1085 Views

ဒီဇိုင်းဆန်းကြယ်ပြီး ထူးခြားတဲ့ အိပ်ယာဒီဇိုင်းလေးတွေ

သင့်အနေနဲ့ သင့်အိပ်ယာခန်းထဲက ခုတင်နဲ့ အိပ်ယာခင်းကို တစ် ခါမှမသုံးဖူးသေးတဲ့ အပြင်အဆင်နဲ့ အိပ်ဖို့စိတ်ကူးမျိုးရှိခဲ့ဖူးလား။  အိပ်ယာခင်းနဲ့ ကုတင်တွေကို ထူးထူးခြားခြား ဒီဇိုင်းနဲ့တည်ဆောက် ပြီးတော့ အိပ်စက်မယ်ဆိုရင် ဘယ်တုန်းကမှမခံစားဖူးသေးတဲ့ အိပ် စက်ခြင်း အရသာကို ခံစားရမယ်ဆိုတာ သိနိုင်ပါတယ်။

အိပ်ယာအ ခင်းအကျင်း ဒီဇိုင်းတွေကလည်း ဆန်းပြားတဲ့ စိတ်ကူးတွေလည်းဖြစ် တာကြောင့် စွဲဆောင်မှုရှိပြီး ထူးခြားတာကြောင့် သင့်ကိုစိတ်ဝင်စား စေမှာ ဖြစ်ပါတယ်။

ဒီလိုထူးခြားတဲ့ ဒီဇိုင်းနဲ့ပုံဖော်တည်ဆောက်ထား တဲ့ အိပ်ယာခင်း ဒီဇိုင်းလေးတွေ ဖော်ပြပေးလိုက်ပါတယ်။

၁။ ခုတင်ရဲ့ ဘေးဘက်ကခုတင်ထောက်တိုင်လေးတွေကို သာမန် သစ်သားတိုင်ပုံစံတွေအစား အခုလိုမျိုး သစ်ပင်တိုင်လေးတွေဖန်တီး ပုံဖော်လိုက်မယ်ဆိုရင် တကယ့်ကို စွဲဆောင်မှုရှိပြီး စိတ်ဝင်စားစရာ ကောင်းပါတယ်။

မိမိခုတင်အိပ်ယာကလေးက လေပေါ်မှာ မြောက် နေသယောင်နဲ့ အိပ်စက်မှုအတွက် ငြိမ်းအေးမှုကို ပေးစွမ်းနိုင်လိမ့် မယ်လို့လည်း ထင်ရပါတယ်။

၂။  သာမန်ကုတင်တွေထက်စာရင် ကြမ်းပြင်နဲ့ အရမ်းအမြင့်ကြီးမှာ မဟုတ်ပဲ ခြေတစ်လှမ်းစာအမြင့်မှာ ခုတင်ကြမ်းခင်းတည်ဆောက် လိုက်ပါ။

အဲ့ဒီပေါ်မှာမှ မိမိကြိုက်နှစ်သက်ရာ ဆိုဖာ၊ မွေ့ယာတို့တင် ပြီးတော့ သက်တောင့်သက်သာနဲ့ ခိုင်မာပြီးတောင့်တင်းတဲ့ အိပ်ယာ အဖြစ် တည်ဆောက်ပြီး အေးချမ်းစွာအိပ်စက်ဖို့ ပြင်ဆင်ပါ။

၃။ ခုတင်တွေကို ထောက်တိုင်တွေ၊ တိုင်တွေနဲ့ တည်ဆောက်ထား တာမျိုးမဟုတ်ပဲ ကြိုးဆိုင်းလေးတွေနဲ့ ချိတ်ဆွဲထားတဲ့ အိပ်ယာခင်း ခုတင်တွေ တည်ဆောက်လိုက်ပါ။

ခုတင်ရဲ့ လေးဘက်လေးတန်ကို ခိုင်ခံ့တဲ့ သံမဏိကြိုးတွေ၊ ဒါမှမဟုတ် အလျော့အတင်းလုပ်နိုင်တဲ့ မျှော့ကြိုးအစရှိသဖြင့် ချည်နှောင်ပြီးတည်ဆောက်လိုက်ပါ။

ဒါဆိုရင် သင့်ရဲ့ အိပ်စက်ခြင်းခံစားမှုကလည်း တစ်မျိုးလေး ပြောင်းလဲသွား မှာပါ။

၎။ ဒီဇိုင်းအနုပညာရှင်တို့ရဲ့ နောက်ဆုံးပေါ် တီထွင်လိုက်တဲ့ ဆန်း ပြားတဲ့ ဒီဇိုင်းနဲ့ အိပ်ယာခုတင်တွေကလည်း လက်ရာမြောက်ပြီး ထူးခြားဆန်းကြယ်ပါတယ်။

အံ့မခန်းဖွယ်ဒီဇိုင်းလက်ရာတွေနဲ့ နောက်ဆုံးပေါ် ခေတ်မီအိပ်ယာအခင်းအကျင်းတွေက သင့်ကို ဇိမ် ကျကျခံစားမှု၊ အိပ်စက်မှုတွေကို အပြည့်အဝပေးမှာဖြစ်ပါတယ်။

ခမ်း နားတဲ့ တည်ဆောက်မှုတွေ၊ ဒီဇိုင်းလက်ရာမြောက်မှုတွေ၊ အဆင့် မြင့်မှုတွေကြောင့် သင့်ရဲ့အိပ်စက်ခြင်း ကြီးကျယ်ခမ်းနားနေမှာ ဖြစ်ပါတယ်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App