဖြစ်သူ လက်ခ်ျလန်း မားဒေါ့က ကန်ဒေါ်လာ သန်း ၁၅၀ ခန့်ဖြင့် ဝယ်ယူလိုက်ကြောင်း နယူးယောက် အခြေစိုက် အိမ်ခြံမြေ သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
လော့စ်အိန်ဂျလိမြို့၊ ဘဲအဲရ်အရပ်မှ Chartwell အမည်ရှိ စံအိမ်ကို ဝယ်ယူလိုက်သူ လက်ခ်ျလန်း မားဒေါ့သည် ကမ္ဘာကျော် The Wall Street Journal ကို ထုတ်လုပ်သည့် Dow Jones& Co., ကို ပိုင်ဆိုင်သော News Corp ၏ ဒုတိယဥက္ကဌ ဖြစ်သည်။
### Unicode Version ###
အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိမြို့၊ ကမ္ဘာကျော်များနှင့် သူဌေးကြီးများ အခြေချရာ ဘဲလ်အဲရ်အရပ်တွင် တချိန်က အမေရိက၏ ဒုတိယဈေးအကြီးဆုံးအဖြစ် ကန်ဒေါ်လာ သန်း ၃၅၀ ဖြင့် ဈေးခေါ်ရောင်းချခဲ့ဖူးသော စံအိမ်ကြီးကို မီဒီယာသူဌေးကြီး ရူးပတ်မားဒေါ့၏ သားဖြစ်သူ လက်ချ်လန်း မားဒေါ့က ကန်ဒေါ်လာ သန်း ၁၅၀ ခန့်ဖြင့် ဝယ်ယူလိုက်ကြောင်း နယူးယောက် အခြေစိုက် အိမ်ခြံမြေ သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။ အဆိုပါစံအိမ်သည် ကွယ်လွန်သွားပြီဖြစ်သော မီဒီယာသူဌေးကြီး အေ-ဂျာရိုး ပီရန်ချီယို၏ စံအိမ်ကြီးဖြစ်၏။ ပီရန်ချီယိုသည် ၂၀၁၇ ခုနှစ်အတွင်း ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၈၆ နှစ်ရှိပြီ ဖြစ်သည်။ မစ္စတာ ပီရန်ချီယိုသည် Univision ၏ အကြီးအကဲဖြစ်ပြီး ၂၀၀၆ ခုနှစ်တွင် ကန်ဒေါ်လာ ၁၂ ဘီလီယံဖြင့် ရောင်းချခဲ့သည်။
လော့စ်အိန်ဂျလိမြို့၊ ဘဲအဲရ်အရပ်မှ Chartwell အမည်ရှိ စံအိမ်ကို ဝယ်ယူလိုက်သူ လက်ချ်လန်း မားဒေါ့သည် ကမ္ဘာကျော် The Wall Street Journal ကို ထုတ်လုပ်သည့် Dow Jones& Co., ကို ပိုင်ဆိုင်သော News Corp ၏ ဒုတိယဥက္ကဌ ဖြစ်သည်။
ချာတူး ( chateau) ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသော စံအိမ်ကြီးကို ၂၀၁၇ ခုနှစ်အတွင်း ကန်ဒေါ်လာ သန်း ၃၅၀ ဖြင့် ဈေးကွက်တင်ခဲ့ဖူးပြီး ထိုစဉ်က အမေရိက၏ ဈေးအကြီးဆုံးအဖြစ် စံချိန်တင်ခဲ့သည်။
ယခုအရောင်းအဝယ်တွင် ဈေးနှုန်းများစွာ ကျဆင်းသွားသော်လည်း လော့စ်အိန်ဂျလိတွင် စံချိန်တင်ဈေးနှုန်းအဖြစ် ရပ်တည်နေဆဲ ဖြစ်သည့်အပြင် တစ်နိုင်ငံလုံးအတိုင်းအတာတွင် ဒုတိယဈေးအကြီးဆုံးအဖြစ် ရပ်တည်နေသည်။
ခြံဝန်းအကျယ် ၁၀ ဧကအတွင်း တည်ရှိသော Chartwell စံအိမ်ကြီးကို ဗိသုကာပညာရှင် ဆမ်နာ စပေါလ်ဒင်းက ပြင်သစ် နီယိုး ကလပ်စစ်ကယ် ဗိသုကာဟန်ဖြင့် ဒီဇိုင်းရေးဆွဲ ဆောက်လုပ်ပေးခဲ့သည်။ စတုရန်းပေ ၂၅၀၀၀ ခန့် ကျယ်ဝန်းသော အဆိုပါစံအိမ်ကြီးကို ရုပ်သံအစီအစဉ်တစ်ခုဖြစ်သော “The Beverly Hillbilies” တွင် ထည့်သွင်း ရိုက်ကူးခဲ့ဖူးသည်။
နေအိမ်အတွင်းပိုင်းကို ၁၉၈၀ ပြည့်လွန်ကာလများတွင် ပြုပြင်မွမ်းမံမှုများ ပြန်လည်ပြုလုပ်ထားသည်။
သို့ရာတွင် မကြာသေးမီနှစ်များအတွင်း အဆိုပါစံအိမ်ကြီးသို့ ရောက်ရှိခဲ့သည့် အိမ်ခြံမြေအကျိုးဆောင်တို့၏ ပြောကြားချက်များအရ နှစ်နှင့်ချီ၍ အချိန်ယူကာ ပြုပြင်မွမ်းမံမှု ပြန်လည်ပြုလုပ်ရန် လိုအပ်နေပြီး မွမ်းမံစရိတ် ဒေါ်လာ သန်းပေါင်း ဆယ်နှင့်ချီ၍ ကုန်ကျဖွယ်ရှိကြောင်း ခန့်မှန်းထားသည်။ ခြံဝန်းကျယ်ကြီးအတွင်း ပင်မစံအိမ်အပြင် အိပ်ခန်း ၅ ခန်းပါ ဧည့်ဂေဟာ၊ အလျား ၇၅ ပေရှိ ရေကူးကန်၊ ရေကူးကန်ဘေးအိမ်၊ တင်းနစ်ကွင်း၊ ကားအစင်း ၄၀ ဆန့် ကားပြခန်း၊ စနစ်တကျ ထိန်းသိမ်းထားသည့် မြက်ခင်းများပါဝင်ကြောင်း ဈေးကွက်တင် မှတ်တမ်းတွင် ဖော်ပြသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service