နှစ်ဘက်အကျအဆုံးများမည့် နှင်းဆီ စီးခြင်းထိုးပွဲ (သို့မဟုတ်) ဘရက်ပစ်က ဇနီးဟောင်း အင်ဂျလီနာဂျိုလီကို ပြင်သစ်က ဧက ၁၀၀၀ စပျစ်ခြံကြီး ရောင်းချမှုဖြင့် တရားစွဲထားသည့်အမှု မကြာမီ တရားရုံးတွင် အမှုရင်ဆိုင်ရတော့မည်

နှစ်ဘက်အကျအဆုံးများမည့် နှင်းဆီ စီးခြင်းထိုးပွဲ (သို့မဟုတ်) ဘရက်ပစ်က ဇနီးဟောင်း အင်ဂျလီနာဂျိုလီကို ပြင်သစ်က ဧက ၁၀၀၀ စပျစ်ခြံကြီး ရောင်းချမှုဖြင့် တရားစွဲထားသည့်အမှု မကြာမီ တရားရုံးတွင် အမှုရင်ဆိုင်ရတော့မည် - Property News in Myanmar from iMyanmarHouse.com
2 Dec 2024 1:07 pm တွင် တင်ခဲ့သည်
1213 ကြိမ် ကြည့်ရှု့ပြီး

ဟောလိဝုဒ်ကြယ်ပွင့် ဘရက်ပစ်သည် ဇနီးဟောင်း အင်ဂျလီနာဂျိုလီအား ပြင်သစ်နိုင်ငံရှိ နှစ်ဦးပိုင် ဧက ၁၀၀၀ ကျယ်ဝန်းသော စပျစ်ခြံနှင့် ဝိုင်ထုတ်လုပ်ရေးခြံဝန်းကြီးအား ပူးတွဲပိုင်ဆိုင်သူ မိမိအား အသိမပေးဘဲ သူမ၏ ဝေစုကို ရောင်းချခဲ့ခြင်းကြောင့် ၂၀၂၂ ခုနှစ်အတွင်း တရားစွဲခဲ့သည်။

စပျစ်ခြံကြီး၏ အမည်မှာ Château Miraval ဟု အမည်ရပြီး ပြင်သစ်နိုင်ငံတောင်ပိုင်းတွင် တည်ရှိသည်။

တစ်ဦးမသိဘဲ အခြားတစ်ဦးက မိမိ၏ ဝေစုအား မည်သည့်အခါမျှ မရောင်းချရန် နှစ်ဦး သဘောတူထားခဲ့ခြင်း ဖြစ်သည်။

သို့သော် လမ်းခွဲချိန်တွင် အင်ဂျလီနာဂျိုလီက သူမ ပိုင်ဆိုင်သော ပိုင်ဆိုင်မှုတစ်ဝက်ကို ဘရက်ပစ်အား အသိမပေးဘဲ ရောင်းချခဲ့ခြင်း ဖြစ်သည်။

ဘရက်ပစ်က တရားစွဲထားသော အဆိုပါအမှုကို ပလပ်ပေးရန် အင်ဂျလီနာ ဂျိုလီက တင်ပြခဲ့သော်လည်း ပယ်ချခံခဲ့ရရာ လာမည့် ၂၀၂၅ ခုနှစ်တွင် စတင်တရားရင်ဆိုင်ရတော့မည် ဖြစ်သည်။

၎င်းတို့နှစ်ဦးကြားမှ အမှုကို သတင်းမီဒီယာတို့က နှင်းဆီစစ်ပွဲဟု တင်စားထားကြသည်။

Chateau Miraval စပျစ်ခြံကြီးမှ ထုတ်လုပ်သည့် ဆုရဝိုင်တစ်မျိုးဖြစ်သော နှင်းဆီဝိုင်မှာ နာမည်ကြီးသည်။

(ဘရက်ပစ်နှင့် အင်ဂျလီနာဂျိုလီတို့၏ ဝိုင်ခြံကြီးအမှုကို လာမည့်နှစ်တွင် တရားရုံး၌ စတင်စစ်ဆေးတော့မည် ဖြစ်သည်) (အင်ဂျလီနာဂျိုလီကို နိုဝင်ဘာ ၁၂ ရက်က နယူးယောက်မြို့တွင် တွေ့ခဲ့ရပုံ)

 

(ဘရက်ပစ်နှင့် အင်ဂျလီနာဂျိုလီတို့သည် ပုံတွင်တွေ့ရသော Chateau Miraval ဝိုင်ခြံကြီးတွင် အတူနေထိုင်ခဲ့ကြဖူးပြီး ၂၀၁၆ ခုနှစ်တွင် လမ်းခွဲခဲ့ကြသည်)

နှစ်ဦးကြား အိမ်ထောင်ရေးအခြေအနေများနှင့်ပတ်သက်ပြီး အခြားသူတို့ကို မပြောရန် ဘရက်ပစ်က အင်ဂျလီနာ ဂျိုလီအား NDA စာချုပ်တွင် လက်မှတ်ထိုးခိုင်းခဲ့သည်ဟု ဆိုသည်။

တရားတဘောင်ဖြစ်လာခြင်းသည်ပင် အကျည်းတန်နေပြီဖြစ်သည့်အပြင် ဂျိုလီက ဘရက်ပစ်အပေါ် လက်စားချေရန် ကြိုးစားနေပြီး အခြားပုဂ္ဂိုလ်ရေးကိစ္စများ တပါတည်းဖြေရှင်းရန် ကြိုးစားနေခြင်းမှာ ပိုမိုအကျည်းတန်ကြောင်း အတွင်းလူတစ်ဦးက Dailymail သတင်းဌာနသို့ ပြောသည်။

အင်ဂျလီနာဂျိုလီက ဘရက်ပစ်၏ အိမ်တွင်းအကြမ်းဖက်မှုများအကြောင်း ထုတ်ဖော်လာခြင်းကို ရည်ညွှန်းခြင်းဖြစ်သည်။

ထိုသို့ အမှုနှင့် မသက်ဆိုင်သည့်အကြောင်းများ ဖော်ထုတ်လာခြင်းမှာ အမှုပိုမို ရှုပ်ထွေး ကြာရှည်စေမည်ဖြစ်ကာ နှစ်ဘက်လုံးအတွက် ဒေါ်လာ သန်းပေါင်းများစွာ ကုန်ကျစေမည် ဖြစ်သည်။

ပြီးခဲ့သော ရက်သတ္တပတ်အတွင်း တရားရုံးသို့ ဘရက်ပစ်၏ တင်သွင်းခဲ့မှုများတွင် ဝိုင်ခြံကြီး၏ ပိုင်ဆိုင်မှု ထက်ဝက်ကို အသိမပေးဘဲ မရောင်းရန် နှုတ်အားဖြင့် သဘောတူထားခဲ့မှုမှာ ဥပဒေအရ စည်းနှောင်မှုရှိကြောင်း၊ သို့သော် ဂျိုလီက ရုရှားစီးပွားရေးလုပ်ငန်းရှင် Yuri Shefler အား ရောင်းချခဲ့မှုမှာ သဘောတူညီချက်ကို ချိုးဖောက်မှုဖြစ်နိုင်ကြောင်း တွေ့ရှိသည်ဟု ဆိုသည်။

(ဘရက်ပစ်ကို Chateau Miraval ခြံကြီးတွင် စီးပွားဖက်တစ်ဦးဖြစ်သူ Marc Perrin နှင့်အတူ တွေ့ရပုံ)

 

 

(အင်ဂျလီနာ ဂျိုလီက သူ၏ ပိုင်ဆိုင်မှုထက်ဝက်ကို ရုရှားဘီလျံနာ Yuri Shefler (ပုံတွင်တွေ့ရသူ) ထံ ၂၀၂၁ ခုနှစ်အတွင်း ရောင်းချလိုက်သောကြောင့် ဘရက်ပစ်မှာ တုန်လှုပ်ခဲ့ရသည်)

အင်ဂျလီနာဂျိုလီအနေဖြင့် တရားသူကြီး၏ ယခုဆုံးဖြတ်ချက်ပေါ် ရက်ပေါင်း ၃၀ အတွင်း လော့စ်အိန်ဂျလိ တရားရုံးချုပ်တွင် အယူခံဝင်နိုင်သည်ဟု ဆိုသည်။

(ဘရက်ပစ်နှင့် အင်ဂျလီနာဂျိုလီတို့၏ ခြံမှထွက်သော နှင်းဆီဝိုင်မှာ နာမည်ကြီးသည်)

ဘရက်ပစ်သည် အင်ဂျလီနာ ဂျိုလီနှင့် ကလေးများအပေါ် အိမ်တွင်းအကြမ်းဖက်မှုများ နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့ပြီး အင်ဂျလီနာ ဂျိုလီကိုလည်း အိမ်တွင်းရေးအကြောင်းများ အပြင်သို့ ထုတ်မပြောရန် NDA စာချုပ် လက်မှတ်ထိုးခိုင်းထားသည်ဟု ဆိုသည်။

နိုဝင်ဘာ ၂၅ ရက်တွင် တရားသူကြီးက ဘရက်ပစ်အား အိမ်တွင်းအကြမ်းဖက်မှုကို ဖုံးကွယ်ရန် ကြိုးစားသည့် စာရွက်စာတမ်းများကို ထုတ်ပြရန် ပြောခဲ့ကြောင်း အင်ဂျလီနာဂျိုလီ၏ ရှေ့နေ Paul Murphy က US Weekly သတင်းဌာနသို့ ပြောသည်။

(ဆက်စပ်သတင်း) ဘရက်ပစ်က ဇနီးဟောင်း အင်ဂျလီနာဂျိုလီအား ဧက ၁၀၀၀ ခြံ အသိမပေးဘဲ ရောင်းချမှုဖြင့် တရားစွဲ

https://www.imyanmarhouse.com/news/read/1019455

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Brad Pitt and Angelina Jolie set to face off in court as long-running battle over their Miraval winery heads to trial (dailymail) Photo Credit-dailymail

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ...
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ...
ဂျပန်သိပ္ပံပညာရှင်တို့က အိပ်မက်များကို မှတ်တမ်းတင်ထားကာ အိပ်ယာနိုးလာချိန်တွင် ပြန်လည်ကြည့်ရှုနိုင်သော နားကြပ်တစ်မျိုး တီထွင်...
ဂျပန်သိပ္ပံပညာရှင်တို့က အိပ်မက်များကို မှတ်တမ်းတင်ထားကာ အိပ်ယာနိုးလာချိန်တွင် ပြန်လည်ကြည့်ရှုနိုင်သော နားကြပ်တစ်မျိုး တီထွင်...
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို ချေမှုန်းနိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို ချေမှုန်းနိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service