Air fryer တွေက တကယ်ပဲ ကျန်းမာရေးနဲ့ ညီညွတ်ရဲ့လား။

Air fryer တွေက တကယ်ပဲ ကျန်းမာရေးနဲ့ ညီညွတ်ရဲ့လား။ - Property Knowledge in Myanmar from iMyanmarHouse.com
10 Dec 2020 12:10 pm တွင် တင်ခဲ့သည်
7634 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

ကိုဗစ် ပထမလှိုင်းမျာတုန်းက လေထိုး မွေ့ယာတွေ ခေတ်စားပြီးတော့ ဒုတိယလှိုင်းကျတော့ Air fryer အလှည့်ပေါ့။ သောင်းဂဏန်းလောက်ကနေ စပြီး ဝယ်လို့ရတဲ့အတွက် Air fryer တွေက အိမ်တိုင်းလိုလိုမှာ ရှိနေကြပါတယ်။ တစ်နေ့ တစ်နေ့ Air fryer နဲ့ လုပ်စားတဲ့ အစားအစာတွေကို ပုံတင်ရတာလည်း အမောပေါ့။

အားလုံးသိကြတာကတော့ Air fryerက ဆီမလိုဘူး ဒါမှမဟုတ် ဆီနည်းနည်းပဲ သုံးရတဲ့အတွက် ကျန်းမာရေးအတွက်ကောင်းတယ်ဆိုတာပါပဲ။ တကယ်ပဲ Air fryer က ကျန်းမာရေးနဲ့ ညီညွတ်တာ ဟုတ်ရဲ့လားဆိုတာ ကြည့်ကြရအောင်။

Air fryer ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

ဆီပမာဏကို လျှော့ချပေးနိုင်တယ်။

ဆီထဲကို နှစ်ပြီး ကြော်တာထက်စာရင် Air fryer က ဆီပမာဏ နည်းနည်းပဲ သုံးရတဲ့အတွက် ကျန်းမာရေးအတွက် ပိုကောင်းပါတယ်။ တချို့ ကုမ္ပဏီတွေက Air fryer ကို သုံးမယ်ဆိုရင် သာမန်ထက် ဆီအသုံးပြုတာကို ၇၅ ရာခိုင်နှုန်းထိ လျှော့ချနိုင်ပါတယ်တဲ့။ ဥပမာ ပြောရမယ်ဆိုရင် ဆီ၃ခွက် (၇၅၀ မီလီလီတာ)လောက်ထဲကို နှစ်မြုပ်ပြီး ကြော်ရမယ့်အစား ဆီစားပွဲတင်ဇွန်း တစ်ဇွန်း (၁၅မီလီလီတာ)လောက်ပဲ လိုအပ်ပါတော့တယ်။

ဆီနဲ့ နှစ်ပြီး ကြော်တာက ဆီတွေ အကုန်လုံး အကြော်ထဲ ဝင်မသွားဘူးဆိုပေမယ့် ဆီပမာဏများများ ဝင်သွားတာတော့ အမှန်ပါ။ Air fryerက လေပူကို အဓိက သုံးပြီး ကြော်လှော်တာကြောင့် ဆီပမာဏ အများကြီး မလိုပါဘူး။

ဝိတ်ချတဲ့ နေရာမှာ အထောက်အကူပြုတယ်။

အကြော်အလှော်တွေက ဆီများရုံတင် မကပါဘူး။ ကယ်လိုရီလည်း ပါဝင်မှု များပါတယ်။ ဝိတ်ချချင်ပေမယ့် ဆီကြော်တွေကို မစွန့်လွှတ်နိုင်သေးဘူးဆိုရင် Air fryerက ကူညီပေးပါလိမ့်မယ်။ အကြော်အလှော်ခြင်း တူပေမယ့် အရင်ကထက် ဆီပိုနည်းတာကြောင့် ထင်သလောက် ဝိတ်တက်မှာ မဟုတ်တော့ဘူး။

အန္တရာယ်ရှိစေတဲ့ ဒြပ်ပေါင်းတွေ ထွက်ရှိမှုကို နည်းစေတယ်။

အကြော်အလှော်တွေက အဆီနဲ့ ကယ်လိုရီများရုံတင် မဟုတ်ပါဘူး။ acrylamideလို့ ခေါ်တဲ့ ဒြပ်ပေါင်းတွေကိုလည်း ထွက်စေပါတယ်။ acrylamideဆိုတာ ကာဘိုဟိုက်ဒရိတ် ကြွယ်ဝတဲ့ အစားအစာတွေကို အပူပြင်းပြင်းနဲ့ ချက်ပြုတ်တဲ့အခါမှာ ထွက်တာတာပဲ ဖြစ်ပါတယ်။ ဒီဒြပ်ပေါင်းက ကင်ဆာဖြစ်စေနိုင်တဲ့ သတ္တိရှိပါတယ်။

လေ့လာချက်တစ်ခုမှာတော့ Air fryerက သာမန်ဆီထက် နှစ်ပြီး ချက်ပြုတ်တာထက် acrylamideထွက်တာ ၉၀ ရာခိုင်နှုန်း ပိုနည်းတယ်လို့ ဆိုပါတယ်။

Air fryerနဲ့ ချက်တိုင်း ကျန်းမာရေးနဲ့ ညီညွတ်သွားပြီလား။

Air fryerက သာမန်ချက်ပြုတ်တာထက် ပိုကောင်းတယ်ဆိုပေမယ့် လုံးဝကျန်းမာရေးနဲ့ ညီညွတ်တာမျိုးတော့ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့

မကြာခဏ စားမိစေတယ်။

Air fryerက ဆီနည်းတယ်၊ လုပ်ရတာလည်း လွယ်တဲ့အတွက် မကြာခဏဆိုသလို ချက်ပြုတ်စားနေမိပါတယ်။ ဥပမာ ဝက်သုံးထပ်သားကြော်ဆိုရင် သာမန်အချိန်မှာ ဆီများများနဲ့ ကြော်ရမှာမို့လို့ မစားဖြစ်ပေမယ့် Air fryerဆိုရင်တော့ လွယ်လည်းလွယ်၊ မြန်လည်း မြန်၊ ဆီလည်း သိပ်ထည့်စရာ မလိုတော့ မကြာခဏ စားမိတတ်ပါတယ်။

တခြား အကြော်အလှော်တွေလည်း ဒီလိုပါပဲ။ ပုံမှန်ဆို ဆီများလို့ ရှောင်မိပေမယ့် Air fryerနဲ့ ချက်တာပဲလေဆိုပြီး မကြာခဏ စားမိနေတာကို သတိထားမိပါရဲ့လား။ Air fryerက ဆီနည်းတယ်ဆိုပေမယ့် ဆီလုံးဝမပါတောတော့ မဟုတ်ပါဘူး။ မကြာခဏ စားမယ်ဆိုရင် ဆီနည်းပေမယ့် မကြာခင်မှာ စုမိဆောင်းမိ ဖြစ်လာမှာပါ။

အန္တရာယ်ရှိတဲ့ ဒြပ်ပေါင်းတွေ ထွက်လာနိုင်တယ်။

acrylamide ထွက်တဲ့ ပမာဏ နည်းတယ်ဆိုပေမယ့် တခြား အန္တရာယ်ရှိတဲ့ ဒြပ်ပေါင်းတွေကိုလည်း သတိထားရဦးမှာပါ။ ဥပမာ Aldehydes, heterocyclic amines နဲ့ polycyclic aromatic hydrocarbons တို့ဆိုတာ ကင်ဆာ ဖြစ်စေနိုင်တဲ့ ဒြပ်ပေါင်းတွေ ဖြစ်ပြီး ဘာနဲ့ပဲ ချက်ချက် မီးပြင်းပြင်းနဲ့ ချက်ရင် ထွက်လာနိုင်ပါတယ်။ မီးပြင်းတာနဲ့ အဓိကသက်ဆိုင်နေတာကြောင့် Air fryerနဲ့ ချက်ရင်ရော ဒါတွေ ထွက်လာနိုင်လားဆိုတာ လေ့လာမှုတွေ လုပ်နေကြပါပြီ။

ဒီလို အချက်တွေ ရှိနေတာကြောင့် Air fryerကို မသုံးရတော့ဘူးလားလို့ တွေးစရာရှိပါတယ်။ သာမန်ချက်ပြုတ်တာထက် ဆီနည်းတာကြောင့် ကြော်မယ် လှော်မယ်ဆိုရင်တော့ Air fryerကို ရွေးချယ်သင့်ပါတယ်။

ဒါပေမယ့် အကြော်အလှော်ဆိုတာက ဘာပဲဖြစ်ဖြစ် ဆီပါနေတာပဲဆိုတော့ အလွန်အကျွံ မစားဖို့ ထိန်းရပါမယ်။ အကြော်အလှော်တွေထက် လတ်ဆတ်တဲ့ အသီးအနှံတွေ၊ အသီးအရွက်တွေကို ဦးစားပေး စားသုံးသင့်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

[Zawgyi]

Air fryer ေတြက တကယ္ပဲ က်န္းမာေရးနဲ႔ ညီၫြတ္ရဲ႕လား။

ကိုဗစ္ ပထမလိႈင္းမ်ာတုန္းက ေလထိုး ေမြ႕ယာေတြ ေခတ္စားၿပီးေတာ့ ဒုတိယလိႈင္းက်ေတာ့ Air fryer အလွည့္ေပါ့။ ေသာင္းဂဏန္းေလာက္ကေန စၿပီး ဝယ္လို႔ရတဲ့အတြက္ Air fryer ေတြက အိမ္တိုင္းလိုလိုမွာ ႐ွိေနၾကပါတယ္။ တစ္ေန႔ တစ္ေန႔ Air fryer နဲ႔ လုပ္စားတဲ့ အစားအစာေတြကို ပုံတင္ရတာလည္း အေမာေပါ့။

အားလုံးသိၾကတာကေတာ့ Air fryerက ဆီမလိုဘူး ဒါမွမဟုတ္ ဆီနည္းနည္းပဲ သုံးရတဲ့အတြက္ က်န္းမာေရးအတြက္ေကာင္းတယ္ဆိုတာပါပဲ။ တကယ္ပဲ Air fryer က က်န္းမာေရးနဲ႔ ညီၫြတ္တာ ဟုတ္ရဲ႕လားဆိုတာ ၾကည့္ၾကရေအာင္။

Air fryer ရဲ႕ က်န္းမာေရး အက်ိဳးေက်းဇူးမ်ား

ဆီပမာဏကို ေလွ်ာ့ခ်ေပးႏိုင္တယ္။

ဆီထဲကို ႏွစ္ၿပီး ေၾကာ္တာထက္စာရင္ Air fryer က ဆီပမာဏ နည္းနည္းပဲ သုံးရတဲ့အတြက္ က်န္းမာေရးအတြက္ ပိုေကာင္းပါတယ္။ တခ်ိဳ႕ ကုမၸဏီေတြက Air fryer ကို သုံးမယ္ဆိုရင္ သာမန္ထက္ ဆီအသုံးျပဳတာကို ၇၅ ရာခိုင္ႏႈန္းထိ ေလွ်ာ့ခ်ႏိုင္ပါတယ္တဲ့။ ဥပမာ ေျပာရမယ္ဆိုရင္ ဆီ၃ခြက္ (၇၅၀ မီလီလီတာ)ေလာက္ထဲကို ႏွစ္ျမဳပ္ၿပီး ေၾကာ္ရမယ့္အစား ဆီစားပြဲတင္ဇြန္း တစ္ဇြန္း (၁၅မီလီလီတာ)ေလာက္ပဲ လိုအပ္ပါေတာ့တယ္။

ဆီနဲ႔ ႏွစ္ၿပီး ေၾကာ္တာက ဆီေတြ အကုန္လုံး အေၾကာ္ထဲ ဝင္မသြားဘူးဆိုေပမယ့္ ဆီပမာဏမ်ားမ်ား ဝင္သြားတာေတာ့ အမွန္ပါ။ Air fryerက ေလပူကို အဓိက သုံးၿပီး ေၾကာ္ေလွာ္တာေၾကာင့္ ဆီပမာဏ အမ်ားႀကီး မလိုပါဘူး။

ဝိတ္ခ်တဲ့ ေနရာမွာ အေထာက္အကူျပဳတယ္။

အေၾကာ္အေလွာ္ေတြက ဆီမ်ား႐ုံတင္ မကပါဘူး။ ကယ္လိုရီလည္း ပါဝင္မႈ မ်ားပါတယ္။ ဝိတ္ခ်ခ်င္ေပမယ့္ ဆီေၾကာ္ေတြကို မစြန္႔လႊတ္ႏိုင္ေသးဘူးဆိုရင္ Air fryerက ကူညီေပးပါလိမ့္မယ္။ အေၾကာ္အေလွာ္ျခင္း တူေပမယ့္ အရင္ကထက္ ဆီပိုနည္းတာေၾကာင့္ ထင္သေလာက္ ဝိတ္တက္မွာ မဟုတ္ေတာ့ဘူး။

အႏၲရာယ္႐ွိေစတဲ့ ျဒပ္ေပါင္းေတြ ထြက္႐ွိမႈကို နည္းေစတယ္။

အေၾကာ္အေလွာ္ေတြက အဆီနဲ႔ ကယ္လိုရီမ်ား႐ုံတင္ မဟုတ္ပါဘူး။ acrylamideလို႔ ေခၚတဲ့ ျဒပ္ေပါင္းေတြကိုလည္း ထြက္ေစပါတယ္။ acrylamideဆိုတာ ကာဘိုဟိုက္ဒရိတ္ ႂကြယ္ဝတဲ့ အစားအစာေတြကို အပူျပင္းျပင္းနဲ႔ ခ်က္ျပဳတ္တဲ့အခါမွာ ထြက္တာတာပဲ ျဖစ္ပါတယ္။ ဒီျဒပ္ေပါင္းက ကင္ဆာျဖစ္ေစႏိုင္တဲ့ သတၱိ႐ွိပါတယ္။

ေလ့လာခ်က္တစ္ခုမွာေတာ့ Air fryerက သာမန္ဆီထက္ ႏွစ္ၿပီး ခ်က္ျပဳတ္တာထက္ acrylamideထြက္တာ ၉၀ ရာခိုင္ႏႈန္း ပိုနည္းတယ္လို႔ ဆိုပါတယ္။

Air fryerနဲ႔ ခ်က္တိုင္း က်န္းမာေရးနဲ႔ ညီၫြတ္သြားၿပီလား။

Air fryerက သာမန္ခ်က္ျပဳတ္တာထက္ ပိုေကာင္းတယ္ဆိုေပမယ့္ လုံးဝက်န္းမာေရးနဲ႔ ညီၫြတ္တာမ်ိဳးေတာ့ မဟုတ္ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့

မၾကာခဏ စားမိေစတယ္။

Air fryerက ဆီနည္းတယ္၊ လုပ္ရတာလည္း လြယ္တဲ့အတြက္ မၾကာခဏဆိုသလို ခ်က္ျပဳတ္စားေနမိပါတယ္။ ဥပမာ ဝက္သုံးထပ္သားေၾကာ္ဆိုရင္ သာမန္အခ်ိန္မွာ ဆီမ်ားမ်ားနဲ႔ ေၾကာ္ရမွာမို႔လို႔ မစားျဖစ္ေပမယ့္ Air fryerဆိုရင္ေတာ့ လြယ္လည္းလြယ္၊ ျမန္လည္း ျမန္၊ ဆီလည္း သိပ္ထည့္စရာ မလိုေတာ့ မၾကာခဏ စားမိတတ္ပါတယ္။

တျခား အေၾကာ္အေလွာ္ေတြလည္း ဒီလိုပါပဲ။ ပုံမွန္ဆို ဆီမ်ားလို႔ ေ႐ွာင္မိေပမယ့္ Air fryerနဲ႔ ခ်က္တာပဲေလဆိုၿပီး မၾကာခဏ စားမိေနတာကို သတိထားမိပါရဲ႕လား။ Air fryerက ဆီနည္းတယ္ဆိုေပမယ့္ ဆီလုံးဝမပါေတာေတာ့ မဟုတ္ပါဘူး။ မၾကာခဏ စားမယ္ဆိုရင္ ဆီနည္းေပမယ့္ မၾကာခင္မွာ စုမိေဆာင္းမိ ျဖစ္လာမွာပါ။

အႏၲရာယ္႐ွိတဲ့ ျဒပ္ေပါင္းေတြ ထြက္လာႏိုင္တယ္။

acrylamide ထြက္တဲ့ ပမာဏ နည္းတယ္ဆိုေပမယ့္ တျခား အႏၲရာယ္႐ွိတဲ့ ျဒပ္ေပါင္းေတြကိုလည္း သတိထားရဦးမွာပါ။ ဥပမာ Aldehydes, heterocyclic amines နဲ႔ polycyclic aromatic hydrocarbons တို႔ဆိုတာ ကင္ဆာ ျဖစ္ေစႏိုင္တဲ့ ျဒပ္ေပါင္းေတြ ျဖစ္ၿပီး ဘာနဲ႔ပဲ ခ်က္ခ်က္ မီးျပင္းျပင္းနဲ႔ ခ်က္ရင္ ထြက္လာႏိုင္ပါတယ္။ မီးျပင္းတာနဲ႔ အဓိကသက္ဆိုင္ေနတာေၾကာင့္ Air fryerနဲ႔ ခ်က္ရင္ေရာ ဒါေတြ ထြက္လာႏိုင္လားဆိုတာ ေလ့လာမႈေတြ လုပ္ေနၾကပါၿပီ။

ဒီလို အခ်က္ေတြ ႐ွိေနတာေၾကာင့္ Air fryerကို မသုံးရေတာ့ဘူးလားလို႔ ေတြးစရာ႐ွိပါတယ္။ သာမန္ခ်က္ျပဳတ္တာထက္ ဆီနည္းတာေၾကာင့္ ေၾကာ္မယ္ ေလွာ္မယ္ဆိုရင္ေတာ့ Air fryerကို ေ႐ြးခ်ယ္သင့္ပါတယ္။

ဒါေပမယ့္ အေၾကာ္အေလွာ္ဆိုတာက ဘာပဲျဖစ္ျဖစ္ ဆီပါေနတာပဲဆိုေတာ့ အလြန္အကြၽံ မစားဖို႔ ထိန္းရပါမယ္။ အေၾကာ္အေလွာ္ေတြထက္ လတ္ဆတ္တဲ့ အသီးအႏွံေတြ၊ အသီးအ႐ြက္ေတြကို ဦးစားေပး စားသုံးသင့္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
42 Mini Condo
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service