[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့် ကား အရစ်ကျဝယ်ထားသည့်အကြွေးများ ပေးဆပ်ရန် တစ်ဦးတည်း အလုပ် ၃ ခုလုပ်နေရသည့်ဖြစ်ပုံ

[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့် ကား အရစ်ကျဝယ်ထားသည့်အကြွေးများ ပေးဆပ်ရန် တစ်ဦးတည်း အလုပ် ၃ ခုလုပ်နေရသည့်ဖြစ်ပုံ - Property News in Myanmar from iMyanmarHouse.com
29 Apr 2025 10:48 am တွင် တင်ခဲ့သည်
723 ကြိမ် ကြည့်ရှု့ပြီး

မလေးရှားနိုင်ငံမှ အမျိုးသမီးတစ်ဦးအတွက် အိမ်ထောင်ရေး၏ သာယာချိုမြိန်မှုသုခများမှာ နောက်ပိုင်းတွင် ချောက်ခြားဖွယ် အိပ်မက်ဆိုးတစ်ခု ဖြစ်လာခဲ့သည်။

အိမ်ထောင်ရေးဘဝ ဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် တစ်ဦးတည်း အလုပ် ၃ ခု လုပ်ရသည်။

ခင်ပွန်းဖြစ်သူမှာ အလုပ်လုပ်ရန် ငြင်းဆန်နေပြီး ဇနီးဖြစ်သူ၏ ဝင်ငွေအပေါ်တွင်သာ မှီခိုနေခဲ့သည်။

မလေးရှားမှ mStar သတင်းဌာန၏ ဖော်ပြချက်များအရ ခင်ပွန်းဖြစ်သူက လက်ထပ်ပြီး မကြာမီတွင်ပင် ရင်းဂစ် ၃၀၀၀ ရနေသည့် အလုပ်မှ ချက်ချင်းနှုတ်ထွက်ခဲ့ရာ အဆိုပါအမျိုးသမီးမှာ အကျပ်အတည်းများဖြင့် စိတ်ဖိစီးမှုများ ရင်ဆိုင်နေရသည်။

ခင်ပွန်းဖြစ်သူမှာ ၎င်းစုဆောင်းထားသည့် ငွေအားလုံးကို သူ၏ မိဘညီအစ်ကို မောင်နှမတို့၏ မိသားစုလုပ်ငန်းတွင် ဇနီးဖြစ်သူမသိဘဲ ထည့်သွင်းလိုက်ပြီး နောက်ဆုံးတွင် အရှုံးပေါ်သွားခဲ့ကာ ၎င်းတို့ ဇနီးမောင်နှံမှာ ကြွေးမြီ တောင်ပုံရာပုံဖြင့် ကျန်ရစ်ခဲ့သည်။

အကြွေးနှင့် ငွေကြေးအကျပ်အတည်းအခြေအနေမှာ ဆိုးရွားလွန်းသောကြောင့် ၎င်းတို့ ဇနီးမောင်နှံမှာ Credit Counselling and Debt Management အေဂျင်စီ (AKPK) ထံမှ အကြံဉာဏ်တောင်းခံခြင်းများ ပြုလုပ်ခဲ့ရသည်။

ထိုအမျိုးသမီးက စင်္ကာပူတွင် သွားရောက်အလုပ်လုပ်ကိုင်ရန် ကြိုးစားခဲ့သေးသော်လည်း ဖိအား အလွန်များသောကြောင့် ပြန်လာခဲ့ရသည်။

ယခုအခါ မလေးရှားပြည်တွင်းတွင်ပင် တစ်လလျှင် ရင်းဂစ် ၂၀၀၀ ရသည့်အလုပ်တစ်ခု လုပ်ကိုင်နေသည်။

သို့သော် တစ်အိမ်လုံး၏ အသုံးစရိတ်များကို တစ်ဦးတည်း ကျခံနေရသည်။

အရစ်ကျစနစ်ဖြင့် ဝယ်ယူထားသော အိမ်၊ ကား အစရှိသည်တို့အတွက် ပြန်လည်ပေးသွင်းရငွေ၊ ရေဖိုး၊ မီးဖိုး၊ ကားဆီဖိုး အစရှိသည့် အသုံးစရိတ်များအားလုံးကို တစ်ဦးတည်း ရှာဖွေနေရသည်။

ထိုစရိတ်အားလုံး ကာမိစေရန် အလုပ် ၃ ခုကို လုပ်ကိုင်နေရသည်။

ခင်ပွန်းက မိမိ၏ အလုပ်အကိုင်ပြန်ကောင်းလာလျှင် ထိုငွေများ ပြန်ပေးမည်ဟု အကြိမ်ကြိမ် ကတိပေးနေသော်လည်း ဇနီးဖြစ်သူက ပြောသည်မှာမူ “၃ နှစ်သာ အချိန်ကုန်သွားတယ်။ ကျွန်မ တစ်ပြားတစ်ချပ်မှ မမြင်ရပါဘူး။” ဟု ဆိုသည်။

ငွေကြေးအကျပ်အတည်းမှာ ဆိုးသည်ထက်ဆိုးလာသည်။

၎င်းမှာ ဘဏ်ချေးငွေများ ရယူခဲ့သည့်အပြင် မိသားစုဝင်များ၏ ချေးငွေများအတွက်လည်း အာမခံကာ လက်မှတ်ထိုးပေးထားသောကြောင့် ငွေကြေးဝန်ထုပ်ဝန်ပိုးကြီးမှာ အလွန်ကြီးမားလာခဲ့သည်။

ထို့အပြင် ပိုမိုနာကျင်စေသည့်အချက်မှာ ခင်ပွန်းဖြစ်သူသည် ၎င်း၏ လူမှုဖူလုံရေးစုငွေ (Employees Provident Fund-EPF) အားလုံးကို ထုတ်ယူခဲ့ပြီး မိသားစုကြွေးမြီများအတွက် တစ်ပြားတစ်ချပ်မှ မသုံးခဲ့သည့် ကိစ္စဖြစ်သည်။

“ကျွန်မက အချိန်မတော် ညဘက်အထိ အလုပ်လုပ်ရပါတယ်။ သူကတော့ အလုပ်ရှာဖို့ ငြင်းဆန်နေတယ်။ အလုပ်ရှာရတာ ပင်ပန်းလွန်းတယ်လို့ ပြောတယ်” ဟု ၎င်းက ခါးသီးစွာ ပြောသည်။

“သူက ကျွန်မကို ATM ငွေထုတ်စက်တစ်ခုလို သဘောထားနေပါတယ်။ ငွေလိုတိုင်း အမြဲတမ်းပဲ လာတောင်းနေတယ်။”

၎င်းသည် ခင်ပွန်းဖြစ်သူ၏ လုပ်ရပ်နှင့် အကြွေးတောင်ပုံရာပုံကြောင့် ကိုယ်စိတ်နှစ်ပါး ချုံးချုံးကျသွားခဲ့ပြီး အသက်ရှူကျပ်သလို ခံစားလာရကြောင်း၊ တခါတရံတွင် အလုပ်မှ အိမ်သို့ ပြန်ချိန်များ၌ မိမိကိုယ်မိမိ ကားတိုက်ကာ သေသွားစေရန် ဆုတောင်းမိကြောင်း ပြောသည်။

လက်ရှိဘဝမှ လွတ်မြောက်စေရန်အတွက် ကားတိုက်သေသွားရန် မျှော်လင့်မိကြောင်း ပြောသည်။

ထိုသို့ စိတ်ပျက်ဖွယ်ရာ နှစ်ပေါင်းများစွာကို ခါးစီးကြံ့ကြံ့ခံ ဖြတ်သန်းပြီးနောက် ၎င်းက အခြေအနေကို ပြန်ထိန်းရန် ဆုံးဖြတ်ခဲ့သည်။

“ကျွန်မရဲ့ဝင်ငွေ တစိတ်တဒေသကို ဖုံးကွယ်ထားတာမျိုး စလုပ်ခဲ့ပါတယ်။ ကျွန်မ လစာဘယ်လောက်ရတယ်ဆိုတာ သူ့ကို အတိအကျ မပြောတော့ပါဘူး။ ကျွန်မ ပလိုင်းပေါက်နဲ့ ဖားကောက်သလို ထပ်မဖြစ်ချင်တော့ပါဘူး။”

“လက်မထပ်ရသေးသူတွေကို ပြောချင်တာက အချစ်မှာ စုံလုံးမကန်းကြဖို့ ပြောချင်ပါတယ်။ ငွေကြေး၊ အလုပ်အကိုင်၊ နေရေးထိုင်ရေး၊ တစ်ဦးစီရဲ့ တာဝန်ဝတ္တရား အစရှိတာတွေကို လက်မထပ်ခင်မှာ အကြေအလည် ဆွေးနွေးထားဖို့ အကြံပေးလိုပါတယ်”

“အိမ်ထောင်ရေးဆိုတာ အချစ်တစ်ခုတည်းနဲ့ တည်ဆောက်လို့ မရပါဘူး။ နှစ်ဦးလုံးရဲ့ ကြိုးစားမှုတွေ လိုအပ်ပါတယ်။ ကိုယ့်ကိုယ်ကို ဇနီးတစ်ယောက်မှန်း…လမ်းလျှောက်နေတဲ့ ဘဏ်တိုက်ကြီးမှန်း မသဲကွဲတော့တဲ့အထိ တစ်ယောက်ထဲ ရုန်းကန်ရတဲ့ အခြေအနေမျိုးအရောက်မခံကြပါနဲ့” ဟု ၎င်းက ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: “Don’t be blinded by love” — M’sian woman juggles 3 jobs while husband refuses to work

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service