တန်းလျားအိမ်တန်းရှည် အခန်းဖွဲ့ ငှါးစားမယ်လေ - Property News in Myanmar from iMyanmarHouse.com
3139 Views

တန်းလျားအိမ်တန်းရှည် အခန်းဖွဲ့ ငှါးစားမယ်လေ

ရန်ကုန်မြို့ တွင်းမြို့နယ် တော်တော်များများမှာ တန်းလျားအိမ်တန်းရှည်ဆောက်လုပ် ပြီးအခန်းဖွဲ့ ငှားရမ်း မှုတွေကို စီးပွားရေးသဖွယ်လုပ်ကိုင်လာကြတာတွေ့ရပါတယ်။

အလုပ်သမားအများစုနေထိုင်တဲ့ရပ်ကွက်တွေမှာ နှစ်ထပ်အိမ် ဒါမှမဟုတ် အိမ်တန်းရှည်ဆောက် ကာ အခန်းငယ်တွေ ဖွဲ့ပြီးတော့ စီးပွားဖြစ် ငှားရမ်းနေကြတာ မျိုးတွေ့ကြရပါတယ်။

စက်ရုံအလုပ်ရုံတွေပေါများတဲ့ နယ်က ပြောင်းရွှေ့လာသူတွေအများစုတွေ့ရတဲ့   လှိုင်သာယာ ရွှေပြည်သာဒဂုံဆိပ်ကမ်း တောင်ဒဂုံ နဲ့ သာကေတမြို့နယ် တွေက ရပ်ကွက်တွေမှာဆိုရင် မြေပိုင်ရှင်တွေ က အထပ်မြင့် နှစ်ထပ် သုံးထပ် လောက်အထိ ဆောက်လုပ်ကာ အလုပ်သမားနေထိုင်ဖို့ ငှားရမ်းနေ တာမျိုး တွေ့ရပါတယ်။

လှိုင်သာယာမြို့နယ် စက်ရုံ တစ်ခုမှာ အလုပ်လုပ်ကိုင်နေသူ မသက်ဝေက “ကျွန်မတို့မှာဆိုရင် စက်ရုံဝင်းထဲအဆောင်မပေးဘူး၊ အလုပ်က ကျွန်မ တို့နေဖို့အိမ် တစ်အိမ်ငှားပေးတယ်၊ ပေ ၂၀ လောက်တော့ ကျယ်မယ်၊ အပေါ် ထပ်အောက်ထပ်ပေါ့၊ အပေါ်ထပ် မှာဆိုလည်းအခန်းဖွဲ့ ထားတာ ၁၀ ခန်းလောက်ရှိတယ်။ အခန်းသေးသေးလေးတွေ ဖွဲ့ပေးထားတာ။ ကျွန်မတို့ရှေ့ကအိမ်မှာဆိုလဲ အဲလိုပဲငှားထားတာ”လို့ ပြောပါတယ်။

တချို့အိမ်ခန်းမရတဲ့ အလုပ်သမားတချို့ဆိုရင် လေးယောက် လောက်စုပြီး အဆောင်တန်းလျား ဖွဲ့အခန်းလေးတွေ ငှားနေ ကြတာမျိုးလည်းရှိပါတယ်။

ရွှေပြည်သာမြို့နယ် မှ လာအလုပ်လုပ်ကိုင်နေတဲ့မမွန်မွန် က “ ကျွန်မတို့အလုပ်ကဆို အခန်းမပေးတော့ သူငယ်ချင်းတွေစုပြီး တော့ အခန်းဖွဲ့လေးတွေငှားတယ်။ အိမ်ခန်းဖိုးကျလဲလစာနည်း တော့ ၆ လချုပ်ရတာတွေဆိုရင် ကျွန်မတို့ အနေနဲ့အဆင်မပြေတာကြောင့်ပါ”လို့ ပြောပါတယ်။

ဒါ့အပြင် သာကေတမြို့နယ် အတွင်းမှာလည်း နယ်ကလာပြီး အလုပ်လုပ်ကိုင်သူတွေ စက်ဆိုင်ဖွင့်သူတွေ၊ ခေါင်းလျော်ဆိုင်ဖွင့်သူတွေ၊ အအေးဆိုင်ဖွင့်ဖို့ ဆန်ဆိုင် ဖွင့်ဖို့ပဲဖြစ်ဖြစ် အခန်းဖွဲ့လေးတွေ ကိုငှားယူမှုများပြားနေတာကိုတွေ့ရပါတယ်။

တချို့အခန်းတွေကို ငှားရာမှာ ကြိုတင်စရံငွေပေးရတာ တွေလည်းရှိပါတယ်။ စရံငွေမပေးဘဲ ငှားရမ်းတဲ့အခန်းတွေဆို ဈေးပို ပေးငှားရတယ်လို့ သိရပါတယ်။

သာကေတမြို့နယ် ဝေဇန္တရာ လမ်းတစ်လျှောက်မှာဆိုရင် တန်းလျားရှည်အခန်းဖွဲ့ငှားရမ်းမှုတွေကိုအများအပြားတွေ့ရပါတယ်။ ငှားရမ်းသူတွေက ဆိုင်ခန်းလည်းဖွင့် ထားသလိုနေထိုင်တာကိုလည်း တွေ့ရပါတယ်။

စက်ချုပ်ဆိုင်ဖွင့်ထားသူတစ်ဦးဖြစ်တဲ့ မသန္တာက “ကျွန်မတို့ အခန်းဆို သုံးသိန်းကြိုပေးရတယ်၊ တစ်လ ၅၀,ဝဝဝ ပေးရတယ်၊ အဓိက ကတော့ အထည်လာအပ်တဲ့ သူတွေ အဆင်ပြေတယ်၊ အလွှာအမြင့်တွေ သွားငှားလိုက်ရင် အထည်လာအပ်တဲ့သူတွေအတွက်လဲ အဆင်မပြေဖြစ်မှာစိုးတယ်”လို့ ပြောပါတယ်။

အခန်းအကျယ်တွေက ရှစ်ပေ ဝန်းကျင်နီးပါးအခန်းငယ်လေးတွေ ဖြစ်ပြီး လမ်းမတန်းဈေးနဲ့အတွင်း ဈေးအနည်းငယ်ကွာခြားပါတယ်။ အခန်းဈေးတွေမှာလည်း ကျပ် ၃၀,ဝဝဝ၊ ၄၀,ဝဝဝ၊ ၅၀,ဝဝဝ ကနေ ၇၀,ဝဝဝ လောက်အထိရှိပါတယ်။ အခန်းအကျယ်တွေပေါ်မူတည်ပြီး အနည်းငယ်ဈေးကွာခြားတယ်လို့ သိရပါတယ်။

Credit: The Kumudra

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service