သမီး၏ မင်္ဂလာဆောင်အတွက်သုံးရန် ရည်ရွယ်ထားသောငွေဖြင့် ဆင်းရဲသားများအတွက် အိမ်အလုံး ၉၀ ဆောက်လုပ်လှူဒါန်းခဲ့သည့် အိန္ဒိယကုန်သည်ကြီး

သမီး၏ မင်္ဂလာဆောင်အတွက်သုံးရန် ရည်ရွယ်ထားသောငွေဖြင့် ဆင်းရဲသားများအတွက် အိမ်အလုံး ၉၀ ဆောက်လုပ်လှူဒါန်းခဲ့သည့် အိန္ဒိယကုန်သည်ကြီး - Property News in Myanmar from iMyanmarHouse.com
14 Nov 2022 10:11 am တွင် တင်ခဲ့သည်
1399 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အိန္ဒိယနိုင်ငံတွင် အဝတ်အထည်နှင့် ဂျုံကူးသန်းရောင်းဝယ်ရေးလုပ်ကိုင်သူ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးသည် သမီးဖြစ်သူ၏ မင်္ဂလာဆောင်ကို သမားရိုးကျမဟုတ်သော နည်းလမ်းတစ်ခုဖြင့် အမှတ်ရဖွယ် လုပ်ဆောင်ပေးခဲ့ရာ မရှိဆင်းရဲသားများအတွက် နေအိမ် ၉၀ လုံး ဆောက်လုပ်လှူဒါန်းပေးခဲ့ခြင်း ဖြစ်သည်။

အိန္ဒိယတွင် နှစ်စဉ် မင်္ဂလာဆောင်ပေါင်း ၁၂ သန်းအထက် ကျင်းပလေ့ရှိပြီး လူလတ်တန်းစားနှင့် အထက်တန်းလွှာတို့မှာ ၎င်းတို့၏ အဆင့်အတန်းကို ပြသရန် ကြီးကျယ်ခမ်းနားသည့် မင်္ဂလာပွဲကြီးများ ကျင်းပလေ့ရှိကြသည်။

အိန္ဒိယတွင် ထိမ်းမြားမင်္ဂလာဆောင်များမှာ ကြီးမားသည့် စီးပွားရေးလုပ်ငန်းနယ်ပယ်တစ်ခုဖြစ်နေပြီး ကျွမ်းကျင် ပညာရှင်များကခန့်မှန်းသည်မှာ အိန္ဒိယထိမ်းမြားမင်္ဂလာနှင့်စပ်ဆိုင်သော လုပ်ငန်းများ၏ တန်ဖိုးမှာ ကန်ဒေါ်လာ ၄၀ ဘီလီယံမှ ၅၀ ဘီလီယံကြားရှိကြောင်း ခန့်မှန်းကြသည်။

 

အိန္ဒိယထုံးစံအရ မင်္ဂလာဆောင် ကုန်ကျစရိတ်အများစုကို သတို့သမီး၏ မိသားစုက ပေးရသည်။

ထို့ကြောင့် အိန္ဒိယတွင် သမီးမိန်းကလေး မွေးလာပြီဆိုသည်နှင့် မိဘများမှာ သမီး၏ မင်္ဂလာဆောင်အတွက် ငွေစတင်စုဆောင်းရတော့သည်။

ငွေအလွန်အကျွံသုံးစွဲကာ ကြီးကျယ်ခမ်းနားစွာ မင်္ဂလာပွဲများ ကျင်းပကြခြင်းမှာ အိန္ဒိယယဉ်ကျေးမှု၏ ပင်ကိုယ်ဗီဇသဖွယ်ဖြစ်နေသော်လည်း မဟာရပ်ရှ်တရာပြည်နယ်၊ အော်ရန်းဂဘာ့ (Aurangabad) မြို့မှ အဝတ်အထည်နှင့် ဂျုံ လက်ကားကုန်သည်ကြီး အဂျေး မူနိုကမူ တမူကွဲပြားသောလမ်းကြောင်းကို ရွေးချယ်ခဲ့သည်။

အဂျေး မူနိုသည် သမီးဖြစ်သူ ရှရီယာ၏ မင်္ဂလာဆောင်အတွက် အသုံးပြုရန် ရည်ရွယ်ထားသော ရူပီး သိန်း ၇၀ မှ သိန်း ၈၀ ခန့်ကို မင်္ဂလာဆောင်တွင် မသုံးတော့ဘဲ အကူအညီလိုအပ်နေသူများ အကျိုးရှိစေရန် အသုံးပြုခဲ့သည်။

အဂျေးမူနိုသည် အော်ရန်းဂဘာ့ဒ်မြို့ရှိ မြေ ၂ ဧကပေါ်တွင် နေအိမ်ပေါင်း အလုံး ၉၀ ဆောက်လုပ်ခဲ့၏။

ရောင်စုံဆေးသုတ်ထားသော အိမ်တစ်လုံးစီ၏ အကျယ်အဝန်းမှာ ၁၂ ပေ× ပေ ၂၀ ရှိပြီး ပြတင်းပေါက် ၂ ခု၊ လျှပ်စစ်မီးနှင့် ရေကောင်းရေသန့်စနစ်တို့ ပါဝင်သည်။

အဆိုပါ နေအိမ်များ ဆောက်လုပ်မှုအတွက် ရူပီး သိန်း ၁၅၀ (မြန်မာကျပ်ငွေအားဖြင့် ၃၈၁၆ သိန်းခန့်) ကုန်ကျခဲ့သည်။

(မှတ်ချက်။ အိန္ဒိယ ၁ ရူပီးလျှင် သတ်မှတ်ငွေလဲနှုန်း မြန်မာငွေ ၂၅ ကျပ်ဖြင့် သတ်မှတ်ထားခြင်းသာ ဖြစ်ပါသည်)

သတို့သမီးနှင့် သတို့သား ၂ ဦးလုံးကလည်း အဂျေးမူနို၏ ရက်ရောသောလုပ်ဆောင်မှုကို အပြည့်အဝ ထောက်ခံကြသည်။

မင်္ဂလာပွဲပြီးချိန်တွင် ကြင်စဦးဇနီးမောင်နှံတီု့က နေအိမ်ပေးအပ်ခြင်းခံရသူများကို အိမ်သော့များ ကိုယ်တိုင်ပေးအပ်ခဲ့ကြသည်။

“ဒီဆုံးဖြတ်ချက်အပေါ် ကျွန်မ အရမ်းဝမ်းသာမိပါတယ်။ ကျွန်မရဲ့ မင်္ဂလာလက်ဆောင်အနေနဲ့ သဘောထားပါတယ်”ဟု ရှရီယာက The New Indian Express သတင်းဌာနသို့ ပြောသည်။

အိမ်ရရှိသွားသူတို့၏ မျက်ဝန်းများတွင် ဝမ်းသာပျော်ရွှင်သွားပုံများကို မြင်ရပြီးနောက် မိမိလည်း ထပ်တူ ပျော်ရွှင်ခဲ့ရကြောင်း ရှရီယာက ပြောသည်။

အိမ်ဖော်အဖြစ် အလုပ်လုပ်ကိုင်သူတစ်ဦးဖြစ်သည့် Shab Ali Shaikh က The Quint သတင်းဌာနသို့ ပြောသည်မှာ ယခုနေအိမ်သစ်သို့ ပြောင်းရွှေ့နေထိုင်ခွင့်ရခဲ့ပြီးနောက်ပိုင်း သူမတို့မိသားစု ယခင်က ရင်ဆိုင်ခဲ့ရသည့် ပြဿနာများစွာ မရှိတော့ကြောင်း ပြောသည်။

“အရင်နေခဲ့ရတဲ့အိမ်မှာတုန်းက လျှပ်စစ်မီးမရသလို ရေလည်းမရှိပါဘူး။ ပြီးတော့ လစဉ်အိမ်လခပေးနေရတဲ့ ဝန်ထုပ်ဝန်ပိုးကြီးလည်း မရှိတော့ပါဘူး”ဟု သူမက ပြောသည်။

နေအိမ်ရခဲ့သူတစ်ဦးဖြစ်သော Mansoor Shah က ပြောသည်မှာ မြင့်မြတ်လှသော အလှူကြောင့် ဘဝ ပြောင်းလဲသွားကြသူများသည် သူဌေးကြီးမိသားစုနှင့် မင်္ဂလာဆောင်၊ ကျေးဇူးတရားများကို မည်သည့်အခါမျှ မေ့နိုင်ကြတော့မည်မဟုတ်ကြောင်း၊ ၎င်းတို့၏ နှလုံးသားများထဲတွင် ကျောက်ထက်အက္ခရာတင်ထားသကဲ့သို့ ထာဝရ စွဲထင်နေတော့မည်ဖြစ်ကြောင်း ပြောကြားသည်။

နေအိမ်ပေးမည့်သူများနှင့် ပတ်သက်၍မူ သတ်မှတ်စည်းကမ်းချက်များနှင့် ကိုက်ညီသူများကိုသာ ပေးအပ်ခြင်း ဖြစ်သည်။

သတ်မှတ်ချက်များမှာ ဆင်းရဲသားဖြစ်ရမည်၊ ဆင်ခြေဖုံးနေရာများတွင် နေထိုင်သူဖြစ်ရမည်၊ မည်သည့် မူးယစ်သေစာ ဆေးဝါးစွဲသူ မဖြစ်ရဟူသော သတ်မှတ်ချက်များ ဖြစ်သည်။

အဂျေးမူနိုသည် ဘာသိယ ဂျန်သာ ပါတီမှ သူငယ်ချင်းဖြစ်သူ နိုင်ငံရေးသမား ပရကာ့ရှ် ဘန့်နှင့် စကားစမြည်ပြောရင်းမှ မရှိဆင်းရဲသားများကို ကူညီရန်စိတ်ကူးပေါ်လာခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မူလရည်မှန်းခဲ့သည်မှာ အိမ် ၁၀၈ လုံးဆောက်လုပ်ရန်ဖြစ်သော်လည်း မင်္ဂလာပွဲနေ့တွင် အလုံး ၉၀ သာ ဆောက်လုပ်ပြီးစီးခဲ့သည်။ အခြားသော ချမ်းသာကြွယ်ဝသူများအနေဖြင့် ၎င်းတို့၏ သမီးများ မင်္ဂလာဆောင်များတွင်လည်း ယခုကဲ့သို့ ဆောင်ရွက်သင့်သည်ဟု အဂျေးက ယူဆသည်။

“ဒါက သမိုင်းရဲ့ အခန်းကဏ္ဍသစ်တစ်ခုပါပဲ။ တခြားလူချမ်းသာအသိုင်းအဝိုင်းမှာလည်း ဒီနည်းလမ်းအတိုင်း လုပ်ဆောင်လာကြလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ ကျွန်တော်တို့ရဲ့ လူ့အဖွဲ့အစည်းအတွက် ကျွန်တော်တို့မှာ တာဝန်တချို့ရှိပါတယ်”ဟု အဂျေးက ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Businessman Uses Money Saved for Daughter’s Wedding in Building 90 Homes for the Poor (thebetterindia)

 

 

[Zawgyi]

သမီး၏ မဂၤလာေဆာင္အတြက္သံုးရန္ ရည္ရြယ္ထားေသာေငြျဖင့္ ဆင္းရဲသားမ်ားအတြက္ အိမ္အလံုး ၉၀ ေဆာက္လုပ္လွဴဒါန္းခဲ့သည့္ အိႏိၵယကုန္သည္ၾကီး

အိႏိၵယႏိုင္ငံတြင္ အဝတ္အထည္ႏွင့္ ဂ်ံဳကူးသန္းေရာင္းဝယ္ေရးလုပ္ကိုင္သူ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးသည္ သမီးျဖစ္သူ၏ မဂၤလာေဆာင္ကို သမားရိုးက်မဟုတ္ေသာ နည္းလမ္းတစ္ခုျဖင့္ အမွတ္ရဖြယ္ လုပ္ေဆာင္ေပးခဲ့ရာ မရွိဆင္းရဲသားမ်ားအတြက္ ေနအိမ္ ၉၀ လံုး ေဆာက္လုပ္လွဴဒါန္းေပးခဲ့ျခင္း ျဖစ္သည္။

အိႏိၵယတြင္ ႏွစ္စဥ္ မဂၤလာေဆာင္ေပါင္း ၁၂ သန္းအထက္ က်င္းပေလ့ရွိျပီး လူလတ္တန္းစားႏွင့္ အထက္တန္းလႊာတို႔မွာ ၎တို႔၏ အဆင့္အတန္းကို ျပသရန္ ၾကီးက်ယ္ခမ္းနားသည့္ မဂၤလာပြဲၾကီးမ်ား က်င္းပေလ့ရွိၾကသည္။

အိႏိၵယတြင္ ထိမ္းျမားမဂၤလာေဆာင္မ်ားမွာ ၾကီးမားသည့္ စီးပြားေရးလုပ္ငန္းနယ္ပယ္တစ္ခုျဖစ္ေနျပီး ကၽြမ္းက်င္ ပညာရွင္မ်ားကခန္႔မွန္းသည္မွာ အိႏိၵယထိမ္းျမားမဂၤလာႏွင့္စပ္ဆိုင္ေသာ လုပ္ငန္းမ်ား၏ တန္ဖိုးမွာ ကန္ေဒၚလာ ၄၀ ဘီလီယံမွ ၅၀ ဘီလီယံၾကားရွိေၾကာင္း ခန္႔မွန္းၾကသည္။

အိႏိၵယထံုးစံအရ မဂၤလာေဆာင္ ကုန္က်စရိတ္အမ်ားစုကို သတို႔သမီး၏ မိသားစုက ေပးရသည္။

ထို႔ေၾကာင့္ အိႏိၵယတြင္ သမီးမိန္းကေလး ေမြးလာျပီဆိုသည္ႏွင့္ မိဘမ်ားမွာ သမီး၏ မဂၤလာေဆာင္အတြက္ ေငြစတင္စုေဆာင္းရေတာ့သည္။

ေငြအလြန္အကၽြံသံုးစြဲကာ ၾကီးက်ယ္ခမ္းနားစြာ မဂၤလာပြဲမ်ား က်င္းပၾကျခင္းမွာ အိႏိၵယယဥ္ေက်းမႈ၏ ပင္ကိုယ္ဗီဇသဖြယ္ျဖစ္ေနေသာ္လည္း မဟာရပ္ရွ္တရာျပည္နယ္၊ ေအာ္ရန္းဂဘာ့ (Aurangabad) ျမိဳ႕မွ အဝတ္အထည္ႏွင့္ ဂ်ံဳ လက္ကားကုန္သည္ၾကီး အေဂ်း မူႏိုကမူ တမူကြဲျပားေသာလမ္းေၾကာင္းကို ေရြးခ်ယ္ခဲ့သည္။

အေဂ်း မူႏိုသည္ သမီးျဖစ္သူ ရွရီယာ၏ မဂၤလာေဆာင္အတြက္ အသံုးျပဳရန္ ရည္ရြယ္ထားေသာ ရူပီး သိန္း ၇၀ မွ သိန္း ၈၀ ခန္႔ကို မဂၤလာေဆာင္တြင္ မသံုးေတာ့ဘဲ အကူအညီလိုအပ္ေနသူမ်ား အက်ဳိးရွိေစရန္ အသံုးျပဳခဲ့သည္။

အေဂ်းမူႏိုသည္ ေအာ္ရန္းဂဘာ့ဒ္ျမိဳ႕ရွိ ေျမ ၂ ဧကေပၚတြင္ ေနအိမ္ေပါင္း အလံုး ၉၀ ေဆာက္လုပ္ခဲ့၏။

ေရာင္စံုေဆးသုတ္ထားေသာ အိမ္တစ္လံုးစီ၏ အက်ယ္အဝန္းမွာ ၁၂ ေပ× ေပ ၂၀ ရွိျပီး ျပတင္းေပါက္ ၂ ခု၊ လွ်ပ္စစ္မီးႏွင့္ ေရေကာင္းေရသန္႔စနစ္တို႔ ပါဝင္သည္။

အဆိုပါ ေနအိမ္မ်ား ေဆာက္လုပ္မႈအတြက္ ရူပီး သိန္း ၁၅၀ (ျမန္မာက်ပ္ေငြအားျဖင့္ ၃၈၁၆ သိန္းခန္႔) ကုန္က်ခဲ့သည္။

(မွတ္ခ်က္။ အိႏိၵယ ၁ ရူပီးလွ်င္ သတ္မွတ္ေငြလဲႏႈန္း ျမန္မာေငြ ၂၅ က်ပ္ျဖင့္ သတ္မွတ္ထားျခင္းသာ ျဖစ္ပါသည္)

သတို႔သမီးႏွင့္ သတုိ႔သား ၂ ဦးလံုးကလည္း အေဂ်းမူႏို၏ ရက္ေရာေသာလုပ္ေဆာင္မႈကို အျပည့္အဝ ေထာက္ခံၾကသည္။

မဂၤလာပြဲျပီးခ်ိန္တြင္ ၾကင္စဦးဇနီးေမာင္ႏွံတုိီ႔က ေနအိမ္ေပးအပ္ျခင္းခံရသူမ်ားကို အိမ္ေသာ့မ်ား ကိုယ္တိုင္ေပးအပ္ခဲ့ၾကသည္။

“ဒီဆံုးျဖတ္ခ်က္အေပၚ ကၽြန္မ အရမ္းဝမ္းသာမိပါတယ္။ ကၽြန္မရဲ႕ မဂၤလာလက္ေဆာင္အေနနဲ႔ သေဘာထားပါတယ္”ဟု ရွရီယာက The New Indian Express သတင္းဌာနသုိ႔ ေျပာသည္။

အိမ္ရရွိသြားသူတို႔၏ မ်က္ဝန္းမ်ားတြင္ ဝမ္းသာေပ်ာ္ရႊင္သြားပံုမ်ားကို ျမင္ရျပီးေနာက္ မိမိလည္း ထပ္တူ ေပ်ာ္ရႊင္ခဲ့ရေၾကာင္း ရွရီယာက ေျပာသည္။

အိမ္ေဖာ္အျဖစ္ အလုပ္လုပ္ကိုင္သူတစ္ဦးျဖစ္သည့္ Shab Ali Shaikh က The Quint သတင္းဌာနသို႔ ေျပာသည္မွာ ယခုေနအိမ္သစ္သို႔ ေျပာင္းေရႊ႕ေနထိုင္ခြင့္ရခဲ့ျပီးေနာက္ပိုင္း သူမတို႔မိသားစု ယခင္က ရင္ဆိုင္ခဲ့ရသည့္ ျပႆနာမ်ားစြာ မရွိေတာ့ေၾကာင္း ေျပာသည္။

“အရင္ေနခဲ့ရတဲ့အိမ္မွာတုန္းက လွ်ပ္စစ္မီးမရသလို ေရလည္းမရွိပါဘူး။ ျပီးေတာ့ လစဥ္အိမ္လခေပးေနရတဲ့ ဝန္ထုပ္ဝန္ပိုးၾကီးလည္း မရွိေတာ့ပါဘူး”ဟု သူမက ေျပာသည္။

ေနအိမ္ရခဲ့သူတစ္ဦးျဖစ္ေသာ Mansoor Shah က ေျပာသည္မွာ ျမင့္ျမတ္လွေသာ အလွဴေၾကာင့္ ဘဝ ေျပာင္းလဲသြားၾကသူမ်ားသည္ သူေဌးၾကီးမိသားစုႏွင့္ မဂၤလာေဆာင္၊ ေက်းဇူးတရားမ်ားကို မည္သည့္အခါမွ် ေမ့ႏိုင္ၾကေတာ့မည္မဟုတ္ေၾကာင္း၊ ၎တို႔၏ ႏွလံုးသားမ်ားထဲတြင္ ေက်ာက္ထက္အကၡရာတင္ထားသကဲ့သို႔ ထာဝရ စြဲထင္ေနေတာ့မည္ျဖစ္ေၾကာင္း ေျပာၾကားသည္။

ေနအိမ္ေပးမည့္သူမ်ားႏွင့္ ပတ္သက္၍မူ သတ္မွတ္စည္းကမ္းခ်က္မ်ားႏွင့္ ကိုက္ညီသူမ်ားကိုသာ ေပးအပ္ျခင္း ျဖစ္သည္။

သတ္မွတ္ခ်က္မ်ားမွာ ဆင္းရဲသားျဖစ္ရမည္၊ ဆင္ေျခဖံုးေနရာမ်ားတြင္ ေနထုိင္သူျဖစ္ရမည္၊ မည္သည့္ မူးယစ္ေသစာ ေဆးဝါးစြဲသူ မျဖစ္ရဟူေသာ သတ္မွတ္ခ်က္မ်ား ျဖစ္သည္။

အေဂ်းမူႏိုသည္ ဘာသိယ ဂ်န္သာ ပါတီမွ သူငယ္ခ်င္းျဖစ္သူ ႏိုင္ငံေရးသမား ပရကာ့ရွ္ ဘန္႔ႏွင့္ စကားစျမည္ေျပာရင္းမွ မရွိဆင္းရဲသားမ်ားကို ကူညီရန္စိတ္ကူးေပၚလာခဲ့ျခင္းျဖစ္သည္ဟု ဆိုသည္။

မူလရည္မွန္းခဲ့သည္မွာ အိမ္ ၁၀၈ လံုးေဆာက္လုပ္ရန္ျဖစ္ေသာ္လည္း မဂၤလာပြဲေန႔တြင္ အလံုး ၉၀ သာ ေဆာက္လုပ္ျပီးစီးခဲ့သည္။ အျခားေသာ ခ်မ္းသာၾကြယ္ဝသူမ်ားအေနျဖင့္ ၎တို႔၏ သမီးမ်ား မဂၤလာေဆာင္မ်ားတြင္လည္း ယခုကဲ့သို႔ ေဆာင္ရြက္သင့္သည္ဟု အေဂ်းက ယူဆသည္။

“ဒါက သမိုင္းရဲ႕ အခန္းက႑သစ္တစ္ခုပါပဲ။ တျခားလူခ်မ္းသာအသိုင္းအဝိုင္းမွာလည္း ဒီနည္းလမ္းအတိုင္း လုပ္ေဆာင္လာၾကလိမ့္မယ္လို႔ ကၽြန္ေတာ္ေမွ်ာ္လင့္ပါတယ္။ ကၽြန္ေတာ္တို႔ရဲ႕ လူ႔အဖြဲ႔အစည္းအတြက္ ကၽြန္ေတာ္တို႔မွာ တာဝန္တခ်ဳိ႕ရွိပါတယ္”ဟု အေဂ်းက ေျပာသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Businessman Uses Money Saved for Daughter’s Wedding in Building 90 Homes for the Poor (thebetterindia)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင်းကြောင်တောင် ဝင်ရောက်ဓားပြတိုက်...
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင်းကြောင်တောင် ဝင်ရောက်ဓားပြတိုက်...
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ...
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ...
ဆံပင်ဆေးဆိုးခြင်းနှင့် ဆံပင်ဖြောင့်ခြင်းမှာ ရင်သားကင်ဆာဖြစ်နိုင်ချေ မြင့်မားစေကြောင်း အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ဆံပင်ဆေးဆိုးခြင်းနှင့် ဆံပင်ဖြောင့်ခြင်းမှာ ရင်သားကင်ဆာဖြစ်နိုင်ချေ မြင့်မားစေကြောင်း အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ...
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ...
ဂျပန်သိပ္ပံပညာရှင်တို့က အိပ်မက်များကို မှတ်တမ်းတင်ထားကာ အိပ်ယာနိုးလာချိန်တွင် ပြန်လည်ကြည့်ရှုနိုင်သော နားကြပ်တစ်မျိုး တီထွင်...
ဂျပန်သိပ္ပံပညာရှင်တို့က အိပ်မက်များကို မှတ်တမ်းတင်ထားကာ အိပ်ယာနိုးလာချိန်တွင် ပြန်လည်ကြည့်ရှုနိုင်သော နားကြပ်တစ်မျိုး တီထွင်...
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို ချေမှုန်းနိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို ချေမှုန်းနိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိ
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service