အမွေရှင်က သူတစိမ်းအားအမွေပစ္စည်းအားလုံးကိုပေးကမ်းခြင်း

အမွေရှင်က သူတစိမ်းအားအမွေပစ္စည်းအားလုံးကိုပေးကမ်းခြင်း - Property Knowledge in Myanmar from iMyanmarHouse.com
15 Dec 2020 11:28 am တွင် တင်ခဲ့သည်
1732 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

မြန်မာဓလေ့ထုံးတမ်းဥပဒေ- ပဋိညာဉ်ဥပဒေပုဒ်မ ၂၃ ပါ “ ဥပဒေ ” ဆိုသောစကားရပ်- မြန်မာနိုင်ငံတရားဥပဒေများဆိုင်ရာဥပဒေပုဒ်မ ၁၃ (၁) - မြန်မာဗုဒ္ဓဘာသာဝင်များအကြား အငြင်းပွားနေသော အမွေဆက်ခံသည့် ကိစ္စနှင့်စပ်လျဉ်းသည့်ဓမ္မသတ်ပါ ပြဋ္ဌာန်းချက်များသည် ဥပဒေဖြစ်သည့်အလျောက် ယင်းဥပဒေနှင့်ဆန့်ကျင်သော ပဋိညာဉ်အရပ်ရပ်သည် ပဋိညာဉ်အက်ဥပဒေပုဒ်မ ၂၃ အရ ပျက်ကွက်ခြင်း ရှိ/မရှိ နှင့်ပတ်သက်၍ကင်းဝန်မင်းကြီး ဦးကောင်းပြုစုသောဓမ္မသတ် ၃၆ စောင်တွဲ၊ အခန်း၈၊ပုဒ်မ-၇၅တွင် အောက်ပါအတိုုင်းဆုံးဖြတ်ထားသည်။

ဆုံးဖြတ်ချက်။ ။ ပဋိညာဉ်အက်ဥပဒေပုဒ်မ ၂၃ ပါ “ ဥပဒေ ” ဆိုသော စကားရပ်သည် ပြဋ္ဌာန်းဥပဒေကို သာဆို လိုကြောင်း ယင်းပုဒ်မ၌ အတိအလင်းပြဋ္ဌာန်းထားခြင်းမရှိချေ။ မြန်မာဓလေ့ထုံးတမ်းဥပဒေသည် ဥပဒေဖြစ် ကြောင်း၊ အများသိရှိလက်ခံထားပြီးဖြစ်သည်။

ထို့ပြင် ထိမ်းမြားလက်ထပ်မှု၊အမွေဆက်ခံမှု အစရှိသည့်ပြဿနာများနှင့်စပ်လျဉ်း၍ ကာယကံရှင် မြန်မာ-ဗုဒ္ဓဘာသာဝင်များအကြား အငြင်းပွားမှုပေါ်ပေါက်လျှင် မြန်မာ ဓလေ့ထုံးတမ်းဥပဒေနှင့်အညီ အဆုံးအဖြတ်ပေးရမည်ဟု မြန်မာနိုင်ငံတရားဥပဒေများဆိုင်ရာအက်ဥပဒေပုဒ်မ- ၁၃(၁) တွင် အတိအလင်းပြဋ္ဌာန်းထားသည်ဖြစ်ရာ အမွေဆက်ခံသည့်ကိစ္စနှင့်စပ်လျဉ်းသော ဓမ္မသတ်ပါ ပြဋ္ဌာန်းချက်များသည် ဥပဒေဖြစ်သည့်အလျောက် ယင်းဥပဒေနှင့်ဆန့်ကျင်သော ပဋိညာဉ်အရပ်ရပ်သည် ပဋိညာဉ်အက်ဥပဒေပုဒ်မ ၁၃ အရ ပျက်ပြယ်သည်ဟု ကောက်ယူရပေမည်။

ဒေါ်လွန်းပါ (၅)နှင့် ဒေါ်သိန်းရင် ၁၉၉၁ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံးများ၊ စာ- ၁၄၉ တွင် အောက်ပါအတိုင်းထပ်မံဆုံးဖြတ်ထားသည်။

ထပ်မံဆုံးဖြတ်ချက်။ ။ အမွေရှင်က သူတစိမ်းအား အမွေပစ္စည်းအားလုံးကို ပေးကမ်းခြင်းမှာ ပျက်ပြယ်ခြင်းရှိ/မရှိ ဓမ္မသတ်များ၌ ပြဋ္ဌာန်းထားခြင်းမရှိချေ၊၊ကင်းဝန်မင်းကြီး ဦးကောင်းပြုစုသော ဓမ္မသတ် ၃၆ စောင်တွဲ အခန်း ၈၊ ပုဒ်မ ၇၅ ၌ ဖော်ပြထားသော ဓမ္မသတ်များသည် မိဘဖြစ်သူက သားသမီးတို့အား ပစ္စည်းပေးကမ်းခြင်းနှင့် သက်ဆိုင်သည်။

ဦးနာဂနှင့် အခြားသူများနှင့် မောင်လှအမှုတွင် ဓမ္မသတ်များအရ မိဘဖြစ်သူက အမွေပစ္စည်း အားလုံးကို သားသမီးတစ်ဦးအား ပေးကမ်းခြင်းသည် ပျက်ပြယ်အတည်မဖြစ်ဟုဆိုလျှင် သူတစိမ်းအား အမွေအားလုံးကို ပေးကမ်းခြင်းသည်လည်း အလားတူပျက်ပြယ်ရမည်ဖြစ်ကြောင်း ထုံးဖွဲ့ထားသည်ကို တွေ့မြင်နိုင်သည်။

ထို့ကြောင့် အမွေရှင် မိဘများသည် သူတစ်စိမ်းအားအမွေပစ္စည်းအားလုံးကိုပေးကမ်းခြင်းသည် ဥပဒေအရတရားမဝင်ပျက်ပြယ်မည်ဖြစ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

အေမြ႐ွင္က သူတစိမ္းအားအေမြပစၥည္းအားလုံးကိုေပးကမ္းျခင္း

ျမန္မာဓေလ့ထုံးတမ္းဥပေဒ- ပဋိညာဥ္ဥပေဒပုဒ္မ ၂၃ ပါ “ ဥပေဒ ” ဆိုေသာစကားရပ္- ျမန္မာႏိုင္ငံတရားဥပေဒမ်ားဆိုင္ရာဥပေဒပုဒ္မ ၁၃ (၁) - ျမန္မာဗုဒၶဘာသာဝင္မ်ားအၾကား အျငင္းပြားေနေသာ အေမြဆက္ခံသည့္ ကိစၥႏွင့္စပ္လ်ဥ္းသည့္ဓမၼသတ္ပါ ျပ႒ာန္းခ်က္မ်ားသည္ ဥပေဒျဖစ္သည့္အေလ်ာက္ ယင္းဥပေဒႏွင့္ဆန္႔က်င္ေသာ ပဋိညာဥ္အရပ္ရပ္သည္ ပဋိညာဥ္အက္ဥပေဒပုဒ္မ ၂၃ အရ ပ်က္ကြက္ျခင္း ႐ွိ/မ႐ွိ ႏွင့္ပတ္သက္၍ကင္းဝန္မင္းႀကီး ဦးေကာင္းျပဳစုေသာဓမၼသတ္ ၃၆ ေစာင္တြဲ၊ အခန္း၈၊ပုဒ္မ-၇၅တြင္ ေအာက္ပါအတုိုင္းဆံုးျဖတ္ထားသည္။

ဆုံးျဖတ္ခ်က္။ ။ ပဋိညာဥ္အက္ဥပေဒပုဒ္မ ၂၃ ပါ “ ဥပေဒ ” ဆိုေသာ စကားရပ္သည္ ျပ႒ာန္းဥပေဒကို သာဆို လိုေၾကာင္း ယင္းပုဒ္မ၌ အတိအလင္းျပ႒ာန္းထားျခင္းမ႐ွိေခ်။ ျမန္မာဓေလ့ထုံးတမ္းဥပေဒသည္ ဥပေဒျဖစ္ ေၾကာင္း၊ အမ်ားသိ႐ွိလက္ခံထားၿပီးျဖစ္သည္။

ထို႔ျပင္ ထိမ္းျမားလက္ထပ္မႈ၊အေမြဆက္ခံမႈ အစ႐ွိသည့္ျပႆနာမ်ားႏွင့္စပ္လ်ဥ္း၍ ကာယကံ႐ွင္ ျမန္မာ-ဗုဒၶဘာသာဝင္မ်ားအၾကား အျငင္းပြားမႈေပၚေပါက္လွ်င္ ျမန္မာ ဓေလ့ထုံးတမ္းဥပေဒႏွင့္အညီ အဆုံးအျဖတ္ေပးရမည္ဟု ျမန္မာႏိုင္ငံတရားဥပေဒမ်ားဆိုင္ရာအက္ဥပေဒပုဒ္မ- ၁၃(၁) တြင္ အတိအလင္းျပ႒ာန္းထားသည္ျဖစ္ရာ အေမြဆက္ခံသည့္ကိစၥႏွင့္စပ္လ်ဥ္းေသာ ဓမၼသတ္ပါ ျပ႒ာန္းခ်က္မ်ားသည္ ဥပေဒျဖစ္သည့္အေလ်ာက္ ယင္းဥပေဒႏွင့္ဆန္႔က်င္ေသာ ပဋိညာဥ္အရပ္ရပ္သည္ ပဋိညာဥ္အက္ဥပေဒပုဒ္မ ၁၃ အရ ပ်က္ျပယ္သည္ဟု ေကာက္ယူရေပမည္။

ေဒၚလြန္းပါ (၅)ႏွင့္ ေဒၚသိန္းရင္ ၁၉၉၁ ခုႏွစ္၊ ျမန္မာႏိုင္ငံတရားစီရင္ထုံးမ်ား၊ စာ- ၁၄၉ တြင္ ေအာက္ပါအတုိင္းထပ္မံဆံုးျဖတ္ထားသည္။

ထပ္မံဆုံးျဖတ္ခ်က္။ ။ အေမြ႐ွင္က သူတစိမ္းအား အေမြပစၥည္းအားလုံးကို ေပးကမ္းျခင္းမွာ ပ်က္ျပယ္ျခင္း႐ွိ/မ႐ွိ ဓမၼသတ္မ်ား၌ ျပ႒ာန္းထားျခင္းမ႐ွိေခ်၊၊ကင္းဝန္မင္းႀကီး ဦးေကာင္းျပဳစုေသာ ဓမၼသတ္ ၃၆ ေစာင္တြဲ အခန္း ၈၊ ပုဒ္မ ၇၅ ၌ ေဖာ္ျပထားေသာ ဓမၼသတ္မ်ားသည္ မိဘျဖစ္သူက သားသမီးတို႔အား ပစၥည္းေပးကမ္းျခင္းႏွင့္ သက္ဆိုင္သည္။

ဦးနာဂႏွင့္ အျခားသူမ်ားႏွင့္ ေမာင္လွအမႈတြင္ ဓမၼသတ္မ်ားအရ မိဘျဖစ္သူက အေမြပစၥည္း အားလုံးကို သားသမီးတစ္ဦးအား ေပးကမ္းျခင္းသည္ ပ်က္ျပယ္အတည္မျဖစ္ဟုဆိုလွ်င္ သူတစိမ္းအား အေမြအားလုံးကို ေပးကမ္းျခင္းသည္လည္း အလားတူပ်က္ျပယ္ရမည္ျဖစ္ေၾကာင္း ထုံးဖြဲ႕ထားသည္ကို ေတြ႕ျမင္ႏိုင္သည္။ ထို႔ေၾကာင့္ အေမြရွင္ မိဘမ်ားသည္ သူတစ္စိမ္းအားအေမြပစၥည္းအားလံုးကိုေပးကမ္းျခင္းသည္ ဥပေဒအရတရားမဝင္ပ်က္ျပယ္မည္ျဖစ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
imyanmarmarket
Central Shop House

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service