တူရကီတွင် ငလျင်ကြောင့် စိတ်ခြောက်ခြားခဲ့သော အမျိုးသားကြီးက လှိုဏ်ဂူထဲတွင် ပုန်းခိုနေထိုင် လျက်ရှိနေသည်မှာ ၂ နှစ်ခန့်ရှိပြီဖြစ်

တူရကီတွင် ငလျင်ကြောင့် စိတ်ခြောက်ခြားခဲ့သော အမျိုးသားကြီးက လှိုဏ်ဂူထဲတွင် ပုန်းခိုနေထိုင် လျက်ရှိနေသည်မှာ ၂ နှစ်ခန့်ရှိပြီဖြစ် - Property News in Myanmar from iMyanmarHouse.com
14 Mar 2025 1:54 pm တွင် တင်ခဲ့သည်
544 ကြိမ် ကြည့်ရှု့ပြီး

တူရကီနိုင်ငံတွင် အမျိုးသားကြီးတစ်ဦးသည် မြေငလျင်ကြောင့် နေအိမ်ပြိုကျပျက်စီးသွားခဲ့ပြီးနောက် မိသားစုနှင့်အတူ ဆက်လက်နေထိုင်ခြင်းမပြုတော့ဘဲ လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိသည်မှာ ၂ နှစ်ကျော် ရှိခဲ့ပြီဖြစ်သည်။

၎င်း၏ အမည်မှာ အလီ ဘိုဇော့လန်ဖြစ်ပြီး အသက် ၅၅ နှစ်အရွယ်ရှိပြီ ဖြစ်သည်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း အင်အားပြင်း ငလျင်ကြီးလှုပ်ခတ်ခဲ့ရာ တူရကီနှင့် ဆီးရီးယားတို့တွင် လူပေါင်း ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီး အဆိုပါ ၂ နိုင်ငံ၏ နယ်စပ်နှစ်ဘက်လုံးရှိ မြို့များ ပြားပြားဝပ်သွားခဲ့ကာ အလီ ဘိုဇော့လန်၏ နေအိမ်လည်း ပြိုကျပျက်စီးသွားသည်။

အလီ ဘိုဇော့လန်သည် တူရကီနိုင်ငံ၊ Antakya မြို့၊ Hatay အရပ်ရှိ နေအိမ်တွင် ဇနီး၊ သားသမီး ၃ ဦးနှင့်အတူ နေထိုင်ခဲ့ခြင်း ဖြစ်သည်။

ယခုအခါ အလီ ဘိုဇော့လန်က ငလျင်ကြောင့် နေအိမ်ပြိုကျခဲ့သောနေရာနှင့် မိုင်အနည်းငယ်သာ ဝေးကွာသောနေရာရှိ လှိုဏ်ဂူတစ်ခုထဲတွင် တစ်ဦးတည်း နေထိုင်လျက် ရှိသည်။

တူရကီသတင်းမီဒီယာတစ်ခုနှင့် တွေ့ဆုံမေးမြန်းခန်းတွင် အလီ ဘိုဇော့လန်က ပြောသည်မှာ လက်ရှိအချိန်တွင် လူတို့ဆောက်လုပ်သော အဆောက်အအုံများတွင် နေထိုင်ခြင်းမပြုတော့ဘဲ ညဘက်၌ ကြွက်များ၊ မြွေများကို အိပ်ရာပေါ်မှ မောင်းထုတ်နေရသည့် ဘဝမျိုးတွင် ဖြတ်သန်းလျက်ရှိကြောင်း ပြောသည်။

သို့သော် သူ၏ဇနီးနှင့် ကလေးများမှာမူ သမားရိုးကျအတိုင်း နေအိမ်တွင်သာ ဆက်လက်နေထိုင်လျက် ရှိသည်။

အလီ ဘိုဇော့လန်က ကျဉ်းမြောင်းသော လှိုဏ်ဂူအတွင်း မွေ့ယာတစ်ခုထားကာ အိပ်စက်နေထိုင်သည်။

တစ်နေ့လုံး ရတတ်သမျှ စားစရာ ရှာဖွေစားသောက်နေထိုင်၏။

လျှပ်စစ်မီး မရှိချေ။ သို့သော် မကြာမီတွင် ဆိုလာပြားတပ်နိုင်လိမ့်မည်ဟု အလီ ဘိုဇော့လန်က မျှော်လင့်ထားသည်။

ဆိုလာပြား တပ်ဆင်နိုင်မည်ဆိုလျှင် အဝတ်လျှော်စက်နှင့် ရေခဲသေတ္တာများ အသုံးပြုနိုင်မည်ဖြစ်ပြီး လက်ရှိတွင် အဝတ်အစားများကို လက်ဖြင့်သာ လျှော်ဖွတ်နေရပြီး အစားအသောက်များ သိမ်းဆည်းရန်အတွက် ရေခဲသေတ္တာလည်း အသုံးမပြုနိုင်ကြောင်း အလီ ဘိုဇော့လန်က ပြောသည်။

ယခုကဲ့သို့ သမားရိုးကျမဟုတ်သော ဘဝနေထိုင်မှုပုံစံဖြင့် နေထိုင်ဖြတ်သန်းနေမှုအပေါ် အလီ ဘိုဇော့လန်က ကာကွယ်ပြောဆိုသည်မှာ လှိုဏ်ဂူအတွင်း နေထိုင်ရခြင်းမှာ မိမိအတွက် စိတ်အေးချမ်းမှု ပေးစွမ်းနိုင်ကြောင်း ပြောသည်။

 

 

(အလီ ဘိုဇော့လန်သည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း မြေငလျင်ကြောင့် နေအိမ်ဆုံးရှုံးခဲ့ပြီးနောက်ပိုင်း လှိုဏ်ဂူထဲတွင် နေထိုင်လျက်ရှိသည်)

 

 

(အလီ ဘိုဇော့လန်က ကျဉ်းမြောင်းသော လှိုဏ်ဂူအတွင်းသို့ မွေ့ယာတစ်ခုထားကာ အိပ်စက်နေထိုင်သည်။ တစ်နေ့လုံး ရတတ်သမျှ စားစရာ ရှာဖွေစားသောက်နေထိုင်၏။ လျှပ်စစ်မီး မရှိချေ။ သို့သော် မကြာမီတွင် ဆိုလာပြားတပ်နိုင်လိမ့်မည်ဟု အလီ ဘိုဇော့လန်က မျှော်လင့်ထားသည်။)

 

 

(အလီ ဘိုဇော့လန်က ဇနီး၊ သားသမီး ၃ ဦးနှင့်အတူ မနေဘဲ လှိုဏ်ဂူထဲတွင် တစ်ဦးတည်း နေသည်။ ထိုသို့ နေရခြင်းမှာ စိတ်အေးချမ်းကြောင်း ၎င်းက ပြောသည်)

 

“တစ်နေ့တစ်နေ့ ပန်းကန်ဆေး၊ အဝတ်လျှော်နဲ့ အချိန်ကုန်ပါတယ်” ဟု အလီ ဘိုဇော့လန်က Gazete Duvar သို့ ပြောသည်။

“သန့်ရှင်းရေးလုပ်တယ်။ စားဖို့သောက်ဖို့ ပြင်တယ်။ ဒီလှိုဏ်ဂူထဲမှာ ကျွန်တော့်အတွက် အမှတ်ရစရာတွေ အများကြီးပါပဲ။ လူတွေရဲ့အဝေးမှာ သဘာဝတရားနဲ့ လက်ပွန်းတတီး ထိတွေ့နေထိုင်နေပါတယ်”

“ပညာမဲ့တွေကတော့ ကျွန်တော်လှိုဏ်ဂူထဲမှာ နေတာနဲ့ ပတ်သက်ပြီး အဆိုးတွေ ဝေဖန်ကြတယ်။ ဘာကြောင့်လဲဆို သူတို့ ကျွန်တော်နဲ့ မနေဖူးဘူး။ ကျွန်တော်နဲ့ စကားမပြောဖူးဘူး။ ကျွန်တော့်အကြောင်း မသိကြလို့ပါပဲ”

ယခုလှိုဏ်ဂူသည် နှစ်ပေါင်း ထောင်ချီကာ မထိခိုက် မပျက်စီးဘဲ ရှိနေသည့်လှိုဏ်ဂူဖြစ်သောကြောင့် နေထိုင်ရသည်မှာ ဘေးကင်းလုံခြုံမှု ခံစားရကြောင်း အလီ ဘိုဇော့လန်က ပြောသည်။

ယခုလှိုဏ်ဂူနေရာကို မိမိ၏အိမ်သဖွယ် ခံစားရသောကြောင့် အစိုးရက နေထိုင်ရန်နေရာ စီစဉ်ပေးသော်လည်း မိမိအနေဖြင့် လက်မခံခဲ့ကြောင်းလည်း ၎င်းက ပြောသည်။

 

 

(မကြာမီတွင် ဆိုလာပြားတပ်နိုင်လိမ့်မည်ဟု အလီ ဘိုဇော့လန်က မျှော်လင့်ထားသည်။ ဆိုလာပြား တပ်ဆင်နိုင်မည်ဆိုလျှင် အဝတ်လျှော်စက်နှင့် ရေခဲသေတ္တာများ အသုံးပြုနိုင်မည်ဖြစ်ပြီး လက်ရှိတွင် အဝတ်အစားများကို လက်ဖြင့်သာ လျှော်ဖွတ်နေရသည်။)

 

 

(နေ့တိုင်း သောက်ရေနှင့် စားစရာ ထွက်ရှာရသည်)

 

 

(ယခုလှိုဏ်ဂူတွင် မိမိအတွက် အမှတ်ရစရာများစွာရှိနေကြောင်း၊ ဂူထဲတွင် နေထိုင်ခြင်းကို အဆိုးဝေဖန်သူများမှာ ပညာမဲ့များဖြစ်ကြောင်း အလီ ဘိုဇော့လန်က ပြောသည်)

 

 

(တူရကီနှင့် ဆီးရီးယားတို့တွင် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီအတွင်း ပြင်းအား ၇ ဒသမ ၈ ရှိ ငလျင်ကြီးလှုပ်ခတ်ခဲ့ရာ လူပေါင်း ၅၀၀၀၀ ကျော် သေဆုံးခဲ့သည်။ လူအများအိပ်စက်နေချိန်တွင် အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့ခြင်းဖြစ်သောကြောင့် အသေအပျောက် များပြားခဲ့ခြင်း ဖြစ်သည်)

 

 

(တိုက်တာအဆောက်အအုံများ ပြိုကျပျက်စီးခဲ့ကာ လူအများမှာ မော်တော်ကားများထဲတွင် ထိတ်လန့်တုန်လှုပ်စွာ ပုန်းခိုခဲ့ကြရသည်)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Meet the father-of-three who gave up living in a house and moved into a CAVE... because it's 'safer than man-made structures' Photo Credit-dailymail

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service