နိုင်ငံခြားသားများသို့ နှစ်လအတွင်း ကွန်ဒိုရောင်းချနိုင်မည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
872 Views

နိုင်ငံခြားသားများသို့ နှစ်လအတွင်း ကွန်ဒိုရောင်းချနိုင်မည်ဟုဆို

အချိုးသင့်ပိုင်ဆိုင်မှု တန်ဖိုးနှင့် နိုင်ငံခြားငွေအ၀င်၊ အထွက်စီမံခန့်ခွဲမှုများ ဆောင်ရွက်နိုင်မည်ဆိုပါကဆောက်ပြီးသား ကွန်ဒို များကို နှစ်လအတွင်း နိုင်ငံခြားသားများထံ ရောင်းချခွင့်ရရှိမည်ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးမျိုးမြင့်က ပြောသည်။

ရန်ကုန်တိုင်းအတွင်းရှိ ကွန်ဒို များ နိုင်ငံခြားသားများထံ ရောင်းချနိုင်ရေး အမြန်ဆုံးဆောင်ရွက်နေကြောင်း ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဇွန်လဆန်းတွင် သတင်းမီဒီယာများအား အသိပေးခဲ့သည်။

ဆောက်လုပ်ရေး လုပ်ငန်းရှင်များနှင့် အိမ်ခြံမြေ အကျိုးဆောင် များ မျှော်လင့်နေသည့် နိုင်ငံခြားသားများကို ကွန်ဒိုရောင်းချခွင့် လာမည့်ဇွန်လတွင် စတင်ခွင့်ပြုနိုင်မည်ဟု မျှော်မှန်းကြောင်းမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်က ဖေဖော်ဝါရီ ၂၄ ရက်က ပြုလုပ်သော ရန်ကုန်မြို့ပြခန်း (Yangon City Gallery) ဖွင့်ပွဲ၌ ပြောကြားထားသည်။

နိုင်ငံခြားသားများ ကွန်ဒိုဝယ်ယူခွင့်ရရှိရေးက ရန်ကုန်အိမ်ခြံမြေဈေးကွက်နှင့် ဆောက်လုပ်ရေးလုပ်ငန်းများ ပြန်လည်တိုးတက်ရေး တွန်းအားတစ်ခုဖြစ်နိုင်ကြောင်း အိမ်ခြံမြေ အကျိုးဆောင်များနှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များက မျှော်လင့်နေသည်။

ထိုကြောင့် အချိုးသင့်ပိုင်ဆိုင်မှုတန်ဖိုး သတ်မှတ်နိုင်ရေး နှင့်ပတ်သက်၍ အသင်းချုပ်ကလည်း အင်ဂျင်နီယာကောင်စီ၊ ဗိသုကာကောင်စီတို့နှင့် ညှိနှိုင်းဆောင်ရွက်နေသည်ဟု ဦးမျိုးမြင့် က ပြောသည်။ လက်ရှိအချိုးသင့်ပိုင်ဆိုင်မှုတန်ဖိုး သတ်မှတ်နိုင်ရေးကို အာဆီယံနိုင်ငံမှ ပညာရှင်များ ဖြင့် ဆောင်ရွက်ရန်စီစဉ်ထားကြောင်း ၎င်းကဆိုသည်။

ထို့အပြင် နိုင်ငံခြားငွေ ၀င်၊ ထွက်မှုနှင့်ပတ်သက်၍ ဗဟိုဘဏ်၊သက်ဆိုင်ရာ အစိုးရနှင့် ညှိနှိုင်းဆောင်ရွက်နေသည်ဟု ဆိုသည်။

‘‘ဆောက်ပြီးသား ကွန်ဒိုတွေနဲ့ ဆောက်လုပ်ဆဲတွေက ဒီနှစ်ချက်ပြီးရင် တစ်လ၊ နှစ်လအတွင်း ရောင်းချခွင့်ရမှာပါ’’ဟု ဦးမျိုးမြင့်က ရှင်းပြသည်။

ကွန်ဒိုဥပဒေတွင် နိုင်ငံခြားသား ၀ယ်ယူခွင့် ၄၀ ရာခိုင်နှုန်းအထိ ပေးထားခြင်းကြောင့် ရောင်းချခွင့်ရမည်ဆိုပါက အိမ်ခြံမြေဈေးကွက်အတွက်တွန်းအားတစ်ခု ဖြစ်လာမည်ဟု iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မန်နေဂျင်းဒါရိုက်တာ ဦးနေမင်းသူ က ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ကွန်ဒိုများကိုနိုင်ငံခြားသားများအား ရောင်းဝယ်ခွင့်ပြုထားခြင်းမရှိသဖြင့် အငှား ဈေးကွက်တစ်ခုကိုသာ အားထားနေရသည်။

ရန်ကုန်မြို့ အိမ်အငှားဈေးကွက်တွင် နိုင်ငံခြားသားများ ငှားရမ်းနေထိုင်မှု ၂၀ ရာခိုင်နှုန်း ခန့်ရှိနေသည်ဟု iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ဦးနေမင်းသူ က ပြောသည်။ အများဆုံးငှားရမ်းမှု က မီနီကွန်ဒိုများဖြစ်ပြီး ကျပ် ၁၀ သိန်းမှ ၁၅ သိန်းအကြားပေး၍ ငှားရမ်း နေထိုင်သည်ဟုဆိုသည်။

ရိုးရိုး တိုက်ခန်း များကို နိုင်ငံခြားသားများ ငှားရန်းရာတွင် တစ်လကျပ် ငါးသိန်းခန့်သာ သုံးစွဲသည် ဟု မဏ္ဍိုင်အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးသန်းဦးက ပြောသည်။

လက်ရှိ ရန်ကုန်တွင် တိုက်ခန်း ငှားရမ်းနေထိုင်သည့် နိုင်ငံခြားသားအများစုသည် ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား၊ အိန္ဒိယနိုင်ငံသားများဖြစ်ပြီး အနောက်နိုင်ငံ သားများ နည်းပါးသည်ဟု ၎င်းက ဆိုသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်

Upcoming Property Events

imyanmarmarket
42 Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service