အင်္ဂလန်နိုင်ငံ၊ ဝေလပြည်နယ်တွင် ဈေးဝယ်စင်တာကြီးတစ်ခုလုံးကို ပေါင် ၆၁၅၀၀၀ မျှဖြင့် ရောင်းချလိုက်ရာ လက်လီအရောင်းကဏ္ဍ အကျပ်အတည်းကို ပြသလျက်ရှိ

အင်္ဂလန်နိုင်ငံ၊ ဝေလပြည်နယ်တွင် ဈေးဝယ်စင်တာကြီးတစ်ခုလုံးကို ပေါင် ၆၁၅၀၀၀ မျှဖြင့် ရောင်းချလိုက်ရာ လက်လီအရောင်းကဏ္ဍ အကျပ်အတည်းကို ပြသလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
27 Oct 2023 10:34 am တွင် တင်ခဲ့သည်
815 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အင်္ဂလန်နိုင်ငံ၊ ဝေလပြည်နယ်တွင် ဈေးဝယ်စင်တာကြီးတစ်ခုလုံးကို လန်ဒန်မြို့မှ နေအိမ်တစ်လုံး၏ ဈေးနှုန်းမျှ ပင် မရှိသည့် ဈေးနှုန်း ပေါင် ၆၁၅၀၀၀ မျှဖြင့် ရောင်းချလိုက်ရာ လက်လီအရောင်းကဏ္ဍ အကျပ်အတည်းကို ပြသလျက်ရှိသည်။

ဝေလပြည်နယ် အရှေ့တောင်ပိုင်း Gwent ခရိုင်၊ Newport မြို့ရှိ အကျပ်ဆိုက်နေသော Kingsway ဈေးဝယ်စင်တာကြီးသည် တရားရုံးမှ ခန့်ထားသော ပစ္စည်းထိန်း၏လက်သို့ ရောက်ရှိခဲ့ပြီးနောက် ရည်ညွှန်းဈေးနှုန်းအောက် ပေါင် ၄၀၀၀၀၀ နည်းပါး သောဈေး ပေါင် ၆၁၅၀၀၀ ဖြင့် ရောင်းချလိုက်ခြင်း ဖြစ်သည်။

မြို့လယ်တွင် တည်ရှိသော Kingsway ဈေးဝယ်စင်တာကြီး၏ ယခင်ပိုင်ရှင်များမှာ စီးပွားရေးအကျပ်အတည်း ကြောင့် ကုမ္ပဏီစာရင်းရှင်း ဖျက်သိမ်းခဲ့ပြီးနောက် ဈေးဝယ်စင်တာကြီး အရောင်းဈေးကွက် ရောက်ရှိလာခြင်း ဖြစ်သည်။

ယခုအခါ ဈေးဝယ်စင်တာကြီးကို အမည်မဖော်သောဝယ်လက်တစ်ဦးထံ ရည်ညွှန်းဈေးနှုန်း ပေါင် ၁ သန်း အောက်ဖြင့် ရောင်းချလိုက်ပြီ ဖြစ်သည်။

Rightmove အိမ်ခြံမြေဝက်ဘ်ဆိုက်မှ အချက်အလက်များအရ လန်ဒန်မြို့မှ နေအိမ်တစ်လုံး၏ ပျှမ်းမျှဈေးနှုန်း မှာ ပေါင် ၆၈၅၂၀၀ ရှိသည်ဟုဆိုရာ ဈေးဝယ်စင်တာကြီး၏ အရောင်းအဝယ်ဈေးနှုန်းမှာ လန်ဒန်မှ အိမ်တစ်လုံး ဈေးနှုန်းအောက် နည်းပါးနေသည်။

 

 

(ပေါင် ၆၁၅၀၀၀ ဖြင့် ရောင်းထွက်သွားသော Kingsway ဈေးဝယ်စင်တာ)

 

 

(Kingsway ဈေးဝယ်စင်တာတွင် ဖွင့်လှစ်ခဲ့ဖူးသော လျှော့ဈေးအရောင်းဆိုင် Wilko က ၎င်းတို့၏ ဆိုင်ခွဲ ၄၀၀ လုံးကို ပိတ်သိမ်းမည်ဖြစ်ကြောင်း ပြီးခဲ့သောလအတွင်း ကြေညာခဲ့သည်။)

 

Kingsway ဈေးဝယ်စင်တာကြီးသည် ယခုနှစ်မေလအတွင်း တရားရုံးမှ ခန့်ထားသော ပစ္စည်းထိန်း၏ လက်သို့ ရောက်ရှိပြီး သြဂုတ်လတွင် ထုခွဲရောင်းချပေးမည့်သူများ ခန့်အပ်ခဲ့သည်။

Cushman & Wakefield မှ Jemma McAndrew က ပြောသည်မှာ Kingsway ၏ ဖြစ်ရပ်မှာ ပြီးခဲ့သော နှစ်အနည်းငယ်အတွင်း လက်လီအရောင်းကဏ္ဍ၏ အပြောင်းအလဲ အခြေအနေအရပ်ရပ်ကို ပြသနေကြောင်း ပြောသည်။

“လက်ရှိ လက်လီအရောင်းကဏ္ဍ အခြေအနေတွေအရ ဈေးဝယ်စင်တာတွေ တည်ထောင်ပြီး ဆိုင်ခန်းငှားမယ့် သူတွေ ခေါ်ယူရေးဟာ အရင်းအနှီးအလုံးအရင်း လိုအပ်ပါတယ်”ဟု သူမက ပြောသည်။

မြို့ကောင်စီမှ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောသည်မှာ ကောင်စီအနေဖြင့် ဈေးဝယ်စင်တာ၏ အနာဂတ် အလားအလာအတွက် မည်သည့် Developer သစ်များနှင့်မဆို လက်တွဲလုပ်ကိုင်သွားမည်ဖြစ်ကြောင်း ပြောသည်။

 

 

(ဤဈေးဝယ်စင်တာကြီးတွင် Starbucks နှင့် Sainsbury’s တို့ ဖွင့်လှစ်ခဲ့ဖူးသည်။)

 

မကြာသေးမီနှစ်များအတွင်း လူနေမှုစရိတ် ၊ အထွေထွေစရိတ် ကြီးမြင့်မှုများကြောင့် ပြည်သူတို့မှာ ငွေကြေး သုံးစွဲနိုင်မှု နည်းပါးလာရာ လက်လီအရောင်းကဏ္ဍ ဆိုးရွားစွာ ထိခိုက်ခဲ့ပြီး အထင်ကရ လက်လီအရောင်းဆိုင် ကြီးများ ပိတ်သိမ်းလာခဲ့ကြရသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Entire shopping centre in Wales that used to have a Starbucks and Wilko sells for £615,000 - less than the price of an average home in London (dailymail)

 

 

[Zawgyi]

အဂၤလန္ႏိုင္ငံ၊ ေဝလျပည္နယ္တြင္ ေစ်းဝယ္စင္တာၾကီးတစ္ခုလံုးကို ေပါင္ ၆၁၅၀၀၀ မွ်ျဖင့္ ေရာင္းခ်လိုက္ရာ လက္လီအေရာင္းက႑ အက်ပ္အတည္းကို ျပသလ်က္ရွိ

 

အဂၤလန္ႏိုင္ငံ၊ ေဝလျပည္နယ္တြင္ ေစ်းဝယ္စင္တာၾကီးတစ္ခုလံုးကို လန္ဒန္ျမိဳ႕မွ ေနအိမ္တစ္လံုး၏ ေစ်းႏႈန္းမွ် ပင္ မရွိသည့္ ေစ်းႏႈန္း ေပါင္ ၆၁၅၀၀၀ မွ်ျဖင့္ ေရာင္းခ်လိုက္ရာ လက္လီအေရာင္းက႑ အက်ပ္အတည္းကို ျပသလ်က္ရွိသည္။

ေဝလျပည္နယ္ အေရွ႕ေတာင္ပိုင္း Gwent ခရိုင္၊ Newport ျမိဳ႕ရွိ အက်ပ္ဆိုက္ေနေသာ Kingsway ေစ်းဝယ္စင္တာၾကီးသည္ တရားရံုးမွ ခန္႔ထားေသာ ပစၥည္းထိန္း၏လက္သို႔ ေရာက္ရွိခဲ့ျပီးေနာက္ ရည္ညႊန္းေစ်းႏႈန္းေအာက္ ေပါင္ ၄၀၀၀၀၀ နည္းပါး ေသာေစ်း ေပါင္ ၆၁၅၀၀၀ ျဖင့္ ေရာင္းခ်လိုက္ျခင္း ျဖစ္သည္။

ျမိဳ႕လယ္တြင္ တည္ရွိေသာ Kingsway ေစ်းဝယ္စင္တာၾကီး၏ ယခင္ပိုင္ရွင္မ်ားမွာ စီးပြားေရးအက်ပ္အတည္း ေၾကာင့္ ကုမၸဏီစာရင္းရွင္း ဖ်က္သိမ္းခဲ့ျပီးေနာက္ ေစ်းဝယ္စင္တာၾကီး အေရာင္းေစ်းကြက္ ေရာက္ရွိလာျခင္း ျဖစ္သည္။

ယခုအခါ ေစ်းဝယ္စင္တာၾကီးကို အမည္မေဖာ္ေသာဝယ္လက္တစ္ဦးထံ ရည္ညႊန္းေစ်းႏႈန္း ေပါင္ ၁ သန္း ေအာက္ျဖင့္ ေရာင္းခ်လိုက္ျပီ ျဖစ္သည္။

Rightmove အိမ္ျခံေျမဝက္ဘ္ဆိုက္မွ အခ်က္အလက္မ်ားအရ လန္ဒန္ျမိဳ႕မွ ေနအိမ္တစ္လံုး၏ ပွ်မ္းမွ်ေစ်းႏႈန္း မွာ ေပါင္ ၆၈၅၂၀၀ ရွိသည္ဟုဆိုရာ ေစ်းဝယ္စင္တာၾကီး၏ အေရာင္းအဝယ္ေစ်းႏႈန္းမွာ လန္ဒန္မွ အိမ္တစ္လံုး ေစ်းႏႈန္းေအာက္ နည္းပါးေနသည္။

(ေပါင္ ၆၁၅၀၀၀ ျဖင့္ ေရာင္းထြက္သြားေသာ Kingsway ေစ်းဝယ္စင္တာ)

(Kingsway ေစ်းဝယ္စင္တာတြင္ ဖြင့္လွစ္ခဲ့ဖူးေသာ ေလွ်ာ့ေစ်းအေရာင္းဆိုင္ Wilko က ၎တို႔၏ ဆိုင္ခြဲ ၄၀၀ လံုးကို ပိတ္သိမ္းမည္ျဖစ္ေၾကာင္း ျပီးခဲ့ေသာလအတြင္း ေၾကညာခဲ့သည္။)

Kingsway ေစ်းဝယ္စင္တာၾကီးသည္ ယခုႏွစ္ေမလအတြင္း တရားရံုးမွ ခန္႔ထားေသာ ပစၥည္းထိန္း၏ လက္သို႔ ေရာက္ရွိျပီး ၾသဂုတ္လတြင္ ထုခြဲေရာင္းခ်ေပးမည့္သူမ်ား ခန္႔အပ္ခဲ့သည္။

Cushman & Wakefield မွ Jemma McAndrew က ေျပာသည္မွာ Kingsway ၏ ျဖစ္ရပ္မွာ ျပီးခဲ့ေသာ ႏွစ္အနည္းငယ္အတြင္း လက္လီအေရာင္းက႑၏ အေျပာင္းအလဲ အေျခအေနအရပ္ရပ္ကို ျပသေနေၾကာင္း ေျပာသည္။

“လက္ရွိ လက္လီအေရာင္းက႑ အေျခအေနေတြအရ ေစ်းဝယ္စင္တာေတြ တည္ေထာင္ျပီး ဆိုင္ခန္းငွားမယ့္ သူေတြ ေခၚယူေရးဟာ အရင္းအႏွီးအလံုးအရင္း လိုအပ္ပါတယ္”ဟု သူမက ေျပာသည္။

ျမဳိ႕ေကာင္စီမွ ေျပာေရးဆိုခြင့္ရပုဂၢိဳလ္တစ္ဦးက ေျပာသည္မွာ ေကာင္စီအေနျဖင့္ ေစ်းဝယ္စင္တာ၏ အနာဂတ္ အလားအလာအတြက္ မည္သည့္ Developer သစ္မ်ားႏွင့္မဆို လက္တြဲလုပ္ကိုင္သြားမည္ျဖစ္ေၾကာင္း ေျပာသည္။

(ဤေစ်းဝယ္စင္တာၾကီးတြင္ Starbucks ႏွင့္ Sainsbury’s တို႔ ဖြင့္လွစ္ခဲ့ဖူးသည္။)

မၾကာေသးမီႏွစ္မ်ားအတြင္း လူေနမႈစရိတ္ ၊ အေထြေထြစရိတ္ ၾကီးျမင့္မႈမ်ားေၾကာင့္ ျပည္သူတို႔မွာ ေငြေၾကး သံုးစြဲႏိုင္မႈ နည္းပါးလာရာ လက္လီအေရာင္းက႑ ဆိုးရြားစြာ ထိခိုက္ခဲ့ျပီး အထင္ကရ လက္လီအေရာင္းဆိုင္ ၾကီးမ်ား ပိတ္သိမ္းလာခဲ့ၾကရသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Entire shopping centre in Wales that used to have a Starbucks and Wilko sells for £615,000 - less than the price of an average home in London (dailymail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင်းကြောင်တောင် ဝင်ရောက်ဓားပြတိုက်...
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင်းကြောင်တောင် ဝင်ရောက်ဓားပြတိုက်...
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ...
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ...
ဆံပင်ဆေးဆိုးခြင်းနှင့် ဆံပင်ဖြောင့်ခြင်းမှာ ရင်သားကင်ဆာဖြစ်နိုင်ချေ မြင့်မားစေကြောင်း အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ဆံပင်ဆေးဆိုးခြင်းနှင့် ဆံပင်ဖြောင့်ခြင်းမှာ ရင်သားကင်ဆာဖြစ်နိုင်ချေ မြင့်မားစေကြောင်း အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ...
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ...
ဂျပန်သိပ္ပံပညာရှင်တို့က အိပ်မက်များကို မှတ်တမ်းတင်ထားကာ အိပ်ယာနိုးလာချိန်တွင် ပြန်လည်ကြည့်ရှုနိုင်သော နားကြပ်တစ်မျိုး တီထွင်...
ဂျပန်သိပ္ပံပညာရှင်တို့က အိပ်မက်များကို မှတ်တမ်းတင်ထားကာ အိပ်ယာနိုးလာချိန်တွင် ပြန်လည်ကြည့်ရှုနိုင်သော နားကြပ်တစ်မျိုး တီထွင်...
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို ချေမှုန်းနိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို ချေမှုန်းနိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service