ပထမပုဂ္ဂလိကဘဏ်၏ ရှယ်ယာဈေးနှုန်း စတင်ရောင်းချသည့် ဈေးနှုန်းထက် ကျပ် ၃၀ဝ၀ နီးပါးကျဆင်း

ပထမပုဂ္ဂလိကဘဏ်၏ ရှယ်ယာဈေးနှုန်း စတင်ရောင်းချသည့် ဈေးနှုန်းထက် ကျပ် ၃၀ဝ၀ နီးပါးကျဆင်း - Property News in Myanmar from iMyanmarHouse.com
23 Feb 2017 10:40 am တွင် တင်ခဲ့သည်
1162 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန် စတော့အိတ်ချိန်းတွင် နောက်ဆုံး စာရင်းဝင် ပထမပုဂ္ဂလိကဘဏ်၏ ရှယ်ယာဈေးနှုန်း စတင်ရောင်းချသည့် ဈေးနှုန်းအောက် ကျပ် ၃၀ဝ၀ နီးပါး ကျဆင်းနေကြောင်း စတော့ဈေးကွက် လေ့လာသူများထံမှ သိရသည်။

ပထမပုဂ္ဂလိကဘဏ်၏ရှယ် ယာများကို ရန်ကုန်စတော့အိတ် ချိန်းတွင် ဇန်နဝါရီ ၂၀ ရက်က စတင် ကာ အရောင်းအဝယ်ပြုလုပ်ခဲ့ရာ အစုရှယ်ယာတစ်စုလျှင်ကျပ် ၃၄၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး လက် ရှိ ဖေဖော်ဝါရီ ၂၂ ရက်တွင်ကျပ် ၃၁၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ် ခဲ့ကြောင်း သိရသည်။

စတော့ဈေးကွက်လေ့လာသူ ဦးနိုင်မြင့်က ""ကုမ္ပဏီတွေ အားလုံး က အဖွင့်မှာအတက်ဈေးနဲ့အရောင်း အဝယ်ဖြစ်ခဲ့ပေမယ့် FPP ရဲ့ ရှယ်ယာ ဈေးကတော့ ကြမ်းခင်းဈေးအောက် နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်။ အခု အပတ်ထဲမှာလည်း အကျဈေးနဲ့ ငြိမ်နေတယ်။ ကျန်တဲ့ရှယ်ယာတွေ အားလုံးလည်း အရောင်းအဝယ်အေး ပါတယ်"" ဟု ဖေဖော်ဝါရီ ၂၂ ရက် က ဒီမိုကရေစီတူဒေးသို့ပြောသည်။

FMI ကုမ္ပဏီ၏ ရှယ်ယာဈေး နှုန်းမှာကျပ် ၁၅၅၀ဝ၊ MTSH ကုမ္ပဏီ ၏ရှယ်ယာဈေးနှုန်းမှာကျပ် ၄၁၀ဝ၊ မြန်မာနိုင်ငံသားများဘဏ် (MCB) ၏ရှယ်ယာဈေးနှုန်းမှာကျပ် ၈၉၀ဝ ဖြင့် ဖေဖော်ဝါရီ ၂၂ ရက်က အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။

စတော့ဈေးကွက်လေ့လာသူ ဦးကြည်ရှိန်က ""လက်ရှိဈေးကွက် မှာတော့ FMI သူ့ရဲ့ရှယ်ယာ ကို ပြန်ဆွဲတင်နေတဲ့သဘောရှိတယ်။ ကျန်တဲ့ ရှယ်ယာတွေကတော့ ငြိမ် တယ်။ အဓိကတော့ ရှယ်ယာ ဈေး ကွက်ကိုယုံကြည်မှုရှိရှိနဲ့ အလုံးအရင်း ဝင်ရောက်ရင်းနှီးမြှုပ်နှံမယ့်သူ မဝင် သေးသရွေ့တော့ ဈေးကွက်က အေး ပြီး ဈေးကျနေမှာပဲ"" ဟုဆိုသည်။

ရန်ကုန်စတော့အိတ်ချိန်းကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလက စတင် ဖွင့်လှစ်ခဲ့ပြီး ရှယ်ယာစတင်ရောင်း ချမှုအဖြစ် ၂၀၁၆ ခုနှစ် မတ် ၂၅ ရက် က FMI ကုမ္ပဏီ၏ရှယ်ယာများကို စတင်အရောင်းအဝယ်ပြုလုပ်ခဲ့ရာ လက်ရှိစာရင်းဝင် (Listed) ကုမ္ပဏီ လေးခု၏ ရှယ်ယာများအား အရောင်း အဝယ်ပြုလုပ်လျက်ရှိကြောင်း သိရ သည်။

Credit: Democracytoday

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...

အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...

သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း

လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း

“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...

ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ

ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်

ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ

မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...

စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ

ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service