ရန်ကုန်စတော့ အိတ်ချိန်းသည် အမေရိကန်နိုင်ငံ၏ စီးပွားရေးပိတ်ဆို့မှု အောက်တွင် အလိုအလျောက် ရှိနေခဲ့ပြီး အခြေအနေကို သုံးသပ်မှုများ ရှိနေ

ရန်ကုန်စတော့ အိတ်ချိန်းသည် အမေရိကန်နိုင်ငံ၏ စီးပွားရေးပိတ်ဆို့မှု အောက်တွင် အလိုအလျောက် ရှိနေခဲ့ပြီး အခြေအနေကို သုံးသပ်မှုများ ရှိနေ - Property News in Myanmar from iMyanmarHouse.com
6 May 2016 11:37 am တွင် တင်ခဲ့သည်
1555 ကြိမ် ကြည့်ရှု့ပြီး
၂၀၁၆ ခုနှစ် မတ် ၂၅ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည့် ရန်ကုန်စတော့ အိတ်ချိန်းသည် အမေရိကန်နိုင်ငံ၏ စီးပွားရေးပိတ်ဆို့မှု အောက်တွင် အလိုအလျောက် ရှိနေခဲ့ပြီး အဆိုပါ အခြေအနေကို ပြန်လည်သုံးသပ် သင့်ကြောင်းနှင့် ရန်ကုန်စတော့အိတ်ချိန်း စတင်ဖွင့်လှစ်ချိန်မှ ရက် ၂၀ အတွင်း ရှယ်ယာဈေး အတက်အကျ မြင့်မားသည့် ကမောက်ကမ ဖြစ်စဉ်များ ရှိနေခဲ့ကြောင်း မေ ၅ ရက်က ရန်ကုန်မြို့ရှိ ချက်ထရီယံဟိုတယ်တွင် ကျင်းပခဲ့သည့် Oxford Business Group ၏ 'The Impact of the establishment of the YSX on the financial services industry' ဆွေးနွေးပွဲတွင် တက်ရောက်သူများက ပြောကြားသည်။

ငွေမည်းခ၀ါချမှု ပြဿသာနာကြုံလာနိုင်သည်ဟု ဝေဖန်ခံနေရသည့် ရန်ကုန်စတော့ အိတ်ချိန်းသည် အမေရိကန်နိုင်ငံမှ စီးပွားရေးပိတ်ဆို့မှုဒဏ်ခံနေရသည့် နိုင်ငံပိုင် မြန်မာ့စီးပွားရေးဘဏ်၏ အစုရှယ်ယာ ၅၁ ရာခိုင်နှုန်းအထိ ပါဝင်နေမှုကြောင့် အလိုအလျောက်ပင် အမေရိကန်နိုင်ငံ၏ Sanction Blacklist စာရင်းတွင် ပါဝင်သွားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်စတော့အိတ်ချိန်းကို ဂျပန်- မြန်မာ ဖက်စပ်တည်ထောင်ခဲ့ပြီး ရန်ကုန်စတော့အိတ်ချိန်း ဖက်စပ်ကုမ္ပဏီ လီမိတက် (YSX) သည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနတွင် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်က မှတ်ပုံတင် ဖွဲ့စည်းခဲ့ကာ ခွင့်ပြုမ,တည်ရင်းနှီးငွေမှာ ကျပ်ဘီလျံ ၁၀၀ နှင့် ထည့်ဝင်ရင်းနှီးငွေမှာ ၃၂ ဘီလျံ ဖြစ်သည်။

ရန်ကုန်စတော့အိတ်ချိန်းကို မြန်မာနိုင်ငံဘက်မှ မြန်မာ့စီးပွားရေးဘဏ်က အစုရှယ်ယာ ၅၁ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံ Daiwa Institute of Research နှင့် Japan Exchange Group တို့မှ ၄၉ ရာခိုင်နှုန်းဖြင့် ပူးပေါင်းဖွဲ့စည်း ထားခြင်းဖြစ်သည်။

"မြန်မာ့စီးပွားရေးဘဏ်နဲ့ ပတ်သက်ပြီး စဉ်းစားသင့်တာက ရေရှည်မှာတော့ စတော့အိတ်ချိန်းကရှိဖို့ သင့်ချင်မှသင့်မယ်။ အစပိုင်းမှာတော့ လုပ်မယ့်သူ မရှိလို့ အစိုးရက စလုပ်ခဲ့ပေမယ့် ရေရှည်မှာတော့ စဉ်းစားသင့်တာပေါ့။ စီးပွားရေးဘဏ် အနေနဲ့ ဆက်လုပ်ဖို့ လိုသေးလား။ Professional Management ကိုအပ်ပြီး စီမံခန့်ခွဲမလား။ အများပိုင်အဖြစ် ရပ်တည်သွားမလား စဉ်းစားသင့်ပါတယ်" ဟု Thura Swiss မှ CEO ဒေါက်တာ အောင်သူရက သုံးသပ်ပြောကြားသည်။

အဆိုပါ အခြေအနေနှင့် ပတ်သက်၍ ရန်ကုန်စတော့အိတ်ချိန်းမှ အမှုဆောင် အကြီးတန်းမန်နေဂျာ ဦးသက်ထွန်းဦးက "အဲဒါက ကျွန်တော်တို့ နည်းနည်းလေး အန္တရာယ်ရှိတယ်။ မပြောပါရစေနဲ့" ဟု ဆိုသည်။

ရန်ကုန်စတော့အိတ်ချိန်း စတင်ဖွင့်လှစ်ချိန်တွင် ရှယ်ယာစတင်ရောင်းချမည့် ကုမ္ပဏီများအဖြစ် First Myanmar Investment, First Private Bank၊ Myanmar Citizen Bank, Myanmar Thilawa SEZ Holdings public ကုမ္ပဏီ၊ Great HOR KHAN Public Co., Myanmar Agribusiness Public Corporation (MAPCO) တို့ကို ရွေးချယ်ခဲ့သည်။ အဆိုပါ ရွေးချယ်သည့် ကုမ္ပဏီများအနက် FMI က ရှယ်ယာစတင် ရောင်းချခွင့်ရရှိခဲ့ပြီး စတင်ရောင်းချသည့်နေ့တွင် ရှယ်ယာ တစ်စုလျှင် ကျပ် ၃၁၀၀၀ ဖြင့် ရောင်းချခဲ့ပြီး မတ် ၂၉ ရက်တွင် ကျပ် ၄၁၀၀၀ အထိ အမြင့်ဆုံး မြင့်တက်ခဲ့သော်လည်း မတ် ၃၀ ရက်တွင် ရှယ်ယာတစ်စုလျှင် ကျပ် ၃၁၀၀၀ အထိ ကျဆင်းခဲ့ကာ ပိတ်ရက်များပြားသည့် ဧပြီတွင် ရှယ်ယာဈေးမှာ ကျပ် ၃၀၀၀၀ ၀န်းကျင်သာ ရှိနေခဲ့ပြီး မေ ၅ ရက်တွင် ရှယ်ယာတစ်စုလျှင် ကျပ် ၂၈၅၀၀ သာ ရှိခဲ့သည်။ နိုင်ငံတကာရှိ စတော့ရှယ်ယာ ဈေးနှုန်းများကဲ့သို့ မဟုတ်ဘဲ အတက်အကျ ကြမ်းလွန်းနေသည့် အခြေအနေ ဖြစ်သောကြောင့် ကမောက်ကမ ဖြစ်စဉ်များ ရှိနေခဲ့ခြင်းဖြစ်သည်။

"စတော့အိတ်ချိန်းဟာဆို ဒီနေ့မှာ ရက် ၂၀ မြောက် ရောက်လာပါပြီ။ အစောပိုင်းကာလမှာ ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ သိပ်နားမလည်တဲ့ အခြေအနေကြောင့် ကမောက်ကမတွေ ဖြစ်ခဲ့ရတယ်။ အခုဆိုရင် တတိယအပတ်ထဲ ရောက်လာပြီ။ ရှယ်ယာရှင်တွေ အနေနဲ့ ယခင်ထက်ပိုပြီး နားလည်လာတာကို တွေ့ရသလို သတိပြုရောင်းချ လာတာကိုလည်း တွေ့ရပါတယ်။ မကြာခင် ဒုတိယသီလ၀ါကိုလည်း ရောင်းချတော့မှာ ဖြစ်တဲ့အတွက် ရင်းနှီးမြှုပ်နှံစရာ အခွင့်အလမ်းတွေ ပိုများလာမှာပါ" ဟု ဦးသက်ထွန်းဦးက ဆိုသည်။

ထိုသို့ ကမောက်ကမ ဖြစ်စဉ်များ ရှိနေသော်လည်း မြန်မာနိုင်ငံ၏ စတော့ရှယ်ယာ အရောင်းအ၀ယ် ဖြစ်ပေါ်မှုမှာ လာအို၊ ကမ္ဘောဒီးယား အစရှိသည့် မြန်မာ့စတော့အိတ်ချိန်းထက် စတော့ဈေးကွက် စာရင်းဝင် ကုမ္ပဏီ များပြားသည့် စတော့အိတ်ချိန်းများထက် ပိုမိုရောင်းချရသည်ဟု ဦးသက်ထွန်းဦးက ဆက်လက် ပြောကြားသည်။

အဆိုပါ ကမောက်ကမ ဖြစ်စဉ်များမှာ ဈေးကွက်အတွင်း လက်ဝါးကြီးအုပ်မှုများ ရှိနေသောကြောင့် ဖြစ်နိုင်ပြီး ကဏ္ဍအလိုက် တာဝန်ယူထားသည့် စတော့အိတ်ချိန်းရှိ ကြီးကြပ်ရေး အဖွဲ့ဝင်များနှင့် ကုမ္ပဏီများ အနေဖြင့် စနစ်တကျ ထိန်းချုပ်နိုင်ရန် လိုအပ်မည် ဖြစ်ကြောင်းနှင့် လက်ရှိအခြေအနေမှာ စတင်ဖွင့်လှစ်စ အချိန်သာ ဖြစ်နေသည့်အတွက် ခန့်မှန်းရန် အချိန်စောနေသေးကြောင်း ဒေါက်တာအောင်သူရက ဆက်လက် ပြောကြားသည်။

"လောလောဆယ်က ရှယ်ယာကလည်း အများကြီး မရှိသေးဘူး။ ရှယ်ယာအရောင်းအ၀ယ်က အရမ်းပါးတဲ့ အချိန်မှာတစ်ယောက်က အော်ဒါများတယ်ဆိုရင် ဈေးက ပြောင်းလဲနိုင်တယ်။ စတော့အိတ်ချိန်း ရှယ်ယာတွေ ပိုများလာမယ်ဆိုရင် ရင်းနှီးမြှုပ်နှံမှုတွေ များလာမယ် ဆိုရင်တော့ ပိုပြီးငြိမ်လာနိုင်တာပေါ့။ ကမောက်ကမ ဖြစ်တယ်လို့တော့ အရမ်းကြီး ပြောလို့မရဘူး" ဟု ဆိုသည်။

ရန်ကုန်စတော့အိတ်ချိန်း အနေနှင့် လက်ရှိ အခြေအနေတွင် အားရစရာ အခြေအနေ ဖြစ်နေသော်လည်း အနာဂတ်တွင် ဖွံ့ဖြိုးတိုးတက်လာစေရန် ပြည်သူများအကြား စတော့အိတ်ချိန်းဆိုင်ရာ အသိပညာများ တိုးမြင့်လာစေရန် လုပ်ဆောင်ခြင်း၊ နည်းဥပဒေနှင့် ဥပဒေများ ခိုင်မာစေရန်၊ ပြည်သူလူထုအကြား ရန်ကုန်စတော့ အိတ်ချိန်းအပေါ် ပြည်သူများ ယုံကြည်မှုရှိစေရန်နှင့် ပွင့်လင်းမြင်သာမှု ရှိစေရန် စသည့်အချက်များကို လုပ်ဆောင်ရမည် ဖြစ်ကြောင်း Oxford Business Groupo ၏ အာရှဒေသဆိုင်ရာ Managing Director ဖြစ်သူ Mr. Paulius Kuncinas က သုံးသပ် ပြောကြားသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင်းကြောင်တောင် ဝင်ရောက်ဓားပြတိုက်...
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင်းကြောင်တောင် ဝင်ရောက်ဓားပြတိုက်...
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ...
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ...
ဆံပင်ဆေးဆိုးခြင်းနှင့် ဆံပင်ဖြောင့်ခြင်းမှာ ရင်သားကင်ဆာဖြစ်နိုင်ချေ မြင့်မားစေကြောင်း အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ဆံပင်ဆေးဆိုးခြင်းနှင့် ဆံပင်ဖြောင့်ခြင်းမှာ ရင်သားကင်ဆာဖြစ်နိုင်ချေ မြင့်မားစေကြောင်း အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ...
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ...
ဂျပန်သိပ္ပံပညာရှင်တို့က အိပ်မက်များကို မှတ်တမ်းတင်ထားကာ အိပ်ယာနိုးလာချိန်တွင် ပြန်လည်ကြည့်ရှုနိုင်သော နားကြပ်တစ်မျိုး တီထွင်...
ဂျပန်သိပ္ပံပညာရှင်တို့က အိပ်မက်များကို မှတ်တမ်းတင်ထားကာ အိပ်ယာနိုးလာချိန်တွင် ပြန်လည်ကြည့်ရှုနိုင်သော နားကြပ်တစ်မျိုး တီထွင်...
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို ချေမှုန်းနိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို ချေမှုန်းနိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service