ဆီဗက်စတာ စတားလုံးက ကွန်ဒိုတစ်ခန်းပေးကာ ချစ်ခွင့်ပန်မှုကို ပန်မလာ အန်ဒါဆန် ငြင်းပယ်ခဲ့

ဆီဗက်စတာ စတားလုံးက ကွန်ဒိုတစ်ခန်းပေးကာ ချစ်ခွင့်ပန်မှုကို ပန်မလာ အန်ဒါဆန် ငြင်းပယ်ခဲ့ - Property News in Myanmar from iMyanmarHouse.com
27 Jan 2023 10:44 am တွင် တင်ခဲ့သည်
701 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ရုပ်ရှင်မင်းသမီး ပန်မလာ အန်ဒါဆန်က သူ၏ documentary ဇာတ်လမ်းဖြစ်သော Pamela, a Love Story တွင် အံ့ဖွယ်အကြောင်းရပ်တစ်ခုကို ထည့်သွင်းပြောကြားထားသည်ဟု ဆိုသည်။

ပန်မလာအန်ဒါဆန်က ပြောသည်မှာ ဟောလိဝုဒ်အက်ရှင်ကြယ်ပွင့် ဆီဗက်စတာ စတားလုံးက သူမအား ကွန်ဒိုခန်းတစ်ခန်းနှင့် Posche ပြိုင်ကားတစ်စီးပေးကာ ချစ်ခွင့်ပန်ခဲ့ကြောင်း ပြောကြားသည်။

အသက် ၅၅ နှစ်ရှိပြီဖြစ်သော ပန်မလာ အန်ဒါဆန်က သူ၏ ဘဝအကြောင်း အားလုံးဖွင့်ဟထားသည့် Documentary ကို လာမည့် ဇန်နဝါရီ ၃၁ ရက်တွင် Netflix မှ ထုတ်လွှင့်မည် ဖြစ်သည်။

ပန်မလာ အန်ဒါဆန်က ပြောသည်မှာ မိမိအနေဖြင့် အချစ်စစ်ကိုသာ လိုလားသောကြောင့် စတားလုံး၏ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ကြောင်း ပြောသည်။

နယူးယောက်ပို့စ်သတင်းဌာနကလည်း ပန်မလာက documentary အတွင်း ပြောကြားခဲ့ပုံကို ရေးသားဖော်ပြရာတွင် “သူက ကျွန်မကို သူ့ရဲ့ နံပါတ် ၁ မိန်းကလေးဖြစ်လာစေဖို့ ကွန်ဒိုတစ်ခန်းနဲ့ ပြိုင်ကားတစ်စီးပေးပြီး ကမ်းလှမ်းခဲ့ပါတယ်”ဟု ရေးသားဖော်ပြသည်။

(ဆီဗက်စတာ စတားလုံးက ကွန်ဒိုတစ်ခန်းနှင့် ပြိုင်ကားတစ်စီးပေးကာ ကမ်းလှမ်းခဲ့သည်ဟု ပန်မလာက ဆိုသည်။)

“နံပါတ် ၂ က ဘာကို ဆိုလိုတာလဲ” ဟုလည်း ပန်မလာက ပြောသည်။ ထိုအခါ စတားလုံးက “ဒါက မင်းအတွက် အကောင်းဆုံးကမ်းလှမ်းချက်ပဲ အချစ်ကလေး။ မင်းက အခု ဟောလိဝုဒ်မှာ ရောက်နေတာ”ဟု ပြန်ပြောခဲ့ကြောင်း ပန်မလာက ပြောသည်။

ပန်မလာက “ကျွန်မက အချစ်ပဲ လိုချင်တာ။ အဲဒါထက်လျှော့ပြီး ဘာမှမလိုချင်ဘူး”ဟု ပြောခဲ့သည်။

ပန်မလာ အန်ဒါဆန်ပြောသော အဖြစ်အပျက် မည်သည့်အချိန်တွင် ဖြစ်ပျက်ခဲ့သည်ကိုမူ မသိရချေ။

၂၀၀၇ ခုနှစ်အတွင်း ပန်မလာအန်ဒါဆန်နှင့် စတားလုံးတို့ ပွဲလမ်းတစ်ခုတွင် အတူတကွပြုံးရွှင်စွာ တွေ့ခဲ့ရဖူးသည်။

(စတားလုံးကမူ ပန်မလာအန်ဒါဆန်၏ ပြောဆိုချက်များကို မဟုတ်မှန်ကြောင်း ငြင်းပယ်ထားသည်။ ဓာတ်ပုံမှာ ၂၀၀၇ ခုနှစ်အတွင်းက ရိုက်ကူးခဲ့သော ဓာတ်ပုံဖြစ်သည်)

စတားလုံး၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်မှာ “စတားလုံးနဲ့ ပတ်သက်ပြီး ပန်မလာ အန်ဒါဆန်ရဲ့ ပြောကြားချက်တွေဟာ မှားယွင်းပြီး လုပ်ကြံဇာတ်လမ်းတွေဖြစ်ပါတယ်။ ဒီလိုမျိုး ပြောကြားချက် ဘယ်တုန်းကမှ မလုပ်ခဲ့ဘူးဆိုတာ မစ္စတာ စတားလုံးက အတည်ပြုထားပါတယ်” ဟု နယူးယေက်ပို့စ်သတင်းဌာနသို့ ပြောသည်။

ပန်မလာ အန်ဒါဆန်က သူနှင့် Mötley Crüe အဖွဲ့မှ ဒရမ်သမား တွမ်မီလီ (ယခု ၆၀ နှစ်) တို့ မင်္ဂလာဦးကာလက လိင်ဆက်ဆံထားပုံကို ရိုက်ကူးထားခဲ့သော ဗွီဒီယိုခွေ ခိုးယူခံရမှုသတင်းများ တကြော့ပြန် ရေပန်းစားလာမှုနှင့်ပတ်သက်ပြီး ခင်ပွန်းဟောင်း တွမ်မီနှင့် လက်ရှိ ဆက်ဆံရေးအခြေအနေကိုလည်း ပြီးခဲ့သော ဗုဒ္ဓဟူးနေ့က SiriusXM အမည်ရှိ ရုပ်သံအစီအစဉ်တွင် ပြောကြားခဲ့သည်။

ပန်မလာ အန်ဒါဆန်နှင့် တွမ်မီလီတို့သည် ၁၉၉၅ မှ ၁၉၉၈ ခုနှစ်အထိ လက်ထပ်ပေါင်းသင်းခဲ့ကြသည်။

ပန်မလာက ပြောသည်မှာ “သူက အခု လက်ထပ်ထားပြီး ပျော်ရွှင်နေပါပြီ။ သူ့ဇနီးကလည်း သူ့အပေါ်ကောင်းပါတယ်။ ကျွန်မက ဆက်လက်ထောက်ပံ့အားပေးချင်ပါတယ်”ဟု ပြောသည်။

တွမ်မီလီသည် သူ၏ စတုတ္ထမြောက်ဇနီး Brittany Furlan (၃၆ နှစ်) နှင့် ၂၀၁၉ ခုနှစ်တွင် လက်ထပ်ခဲ့ခြင်း ဖြစ်သည်။

ပန်မလာ အန်ဒါဆန်က ဆက်လက်ပြောကြားသည်မှာ ဗွီဒီယိုခွေသတင်း ပြန်လည်ထွက်ပေါ်လာခြင်းအတွက် တွမ်မီလီ၏ ဇနီး စိတ်အနှောင့်အယှက်ဖြစ်မည်မှာ သေချာကြောင်း၊ ၎င်းအနေဖြင့် တွမ်မီလီတို့၏ အိမ်ထောင်ရေးကို လေးစားကြောင်း၊ တွမ်မီပျော်ရွှင်နေပြီး သူ့ဘဝအတွက် တစုံတဦးရှိနေခြင်းအတွက် ဝမ်းသာမိကြောင်း ပြောသည်။

(ပန်မလာအန်ဒါဆန်က သူနှင့် ခင်ပွန်းဟောင်းတွမ်မီလီတို့၏ လက်ရှိဆက်ဆံရေးအခြေအနေကို SiriusXM ရုပ်သံအစီအစဉ်တွင် ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။ ဓာတ်ပုံမှာ ၁၉၉၅ ခုနှစ်က ရိုက်ကူးခဲ့သော ဓာတ်ပုံ ဖြစ်သည်)

(ပန်မလာ အန်ဒါဆန်နှင့် တွမ်မီလီတို့ကို ၁၉၉၇ ခုနှစ်အတွင်းက အတူတွေ့ရပုံဖြစ်သည်)

(ပန်မလာအန်ဒါဆန်နှင့် တွမ်မီလီတို့၏ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားသော Pam & Tommy ဇာတ်လမ်းတွဲတွင် Lily James နှင့် Sebastian Stan တို့ ပါဝင်သရုပ်ဆောင်ခဲ့ကြပုံ)

(Pam & Tommy ဇာတ်လမ်းတွဲနှင့် ပတ်သက်ပြီး ပန်မလာက ပြောသည်မှာ တွမ်မီနှင့် ၎င်းတို့၏ ဘဝအကြောင်း ရိုက်ကူးထားမှုမှာ တိကျမှန်ကန်မှုရှိမည်ဟု မထင်ကြောင်း ပြောသည်။)

(Variety က ဖော်ပြသော အခြားအဖြစ်အပျက်တစ်ခုမှာ လွန်ခဲ့သောနှစ်ပေါင်း ၃၀ ခန့်က ရုပ်ရှင်မင်းသား Tim Allen က ၎င်း၏ လိင်အင်္ဂါကို ပန်မလာ အန်ဒါဆန်အား ပြခဲ့ဖူးသည်ဟု ဆိုသည်။ ပုံတွင် ရုပ်ရှင်မင်းသား Tim Allen ကို အနောက်ဟောလိဝုဒ်၌ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလက တွေ့ရပုံ ဖြစ်သည်)

(ရုပ်ရှင်မင်းသား Tim Allen က ပြောသည်မှာမူ ‘ကျွန်တော်ဒါမျိုး တခါမှ မလုပ်ခဲ့ဖူးပါဘူး’ဟု ပြောကြားပြီး ပန်မလာ အန်ဒါဆန်ပြောသည့်ဖြစ်ရပ်မျိုး လုံးဝဖြစ်ပျက်ဖူးခြင်းမရှိကြောင်း ငြင်းပယ်ထားသည်။ ပုံတွင် တွေ့ရသည်မှာ Tim နှင့် ပန်မလာတို့ကို ၁၉၉၂ ခုနှစ်က ရိုက်ကူးခဲ့သော Home Improvement ၏ ရိုက်ကွင်းတွင် တွေ့ရပုံ ဖြစ်သည်)

(ဆက်စပ်သတင်း)

Mötley Crüe ရော့ခ်အဖွဲ့ဝင် တွမ်မီနှင့် မင်္ဂလာဦးည လိင်ဆက်ဆံထားသော ဗွီဒီယိုဖိုင် ပေါက်ကြားမှုအပေါ် စိတ်ဒဏ်ရာရနေသူ ၊ ၁၂ နှစ်သမီးအရွယ်က မုဒိမ်းကျင့်ခံရဖူးသူ ပန်မလာအန်ဒါဆန်၏ လော့စ်အိန်ဂျလိ စံအိမ်

https://www.imyanmarhouse.com/news/read/1051976

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Ref: He said it was the best offer I would get': Pamela Anderson claims Sylvester Stallone offered her a 'condo and a Porsche' to be his 'number one girl' (nypost, dailymail)

[Zawgyi]

ဆီဗက္စတာ စတားလုံးက ကြန္ဒိုတစ္ခန္းေပးကာ ခ်စ္ခြင့္ပန္မႈကို ပန္မလာ အန္ဒါဆန္ ျငင္းပယ္ခဲ့

ရုပ္ရွင္မင္းသမီး ပန္မလာ အန္ဒါဆန္က သူ၏ documentary ဇာတ္လမ္းျဖစ္ေသာ Pamela, a Love Story တြင္ အံ့ဖြယ္အေၾကာင္းရပ္တစ္ခုကို ထည့္သြင္းေျပာၾကားထားသည္ဟု ဆိုသည္။

ပန္မလာအန္ဒါဆန္က ေျပာသည္မွာ ေဟာလိဝုဒ္အက္ရွင္ၾကယ္ပြင့္ ဆီဗက္စတာ စတားလံုးက သူမအား ကြန္ဒိုခန္းတစ္ခန္းႏွင့္ Posche ျပိဳင္ကားတစ္စီးေပးကာ ခ်စ္ခြင့္ပန္ခဲ့ေၾကာင္း ေျပာၾကားသည္။

အသက္ ၅၅ ႏွစ္ရွိျပီျဖစ္ေသာ ပန္မလာ အန္ဒါဆန္က သူ၏ ဘဝအေၾကာင္း အားလံုးဖြင့္ဟထားသည့္ Documentary ကို လာမည့္ ဇန္နဝါရီ ၃၁ ရက္တြင္ Netflix မွ ထုတ္လႊင့္မည္ ျဖစ္သည္။

ပန္မလာ အန္ဒါဆန္က ေျပာသည္မွာ မိမိအေနျဖင့္ အခ်စ္စစ္ကိုသာ လိုလားေသာေၾကာင့္ စတားလံုး၏ ကမ္းလွမ္းမႈကို ျငင္းပယ္ခဲ့ေၾကာင္း ေျပာသည္။

နယူးေယာက္ပို႔စ္သတင္းဌာနကလည္း ပန္မလာက documentary အတြင္း ေျပာၾကားခဲ့ပံုကို ေရးသားေဖာ္ျပရာတြင္ “သူက ကၽြန္မကို သူ႔ရဲ႕ နံပါတ္ ၁ မိန္းကေလးျဖစ္လာေစဖို႔ ကြန္ဒိုတစ္ခန္းနဲ႔ ျပိဳင္ကားတစ္စီးေပးျပီး ကမ္းလွမ္းခဲ့ပါတယ္”ဟု ေရးသားေဖာ္ျပသည္။

(ဆီဗက္စတာ စတားလံုးက ကြန္ဒိုတစ္ခန္းႏွင့္ ျပိဳင္ကားတစ္စီးေပးကာ ကမ္းလွမ္းခဲ့သည္ဟု ပန္မလာက ဆိုသည္။)

“နံပါတ္ ၂ က ဘာကို ဆိုလိုတာလဲ” ဟုလည္း ပန္မလာက ေျပာသည္။ ထိုအခါ စတားလံုးက “ဒါက မင္းအတြက္ အေကာင္းဆံုးကမ္းလွမ္းခ်က္ပဲ အခ်စ္ကေလး။ မင္းက အခု ေဟာလိဝုဒ္မွာ ေရာက္ေနတာ”ဟု ျပန္ေျပာခဲ့ေၾကာင္း ပန္မလာက ေျပာသည္။

ပန္မလာက “ကၽြန္မက အခ်စ္ပဲ လိုခ်င္တာ။ အဲဒါထက္ေလွ်ာ့ျပီး ဘာမွမလိုခ်င္ဘူး”ဟု ေျပာခဲ့သည္။

ပန္မလာ အန္ဒါဆန္ေျပာေသာ အျဖစ္အပ်က္ မည္သည့္အခ်ိန္တြင္ ျဖစ္ပ်က္ခဲ့သည္ကိုမူ မသိရေခ်။

၂၀၀၇ ခုႏွစ္အတြင္း ပန္မလာအန္ဒါဆန္ႏွင့္ စတားလံုးတို႔ ပြဲလမ္းတစ္ခုတြင္ အတူတကြျပံဳးရႊင္စြာ ေတြ႔ခဲ့ရဖူးသည္။

(စတားလံုးကမူ ပန္မလာအန္ဒါဆန္၏ ေျပာဆိုခ်က္မ်ားကို မဟုတ္မွန္ေၾကာင္း ျငင္းပယ္ထားသည္။ ဓာတ္ပံုမွာ ၂၀၀၇ ခုႏွစ္အတြင္းက ရိုက္ကူးခဲ့ေသာ ဓာတ္ပံုျဖစ္သည္)

စတားလံုး၏ ေျပာေရးဆိုခြင့္ရွိသူက ေျပာသည္မွာ “စတားလံုးနဲ႔ ပတ္သက္ျပီး ပန္မလာ အန္ဒါဆန္ရဲ႕ ေျပာၾကားခ်က္ေတြဟာ မွားယြင္းျပီး လုပ္ၾကံဇာတ္လမ္းေတြျဖစ္ပါတယ္။ ဒီလိုမ်ဳိး ေျပာၾကားခ်က္ ဘယ္တုန္းကမွ မလုပ္ခဲ့ဘူးဆိုတာ မစၥတာ စတားလံုးက အတည္ျပဳထားပါတယ္” ဟု နယူးေယက္ပို႔စ္သတင္းဌာနသုိ႔ ေျပာသည္။

ပန္မလာ အန္ဒါဆန္က သူႏွင့္ Mötley Crüe အဖြဲ႔မွ ဒရမ္သမား တြမ္မီလီ (ယခု ၆၀ ႏွစ္) တို႔ မဂၤလာဦးကာလက လိင္ဆက္ဆံထားပံုကို ရိုက္ကူးထားခဲ့ေသာ ဗြီဒီယိုေခြ ခိုးယူခံရမႈသတင္းမ်ား တေၾကာ့ျပန္ ေရပန္းစားလာမႈႏွင့္ပတ္သက္ျပီး ခင္ပြန္းေဟာင္း တြမ္မီႏွင့္ လက္ရွိ ဆက္ဆံေရးအေျခအေနကိုလည္း ျပီးခဲ့ေသာ ဗုဒၶဟူးေန႔က SiriusXM အမည္ရွိ ရုပ္သံအစီအစဥ္တြင္ ေျပာၾကားခဲ့သည္။

ပန္မလာ အန္ဒါဆန္ႏွင့္ တြမ္မီလီတို႔သည္ ၁၉၉၅ မွ ၁၉၉၈ ခုႏွစ္အထိ လက္ထပ္ေပါင္းသင္းခဲ့ၾကသည္။

ပန္မလာက ေျပာသည္မွာ “သူက အခု လက္ထပ္ထားျပီး ေပ်ာ္ရႊင္ေနပါျပီ။ သူ႔ဇနီးကလည္း သူ႔အေပၚေကာင္းပါတယ္။ ကၽြန္မက ဆက္လက္ေထာက္ပံ့အားေပးခ်င္ပါတယ္”ဟု ေျပာသည္။

တြမ္မီလီသည္ သူ၏ စတုတၳေျမာက္ဇနီး Brittany Furlan (၃၆ ႏွစ္) ႏွင့္ ၂၀၁၉ ခုႏွစ္တြင္ လက္ထပ္ခဲ့ျခင္း ျဖစ္သည္။

ပန္မလာ အန္ဒါဆန္က ဆက္လက္ေျပာၾကားသည္မွာ ဗြီဒီယိုေခြသတင္း ျပန္လည္ထြက္ေပၚလာျခင္းအတြက္ တြမ္မီလီ၏ ဇနီး စိတ္အေႏွာင့္အယွက္ျဖစ္မည္မွာ ေသခ်ာေၾကာင္း၊ ၎အေနျဖင့္ တြမ္မီလီတို႔၏ အိမ္ေထာင္ေရးကို ေလးစားေၾကာင္း၊ တြမ္မီေပ်ာ္ရႊင္ေနျပီး သူ႔ဘဝအတြက္ တစံုတဦးရွိေနျခင္းအတြက္ ဝမ္းသာမိေၾကာင္း ေျပာသည္။

(ပန္မလာအန္ဒါဆန္က သူႏွင့္ ခင္ပြန္းေဟာင္းတြမ္မီလီတို႔၏ လက္ရွိဆက္ဆံေရးအေျခအေနကို SiriusXM ရုပ္သံအစီအစဥ္တြင္ ဗုဒၶဟူးေန႔က ေျပာၾကားခဲ့သည္။ ဓာတ္ပံုမွာ ၁၉၉၅ ခုႏွစ္က ရိုက္ကူးခဲ့ေသာ ဓာတ္ပံု ျဖစ္သည္)

(ပန္မလာ အန္ဒါဆန္ႏွင့္ တြမ္မီလီတို႔ကို ၁၉၉၇ ခုႏွစ္အတြင္းက အတူေတြ႔ရပံုျဖစ္သည္)

(ပန္မလာအန္ဒါဆန္ႏွင့္ တြမ္မီလီတို႔၏ ဘဝဇာတ္ေၾကာင္းကို ရိုက္ကူးထားေသာ Pam & Tommy ဇာတ္လမ္းတြဲတြင္ Lily James ႏွင့္ Sebastian Stan တို႔ ပါဝင္သရုပ္ေဆာင္ခဲ့ၾကပံု)

(Pam & Tommy ဇာတ္လမ္းတြဲႏွင့္ ပတ္သက္ျပီး ပန္မလာက ေျပာသည္မွာ တြမ္မီႏွင့္ ၎တို႔၏ ဘဝအေၾကာင္း ရိုက္ကူးထားမႈမွာ တိက်မွန္ကန္မႈရွိမည္ဟု မထင္ေၾကာင္း ေျပာသည္။)

(Variety က ေဖာ္ျပေသာ အျခားအျဖစ္အပ်က္တစ္ခုမွာ လြန္ခဲ့ေသာႏွစ္ေပါင္း ၃၀ ခန္႔က ရုပ္ရွင္မင္းသား Tim Allen က ၎၏ လိင္အဂၤ ါကို ပန္မလာ အန္ဒါဆန္အား ျပခဲ့ဖူးသည္ဟု ဆိုသည္။ ပံုတြင္ ရုပ္ရွင္မင္းသား Tim Allen ကို အေနာက္ေဟာလိဝုဒ္၌ ၂၀၂၂ ခုႏွစ္၊ ဒီဇင္ဘာလက ေတြ႔ရပံု ျဖစ္သည္)

(ရုပ္ရွင္မင္းသား Tim Allen က ေျပာသည္မွာမူ ‘ကၽြန္ေတာ္ဒါမ်ဳိး တခါမွ မလုပ္ခဲ့ဖူးပါဘူး’ဟု ေျပာၾကားျပီး ပန္မလာ အန္ဒါဆန္ေျပာသည့္ျဖစ္ရပ္မ်ဳိး လံုးဝျဖစ္ပ်က္ဖူးျခင္းမရွိေၾကာင္း ျငင္းပယ္ထားသည္။ ပံုတြင္ ေတြ႔ရသည္မွာ Tim ႏွင့္ ပန္မလာတို႔ကို ၁၉၉၂ ခုႏွစ္က ရိုက္ကူးခဲ့ေသာ Home Improvement ၏ ရိုက္ကြင္းတြင္ ေတြ႔ရပံု ျဖစ္သည္)

(ဆက္စပ္သတင္း)

Mötley Crüe ေရာ့ခ္အဖြဲ႔ဝင္ တြမ္မီႏွင့္ မဂၤလာဦးည လိင္ဆက္ဆံထားေသာ ဗြီဒီယိုဖိုင္ ေပါက္ၾကားမႈအေပၚ စိတ္ဒဏ္ရာရေနသူ ၊ ၁၂ ႏွစ္သမီးအရြယ္က မုဒိမ္းက်င့္ခံရဖူးသူ ပန္မလာအန္ဒါဆန္၏ ေလာ့စ္အိန္ဂ်လိ စံအိမ္

https://www.imyanmarhouse.com/news/read/1051976

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: He said it was the best offer I would get': Pamela Anderson claims Sylvester Stallone offered her a 'condo and a Porsche' to be his 'number one girl' (nypost, dailymail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...

ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...

အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းမျှဖြင့် ရောင်းမည်...
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းမျှဖြင့် ရောင်းမည်...
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
thukha-garden-residence
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service