ဆီဗက်စတာ စတားလုံးက နယူးယောက်ပြည်နယ်တွင်သမီးများအတွက် ဝယ်ပေးရန် စရံပေးထားသော စံအိမ်ကို အပြီးသတ်ငွေချေဝယ်ယူ၊ ဒေါ်လာ ၂၅ သန်းခန့်ကို ငွေသားဖြင့် ပေးချေဝယ်ယူခြင်းဖြစ်

ဆီဗက်စတာ စတားလုံးက နယူးယောက်ပြည်နယ်တွင်သမီးများအတွက် ဝယ်ပေးရန် စရံပေးထားသော စံအိမ်ကို အပြီးသတ်ငွေချေဝယ်ယူ၊ ဒေါ်လာ ၂၅ သန်းခန့်ကို ငွေသားဖြင့် ပေးချေဝယ်ယူခြင်းဖြစ် - Property News in Myanmar from iMyanmarHouse.com
11 Dec 2024 10:43 am တွင် တင်ခဲ့သည်
552 ကြိမ် ကြည့်ရှု့ပြီး

ဟောလိဝုဒ် အက်ရှင်ကြယ်ပွင့် ဆီဗက်စတာ စတားလုံးသည် နယူးယောက်ပြည်နယ်၊ Long Island ၏ အရှေ့ဖျား Hamptons အရပ်ရှိ စံအိမ်တစ်လုံးကို သမီးများအတွက် ဝယ်ယူပေးရန် စီစဉ်ထားမှုမှာ ယခုအခါ အရောင်းအဝယ် အပြီးသတ်သွားပြီ ဖြစ်သည်။

ကန်ဒေါ်လာ ၂၅ သန်းခန့်ဖြင့် အရောင်းအဝယ်ဖြစ်သွားခြင်းဖြစ်သည်။

ရမ်ဘို ဇာတ်ကားများဖြင့် ကမ္ဘာကျော်ခဲ့သူ စတားလုံးသည် အရောင်းအဝယ်ကိစ္စ အပြီးသတ်လုပ်ဆောင်ရန် အတွက် ၎င်းနေထိုင်ရာ ဖလော်ရီဒါပြည်နယ် Palm Beach မှသည် နယူးယောက်သို့ ရောက်ရှိခဲ့ပြီး ရက်သတ္တပတ်အနည်းငယ်ကြာ နေထိုင်ခဲ့သည်။

စတားလုံးသည် အပြီးသတ်ငွေချေကာ အရောင်းအဝယ်ပိတ်သိမ်းချိန်တွင်မှ စံအိမ်ရှိရာသို့ ပထမဆုံးရောက်ရှိခဲ့ခြင်း ဖြစ်သည်။

စတားလုံးသည် အဆိုပါစံအိမ်ကို ကိုယ်တိုင်ကိုယ်ကျ မမြင်ဖူးဘဲ စရံငွေ အများအပြားပေးကာ အရောင်းအဝယ် စာချုပ်ချုပ်ခဲ့ခြင်းဖြစ်ပြီး အပြီးသတ်ငွေချေချိန်တွင်မှ ကိုယ်တိုင်မြင်ဖူးခဲ့ခြင်း ဖြစ်သည်။

(စတားလုံးနှင့် ဇနီးဖြစ်သူ ဂျနီဖာ ဖလာဗင်တို့နှစ်ဦးလည်း သမီးများနှင့်အတူ Hamptons စံအိမ်တွင် လာရောက် လည်ပတ်နေထိုင်ဖွယ်ရှိသည်။ ဓာတ်ပုံ-Chelsea Lauren/ Shutterstock)

 

(စတားလုံး၏ သမီးများ။ ဓာတ်ပုံ-Brian Zak/ NY Post)

 

(စံအိမ်အပြင်ဘက်မြင်ကွင်း။ ဓာတ်ပုံ-Tria Giovan)

 

(ရာသီဥတုပူအိုက်သောအခါမျိုးတွင် စံအိမ်အပြင်ဘက်၌ အပန်းဖြေရန် နေရာရှိသည်။ ဓာတ်ပုံ- Tria Giovan)

 

(outdoor dining နေရာ။ ဓာတ်ပုံ- Tria Giovan)

 

(စင်စစ်ကား ခြံဝန်းအတွင်း outdoor dining နေရာများစွာရှိသည်။ ဓာတ်ပုံ- Tria Giovan)

စံအိမ်၏ ခေါ်ဈေးဖြစ်သော ကန်ဒေါ်လာ ၂၄ ဒသမ ၉၅ သန်းကို ငွေသားဖြည့် အပြည့်ပေးချေကာ ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

စတားလုံး၏ သမီး ၃ ဦးဖြစ်သော ဆိုဖီယာ၊ စစ္စတင်းနှင့် စကားလက်တို့က ဖခင်ဝယ်ယူပေးသော စံအိမ်နှင့် ပတ်သက်ပြီး စိတ်လှုပ်ရှားနေကြကြောင်း သတင်းများရှိသည်။

စတားလုံးမှာ အသက် ၇၈ နှစ်ရှိပြီဖြစ်ပြိး ဇနီးဖြစ်သူ မော်ဒယ်ဟောင်း ဂျနီဖာ ဖလာဗင်မှာ အသက် ၅၆ နှစ်ရှိပြီဖြစ်သည်။

စတားလုံးတို့ ဇနီးမောင်နှံသည် ဖလော်ရီဒါပြည်နယ်၊ Palm Beach တွင် ဒေါ်လာ ၃၅ သန်းတန် စံအိမ်ကြီး၌ နေထိုင်သည်။

နေအိမ်တွင် သမီးများ မနေတော့သောကြောင့် ဇနီးမောင်နှံ နှစ်ဦးတည်း ဖြစ်နေသည်။

စံအိမ်အကျယ်မှာ ၁၁၆၄၄ စတုရန်းပေရှိပြီး အတ္တလန္တိတ်သမုဒ္ဒရာကမ်းခြေမှ တစ်မိုင်ခန့်အကွာတွင် တည်ရှိသည်။

ယခုအရောင်းအဝယ်ဖြစ်သွားသော ဈေးနှုန်းမှာ ကမ်းခြေစံအိမ်မဟုတ်သော အိမ်များအနက် စံချိန်တင်ဈေးနှုန်းဖြစ်ခဲ့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

(ဆက်စပ်သတင်းများ) စတားလုံးက လော့စ်အိန်ဂျလိစံအိမ်ကို C.C.R ၏ ရှေ့ထွက်အဆိုတော် John Fogerty အား ဒေါ်လာ ၁ သန်း အရှုံးခံကာ ရောင်းချ https://www.imyanmarhouse.com/news/read/1087871

 

ဆီဗက်စတာ စတားလုံးက ကွန်ဒိုတစ်ခန်းပေးကာ ချစ်ခွင့်ပန်မှုကို ပန်မလာ အန်ဒါဆန် ငြင်းပယ်ခဲ့ https://www.imyanmarhouse.com/news/read/1052264

 

Ref: Sylvester Stallone buys a Hamptons mansion for $24.95M in an all-cash deal (nypost)

Photo Credit- Chelsea Lauren/ Shutterstock, Brian Zak/ NY Post, Tria Giovan

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
INNO CITY
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service