တရုတ်ပြည်တွင် အကျပ်ဆိုက်နေသော အိမ်ခြံမြေကဏ္ဍကို ကယ်တင်ရန်အတွက် ရောင်းမထွက်သော အိမ်များကို အစိုးရက ယွမ်ငွေ ၃၀၀ ဘီလီယံ (ကန်ဒေါ်လာ ၄၁ ဘီလီယံ) သုံးစွဲကာ ဝယ်ယူပေးရန် စီစဉ်
တရုတ်ပြည်တွင် အကျပ်ဆိုက်နေသော အိမ်ခြံမြေကဏ္ဍကို ကယ်တင်ရန်အတွက် ရောင်းမထွက်သော အိမ်များကို အစိုးရက ယွမ်ငွေ ၃၀၀ ဘီလီယံ (ကန်ဒေါ်လာ ၄၁ ဘီလီယံ) သုံးစွဲကာ ဝယ်ယူပေးရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
27 May 2024 1:19 pm တွင် တင်ခဲ့သည်
626 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ရောင်းမထွက်သော အိမ်များကို ယွမ်ငွေ ၃၀၀ ဘီလီယံ (ကန်ဒေါ်လာ ၄၁ ဘီလီယံ) သုံးစွဲကာ ဝယ်ယူပေးမည် ဖြစ်ကြောင်း တရုတ်အစိုးရက ကြေညာလိုက်သည်။
ထို့အပြင် အိမ်ခြံမြေ developer တို့အား ရင်းနှီးမြှုပ်နှံငွေ ရရှိနိုင်ရန်၊ အလဟဿဖြစ်နေသော မြေနေရာများ ပြန်လည်ဝယ်ယူမှုကို အားပေးရန်တို့အတွက်လည်း တရုတ်အစိုးရက စီစဉ်လာသည်။
အိမ်ခြံမြေကဏ္ဍနှင့် ပိုမိုကျယ်ပြန့်သော စီးပွားရေးကဏ္ဍကို ကယ်တင်နိုင်ရန်အတွက် တရုတ်အစိုးရက အကြီးမားဆုံး ရည်မှန်းချက်ထားကြိုးပမ်းမှုကို စတင်လိုက်ခြင်းလည်း ဖြစ်သည်။
ယခုခွင့်ပြုငွေဖြင့် တရုတ်ပြည်တွင်း ဒေသအသီးသီးရှိ နိုင်ငံပိုင်ကုမ္ပဏီများသည် ရောင်းမထွက်သော အိမ်များကို ဝယ်ယူနိုင်စေမည်ဖြစ်ကာ အဆိုပါအိမ်များကို တန်ဖိုးသင့်အငှားအိမ်များအဖြစ် အငှားချထားနိုင်မည်ဖြစ်ကြောင်း အစိုးရထိပ်တန်းအရာရှိများက သတင်းမီဒီယာများသို့ ပြောသည်။
ယခုငွေကို နိုင်ငံပိုင် ကူးသန်းရောင်းဝယ်ရေးဘဏ်များ၊ ရှယ်ယာရှင်တို့ဖြင့် ဖွဲ့စည်းထားသည့်ဘဏ်များ အစရှိ သော ဘဏ်ပေါင်း ၂၁ ခုမှတဆင့် ချေးငွေထုတ်ယူနိုင်မည်ဖြစ်ကြောင်း တရုတ်ဗဟိုဘဏ်၏ ဒုတိယအကြီးအကဲ Tao Ling က ပြောသည်။
မရောင်းရသောအိမ်များ ဝယ်ယူမည့် အစီအစဉ်တွင် ဘဏ္ဍာရေးအင်စတီကျူးရှင်းများက ဒေသအလိုက် နိုင်ငံပိုင်ကုမ္ပဏီများအား ငွေကြေးထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း Tao Ling က ပြောသည်။
မရောင်းရသောအိမ်များ ဝယ်ယူမှုအတွက် ဘဏ်ချေးငွေ ယွမ် ၅၀၀ ဘီလီယံထုတ်ပေးမှုဟုလည်း ဆိုနိုင်သည်။
“အိမ်ခြံမြေဈေးကွက်မှာ ရောင်းလိုအား-ဝယ်လိုအား dynamic အပြောင်းအလဲဖြစ်မှုကို ကိုင်တွယ်ဖို့အတွက် ဗဟိုအစိုးရရဲ့ ကြီးမားတဲ့ခြေလှမ်းလည်း ဖြစ်ပါတယ်။ ပြည်သူတွေအတွက် အရည်အသွေးမီတဲ့အိမ်တွေ လိုအပ်ချက် ဖြည့်တင်းပေးနိုင်ဖို့လည်း ဖြစ်ပါတယ်” ဟု Tao Ling က ပြောသည်။
“ကျွန်တော်တို့ ဒါကို ချက်ချင်းအကောင်အထည်ဖော်မှာဖြစ်ပြီး အခြားကိုင်တွယ်ဆောင်ရွက်မှုများစွာလည်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်”
ယခုအစီအစဉ်မှ ငွေများကို ဆောက်လုပ်ပြီးစီးထားပြီဖြစ်သော်လည်း မရောင်းရသေးသောအိမ်များ ဝယ်ယူရေး အတွက်သာ အသုံးပြုမည်ဖြစ်ပြီး ဒေသအလိုက် အုပ်ချုပ်ရေးအဖွဲ့များက မိမိတို့ဒေသ၏ လိုအပ်ချက်အပေါ် မူတည်ပြီး ယခုအစီအစဉ်တွင် ပါဝင်ရန် သင့်၊ မသင့် ဆုံးဖြတ်ကြရမည် ဖြစ်သည်။
ယခုမူဝါဒမှာ ပိုင်ဆိုင်မှုအပေါ် မူတည်ခြင်းမရှိဘဲ အိမ်ခြံမြေ developer အမျိုးအစားအားလုံးနှင့် အကျုံးဝင် ကြောင်းလည်း Tao Ling က ပြောသည်။
သောကြာနေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲသို့ အိုးအိမ်နှင့် မြို့ပြ-ကျေးလက် ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ သဘာဝ အရင်းအမြစ် ဝန်ကြီးဌာနနှင့် ဗဟိုဘဏ်တို့မှ အရာရှိများ တက်ရောက်ခဲ့ကြသည်။
တရုတ်ဗဟိုဘဏ်သည် အိမ်ခြံမြေဝယ်ယူမှုများအတွက် လက်ငင်းပေးချေရမည့်ငွေပမာဏကိုလည်း ပထမဆုံးအိမ်နှင့် ဒုတိယမြောက်အိမ် ဝယ်ယူမည့်သူများအတွက် ၁၅ ရာခိုင်နှုန်းနှင့် ၂၅ ရာခိုင်နှုန်းသို့ အသီးသီး လျှော့ချပေးလိုက်သည်။
ယခင်က သတ်မှတ်ထားသည်မှာ ၂၀ ရာခိုင်နှုန်းနှင့် ၃၀ ရာခိုင်နှုန်း ဖြစ်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: China property: Beijing launches US$41 billion of funds to buy unsold homes, repurchase of ‘idle’ land in drive to rescue housing market (shareandstocks)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
INNO CITY
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service