အိမ်တစ်လုံးတည်းသာ ပိုင်သော အမေရိကန်ပြည်၏ အသက်အရှည်ဆုံးသမ္မတ ဂျင်မီကာတာနှင့် သူ၏နေအိမ်

အိမ်တစ်လုံးတည်းသာ ပိုင်သော အမေရိကန်ပြည်၏ အသက်အရှည်ဆုံးသမ္မတ ဂျင်မီကာတာနှင့် သူ၏နေအိမ် - Property News in Myanmar from iMyanmarHouse.com
17 Oct 2024 12:22 pm တွင် တင်ခဲ့သည်
920 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

(ဂျင်မီကာတာ ဘယ်သူလဲ))

ဂျင်မီကာတာ (မွေး ၁၉၂၄) သည် အမေရိကန်ပြည်ထောင်စု၏ ၃၉ ဆက်မြောက် သမ္မတကြီးအဖြစ် ၁၉၇၇ မှ ၁၉၈၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

ဂျင်မီကာတာသည် အမေရိကန်ပြည် ရာဇဝင်တွင် သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူများအနက် အသက်အရှည်ဆုံးဖြစ်ပြီး ယခုနှစ်တွင် အသက် ၁၀၀ ပြည့်ခဲ့ကာ အသက် ၁၀၀ အထိ ရှင်သန်နေထိုင်နိုင်သည့် ပထမဆုံးအမေရိကန်သမ္မတလည်း ဖြစ်သည်။

အမေရိကန်ရေတပ် စစ်တက္ကသိုလ်မှ ကျောင်းဆင်းဖြစ်ပြီး ရေငုပ်သင်္ဘောတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင် ခဲ့သည်။

စစ်ဘက်မှ အနားယူချိန်တွင် မိသားစု၏ မြေပဲစိုက်ပျိုးရေးလုပ်ငန်းကို ပြန်လည်လုပ်ကိုင်ခဲ့သည်။

၁၉၇၁ မှ ၁၉၇၅ ခုနှစ်အထိ ဂျော်ဂျီယာပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၇၆ ခုနှစ်တွင် အမေရိကန်သမ္မတအဖြစ်ရွေးကောက်ခံခဲ့ရသည်။

((သမ္မတဟောင်း ဂျင်မီကာတာ၏ နေအိမ်))

ဂျင်မီကာတာသည် အမေရိကန်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူများအနက် အသက်အရှည်ဆုံးဖြစ်ရုံမျှမက အိမ်တစ်လုံးတည်းသာ ပိုင်ဆိုင်ပြီး ထိုအိမ်တွင် ဆယ်စုနှစ် ၆ ခုကျော် နေထိုင်သည့် တစ်ဦးတည်းသော သမ္မတဟောင်းလည်း ဖြစ်သည်။

အဆိုပါအိမ်ကို ဂျင်မီကာတာ ကိုယ်တိုင်ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်ဟူသော သတင်းများရှိသည်။

ဂျင်မီကာတာ၏ နေအိမ်နှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကိုမူ မသိရချေ။

သူ၏နေအိမ်မှာ အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်၊ Plains မြို့တွင် တည်ရှိပြီး ယာတောအိမ်အသွင် ဆောက်လုပ်ထားသည်။

အိပ်ခန်း ၄ ခန်းနှင့် ရေချိုးခန်း ၃ ခန်းပါဝင်ပြီး စတုရန်းပေ ၄၀၀၀ ခန့် ကျယ်ဝန်းသည်ဟု ဆိုသည်။

Library of Congress ၏ ဖော်ပြချက်အရ “ဒီအိမ်ဟာ ဂျင်မီကာတာ မိသားစု ပထမဆုံး ပိုင်ဆိုင်ခဲ့တဲ့၊ သူတို့ရဲ့ တစ်ခုတည်းသော အိမ်ဖြစ်ပါတယ်။ ၁၉၆၁ ခုနှစ်ကတည်းက ဂျင်မီကာတာမိသားစု ဒီနေရာမှာ အမြဲအခြေချ နေထိုင်ခဲ့ကြတယ်” ဟု ဆိုသည်။

 

(ဂျင်မီကာတာမိသားစုကို ၁၉၇၈ ခုနှစ်၊ ခရစ္စမတ်ကာလတွင် နေအိမ်ဆင်ဝင်နေရာ၌ တွေ့ရပုံ။ ဓာတ်ပုံ- U.S. National Archives and Records Administration)

 

သမ္မတ ဂျင်မီကာတာသည် ၁၉၈၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲပြန်ဝင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့ပြီးနောက် ယခုနေအိမ်သို့ ပြန်လာခဲ့ကာ ဇနီးဖြစ်သူ Rosalynn Carter နှင့်အတူ နေထိုင်ခဲ့သည်။

ဇနီးဖြစ်သူ Rosalynn မှာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလက ကွယ်လွန်သွားခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၉၆ နှစ် ရှိပြီ ဖြစ်သည်။

Rosalynn ၏ ရုပ်အလောင်းကို ယခုနေအိမ်ခြံဝန်းတွင်ပင် မြှုပ်နှံခဲ့သည်။

သမ္မတကာတာသည် ဆေးဘက်စောင့်ရှောက်မှုခံယူရင်း ယခုအိမ်တွင်ပင် ဆက်လက်နေထိုင်သည်။

အခြား အမေရိကန်သမ္မတဟောင်းများနှင့် မတူသည့်အချက်မှာ အခြားသော သမ္မတဟောင်းတို့သည် ဒိတ်ဒိတ်ကြဲ ရပ်ကွက်များရှိ ဒေါ်လာ သန်းပေါင်းများစွာ တန်ကြေးှရှိသော စံအိမ်ကြီးများတွင် နေထိုင်ကြသော်လည်း သမ္မတဟောင်း ဂျင်မီကာတာမှာမူ ယခုအိမ်လေးတွင်သာ ဘဝ၏ ကျန်ရှိသောနေ့ရက်များကို ပျော်ရွှင်စွာ ကုန်လွန်ဖြတ်သန်းသည်။

ထိုအိမ်၏ တန်ဖိုးကို မကြာသေးမီက ခန့်မှန်းချက်အရ ကန်ဒေါ်လာ ၁၆၇၀၀၀ ဖြစ်သည်ဟု ဆိုသည်။

Plains မြို့လေးသည် ဂျော်ဂျီယာပြည်နယ် အနောက်တောင်ပိုင်း Sumter ခရိုင်တွင် တည်ရှိပြီး ၂၀၂၀ ပြည့်နှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၆၀၀ အောက်သာရှိသော မြို့ငယ်လေး ဖြစ်သည်။

လူဦးရေနည်းပါးသော မြို့ငယ်လေးတွင် နေထိုင်သော်လည်း ဂျင်မီကာတာ ပျော်ရွှင်ပါသည်။

အနီးနားရှိ အိမ်နီးနားချင်းများနှင့် ညစာစားခြင်း၊ တန်ကြေးနည်းသော Vino သောက်ခြင်း၊ စက္ကူ ပန်းကန်ပြားများဖြင့် စားသောက်ခြင်းများ ပြုလုပ်ပြီး အိမ်သို့ လမ်းလျှောက်ပြန်လေ့ရှိသည်။

၎င်း၏နောက်တွင်မူ အမေရိကန် Secret Service အဖွဲ့က လုံခြုံရေးယူကာ လိုက်ပါလေ့ရှိသည်။

အတ္တနည်းပါးသော သမ္မတဟောင်းဂျင်မီကာတာသည် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးမှု များစွာ လုပ်ဆောင်ခဲ့ရာ သူ၏ ကြိုးပမ်းခဲ့မှုများအတွက် ၂၀၀၂ ခုနှစ်တွင် ငြိမ်းချမ်းရေးနိုဗယ်ဆု ချီးမြှင့်ခြင်း ခံခဲ့ရသည်။

သမ္မတဟောင်း ဂျင်မီကာတာသည် စာရေးကောင်းသော စာရေးဆရာတစ်ဦးလည်း ဖြစ်နေပြန်သည်။

ဂျင်မီကာတာသည် ကိုယ်တိုင်နှင့် ပူးတွဲရေးသားသော စာအုပ်ပေါင်း ၃၂ အုပ် ရေးသားထုတ်ဝေခဲ့ပြီး ယင်းအနက် အုပ် ၂၀ မှာ နယူးယောက်တိုင်း Best Seller စာအုပ်များစာရင်းတွင် ပါဝင်ခဲ့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: See the Only Home Jimmy Carter Has Ever Owned, as the Former President Turns 100 (Realtor)

 

[Zawgyi]

အိမ္တစ္လံုးတည္းသာ ပိုင္ေသာ အေမရိကန္ျပည္၏ အသက္အရွည္ဆံုးသမၼတ ဂ်င္မီကာတာႏွင့္ သူ၏ေနအိမ္

(ဂ်င္မီကာတာ ဘယ္သူလဲ))

ဂ်င္မီကာတာ (ေမြး ၁၉၂၄) သည္ အေမရိကန္ျပည္ေထာင္စု၏ ၃၉ ဆက္ေျမာက္ သမၼတၾကီးအျဖစ္ ၁၉၇၇ မွ ၁၉၈၁ ခုႏွစ္အထိ တာဝန္ထမ္းေဆာင္ခဲ့သူ ျဖစ္သည္။

ဂ်င္မီကာတာသည္ အေမရိကန္ျပည္ ရာဇဝင္တြင္ သမၼတ တာဝန္ထမ္းေဆာင္ခဲ့သူမ်ားအနက္ အသက္အရွည္ဆံုးျဖစ္ျပီး ယခုႏွစ္တြင္ အသက္ ၁၀၀ ျပည့္ခဲ့ကာ အသက္ ၁၀၀ အထိ ရွင္သန္ေနထိုင္ႏိုင္သည့္ ပထမဆံုးအေမရိကန္သမၼတလည္း ျဖစ္သည္။

အေမရိကန္ေရတပ္ စစ္တကၠသိုလ္မွ ေက်ာင္းဆင္းျဖစ္ျပီး ေရငုပ္သေဘၤာတပ္ဖြဲ႔တြင္ တာဝန္ထမ္းေဆာင္ ခဲ့သည္။

စစ္ဘက္မွ အနားယူခ်ိန္တြင္ မိသားစု၏ ေျမပဲစိုက္ပ်ဳိးေရးလုပ္ငန္းကို ျပန္လည္လုပ္ကိုင္ခဲ့သည္။

၁၉၇၁ မွ ၁၉၇၅ ခုႏွစ္အထိ ေဂ်ာ္ဂ်ီယာျပည္နယ္အုပ္ခ်ဳပ္ေရးမွဴးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ျပီး ၁၉၇၆ ခုႏွစ္တြင္ အေမရိကန္သမၼတအျဖစ္ေရြးေကာက္ခံခဲ့ရသည္။

((သမၼတေဟာင္း ဂ်င္မီကာတာ၏ ေနအိမ္))

ဂ်င္မီကာတာသည္ အေမရိကန္သမၼတ တာဝန္ထမ္းေဆာင္ခဲ့သူမ်ားအနက္ အသက္အရွည္ဆံုးျဖစ္ရံုမွ်မက အိမ္တစ္လံုးတည္းသာ ပိုင္ဆိုင္ျပီး ထိုအိမ္တြင္ ဆယ္စုႏွစ္ ၆ ခုေက်ာ္ ေနထိုင္သည့္ တစ္ဦးတည္းေသာ သမၼတေဟာင္းလည္း ျဖစ္သည္။

အဆိုပါအိမ္ကို ဂ်င္မီကာတာ ကိုယ္တိုင္ေဆာက္လုပ္ခဲ့ျခင္းျဖစ္သည္ဟူေသာ သတင္းမ်ားရွိသည္။

ဂ်င္မီကာတာ၏ ေနအိမ္ႏွင့္ ပတ္သက္သည့္ အေသးစိတ္အခ်က္အလက္မ်ားကိုမူ မသိရေခ်။

သူ၏ေနအိမ္မွာ အေမရိကန္ျပည္၊ ေဂ်ာ္ဂ်ီယာျပည္နယ္၊ Plains ျမိဳ႕တြင္ တည္ရွိျပီး ယာေတာအိမ္အသြင္ ေဆာက္လုပ္ထားသည္။

အိပ္ခန္း ၄ ခန္းႏွင့္ ေရခ်ဳိးခန္း ၃ ခန္းပါဝင္ျပီး စတုရန္းေပ ၄၀၀၀ ခန္႔ က်ယ္ဝန္းသည္ဟု ဆိုသည္။

Library of Congress ၏ ေဖာ္ျပခ်က္အရ “ဒီအိမ္ဟာ ဂ်င္မီကာတာ မိသားစု ပထမဆံုး ပိုင္ဆိုင္ခဲ့တဲ့၊ သူတို႔ရဲ႕ တစ္ခုတည္းေသာ အိမ္ျဖစ္ပါတယ္။ ၁၉၆၁ ခုႏွစ္ကတည္းက ဂ်င္မီကာတာမိသားစု ဒီေနရာမွာ အျမဲအေျခခ် ေနထိုင္ခဲ့ၾကတယ္” ဟု ဆိုသည္။

(ဂ်င္မီကာတာမိသားစုကို ၁၉၇၈ ခုႏွစ္၊ ခရစၥမတ္ကာလတြင္ ေနအိမ္ဆင္ဝင္ေနရာ၌ ေတြ႔ရပံု။ ဓာတ္ပံု- U.S. National Archives and Records Administration)

သမၼတ ဂ်င္မီကာတာသည္ ၁၉၈၀ ျပည့္ႏွစ္တြင္ ေရြးေကာက္ပြဲျပန္ဝင္ခဲ့ေသာ္လည္း ရံႈးနိမ့္ခဲ့ျပီးေနာက္ ယခုေနအိမ္သို႔ ျပန္လာခဲ့ကာ ဇနီးျဖစ္သူ Rosalynn Carter ႏွင့္အတူ ေနထိုင္ခဲ့သည္။

ဇနီးျဖစ္သူ Rosalynn မွာ ၂၀၂၃ ခုႏွစ္၊ ႏိုဝင္ဘာလက ကြယ္လြန္သြားခဲ့ျပီး ကြယ္လြန္ခ်ိန္တြင္ အသက္ ၉၆ ႏွစ္ ရွိျပီ ျဖစ္သည္။

Rosalynn ၏ ရုပ္အေလာင္းကို ယခုေနအိမ္ျခံဝန္းတြင္ပင္ ျမွဳပ္ႏွံခဲ့သည္။

သမၼတကာတာသည္ ေဆးဘက္ေစာင့္ေရွာက္မႈခံယူရင္း ယခုအိမ္တြင္ပင္ ဆက္လက္ေနထုိင္သည္။

အျခား အေမရိကန္သမၼတေဟာင္းမ်ားႏွင့္ မတူသည့္အခ်က္မွာ အျခားေသာ သမၼတေဟာင္းတို႔သည္ ဒိတ္ဒိတ္ၾကဲ ရပ္ကြက္မ်ားရွိ ေဒၚလာ သန္းေပါင္းမ်ားစြာ တန္ေၾကးွရိွေသာ စံအိမ္ၾကီးမ်ားတြင္ ေနထိုင္ၾကေသာ္လည္း သမၼတေဟာင္း ဂ်င္မီကာတာမွာမူ ယခုအိမ္ေလးတြင္သာ ဘဝ၏ က်န္ရွိေသာေန႔ရက္မ်ားကို ေပ်ာ္ရႊင္စြာ ကုန္လြန္ျဖတ္သန္းသည္။

ထိုအိမ္၏ တန္ဖိုးကို မၾကာေသးမီက ခန္႔မွန္းခ်က္အရ ကန္ေဒၚလာ ၁၆၇၀၀၀ ျဖစ္သည္ဟု ဆိုသည္။

Plains ျမိဳ႕ေလးသည္ ေဂ်ာ္ဂ်ီယာျပည္နယ္ အေနာက္ေတာင္ပိုင္း Sumter ခရိုင္တြင္ တည္ရွိျပီး ၂၀၂၀ ျပည့္ႏွစ္ သန္းေခါင္စာရင္းအရ လူဦးေရ ၆၀၀ ေအာက္သာရွိေသာ ျမိဳ႕ငယ္ေလး ျဖစ္သည္။

လူဦးေရနည္းပါးေသာ ျမိဳ႕ငယ္ေလးတြင္ ေနထိုင္ေသာ္လည္း ဂ်င္မီကာတာ ေပ်ာ္ရႊင္ပါသည္။

အနီးနားရွိ အိမ္နီးနားခ်င္းမ်ားႏွင့္ ညစာစားျခင္း၊ တန္ေၾကးနည္းေသာ Vino ေသာက္ျခင္း၊ စကၠဴ ပန္းကန္ျပားမ်ားျဖင့္ စားေသာက္ျခင္းမ်ား ျပဳလုပ္ျပီး အိမ္သို႔ လမ္းေလွ်ာက္ျပန္ေလ့ရွိသည္။

၎၏ေနာက္တြင္မူ အေမရိကန္ Secret Service အဖြဲ႔က လံုျခံဳေရးယူကာ လိုက္ပါေလ့ရွိသည္။

အတၱနည္းပါးေသာ သမၼတေဟာင္းဂ်င္မီကာတာသည္ လူသားခ်င္းစာနာမႈဆိုင္ရာ အကူအညီေပးမႈ မ်ားစြာ လုပ္ေဆာင္ခဲ့ရာ သူ၏ ၾကိဳးပမ္းခဲ့မႈမ်ားအတြက္ ၂၀၀၂ ခုႏွစ္တြင္ ျငိမ္းခ်မ္းေရးႏိုဗယ္ဆု ခ်ီးျမွင့္ျခင္း ခံခဲ့ရသည္။

သမၼတေဟာင္း ဂ်င္မီကာတာသည္ စာေရးေကာင္းေသာ စာေရးဆရာတစ္ဦးလည္း ျဖစ္ေနျပန္သည္။

ဂ်င္မီကာတာသည္ ကိုယ္တိုင္ႏွင့္ ပူးတြဲေရးသားေသာ စာအုပ္ေပါင္း ၃၂ အုပ္ ေရးသားထုတ္ေဝခဲ့ျပီး ယင္းအနက္ အုပ္ ၂၀ မွာ နယူးေယာက္တိုင္း Best Seller စာအုပ္မ်ားစာရင္းတြင္ ပါဝင္ခဲ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: See the Only Home Jimmy Carter Has Ever Owned, as the Former President Turns 100 (Realtor)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင်းကြောင်တောင် ဝင်ရောက်ဓားပြတိုက်...
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင်းကြောင်တောင် ဝင်ရောက်ဓားပြတိုက်...
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ...
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ...
ဆံပင်ဆေးဆိုးခြင်းနှင့် ဆံပင်ဖြောင့်ခြင်းမှာ ရင်သားကင်ဆာဖြစ်နိုင်ချေ မြင့်မားစေကြောင်း အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ဆံပင်ဆေးဆိုးခြင်းနှင့် ဆံပင်ဖြောင့်ခြင်းမှာ ရင်သားကင်ဆာဖြစ်နိုင်ချေ မြင့်မားစေကြောင်း အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ...
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ...
ဂျပန်သိပ္ပံပညာရှင်တို့က အိပ်မက်များကို မှတ်တမ်းတင်ထားကာ အိပ်ယာနိုးလာချိန်တွင် ပြန်လည်ကြည့်ရှုနိုင်သော နားကြပ်တစ်မျိုး တီထွင်...
ဂျပန်သိပ္ပံပညာရှင်တို့က အိပ်မက်များကို မှတ်တမ်းတင်ထားကာ အိပ်ယာနိုးလာချိန်တွင် ပြန်လည်ကြည့်ရှုနိုင်သော နားကြပ်တစ်မျိုး တီထွင်...
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို ချေမှုန်းနိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို ချေမှုန်းနိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service