သုံးပွင့်ကြယ် အိမ်၊ခြံ၊မြေ အကျိုးဆောင်မှ တာဝန်ရှိသူ ဦးကိုကိုကြီးနှင့် အင်တာဗျုး - Property Interview from iMyanmarHouse.com
1441 ကြိမ် ကြည့်ရှု့ ပြီး

သုံးပွင့်ကြယ် အိမ်၊ခြံ၊မြေ အကျိုးဆောင်မှ တာဝန်ရှိသူ ဦးကိုကိုကြီးနှင့် အင်တာဗျုး

Posted by လဲ့ရွှေရည်ထွန်း (iMyanmarHouse.com)

သုံးပွင့်ကြယ် အိမ်၊ခြံ၊မြေ အကျိုးဆောင်လုပ်ငန်းကို ၂၀၀၅ ခုနှစ်မှ စ၍
လုပ်ကိုင်ခဲ့ကြောင်းနှင့် တောင်ဥက္ကလာ၊တောင်ဒဂုံ၊မြောက်ဒဂုံ အစရှိသော
မြို့နယ်များကို အကျိုးဆောင်ဖြစ်နေကြောင်း သိရသည်။
တောင်ဥက္ကလာမြို့နယ်၏ အိမ်၊ခြံ၊မြေ ဈေးကွက် အခြေအနေမှာ အရောင်း
အ၀ယ် အေးနေကြောင်းလည်း ပြောသည်။

တောင်ဥက္ကလာမြို့နယ်၏ မြေကွက်ဈေးနှုန်းမှာ ပေ ၂၀*၆၀ အတွင်းလမ်း
ဆိုလျှင် သိန်း ၂၀၀၀ကျော်နှင့် လမ်းမတန်းဆိုလျှင် သိန်း ၉၀၀၀ မှ ၁၀၀၀၀
ကျော်ထိရှိကြောင်း သိရသည်။လက်ရှိကာလတွင်လည်း မြေကွက်များကို
ကန်ထရိုက်များမှ အခန်းပေးအခန်းယူ ပုံစံမျိုးဖြင့် ဆောက်လုပ်လာမှု့များ များပြားလာကြောင်း ပြောသည်။

ဝန်ဆောင်မှု့ အနေဖြင့် Customer များတတ်နိုင်သော ငွေပမာဏနှင့် ကိုက်ညီသော နေရာမျိုး ၊ပြန်ရောင်းမည်ဆိုလျှင်လည်း အလျှင်အမြန်
ရောင်းထွက်နိုင်သော နေရာမျိုးကို အဓိကထား၍ အကျိုးဆောင်
ပေးနေကြောင်းပြောသည်။လက်ရှိ အိမ်၊ခြံ၊မြေဈေးကွက်မှာလည်း အရောင်း၊
အငှား နှစ်မျိုးလုံး အရောင်းအ၀ယ်မဖြစ်ပဲ စောင့်ကြည့် အခြေအနေမျိုးသာ
ဖြစ်နေကြောင်းကို ဦးကိုကိုကြီးမှ ပြောကြားသွားခဲ့ပါသည်။

အခြား အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App