ရန်ကုန်မြို့သစ်စီမံကိန်း အခြေခံအဆောက်အအုံဖော်ဆောင်ရန် ဖေဖော်ဝါရီတွင် တင်ဒါခေါ်မည်

ရန်ကုန်မြို့သစ်စီမံကိန်း အခြေခံအဆောက်အအုံဖော်ဆောင်ရန် ဖေဖော်ဝါရီတွင် တင်ဒါခေါ်မည် - Property News in Myanmar from iMyanmarHouse.com
22 Jan 2019 9:57 am တွင် တင်ခဲ့သည်
2132 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်မြို့သစ်စီမံကိန်း ၏ ကနဦးအခြေခံအဆောက်အအုံအတွက် တင်ဒါကို NYDC Challenge စနစ်ဖြင့် ဖေဖော်ဝါရီလလယ်တွင် ဖိတ်ခေါ်မည်ဟု ရန်ကုန်မြို့သစ် ဖွံ့ဖြိုးရေးကုမ္ပဏီ (NYDC)ဥက္ကဋ္ဌဦးသိမ်းဝေကပြောသည်။

ဇန်န၀ါရီ ၂၁ ရက်တွင်ထုတ်ပြန်သော ရန်ကုန်မြို့သစ်စီမံကိန်း နှင့် ပတ်သက်သည့်စာစဉ်၌ ဦးသိမ်းဝေက မှတ်တိုင်သစ်များအစ ပြုမည့် ၂၀၁၉ အမည်ဖြင့် ရေးသားခဲ့ခြင်းဖြစ်သည်။

NYDC Challenge ဆိုသည်မှာ ကုမ္ပဏီတစ်ခုက မိမိလုပ်ကိုင်လိုသည့် စီမံကိန်းတစ်ခုကို အစ၊ အဆုံးကုန်ကျခံလေ့လာစစ်တမ်း ပြုလုပ်၍ ပုံစံထုတ်ပေးရခြင်းဖြစ်သည်။

ပုံစံထွက်လာပါက အခြားကုမ္ပဏီများနှင့်အတူ ဈေးပြိုင်တင်ဒါဝင်ပြိုင်ရမည်ဖြစ်သည်။ အကယ်၍ပုံစံထုတ်သည့်ကုမ္ပဏီ က တင်ဒါမအောင်မြင်ဘဲ အခြားကုမ္ပဏီတစ်ခုက တင်ဒါအောင် မြင်လျှင် ပုံစံထုတ်သည့်ကုန်ကျစရိတ်ကို မူလကုမ္ပဏီသို့ ပြန်လည်ပေးအပ်ရမည်ဖြစ်သည်။

ရန်ကုန်မြို့သစ်စီမံကိန်း စတင်ရာတွင် NYDC Challenge စနစ်ဖြင့် တင်ဒါစတင်ခေါ်မည့် လုပ်ငန်းများသည် ကြည့်မြင်တိုင် မှ ရန်ကုန်မြို့သစ်သို့ဆက်သွယ်မည့် ခြောက်လမ်းသွားတံတား၊ လှိုင်သာယာမှ ဆက်သွယ်ထားသည့် နှစ်လမ်းသွားတံတားကို လေးလမ်းသွားအဖြစ် အဆင့်မြှင့် တင်ခြင်း၊ ၂၆ ကီလိုမီတာ (၁၆ မိုင်)ရှိသည့် မြို့သစ်လမ်းမကြီး များ၊ ရွာများစုစည်းပေးမည့် ဧက ၄,၂၀၀ ကျော်ရှိမည့် ရွာမြို့ငါးခု၊ ဧက ၃,၂၀၀ ရှိစက်မှုဇုန်မြေနေ ရာ၊ ရေသန့်နှင့် ရေဆိုးစနစ်များ ပါဝင်မည်ဖြစ်သည်။

ထို့အပြင် တိုးမြစ်အနီးမြို့သစ်နှင့် ၃၂ ကီလိုမီတာအကွာရှိ ရေပေးဝေရေး ပင်မအဆောက် အအုံ၊ အဓိကရေဖြန့်ဝေရေးပိုက်လိုင်းများနှင့် လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေး ကွန်ရက်တို့ ပါ ၀င်မည်ဖြစ်သည်။

‘‘၂၀၁၈ ခုနှစ်အတွင်းမှာ ရန်ကုန်မြို့သစ်စီမံကိန်းအတွက် အရေးပါတဲ့လုပ်ဆောင်ချက်တွေ လုပ်ဆောင်နိုင်ခဲ့သလိုပဲ ၂၀၁၉ ခုနှစ်မှာလည်း ရန်ကုန်မြို့သစ်ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ အလုပ်အ ကိုင်အခွင့်အလမ်းသစ်နှစ်သန်း ကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်အောင် ပွင့်လင်းမြင်သာမှု အပြည့်နဲ့ ဆက်လက်ကြိုးစားသွားမယ် ’’ ဟု ဦးသိမ်းဝေက ပြောသည်။

ရန်ကုန်မြို့သစ် Master Plan ရေးဆွဲနေပြီး လာမည့်သီတင်းပတ်အတွင်း ဒုတိယအဆင့် မူကြမ်းထွက်လာမည်ဟု ဦးသိမ်းဝေက ပြောသည်။

ဇန်န၀ါရီ ၂၈ နှင့် ၂၉ ရက်တွင် နေပြည်တော်၌ ကျင်းပမည့် ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် ရန်ကုန်မြို့သစ်၌ ရင်းနှီးမြှုပ်နှံမှုရှာဖွေနေသည့် အများပြည်သူသုံးလမ်းပန်းဆက်သွယ်ရေး၊ မြို့တော်သန့် ရှင်းရေး၊ အမှိုက်သိမ်းစနစ်နှင့် ဆက်သွယ်ရေးတို့အကြောင်း ရှင်းလင်းပြီး ဖိတ်ခေါ်မည်ဟု ဦးသိမ်းဝေက ပြောသည်။

ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ တန်ဖိုးရှိ ရန်ကုန်မြို့သစ်စီမံကိန်း ကို ရန်ကုန်တိုင်း အစိုးရက မြေဧက ၂၀,၀၀၀ ပေါ်တွင် အကောင်အထည်ဖော်ရန် စီစဉ်နေသည်။

 

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင်းကြောင်တောင် ဝင်ရောက်ဓားပြတိုက်...
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင်းကြောင်တောင် ဝင်ရောက်ဓားပြတိုက်...
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ...
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ...
ဆံပင်ဆေးဆိုးခြင်းနှင့် ဆံပင်ဖြောင့်ခြင်းမှာ ရင်သားကင်ဆာဖြစ်နိုင်ချေ မြင့်မားစေကြောင်း အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ဆံပင်ဆေးဆိုးခြင်းနှင့် ဆံပင်ဖြောင့်ခြင်းမှာ ရင်သားကင်ဆာဖြစ်နိုင်ချေ မြင့်မားစေကြောင်း အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ...
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ...
ဂျပန်သိပ္ပံပညာရှင်တို့က အိပ်မက်များကို မှတ်တမ်းတင်ထားကာ အိပ်ယာနိုးလာချိန်တွင် ပြန်လည်ကြည့်ရှုနိုင်သော နားကြပ်တစ်မျိုး တီထွင်...
ဂျပန်သိပ္ပံပညာရှင်တို့က အိပ်မက်များကို မှတ်တမ်းတင်ထားကာ အိပ်ယာနိုးလာချိန်တွင် ပြန်လည်ကြည့်ရှုနိုင်သော နားကြပ်တစ်မျိုး တီထွင်...
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို ချေမှုန်းနိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို ချေမှုန်းနိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
လိုင်စင်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ‌ရေးသားဖော်ပြပေးလိုက်ပါသည်။
လိုင်စင်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ‌ရေးသားဖော်ပြပေးလိုက်ပါသည်။
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service