မြန်မာ့စီးပွားရေးကျဆင်းမှု ဖြေရှင်းနိုင်မည့်နည်းလမ်းများ အစိုးရထံ အကြံပြု

မြန်မာ့စီးပွားရေးကျဆင်းမှု ဖြေရှင်းနိုင်မည့်နည်းလမ်းများ အစိုးရထံ အကြံပြု - Property News in Myanmar from iMyanmarHouse.com
1 Oct 2018 11:09 am တွင် တင်ခဲ့သည်
1383 ကြိမ် ကြည့်ရှု့ပြီး

ဒေါ်လာဈေးနှင့် ပြည်တွင်းရွှေဈေးနှုန်းများ အဆမတန်မြင့်တက်၍ မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းကာ မြန်မာ့စီးပွားရေးကျဆင်းနေမှုနှင့်ပတ်သက်ပြီး စီးပွားရေးကဏ္ဍအသီးသီးမှ လုပ်ငန်းရှင်များက ဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို အစိုးရထံ အကြံပြုဆွေးနွေးခဲ့ကြသည်။

အိမ်၊ခြံ၊မြေ ရောင်းဝယ်ငှားဝက်ဘ်ဆိုက် iMyanmarHouse.com  (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း)က ဦးဆောင်၍ စက်တင်ဘာလ ၂၉ ရက်နေ့က ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ ကုန်သည်စက်မှုအသင်းချုပ်တွင် ပြုလုပ်သည့် “ မြန်မာ့စီးပွားရေး ဘာလဲ ဘယ်လဲ” ဟောပြောဆွေးနွေးပွဲတွင် ဆွေးနွေးအကြံပြုခဲ့ကြခြင်းဖြစ်သည်။

“မြန်မာ့စီးပွားရေးက အလားအလာလည်း မကောင်းဘူး။ လက်ရှိလည်း မကောင်းဘူး။ အလားအလာကောင်းအောင် အစိုးရအနေနဲ့ အများကြီးပြုပြင်ဖို့လုပ်ရမယ်။ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့အသံကို နားထောင်ရမယ်။ အကြံပေးတွေရဲ့စကားပဲ နားထောင်ပြီး လုပ်နေလို့အဆင်မပြေဘူး”ဟု မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ ဦးစိုင်းခွန်နောင်က ပြောဆိုသည်။

အစိုးရအနေနှင့် ပြည်တွင်းထုတ်ကုန်များ ပြည်ပတင်ပို့ရာတွင် ကန့်သတ်ချက်အချို့ ဖြေလျှော့ပေးရန်၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာစေရန်အတွက် အခွန်အခအချို့လျှော့ချပေးခြင်း၊ ကွန်ဒိုများကို နိုင်ငံခြားများဝယ်ယူခွင့် အလွယ်တကူခွင့်ပြုပေးရန်၊ နိုင်ငံခြားဝင်ငွေ အဓိကရှာဖွေပေးနိုင်သည့် ခရီးသွားကဏ္ဍကို အားပေးကူညီပေးရန် စသည့်အချက်များ ဆောင်ရွက်သင့်ကြောင်း SMART Group ကုမ္ပဏီဥက္ကဋ္ဌ ဦးကျော်ကျော်လှိုင်က ပြောကြားသည်။

၂၀၁၆ ခုနှစ်က အမေရိကန် တစ်ဒေါ်လာဈေးနှုန်းသည် ၁၄၀၀ ကျပ် ပေါက်ဈေးရှိခဲ့ပြီး ယခု တစ်ဒေါ်လာလျှင် ၁၅၆၀ ကျပ် ပေါက်ဈေးရှိကာ မြန်မာကျပ်ငွေသည် ၁၅ ရာခိုင်နှုန်း တန်ဖိုးကျဆင်းနေကြောင်း ၎င်းက ပြောဆိုသည်။

“လုပ်ထုံးလုပ်နည်းတွေ ဆင့်ကဲဆင့်ကဲ ဖြစ်နေတာ။ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိတာတွေက ဒီစီးပွားရေးမှာ အခက်အခဲတစ်ခုဖြစ်နေတယ်”ဟု MK ဆောက်လုပ်ရေးကုမ္ပဏီဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။

လက်ရှိမြန်မာ့စီးပွားရေးအခြေအနေသည် ပြည်တွင်းလေကြောင်းလိုင်း လေးခုရပ်နားခြင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ မျှော်မှန်းသည်ထက် ဝင်ရောက်မှုမရှိခြင်း၊ ဝင်ရောက်ပြီးသား ပြည်ပရင်းနှီးမြှုပ်နှံမှုအချို့ ပြန်ထွက်သွားခြင်း၊ ဒေါ်လာဈေးနှင့် ရွှေဈေး စံချိန်တင်မြင့်တက်ခြင်း၊ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွင်း ကုန်သွယ်မှုလိုငွေ ကျပ်ဘီလီယံ ၅၀၀၀ နီးပါးရှိခြင်း စသည့်အခြေအနေများ ဖြစ်ပေါ်လျက်ရှိကြောင်း ယင်းဆွေးနွေးပွဲထံမှ သိရသည်။

အဆိုပါအခြေအနေများ ဖြစ်ပေါ်နေမှုနှင့်ပတ်သက်၍ ဆွေးနွေးပွဲတွင် အဖြေရှာရရှိသည့်အချက်များကို ပြည်ထောင်စုအစိုးရထံ အကြံပြုတင်ပြသွားမည်ဖြစ်ပြီး ဝန်ကြီးဌာနတစ်ခုနှင့်တစ်ခုအကြား ချိတ်ဆက်မှုမရှိခြင်း၊ ပြဋ္ဌာန်းထားသည့်ဥပဒေများ များပြားခြင်း၊ လိုအပ်သည့်ဥပဒေများကို အမြန်ဆုံးပြဋ္ဌာန်းပေးရန်၊ ကြိုးနီစနစ်ကို ပယ်ဖျက်ပေးရန် စသည့်အချက်များကိုပါ ထည့်သွင်းအကြံပြု တင်ပြသွားမည်ဖြစ်ကြောင်း ဆွေးနွေးပွဲထံမှသိရသည်။

“တကယ်အကောင်အထည်ဖော်တဲ့နေရာမှာ ပူးပေါင်းဆောင်ရွက်မှု အားနည်းတယ်။ ဥပဒေတွေတော့ အများကြီးထုတ်နေတယ်။ မော်တော်ယာဉ် ဥပဒေဆို ၂၀၁၅ ခုနှစ်က ထွက်ထားတယ်။ နည်းဥပဒေက အခုထိမထွက်သေးဘူး”ဟု Farmer Auto ကုမ္ပဏီဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ဆိုသည်။

ဩဂုတ်လ ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ကုန်သည်စက်မှုအသင်းချုပ်က ဦးဆောင်ကောက်ယူထားသည့် မြန်မာ့စီးပွားရေးစစ်တမ်းအရ ၂၀၁၈ ခုနှစ်တွင် ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ သွင်းကုန်၊ ပို့ကုန် အစရှိသည့် ကဏ္ဍများအားလုံး ကျဆင်းနေသည်ဟု စီးပွားရေးလုပ်ငန်းပေါင်း ၂၅၀၀ ကျော်ထံမှ စစ်တမ်းကောက်ယူရရှိထားကြောင်း အသင်းချုပ် ထုတ်ပြန်ချက်အရသိရသည်။

 

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service