ဟောလိဝုဒ်ရုပ်ရှင်ကြယ်ပွင့် ကလင့်အိစ်ဝုဒ် မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ် နေထိုင်ခဲ့သော Carmel-by-the-sea အမည်ရှိ မြို့လေးမှ စံအိမ် ဒေါ်လာ ၂၁ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ

ဟောလိဝုဒ်ရုပ်ရှင်ကြယ်ပွင့် ကလင့်အိစ်ဝုဒ် မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ် နေထိုင်ခဲ့သော Carmel-by-the-sea အမည်ရှိ မြို့လေးမှ စံအိမ် ဒေါ်လာ ၂၁ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
27 Aug 2024 11:33 am တွင် တင်ခဲ့သည်
516 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဟောလိဝုဒ် ရုပ်ရှင်မင်းသား၊ ဒါရိုက်တာ ကလင့်အိစ်ဝုဒ်သည် ၁၉၈၀ ပြည့်လွန်ကာလများအတွင်း Carmel-by-the-sea အမည်ရှိ မြို့လေး၏ မြို့တော်ဝန်အဖြစ် ၂ နှစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။

Carmel-by-the-sea သည် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်အနောက်ပိုင်း မြောက်ပစိဖိတ်သမုဒ္ဒရာ ကမ်းခြေမြို့လေးဖြစ်ပြီး လူဦးရေ ၃၀၀၀ ကျော်သာရှိသည်။

မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ချိန်က ကလင့်အိစ်ဝုဒ်နေထိုင်ခဲ့သောစံအိမ်မှာ နှစ်ပေါင်းရာချီ သက်တမ်းရှိသောအိမ်တစ်လုံးဖြစ်ပြီး ယခုအခါ ကန်ဒေါ်လာ ၂၁ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာသည်။

ကလင့်အိစ်ဝုဒ်သည် အောင်မြင်သော ရုပ်ရှင်ဇာတ်ကားများစွာ ပါဝင်သရုပ်ဆောင်၊ ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သည့်အနက် ၁၉၉၂ ခုနှစ်က ရုံတင်ခဲ့ပြီး အော်စကာဆု ၄ ဆုရရှိခဲ့သည့် Unforgiven ဇာတ်ကားမှာ သူ၏ အကောင်းဆုံးဇာတ်ကားဖြစ်ကြောင်း ရုပ်ရှင်ဝေဖန်ရေးဆရာတို့က မှတ်ချက်ပြုကြသည်။

ထို့အပြင် ၂၀၀၄ ခုနှစ်က ရုံတင်ခဲ့သော Million Dollar Baby ဇာတ်ကားမှာလည်း အော်စကာဆု ၄ ဆု ဆွတ်ခူးခဲ့သည်။

Unforgiven နှင့် Million Dollar Baby နှစ်ကားလုံးမှာ ကလင့်အိစ်ဝုဒ် ကိုယ်တိုင်ရိုက်ကူး၊ ပါဝင်သရုပ်ဆောင် ခဲ့သော ဇာတ်ကားများဖြစ်သည်။

ကလင့်အိစ်ဝုဒ်သည် ယခုအရောင်းဈေးကွက်ဝင်လာသောစံအိမ်တွင် ၁၉၈၀ မှ ၁၉၉၀ ပြည့်လွန်ကာလများအထိ နေထိုင်ခဲ့ကြောင်း ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့သည့် Historic Homes and Inns of Carmel-by-the-sea အမည်ရှိ စာအုပ်၌ ဖော်ပြသည်။

(၁၉၂၄ ခုနှစ်ဝန်းကျင်က ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ပင်လယ်မှ အနည်းငယ်မျှသာ ကွာဝေးသည်။ ဓာတ်ပုံ-Sherman Chu)

 

ရောင်းချသူမှာ စီးပွားရေးလုပ်ငန်းများမှ အနားယူထားပြီဖြစ်သော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင် Frederick O’Such ဖြစ်ပြီး အသက် ၈၀ ကျော်ရှိပြီ ဖြစ်သည်။

သမုဒ္ဒရာကို စီးမိုးတွေ့မြင်ရသော အိမ်ဖြစ်ပြီး Frederick က ကလင့်အိစ်ဝုဒ်ထံမှ ၁၉၉၆ ခုနှစ်တွင် ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်ကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။

ဝယ်ယူပြီးနောက် ၂ နှစ်တာ ကာလအတွင်း ကန်ဒေါ်လာ ၂ ဒသမ ၅ သန်းခန့် သုံးစွဲကာ ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့သည်။

Carmel-by-the-sea သည် ဆန်ဖရန်စစ္စကိုမြို့၏တောင်ဘက် ၁၂၅ မိုင်အကွာတွင် တည်ရှိပြီး မြို့၏ ဗိသုကာ၊ လှပသော ကမ်းခြေတို့ကြောင့် ကမ္ဘာလှည့်ခရီးသည်များနှင့် ဒုတိယအိမ် ဝယ်ယူသူများအကြား နာမည်ကျော် သော ကမ်းခြေမြို့လေး ဖြစ်သည်။

လွန်ခဲ့သော ၂ နှစ်ခန့်က အဆိုပါဒေသရှိ ချောက်ကမ်းပါးထိပ် စံအိမ်ကြီးတစ်လုံးကို ဟောလိဝုဒ်ကြယ်ပွင့် ဘရက်ပစ်က ကန်ဒေါ်လာ သန်း ၄၀ ဖြင့် ဝယ်ယူခဲ့သေးသည်။ ကလင့်အိစ်ဝုဒ်သည် ဆန်ဖရန်စစ္စကိုတွင် မွေးဖွားပြီး ဤဒေသနှင့် နက်ရှိုင်းသော ဆက်နွှယ်မှုများရှိသည်။

Carmel-by-the-sea မြို့တော်ဝန်အဖြစ် ကလင့်အိစ်ဝုဒ်က ၁၉၈၆ မှ ၁၉၈၈ ခုနှစ်အထိ တာဝန်ထမ်းဆောင် ခဲ့သည်။

မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ရန် ဆုံးဖြတ်ခဲ့ရခြင်းမှာ ရာထူးမှ ထွက်ခွာတော့မည့် မြို့တော်ဝန် အမျိုးသမီးမှာ မြို့ခံတို့နှင့် အစေးမကပ်၊ အလုပ်တွင် စိတ်မဝင်စားသည့်အပြင် အစည်းအဝေးများတွင် သိုးမွှေးထိုးနေလေ့ရှိသောကြောင့်ဖြစ်ကြောင်း Wall Street ဂျာနယ်က ၂၀၂၀ ပြည့်နှစ်အတွင်း ဖော်ပြခဲ့ဖူးသည်။

 

(High Plains Drifter ရုပ်ရှင်ဇာတ်ကားတွင် ကလင့်အိစ်ဝုဒ် သရုပ်ဆောင်ထားပုံ။ ဓာတ်ပုံ-Getty Images)

 

(မီးဖိုဆောင်။ ဓာတ်ပုံ- Sherman Chu)

 

(တံခါးများနှင့် ပြတင်းဘောင်များကို မဟော်ဂနီသားဖြင့် ပြုလုပ်ထားသည်။ ဓာတ်ပုံ- Sherman Chu)

 

(အကျယ်အဝန်း စတုရန်းပေ ၄၄၀၀ ခန့်ရှိသော အိမ်ကို လက်ရှိပိုင်ရှင်က ပြန်လည်ပြုပြင်မွမ်းမံမှုများ ပြုလုပ်ထားသည်။ ဓာတ်ပုံ- Sherman Chu)

 

(firepit တစ်ခုပါသော အိမ်တွင်းကွက်လပ်။ ဓာတ်ပုံ- Sherman Chu)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: The Carmel-by-the-Sea Home Where Clint Eastwood Lived While Mayor Lists for $21 Million (realtor)

Photo Credit- Sherman Chu, Getty Images

 

[Zawgyi]

ေဟာလိဝုဒ္ရုပ္ရွင္ၾကယ္ပြင့္ ကလင့္အိစ္ဝုဒ္ ျမိဳ႕ေတာ္ဝန္အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့စဥ္ ေနထိုင္ခဲ့ေသာ Carmel-by-the-sea အမည္ရွိ ျမိဳ႕ေလးမွ စံအိမ္ ေဒၚလာ ၂၁ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္လာ

ေဟာလိဝုဒ္ ရုပ္ရွင္မင္းသား၊ ဒါရိုက္တာ ကလင့္အိစ္ဝုဒ္သည္ ၁၉၈၀ ျပည့္လြန္ကာလမ်ားအတြင္း Carmel-by-the-sea အမည္ရွိ ျမိဳ႕ေလး၏ ျမိဳ႕ေတာ္ဝန္အျဖစ္ ၂ ႏွစ္ တာဝန္ထမ္းေဆာင္ခဲ့ဖူးသည္။

Carmel-by-the-sea သည္ အေမရိကန္ျပည္ေထာင္စု၊ ကယ္လီဖုိးနီးယားျပည္နယ္အေနာက္ပိုင္း ေျမာက္ပစိဖိတ္သမုဒၵရာ ကမ္းေျချမိဳ႕ေလးျဖစ္ျပီး လူဦးေရ ၃၀၀၀ ေက်ာ္သာရွိသည္။

ျမိဳ႕ေတာ္ဝန္အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ခ်ိန္က ကလင့္အိစ္ဝုဒ္ေနထိုင္ခဲ့ေသာစံအိမ္္မွာ ႏွစ္ေပါင္းရာခ်ီ သက္တမ္းရွိေသာအိမ္တစ္လံုးျဖစ္ျပီး ယခုအခါ ကန္ေဒၚလာ ၂၁ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္လာသည္။

ကလင့္အိစ္ဝုဒ္သည္ ေအာင္ျမင္ေသာ ရုပ္ရွင္ဇာတ္ကားမ်ားစြာ ပါဝင္သရုပ္ေဆာင္၊ ဒါရိုက္တာအျဖစ္ ရိုက္ကူူးခဲ့သည့္အနက္ ၁၉၉၂ ခုနွစ္က ရံုတင္ခဲ့ျပီး ေအာ္စကာဆု ၄ ဆုရရွိခဲ့သည့္ Unforgiven ဇာတ္ကားမွာ သူ၏ အေကာင္းဆံုးဇာတ္ကားျဖစ္ေၾကာင္း ရုပ္ရွင္ေဝဖန္ေရးဆရာတို႔က မွတ္ခ်က္ျပဳၾကသည္။

ထို႔အျပင္ ၂၀၀၄ ခုႏွစ္က ရံုတင္ခဲ့ေသာ Million Dollar Baby ဇာတ္ကားမွာလည္း ေအာ္စကာဆု ၄ ဆု ဆြတ္ခူးခဲ့သည္။

Unforgiven ႏွင့္ Million Dollar Baby ႏွစ္ကားလံုးမွာ ကလင့္အိစ္ဝုဒ္ ကိုယ္တုိင္ရိုက္ကူး၊ ပါဝင္သရုပ္ေဆာင္ ခဲ့ေသာ ဇာတ္ကားမ်ားျဖစ္သည္။

ကလင့္အိစ္ဝုဒ္သည္ ယခုအေရာင္းေစ်းကြက္ဝင္လာေသာစံအိမ္္တြင္ ၁၉၈၀ မွ ၁၉၉၀ ျပည့္လြန္ကာလမ်ားအထိ ေနထိုင္ခဲ့ေၾကာင္း ၂၀၁၆ ခုႏွစ္က ထြက္ရွိခဲ့သည့္ Historic Homes and Inns of Carmel-by-the-sea အမည္ရွိ စာအုပ္၌ ေဖာ္ျပသည္။

(၁၉၂၄ ခုႏွစ္ဝန္းက်င္က ေဆာက္လုပ္ခဲ့ျခင္းျဖစ္ျပီး ပင္လယ္မွ အနည္းငယ္မွ်သာ ကြာေဝးသည္။ ဓာတ္ပံု-Sherman Chu)

ေရာင္းခ်သူမွာ စီးပြားေရးလုပ္ငန္းမ်ားမွ အနားယူထားျပီျဖစ္ေသာ ရင္းႏွီးျမွဳပ္ႏွံမႈလုပ္ငန္းရွင္ Frederick O’Such ျဖစ္ျပီး အသက္ ၈၀ ေက်ာ္ရွိျပီ ျဖစ္သည္။

သမုဒၵရာကို စီးမိုးေတြ႔ျမင္ရေသာ အိမ္ျဖစ္ျပီး Frederick က ကလင့္အိစ္ဝုဒ္ထံမွ ၁၉၉၆ ခုႏွစ္တြင္ ကန္ေဒၚလာ ၂ ဒသမ ၂၅ သန္းျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္ေၾကာင္း အိမ္ျခံေျမမွတ္တမ္းမ်ားတြင္ ေဖာ္ျပသည္။

ဝယ္ယူျပီးေနာက္ ၂ ႏွစ္တာ ကာလအတြင္း ကန္ေဒၚလာ ၂ ဒသမ ၅ သန္းခန္႔ သံုးစြဲကာ ျပဳျပင္မြမ္းမံမႈမ်ား ျပဳလုပ္ခဲ့သည္။

Carmel-by-the-sea သည္ ဆန္ဖရန္စစၥကိုျမိဳ႕၏ေတာင္ဘက္ ၁၂၅ မိုင္အကြာတြင္ တည္ရွိျပီး ျမိဳ႕၏ ဗိသုကာ၊ လွပေသာ ကမ္းေျခတို႔ေၾကာင့္ ကမၻာလွည့္ခရီးသည္မ်ားႏွင့္ ဒုတိယအိမ္ ဝယ္ယူသူမ်ားအၾကား နာမည္ေက်ာ္ ေသာ ကမ္းေျချမိဳ႕ေလး ျဖစ္သည္။

လြန္ခဲ့ေသာ ၂ ႏွစ္ခန္႔က အဆိုပါေဒသရွိ ေခ်ာက္ကမ္းပါးထိပ္ စံအိမ္ၾကီးတစ္လံုးကို ေဟာလိဝုဒ္ၾကယ္ပြင့္ ဘရက္ပစ္က ကန္ေဒၚလာ သန္း ၄၀ ျဖင့္ ဝယ္ယူခဲ့ေသးသည္။ ကလင့္အိစ္ဝုဒ္သည္ ဆန္ဖရန္စစၥကိုတြင္ ေမြးဖြားျပီး ဤေဒသႏွင့္ နက္ရႈိင္းေသာ ဆက္ႏႊယ္မႈမ်ားရွိသည္။

Carmel-by-the-sea ျမိဳ႕ေတာ္ဝန္အျဖစ္ ကလင့္အိစ္ဝုဒ္က ၁၉၈၆ မွ ၁၉၈၈ ခုႏွစ္အထိ တာဝန္ထမ္းေဆာင္ ခဲ့သည္။

ျမိဳ႕ေတာ္ဝန္အျဖစ္ တာဝန္ထမ္းေဆာင္ရန္ ဆံုးျဖတ္ခဲ့ရျခင္းမွာ ရာထူးမွ ထြက္ခြာေတာ့မည့္ ျမိဳ႕ေတာ္ဝန္ အမ်ဳိးသမီးမွာ ျမိဳ႕ခံတို႔ႏွင့္ အေစးမကပ္၊ အလုပ္တြင္ စိတ္မဝင္စားသည့္အျပင္ အစည္းအေဝးမ်ားတြင္ သိုးေမႊးထိုးေနေလ့ရွိေသာေၾကာင့္ျဖစ္ေၾကာင္း Wall Street ဂ်ာနယ္က ၂၀၂၀ ျပည့္ႏွစ္အတြင္း ေဖာ္ျပခဲ့ဖူးသည္။

(High Plains Drifter ရုပ္ရွင္ဇာတ္ကားတြင္ ကလင့္အိစ္ဝုဒ္ သရုပ္ေဆာင္ထားပံု။ ဓာတ္ပံု-Getty Images) (မီးဖိုေဆာင္။ ဓာတ္ပံု- Sherman Chu)

(တံခါးမ်ားႏွင့္ ျပတင္းေဘာင္မ်ားကို မေဟာ္ဂနီသားျဖင့္ ျပဳလုပ္ထားသည္။ ဓာတ္ပံု- Sherman Chu)

(အက်ယ္အဝန္း စတုရန္းေပ ၄၄၀၀ ခန္႔ရွိေသာ အိမ္ကို လက္ရွိပိုင္ရွင္က ျပန္လည္ျပဳျပင္မြမ္းမံမႈမ်ား ျပဳလုပ္ထားသည္။ ဓာတ္ပံု- Sherman Chu)

(firepit တစ္ခုပါေသာ အိမ္တြင္းကြက္လပ္။ ဓာတ္ပံု- Sherman Chu)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: The Carmel-by-the-Sea Home Where Clint Eastwood Lived While Mayor Lists for $21 Million (realtor)

Photo Credit- Sherman Chu, Getty Images

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service