ပုဂၢလိကႏွင့္ျပည္သူ႔ အေရာင္းတိုက္ခန္းတြဲအိမ္ရာ (၃) သိန္းအတြက္ ဥပေဒလုပ္ထုံးလုပ္နည္းမရွိေသး

ပုဂၢလိကႏွင့္ျပည္သူ႔ အေရာင္းတိုက္ခန္းတြဲအိမ္ရာ (၃) သိန္းအတြက္ ဥပေဒလုပ္ထုံးလုပ္နည္းမရွိေသး - Property News in Myanmar from iMyanmarHouse.com
1 Oct 2019 1:19 pm တွင် တင်ခဲ့သည်
1256 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ပုဂၢလိကႏွင့္ျပည္သူ႔ အေရာင္းတိုက္ခန္းတြဲအိမ္ရာ ၃ သိန္းအတြက္ ဥပေဒလုပ္ထုံးလုပ္နည္းမရွိေသးေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႔ လွ်ပ္စစ္၊ စက္မႈလက္မႈႏွင့္ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ေဒၚနီလာေက်ာ္က ေျပာသည္။

စက္တင္ဘာ ၂၅ ရက္က ျပဳလုပ္ေသာ ရန္ကုန္တုိင္းေဒသႀကီး လႊတ္ေတာ္အစည္းအေဝး၌ မရမ္းကုန္း ၿမိဳ႕နယ္၊ မဲဆႏၵနယ္ အမွတ္(၂)တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးရန္္ရွင္းက ၿမိဳ့ျပႏွင့္အိမ္ရာဖြံ႔ၿဖိဳးေရး ဦးစီးဌာနမွ ေဆာင္ရြက္ခဲ့သည့္ အိမ္ရာစီမံကိန္းမ်ားအား ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႔မွ လႊဲေျပာင္းရယူၿပီး မည္သည့္ဌာနလက္ေအာက္တြင္ထားရွိ ၍ စီမံခန္႔ခြဲသြားမည္ကို သိရွိလုိပါေၾကာင္း ေမးျမန္းခဲ့သည္အထက္ပါအတိုင္းဝန္ႀကီး ေဒၚနီလာေက်ာ္ကေျဖၾကားထားသည္။

ထိုသို႔ေျဖၾကားရာတြင္ ''၂ဝ၁၄ ခုႏွစ္ သန္းေခါင္စာရင္းအရ ရန္ကုန္ၿမိဳ့တြင္ တိုက္ခန္းတြဲအိမ္ရာ ႏွစ္သိန္း ေျခာက္ေသာင္းေက်ာ္၊ ယခုခန္႔မွန္းသံုးသိန္းခန္႔ရွိရာတြင္ အမ်ားစုမွာ အစိုးရ၏ ျပည္သူ႕အေရာင္းတိုက္ခန္းတြဲ အိမ္ရာႏွင့္ ပုဂၢလိကအေရာင္း တိုက္ခန္းတြဲအိမ္ရာမ်ားျဖစ္ၿပီး၊ တိုက္ခန္းမ်ား ေရရွည္စဥ္ဆက္မျပတ္ ဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ပတ္သက္၍ ဥပေဒ၊ လုပ္ထံုးလုပ္နည္းမရွိေသာေၾကာင့္ တိုက္ခန္းအိမ္ရာပိုင္ဆိုင္မႈဆိုင္ရာ ဥပေဒၾကမ္း၊ အိမ္ရာစီမံခန္႔ခြဲေရးႏွင့္ ျပင္ဆင္ထိန္းသိမ္းေရး ဥပေဒမူၾကမ္းေရးဆြဲျပ႒ာန္းႏိုင္ေရးအတြက္ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႔ႏွင့္ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္တို႔ပူးေပါင္း၍ ဦးေဆာင္စီမံေရးဆြဲလ်က္ ႐ွိပါတယ္'' ဟု ေျပာၾကားသည္။

တိုက္ခန္းတြဲအိမ္ရာ ျပင္ဆင္ထိန္းသိမ္းေရးႏွင့္ပတ္သက္၍ ေဆာက္လုပ္ေရးဝန္ႀကီးဌာန၏ စုေပါင္းအေဆာက္အအုံ စီမံခန္႔ခြဲေရးဆိုင္ရာ ညႊန္ၾကားခ်က္ ၁/၉၇ ႏွင့္သာစီမံခန္႔ခြဲလ်က္ရွိေၾကာင္းေျပာထားသည္။

ရန္ကုန္ၿမိဳ့ျပဖြံ႔ၿဖိဳးတိုးတတ္ေရး လ်င္ျမန္ထိေရာက္စြာပုံေဖာ္ႏိုင္ရန္ ျပည္ေထာင္စုအစိုးရလမ္းညႊန္ခ်က္ အရ ရန္ကုန္ၿမိဳ့၊ၿမိဳ့ေျမစီမံခန္႔ခြဲမႈအား ေဆာက္လုပ္ေရးဝန္ႀကီးဌာနမွ ၂၀၁၂-၂၀၁၅ အတြင္း တစ္ႀကိမ္၊၂၀၁၇-၂၀၁၈ တြင္တစ္ႀကိမ္ အားလုံးလႊဲေျပာင္းေပးၿပီးျဖစ္ေၾကာင္း၊ေဆာက္လုပ္ေရးဝန္ႀကီးဌာနကိုယ္စား ၿမိဳ့ေျမစာရင္း စီမံထိန္းသိမ္းျခင္းအားၿမိဳ့ျပႏွင့္အိမ္ရာဦးစီးဌာနက ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႔ကိုယ္စား ရန္ကုန္ၿမိဳ့ ေတာ္စည္ပင္သာယာေရး ေကာ္မတီသို႔ လႊဲေျပာင္းေပးျခင္းျဖစ္ေၾကာင္း၊သန္လ်င္၊ေက်ာက္တန္းၿမိဳ႕နယ္တို႔ႏွင့္ပတ္သက္ၿပီး တိုင္းေဒသႀကီးအစိုးရအဖြဲ႔ လမ္းညႊန္ခ်က္အရ အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီဌာနႏွင့္လယ္ယာေျမစီမံခန္႔ခြဲေရး ႏွင့္စာရင္းအင္းဦးစီးဌာနသို႔ ဆက္လက္လႊဲေျပာင္းေပးႏိုင္ေရး ေဆာင္ရြက္လ်က္ရွိေၾကာင္း၊အိမ္ရာစီမံကိန္းမ်ားႏွင့္ ပတ္သက္၍ အမ်ဳိးအစားအေနျဖင့္ ႏိုင္ငံ့ဝန္ထမ္းအငွားအိမ္ရာ၊ ျပည္သူ႔အငွားအိမ္ရာ၊ျပည္သူ႔အေရာင္းတိုက္ခန္း တြဲအိမ္ရာ၊ ျပည္သူ႕အေရာင္းလံုးခ်င္းအိမ္ရာ၊ ပုဂၢလိကတုိက္ခန္းတြဲအိမ္ရာ၊ ပုဂၢလိကလံုးခ်င္းအိမ္ရာ၊ စုေပါင္းပိုင္ အေဆာက္အအံုဆိုင္ရာတိုက္ခန္းတဲြအိမ္ရာစသည္ျဖင့္ အိမ္ရာအမ်ဳိး အစားမ်ားစြာ ေဆာက္လုပ္ထားရွိေၾကာင္း သိရသည္။

စုေပါင္းပိုင္အေဆာက္အအံုဆုိင္ရာ တိုက္ခန္းတြဲအိမ္ရာမ်ားႏွင့္ ပတ္သက္၍ စုေပါင္းပိုင္အေဆာက္အ အံု ဆိုင္ရာဥပေဒကို ၂ဝ၁၆ ခုႏွစ္တြင္ ျပ႒ာန္းခဲ့ၿပီး စုေပါင္းပိုင္အေဆာက္အအံုစီမံခန္႔ခြဲေရး၊ျပင္ဆင္ထိန္းသိမ္းေရး ႏွင့္ အျငင္းပြားမႈမ်ားကို ရန္ကုန္တိုင္းေဒသႀကီး စုေပါင္းပိုင္အေဆာက္အအံုဆိုင္ရာ စီမံခန္႔ခြဲေရးေကာ္မတီကဥပေဒ၊ နည္းဥပေဒမ်ားႏွင့္အညီ စီမံႀကီးၾကပ္လ်က္ရွိေၾကာင္း ဝန္ႀကီးေဒၚနီလာေက်ာ္က ေျပာသည္။

 

ခြန္ေနာင္လြင္ထူး မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

 

ပုဂ္ဂလိကနှင့်ပြည်သူ့ အရောင်းတိုက်ခန်းတွဲအိမ်ရာ ၃ သိန်းအတွက် ဥပဒေလုပ်ထုံးလုပ်နည်းမရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီ လာကျော်က ပြောသည်။

စက်တင်ဘာ ၂၅ ရက်က ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး၌ မရမ်းကုန်း မြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဆောင်ရွက်ခဲ့သည့် အိမ်ရာစီမံကိန်းများအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လွှဲပြောင်းရယူပြီး မည်သည့်ဌာနလက်အောက်တွင်ထားရှိ ၍ စီမံခန့်ခွဲသွားမည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့သည်အထက်ပါ အတိုင်းဝန်ကြီး ဒေါ်နီလာကျော်ကဖြေကြားထားသည်။

ထိုသို့ဖြေကြားရာတွင် ''၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ရန်ကုန်မြို့တွင် တိုက်ခန်းတွဲအိမ်ရာ နှစ်သိန်း ခြောက်သောင်းကျော်၊ ယခုခန့်မှန်းသုံးသိန်းခန့်ရှိရာတွင် အများစုမှာ အစိုးရ၏ ပြည်သူ့အရောင်းတိုက်ခန်းတွဲ အိမ်ရာနှင့် ပုဂ္ဂလိကအရောင်း တိုက်ခန်းတွဲအိမ်ရာများဖြစ်ပြီး၊ တိုက်ခန်းများ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုး တက်ရေးနှင့်ပတ်သက်၍ ဥပဒေ၊ လုပ်ထုံးလုပ်နည်းမရှိသောကြောင့် တိုက်ခန်းအိမ်ရာပိုင်ဆိုင်မှုဆိုင်ရာ ဥပဒေကြမ်း၊ အိမ်ရာစီမံခန့်ခွဲရေးနှင့် ပြင်ဆင်ထိန်းသိမ်းရေး ဥပဒေမူကြမ်းရေးဆွဲပြဋ္ဌာန်းနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တို့ပူးပေါင်း၍ ဦးဆောင်စီမံရေးဆွဲလျက် ရှိပါတယ်'' ဟု ပြောကြားသည်။

တိုက်ခန်းတွဲအိမ်ရာ ပြင်ဆင်ထိန်းသိမ်းရေးနှင့်ပတ်သက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၏ စုပေါင်းအ ဆောက်အအုံ စီမံခန့်ခွဲရေးဆိုင်ရာ ညွှန်ကြားချက် ၁/၉၇ နှင့်သာစီမံခန့်ခွဲလျက်ရှိကြောင်းပြောထားသည်။

ရန်ကုန်မြို့ပြဖွံ့ဖြိုးတိုးတတ်ရေး လျင်မြန်ထိရောက်စွာပုံဖော်နိုင်ရန် ပြည်ထောင်စုအစိုးရလမ်းညွှန်ချက် အရ ရန်ကုန်မြို့၊မြို့မြေစီမံခန့်ခွဲမှုအား ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ၂၀၁၂-၂၀၁၅ အတွင်း တစ်ကြိမ်၊၂၀၁၇-၂၀၁၈ တွင်တစ်ကြိမ် အားလုံးလွှဲပြောင်းပေးပြီးဖြစ်ကြောင်း၊ဆောက်လုပ်ရေးဝန်ကြီးဌာနကိုယ်စား မြို့မြေစာရင်း စီမံထိန်းသိမ်းခြင်းအားမြို့ပြနှင့်အိမ်ရာဦးစီးဌာနက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ကော်မတီသို့ လွှဲပြောင်းပေးခြင်းဖြစ်ကြောင်း၊သန်လျင်၊ကျောက်တန်းမြို့နယ်တို့နှင့်ပတ်သက် ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းညွှန်ချက်အရ အထွေထွေ အုပ်ချုပ်ရေးဦးစီဌာနနှင့်လယ်ယာမြေစီမံခန့်ခွဲရေး နှင့်စာရင်းအင်းဦးစီးဌာနသို့ ဆက်လက်လွှဲပြောင်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊အိမ်ရာစီမံကိန်းများနှင့် ပတ်သက်၍ အမျိုးအစားအနေဖြင့် နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာ၊ ပြည်သူ့အငှားအိမ်ရာ၊ပြည်သူ့အရောင်းတိုက်ခန်း တွဲအိမ်ရာ၊ ပြည်သူ့အရောင်းလုံးချင်းအိမ်ရာ၊ ပုဂ္ဂလိကတိုက်ခန်းတွဲအိမ်ရာ၊ ပုဂ္ဂလိကလုံးချင်းအိမ်ရာ၊ စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ တိုက်ခန်းတွဲအိမ်ရာစသည်ဖြင့် အိမ်ရာအမျိုး အစားများစွာ ဆောက်လုပ်ထားရှိကြောင်း သိရသည်။

စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ တိုက်ခန်းတွဲအိမ်ရာများနှင့် ပတ်သက်၍ စုပေါင်းပိုင်အဆောက်အ အုံ ဆိုင်ရာဥပဒေကို ၂ဝ၁၆ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး စုပေါင်းပိုင်အဆောက်အအုံစီမံခန့်ခွဲရေး၊ပြင်ဆင်ထိန်းသိမ်းရေး နှင့် အငြင်းပွားမှုများကို ရန်ကုန်တိုင်းဒေသကြီး စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီကဥပ ဒေ၊ နည်းဥပဒေများနှင့်အညီ စီမံကြီးကြပ်လျက်ရှိကြောင်း ဝန်ကြီးဒေါ်နီလာကျော်က ပြောသည်။

 

ခွန်နောင်လွင်ထူး မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင်းကြောင်တောင် ဝင်ရောက်ဓားပြတိုက်...
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင်းကြောင်တောင် ဝင်ရောက်ဓားပြတိုက်...
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ...
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ...
ဆံပင်ဆေးဆိုးခြင်းနှင့် ဆံပင်ဖြောင့်ခြင်းမှာ ရင်သားကင်ဆာဖြစ်နိုင်ချေ မြင့်မားစေကြောင်း အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ဆံပင်ဆေးဆိုးခြင်းနှင့် ဆံပင်ဖြောင့်ခြင်းမှာ ရင်သားကင်ဆာဖြစ်နိုင်ချေ မြင့်မားစေကြောင်း အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ...
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ...
ဂျပန်သိပ္ပံပညာရှင်တို့က အိပ်မက်များကို မှတ်တမ်းတင်ထားကာ အိပ်ယာနိုးလာချိန်တွင် ပြန်လည်ကြည့်ရှုနိုင်သော နားကြပ်တစ်မျိုး တီထွင်...
ဂျပန်သိပ္ပံပညာရှင်တို့က အိပ်မက်များကို မှတ်တမ်းတင်ထားကာ အိပ်ယာနိုးလာချိန်တွင် ပြန်လည်ကြည့်ရှုနိုင်သော နားကြပ်တစ်မျိုး တီထွင်...
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို ချေမှုန်းနိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို ချေမှုန်းနိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service