Jeff Bezos က ကုမ္ပဏီ အစည်းအဝေးများတွင် အရေးအကြီးဆုံး ပုဂ္ဂိုလ်တစ်ဦးအတွက် ထိုင်ခုံလွတ် တစ်လုံး ထားလေ့ရှိသည့် မဟာဗျူဟာကျင့်သုံးခဲ့ပြီး ကုမ္ပဏီ ကြီးပွားအောင်မြင်လာစေရန် အထောက်အကူပြုခဲ့
Jeff Bezos က ကုမ္ပဏီ အစည်းအဝေးများတွင် အရေးအကြီးဆုံး ပုဂ္ဂိုလ်တစ်ဦးအတွက် ထိုင်ခုံလွတ် တစ်လုံး ထားလေ့ရှိသည့် မဟာဗျူဟာကျင့်သုံးခဲ့ပြီး ကုမ္ပဏီ ကြီးပွားအောင်မြင်လာစေရန် အထောက်အကူပြုခဲ့ - Property News in Myanmar from iMyanmarHouse.com
25 Sep 2024 12:32 pm တွင် တင်ခဲ့သည်
840 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
Amazon.com Inc. ကို တည်ထောင်သူ၊ ကမ္ဘာ့ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ် ဂျက်ဘေးဇော့စ် (Jeff Bezos) ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၂၀၉ ဘီလီယံ ရှိသည်။
ဂျက်ဘေးဇော့စ်သည် e-commerce ထိပ်သီး Amazon ကို တည်ထောင်ရာတွင် customer များ စိတ်ကျေနပ်မှု ရရှိစေရေးကို သော့ချက်မဟာဗျူဟာတစ်ခုအဖြစ် အသုံးပြုခဲ့သည်။
((ဘာတွေဖြစ်လာလဲ))
Customer တို့ တွေ့ကြုံရသော Bezos Effect မှာ ငြင်းပယ်မရနိုင်သော သက်သေတစ်ခုဖြစ်၏။
Customer ဗဟိုပြုမှုနှင့် ထိုအကြောင်းကို ဦးစားပေးမှုတို့နှင့် စပ်လျဉ်းပြီး ဂျက်ဘေးဇော့စ်ထက် သာလွန်သူ အနည်းငယ်မျှသာ ရှိနိုင်သည်။
ဂျက်ဘေးဇော့စ်သည် ကုမ္ပဏီ၏ အစည်းအဝေးများတွင် ထိုင်ခုံလွတ်တစ်လုံး ထားရှိလေ့ရှိပြီး ထိုထိုင်ခုံကို customer အဖြစ် သတ်မှတ်ကာ အစည်းအဝေးခန်းအတွင်း အရေးအကြီးဆုံးပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခဲ့သည်။
“ပြင်ပ ကမ္ဘာမှာ customer တစ်ယောက်ကို စိတ်ပျက်အောင် လုပ်လိုက်မိရင် သူ့ရဲ့ မိတ်ဆွေ ၆ ယောက်ဆီကို သတင်းရောက်သွားမယ်။ အင်တာနက်မှာ customer ကို စိတ်ပျက်အောင် လုပ်မိရင်တော့ သူ့ မိတ်ဆွေ သူငယ်ချင်း အယောက် ၆၀၀၀ ဆီကို သတင်းပျံ့သွားမယ်” ဟု ဂျက်ဘေးဇော့စ် တခါက ပြောဖူးသည်။
ဂျက်ဘေးဇော့စ်၏ ‘Customer ပထမ’ မူဝါဒက Amazon ကို အကြီးအကျယ် အကျိုးရှိစေခဲ့ခြင်းအပေါ် ငြင်းချက်ထုတ်ရန် ခက်လှသည်။
ယခုသတင်းရေးသားနေချိန်တွင် Amazon ၏ ဈေးကွက်တန်ကြေးမှာ ကန်ဒေါ်လာ ၂ ဒသမ ၀၂ ထရီလီယံ ရှိပြီး Apple, Microsoft, Nvidia နှင့် Alphabet တို့ပြီးလျှင် ကမ္ဘာပေါ်တွင် ပဉ္စမမြောက် တန်ကြေးအကြီးဆုံး ကုမ္ပဏီအဖြစ် ရပ်တည်နေသည်။
((ဘာကြောင့် အရေးကြီးတာလဲ))
အမေရိကန် customer စိတ်ကျေနပ်မှု ညွှန်းကိန်း (ACSI) အရ Amazon ၏ e-commerce ဝက်ဘ်ဆိုက်သည် ၂၀၂၃ ခုနှစ်အတွင်း အမှတ် ၁၀၀ ပေးသည့်အနက် ၈၃ မှတ်အထိ ရရှိခဲ့သည်။
သို့သော် Amazon ၏ ရမှတ်များမှာ အတက်အကျ အမျိုးမျိုးရှိခဲ့သည်။
၂၀၀၂၊ ၂၀၀၃၊ ၂၀၀၇ နှင့် ၂၀၁၃ ခုနှစ်တို့တွင် ရမှတ် ၈၈ မှတ်ဖြင့် အမှတ်အများဆုံး ရရှိခဲ့ပြီး ၂၀၂၁ ခုနှစ်တွင်မူ ရမှတ် ၇၈ မှတ်ဖြင့် အမှတ်အနည်းဆုံးနှစ် ဖြစ်ခဲ့သည်။
(ဓာတ်ပုံ-Statista)
e-commerce နယ်ပယ်တွင် Amazon ၏ လွှမ်းမိုးထားနိုင်မှုမှာ ထင်ရှားနေဆဲပင်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ အချက်အလက်များအရ Amazon.com သည် တစ်ကမ္ဘာလုံးတွင် လူသုံးအများဆုံး၊ ဈေးဝယ်မှု အများဆုံး e-commerce ဝက်ဘ်ဆိုက်အဖြစ် ရပ်တည်ခဲ့သည်။
Amazon သည် ဝက်ဘ်ဆိုက် သုံးစွဲမှုတွင် ဈေးကွက်ဝေစု ၁၄ ဒသမ ၀၆ ရာခိုင်နှုန်းအထိ ရရှိထားရာ ၎င်း၏ ပြိုင်ဖက်များဖြစ်သော eBay (၃ ရာခိုင်နှုန်း) ၊ Amazon ၏ ဂျပန်ဝက်ဘ်ဆိုက်ဖြစ်သော amazon.co.jp (၂ ဒသမ ၆၆ ရာခိုင်နှုန်း) တို့ထက် အပြတ်အသတ် သာလွန်ခဲ့သည်။
(ဓာတ်ပုံ-Statista)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Jeff Bezos Had A Habit Of Keeping An Empty Chair For The Most Important Person In The Room At Company Meetings: This Strategy Helped The Amazon Founder Build The E-Commerce Giant We Know Today (benzinga) Photo Credit-Statista
[Zawgyi]
((ဘာတွေဖြစ်လာလဲ))
(ဓာတ်ပုံ-Statista)
(ဓာတ်ပုံ-Statista)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service