[စကားတတ်မလေး] တရုတ်ပြည်တွင် လမ်းလျှောက်တတ်စ သမီးငယ်လေးက မိမိအား လူပုံအလယ်တွင် လေးလေးစားစား ဆက်ဆံရန် မိခင်ဖြစ်သူအား ပြောဆိုနေပုံ ဗွီဒီယိုဖိုင် နာမည်ကြီးနေပြီး လူမှုကွန်ရက် သုံးစွဲသူတို့က ကလေးကို ချစ်ခင်လျက်ရှိ

[စကားတတ်မလေး] တရုတ်ပြည်တွင် လမ်းလျှောက်တတ်စ သမီးငယ်လေးက မိမိအား လူပုံအလယ်တွင် လေးလေးစားစား ဆက်ဆံရန် မိခင်ဖြစ်သူအား ပြောဆိုနေပုံ ဗွီဒီယိုဖိုင် နာမည်ကြီးနေပြီး လူမှုကွန်ရက် သုံးစွဲသူတို့က ကလေးကို ချစ်ခင်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
7 Mar 2025 12:29 pm တွင် တင်ခဲ့သည်
1234 ကြိမ် ကြည့်ရှု့ပြီး

တရုတ်ပြည်တွင် လမ်းလျှောက်တတ်စ သမီးငယ်လေးက မိမိအား လူရှေ့သူရှေ့တွင် ကောင်းကောင်းမွန်မွန် ဆက်ဆံရန် ပြောဆိုသည့် ဗွီဒီယိုဖိုင် နာမည်ကြီးနေပြီး လူမှုကွန်ရက်သုံးစွဲသူတို့က သမီးငယ်လေးကို ဝိုင်းဝန်းချီးမွမ်းလျက် ရှိသည်။

သမီးငယ်လေး၏ မိခင်မှာ လူမှုကွန်ရက်တွင် follower ၇၅၀၀၀ ဦးရှိသော influencer တစ်ဦးဖြစ်သည်။

မိခင်ဖြစ်သူ၏ မျိုးရိုးအမည်မှာ ဝမ်ဟု အမည်ရသည်။

ဝမ်သည် ၃ နှစ်အရွယ် သမီးငယ်လေး “မီပေါင်” ကို လွန်ခဲ့သော တစ်နှစ်ခန့်က ရိုက်ကူးထားခဲ့သည့် ဗွီဒီယိုဖိုင်တစ်ခုအား ပြီးခဲ့သော ဖေဖော်ဝါရီ ၁၆ ရက်က လူမှုကွန်ရက်တွင် တင်ခဲ့ခြင်း ဖြစ်သည်။

ဝမ်သည် တရုတ်ပြည်မြောက်ပိုင်း Inner Mongolia ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် နေထိုင်သူဖြစ်သည်။

ဝမ်က ဗွီဒီယိုဖိုင်ဟောင်းကို ပြန်လည်ကြည့်ရှုမိပြီး အလွန်သဘောကျသောကြောင့် လူမှုကွန်ရက်တွင် မျှဝေရန် ဆုံးဖြတ်ခဲ့သည်။

ဗွီဒီယိုထဲတွင် မီပေါင်က မိခင်အားပြောနေသည်မှာ အခြားသူများ အနီးတွင် ရှိနေချိန်၌ မိမိကို မဆူရန်၊ ချီးကျူးအားပေးစကားပြောပေးရန် ပြောနေသည်ဟု ဆိုသည်။

လူရှေ့သူရှေ့တွင် မိခင်က မိမိအပေါ် ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံလျှင် ငိုချင်စိတ်ပေါ်ကြောင်း၊ အခြားသူများ မိမိအား လှောင်ပြောင်ရယ်မောသည်ကို မလိုလားကြောင်း မီပေါင်က ပြောသည်။

(▲ လူပုံအလယ်တွင် ကောင်းကောင်းမွန်မွန်ဆက်ဆံရန် မိခင်ဖြစ်သူကို ပြောခဲ့သည့် မီပေါင်လေးအား လူမှုကွန်ရက်သုံးစွဲသူတို့က ချစ်ခင်လျက်ရှိကြသည်။ ဓာတ်ပုံ-Douyin)

 

ဝမ်က မိမိအမှားကို သိပြီဖြစ်ပါကြောင်း၊ နောင်အခါတွင် သမီးဖြစ်သူ၏ မိမိကိုယ်ကို လေးစားမှု မပျက်ယွင်းစေရန် ကာကွယ်ပေးမည်ဟု ကတိပြုပါကြောင်း သမီးငယ်လေးကို နူးညံ့ကြင်နာစွာ ပြောဆိုခဲ့သည်။

ဝမ်က ပြောပြသည်မှာ မိမိကလေးဘဝက မိဘများမှာ လူရှေ့သူရှေ့တွင် ဆူပူပြောဆိုလေ့ရှိကြောင်း၊ တခါတရံတွင် မိမိက မှန်နေပြီး ၎င်းတို့က မှားနေလျှင်ပင် ပြောဆိုခံရခြင်းဖြစ်ကြောင်း ပြောသည်။

မိဘများ၏ ထိုအမှားမျိုးကို မိမိ၏ ကလေးဆီသို့ ဆက်လက် လက်ဆင့်မကမ်းလိုတော့ကြောင်း ဝမ်ကဆိုသည်။

မျက်မှောက်ကာလ တရုတ်ကလေးငယ်များစွာမှာ ကျောင်းစာနှင့် ပတ်သက်ပြီး ဆွေမျိုးများရှေ့တွင် အခြားကလေးများနှင့် နှိုင်းယှဉ်ကာ အပြောအဆိုခံနေကြရသည်။

ပညာရေးကျွမ်းကျင်ပညာရှင်တို့က ပြောသည်မှာ ကလေးများ၏ စိတ်ကျန်းမာရေးအတွက် ကလေးတို့၏ သိက္ခာကို ကာကွယ်ပေးရန်လိုအပ်ကြောင်း ပြောသည်။

“ကလေးတွေဟာ မိဘတွေပိုင်တဲ့ ပစ္စည်းတစ်ခု မဟုတ်ပါဘူး။ သူတို့တွေမှာ လွတ်လပ်တဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ရှိပါတယ်။ ဒါတွေကို လေးစားဖို့၊ ကာကွယ်ပေးဖို့ လိုပါတယ်” ဟု လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Little Chinese girl asks mum to treat her well in public, highlights value of face-saving  (scmp) 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service