တိုက်ခန်းဝယ်လျှင် အခွန်ဆောင်ဖို့ လိုပါသလား ?

တိုက်ခန်းဝယ်လျှင် အခွန်ဆောင်ဖို့ လိုပါသလား ? - Property Knowledge in Myanmar from iMyanmarHouse.com
21 Nov 2020 1:19 pm တွင် တင်ခဲ့သည်
4586 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

''တိုက်ခန်းအရောင်းအဝယ် မှာ အခွန်ဆောင်ရပါသလား''ဟု မိတ်ဆွေတစ်ဦးက စာရေးသူထံ လာရောက်ဆွေးနွေးလာပါသည်။

''တိုက်ခန်း ဝယ်ရောင်းလုပ်ဖို့ စိတ်ကူးလို့လား''

စာရေးသူက မိတ်ဆွေအား မေးလိုက်ခြင်းဖြစ်သည်။

''ဝယ်ရောင်းဆိုတဲ့ ရည်ရွယ်ချက်နဲ့တော့ မဟုတ်ဘူး။ ဒါပေမယ့် အခုကာလက တိုက်ခန်းတွေ အဝယ်မလိုက်တော့ ဈေးသင့်တာနဲ့ ဝယ်ထားမလားစိတ်ကူးလို့ပါ''

''မှန်ပါတယ်။ အရင်ကာလထက်တော့ အိမ်ခြံမြေတိုက်ခန်း တွေ အရောင်းအေးနေတာအမှန် ပဲ''

''အချို့က ပြောတော့ အိမ် ခြံ မြေ ဝယ်ရင် အခွန်ဆောင်တဲ့ အတိုင်း တိုက်ခန်းဝယ်ရင်လည်း အ ခွန်ဆောင်ရမယ်လို့ ပြောတာနဲ့ သူငယ်ချင်းဆီလာဆွေးနွေးတာ''

''အေး၊ လောလောဆယ်က တော့ အခွန်ဆောင်ခြင်း၊ မဆောင်ခြင်းက အဓိက မဟုတ်ဘူး။ မိမိ ဝယ်မယ့် တိုက်ခန်းဟာ အရှုပ်အရှင်းကိစ္စတွေရှိ၊ မရှိ စုံစမ်းဖို့က အဓိကပဲ''

''အကြမ်းဖျင်းပြောပြပါဦး၊ ဘယ်အချက်တွေကိုစုံစမ်းမေးမြန်း ထားရမယ်ဆိုတာ''

''အခုဝယ်မယ်လို့ စဉ်းစား ထားတဲ့ အဆောက်အအုံကအသစ်လား၊ လူနေပြီးသားတိုက်ခန်း တွေလား''

''အသစ်ပဲ၊ အခုမှ ဆောက်ပြီးတာ တစ်လခန့်ပဲရှိမယ် ထင်တယ်''

''ပထမဆုံး အချက်က မိမိဝယ်မယ့် တိုက်ခန်းဟာ ကန် ထရိုက်တာက အချိုးကျရရှိထား တဲ့ တိုက်ခန်းလား၊ မြေပိုင်ရှင်ရရှိ မယ့် တိုက်ခန်းလားဆိုတာ သိထား ဖို့လိုတယ်''

''ကန်ထရိုက်တာရမယ့် အခန်းများထဲက တစ်ခန်းကို ပြောတာပဲ''

''ကန်ထရိုက်တာ အခန်းဆိုရင်တော့ နည်းနည်းသတိထားဖို့ လိုတယ်၊ ဆောက်လုပ်ရေးလုပ်နေ စဉ် ငွေအရင်းအနှီးပြတ်သွား လို့ ပေါင်နှံထားတဲ့ အခန်းတွေရှိတတ် တယ်။ ရေမီးစုံ မစုံ၊ မော်တာ၊ မီ တာ သီးခြားစီရှိမရှိ စိစစ်ဖို့ လို တယ်''

''ရေက အဝီစိတွင်းလို့ ပြောတယ်။ တိုက်ခန်းတိုင်းမှာ မော်တာတစ်လုံးစီ၊ မီတာတစ်ခုစီတပ်ပေး ထားတယ်လို့ သိရတယ်''

''အရေးကြီးဆုံးကတော့ လူ နေထိုင်ခွင့်အတွက် ခွင့်ပြုမိန့်၊ စာ ရွက်စာတမ်းရှိဖို့ပဲ သူငယ်ချင်း''

''အဲဒါတော့ မေးမထားမိဘူး''

''အေး-အဲဒါက အဓိကပဲ၊ လူနေထိုင်ခွင့်မရသေးဘဲ တက်နေကြ တာ အများကြီးဖြစ်နေတယ်''

''လျှောက်ထားဆဲဆိုရင် ဖြစ် =သလား''

''ဒါလည်း သေချာမေးကြည့် ဖို့လိုမယ်၊ လျှောက်ထားတဲ့ စာရွက် စာတမ်းတွေကြည့်ရရင်တော့ သေ ချာတာပေါ့''

''နေထိုင်ခွင့်မရဘဲနေမိရင် ဘာဖြစ်တတ်သလဲ''

''ဥပဒေကတော့ ဖယ်ရှားတဲ့ အထိလုပ်ပိုင်ခွင့်ရှိတယ်။ ဒဏ်ငွေဆောင်ပြီး နေထိုင်ခွင့်အမိန့် လျှောက်တာလည်းရှိပါတယ်''

''ဒါက ကန်ထရိုက်တာက လုပ်ပေးရမှာ မဟုတ်လား''

''ကန်ထရိုက်တာက ကုန်ကျ စရိတ်မခံနိုင်တာနဲ့ အခန်းတွေ အပ်ပြီး ထွက်သွားတာတွေ အမျိုး မျိုးရှိတယ်။ ဒီအချက်ကနောက် တော့ ထပ်ဆွေးနွေးတာပေါ့၊ အခု သူငယ်ချင်းပြောတဲ့ အခွန်အ ကြောင်း ဆွေးနွေးရအောင်''

''ကောင်းပါတယ် သူငယ်ချင်း''

''ပြည်ထောင်စု၏ အခွန်အ ကောက်ဥပဒေမှာ နိုင်ငံသားမည် သူမဆို၊ အခြေပစ္စည်း တစ်ရပ်ရပ် ကို ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း ရယူခြင်းနှင့် လုပ်ငန်းသစ်တည် ထောင်ခြင်း၊ လုပ်ငန်းသစ်ထပ်မံ တိုးချဲ့ခြင်း ကိစ္စရပ်တွေမှာ အခွန်ကောက်ခံတဲ့ နှုန်းထားတွေ ပြဋ္ဌာန်း ထားတယ်''

''အခြေပစ္စည်းဆိုတာက ဘာ ကိုဆိုလိုတာလဲ''

''အိမ် ခြံ မြေ၊ တိုက်ခန်းကို ဆိုလိုတာဖြစ်တယ်။ ဒါကြောင့် တိုက်ခန်းဝယ်ရင် ဥပဒေအရတော့ အခွန်ပေးဆောင်ရမှာပဲဖြစ်တယ်''

''အချို့လည်း ဝယ်ခွန်မ ဆောင်ဘဲ နေကြတာတွေရှိတယ် မဟုတ်လား''

''မှန်ပါတယ်။ များသောအား ဖြင့် တိုက်ခန်းရောင်းဝယ်တဲ့အခါ မှာ ဝယ်ခွန်မဆောင်ဘဲနေကြတာ များပါတယ်။ မြေကွက်ကိစ္စတွေ က တော့ အမည်ပေါက်ပြောင်းမယ်ဆို ရင် ဝယ်ခွန်ဆောင်ပြီးသား ပြေစာ ပါမှ ဆောင်ရွက်ပေးတာဖြစ်လို့ မဖြစ်မနေဝယ်ခွန်ဆောင် ကြတာ ဖြစ်တယ်။ တိုက်ခန်းတွေမှာတော့ မဖြစ်မနေ ဝယ်ခွန်ဆောင်ရမယ့် တင်းကျပ်တဲ့ စည်းမျဉ်းလုပ်ထုံး လုပ် နည်းထုတ်ပြန် ထားတာမတွေ့ ရဘူး။ ဒီအချက်ကြောင့်လည်း ဝယ်ခွန်မဆောင်ဘဲ ရောင်းဝယ်နေ ကြတာဖြစ်တယ်''

''သက်ဆိုင်ရာဝန်ကြီးဌာန က မြေကွက်တန်ဖိုးစံနှုန်းသတ် မှတ်ပေးတာရှိတယ် မဟုတ်လား''

''ရှိတယ်၊ အဲဒီစံနှုန်းပေါ်မူ တည်ပြီး တန်ဖိုးဖြတ်တာဖြစ်တယ်''

''ဒီလိုဆိုရင် တိုက်ခန်းတွေကို စံနှုန်းထား သတ်မှတ်ပေးတာရှိမှာ ပေါ့''

''ရှိတာပေါ့၊ ရန်ကုန်တိုင်းအ တွင်းမှာရှိတဲ့ မြို့နယ်အလိုက် တိုက်ခန်းအထပ်ပေါ် မူတည်ပြီး တစ်စတုရန်းပေပေါ်မှာ တန်ဖိုးစံနှုန်း သတ်မှတ်ပေးထားပါတယ်''

''ဝယ်ခွန်ဆောင်မယ်ဆိုရင် အခုသတ်မှတ်ထားတဲ့ စံနှုန်းအတိုင်း ဆောင်ကြရမှာပေါ့''

''မှန်ပါတယ်။ ဝယ်ခွန်ဆောင် မယ်ဆိုရင် သက်ဆိုင်ရာတန်ဖိုး ဖြတ်အဖွဲ့ထံ တိုက်ခန်းဝယ်ပြီး ရက် ပေါင်း (၃ဝ) အတွင်း လျှောက်ထားရပါတယ်။ အဲဒီရက်ကျော်ရင် တော့ ဒဏ်ငွေပေးဆောင်ရမှာဖြစ် တယ်''

''အရောင်းအဝယ် စာချုပ် တင်ပြရတာပေါ့''

''မှန်ပါတယ်၊ အရောင်းအဝယ် စာချုပ်နဲ့အတူ ဝယ်သူကိုယ်တိုင်သွားရောက်ပြီး တန်ဖိုးဖြတ်ပေး ဖို့ လျှောက်လွှာဖြည့်စွက်တင်သွင်း ရမှာဖြစ်တယ်။ အခက်အခဲမရှိ အောင် သက်ဆိုင်ရာ အခွန်ရုံးက ညွှန်ကြားပြသ အကူအညီပေးသွား မှာဖြစ်တယ်''

''ဝယ်ခွန်ဆောင်ရင် ဘယ်လိုအကျိုးကျေးဇူးရနိုင်မလဲ''

''ဒါကတော့ ရှင်းပါတယ်။ ပထမဆုံးအချက်ကတော့ ဝင်ငွေရလမ်း မဖော်ပြနိုင်တဲ့ ငွေပမာဏက ငွေဖြူအဖြစ် ရရှိသွားမှာဖြစ်ပါ တယ်''

''ပြန်ရောင်းရင်ဘယ်လိုဖြစ်နိုင်သလဲ''

''ပြန်ရောင်းရင်တော့ ဝယ်စဉ်က သတ်မှတ်ထားတဲ့ စံနှုန်းနဲ့ ရောင်းစဉ်က ရရှိတဲ့အမြတ်အစွန်းမှာပဲ ၁ဝ ရာခိုင် နှုန်းဆောင်ရမှာ ဖြစ်တယ်။ ရောင်းရငွေပေါ်မှာ ဆောင်ရ မှာမဟုတ်ဘူး''

''ပိုင်ဆိုင်ခွင့်နဲ့ ပတ်သက်ရင်တော့ ဝယ်ခွန်ဆောင်တာ က ကောင်းတာပေါ့နော်''

''မှန်ပါတယ်။ အချို့တိုက်ခန်းတွေမှာ ပေါင်နှံထားတာ တွေ၊ အရောင်းထပ်နေတာတွေ ဖြစ်တတ်တယ်။ အဲဒီလို အခြေအနေမျိုးမှာ ဆိုရင် ဝယ်ခွန်ပေးဆောင်ထားသူက ပိုင်ဆိုင်ခွင့်ရမှာမို့ အကောင်းဆုံးကတော့ ဝယ်ခွန်ပေး ဆောင်ထားကာ အကောင်းဆုံးပဲ သူငယ်ချင်း''ဟု အကြုံပြု ဆွေးနွေးပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit : Zaygwet ထီယု (ဥပဒေအတိုင်ပင်ခံ)

 

[Zawgyi]

တိုက္ခန္း၀ယ္လွ်င္ အခြန္ေဆာင္ဖုိ႔ လိုပါသလား ?

''တုိက္ခန္းအေရာင္းအဝယ္ မွာ အခြန္ေဆာင္ရပါသလား''ဟု မိတ္ေဆြတစ္ဦးက စာေရးသူထံ လာေရာက္ေဆြးေႏြးလာပါသည္။

''တုိက္ခန္း ဝယ္ေရာင္းလုပ္ဖုိ႔ စိတ္ကူးလုိ႔လား''

စာေရးသူက မိတ္ေဆြအား ေမးလုိက္ျခင္းျဖစ္သည္။

''ဝယ္ေရာင္းဆုိတဲ့ ရည္ရြယ္ခ်က္နဲ႔ေတာ့ မဟုတ္ဘူး။ ဒါေပမယ့္ အခုကာလက တုိက္ခန္းေတြ အဝယ္မလုိက္ေတာ့ ေစ်းသင့္တာနဲ႔ ဝယ္ထားမလားစိတ္ကူးလုိ႔ပါ''

''မွန္ပါတယ္။ အရင္ကာလထက္ေတာ့ အိမ္ၿခံေျမတုိက္ခန္း ေတြ အေရာင္းေအးေနတာအမွန္ ပဲ''

''အခ်ဳိ႕က ေျပာေတာ့ အိမ္ ၿခံ ေျမ ဝယ္ရင္ အခြန္ေဆာင္တဲ့ အတုိင္း တုိက္ခန္းဝယ္ရင္လည္း အ ခြန္ေဆာင္ရမယ္လုိ႔ ေျပာတာနဲ႔ သူငယ္ခ်င္းဆီလာေဆြးေႏြးတာ''

''ေအး၊ ေလာေလာဆယ္က ေတာ့ အခြန္ေဆာင္ျခင္း၊ မေဆာင္ျခင္းက အဓိက မဟုတ္ဘူး။ မိမိ ဝယ္မယ့္ တုိက္ခန္းဟာ အ႐ႈပ္အရွင္းကိစၥေတြရွိ၊ မရွိ စုံစမ္းဖုိ႔က အဓိကပဲ''

''အၾကမ္းဖ်င္းေျပာျပပါဦး၊ ဘယ္အခ်က္ေတြကိုစုံစမ္းေမးျမန္း ထားရမယ္ဆုိတာ''

''အခုဝယ္မယ္လုိ႔ စဥ္းစား ထားတဲ့ အေဆာက္အအုံကအသစ္လား၊ လူေနၿပီးသားတုိက္ခန္း ေတြလား''

''အသစ္ပဲ၊ အခုမွ ေဆာက္ၿပီးတာ တစ္လခန္႔ပဲရွိမယ္ ထင္တယ္''

''ပထမဆုံး အခ်က္က မိမိဝယ္မယ့္ တုိက္ခန္းဟာ ကန္ ထ႐ုိက္တာက အခ်ဳိးက်ရရွိထား တဲ့ တုိက္ခန္းလား၊ ေျမပုိင္ရွင္ရရွိ မယ့္ တုိက္ခန္းလားဆုိတာ သိထား ဖုိ႔လုိတယ္''

''ကန္ထ႐ုိက္တာရမယ့္ အခန္းမ်ားထဲက တစ္ခန္းကို ေျပာတာပဲ''

''ကန္ထ႐ုိက္တာ အခန္းဆုိရင္ေတာ့ နည္းနည္းသတိထားဖုိ႔ လုိတယ္၊ ေဆာက္လုပ္ေရးလုပ္ေန စဥ္ ေငြအရင္းအႏွီးျပတ္သြား လုိ႔ ေပါင္ႏွံထားတဲ့ အခန္းေတြရွိတတ္ တယ္။ ေရမီးစုံ မစုံ၊ ေမာ္တာ၊ မီ တာ သီးျခားစီရွိမရွိ စိစစ္ဖုိ႔ လုိ တယ္''

''ေရက အဝီစိတြင္းလုိ႔ ေျပာတယ္။ တုိက္ခန္းတုိင္းမွာ ေမာ္တာတစ္လုံးစီ၊ မီတာတစ္ခုစီတပ္ေပး ထားတယ္လုိ႔ သိရတယ္''

''အေရးႀကီးဆုံးကေတာ့ လူ ေနထုိင္ခြင့္အတြက္ ခြင့္ျပဳမိန္႔၊ စာ ရြက္စာတမ္းရွိဖုိ႔ပဲ သူငယ္ခ်င္း''

''အဲဒါေတာ့ ေမးမထားမိဘူး''

''ေအး-အဲဒါက အဓိကပဲ၊ လူေနထုိင္ခြင့္မရေသးဘဲ တက္ေနၾက တာ အမ်ားႀကီးျဖစ္ေနတယ္''

''ေလွ်ာက္ထားဆဲဆုိရင္ ျဖစ္ =သလား''

''ဒါလည္း ေသခ်ာေမးၾကည့္ ဖုိ႔လုိမယ္၊ ေလွ်ာက္ထားတဲ့ စာရြက္ စာတမ္းေတြၾကည့္ရရင္ေတာ့ ေသ ခ်ာတာေပါ့''

''ေနထုိင္ခြင့္မရဘဲေနမိရင္ ဘာျဖစ္တတ္သလဲ''

''ဥပေဒကေတာ့ ဖယ္ရွားတဲ့ အထိလုပ္ပုိင္ခြင့္ရွိတယ္။ ဒဏ္ေငြေဆာင္ၿပီး ေနထုိင္ခြင့္အမိန္႔ ေလွ်ာက္တာလည္းရွိပါတယ္''

''ဒါက ကန္ထ႐ုိက္တာက လုပ္ေပးရမွာ မဟုတ္လား''

''ကန္ထ႐ုိက္တာက ကုန္က် စရိတ္မခံႏုိင္တာနဲ႔ အခန္းေတြ အပ္ၿပီး ထြက္သြားတာေတြ အမ်ဳိး မ်ဳိးရွိတယ္။ ဒီအခ်က္ကေနာက္ ေတာ့ ထပ္ေဆြးေႏြးတာေပါ့၊ အခု သူငယ္ခ်င္းေျပာတဲ့ အခြန္အ ေၾကာင္း ေဆြးေႏြးရေအာင္''

''ေကာင္းပါတယ္ သူငယ္ခ်င္း''

''ျပည္ေထာင္စု၏ အခြန္အ ေကာက္ဥပေဒမွာ ႏုိင္ငံသားမည္ သူမဆုိ၊ အေျခပစၥည္း တစ္ရပ္ရပ္ ကို ဝယ္ယူျခင္း၊ တည္ေဆာက္ျခင္း ရယူျခင္းႏွင့္ လုပ္ငန္းသစ္တည္ ေထာင္ျခင္း၊ လုပ္ငန္းသစ္ထပ္မံ တုိးခ်ဲ႕ျခင္း ကိစၥရပ္ေတြမွာ အခြန္ေကာက္ခံတဲ့ ႏႈန္းထားေတြ ျပ႒ာန္း ထားတယ္''

''အေျခပစၥည္းဆုိတာက ဘာ ကိုဆုိလုိတာလဲ''

''အိမ္ ၿခံ ေျမ၊ တုိက္ခန္းကို ဆုိလုိတာျဖစ္တယ္။ ဒါေၾကာင့္ တုိက္ခန္းဝယ္ရင္ ဥပေဒအရေတာ့ အခြန္ေပးေဆာင္ရမွာပဲျဖစ္တယ္''

''အခ်ဳိ႕လည္း ဝယ္ခြန္မ ေဆာင္ဘဲ ေနၾကတာေတြရွိတယ္ မဟုတ္လား''

''မွန္ပါတယ္။ မ်ားေသာအား ျဖင့္ တုိက္ခန္းေရာင္းဝယ္တဲ့အခါ မွာ ဝယ္ခြန္မေဆာင္ဘဲေနၾကတာ မ်ားပါတယ္။ ေျမကြက္ကိစၥေတြ က ေတာ့ အမည္ေပါက္ေျပာင္းမယ္ဆုိ ရင္ ဝယ္ခြန္ေဆာင္ၿပီးသား ေျပစာ ပါမွ ေဆာင္ရြက္ေပးတာျဖစ္လုိ႔ မျဖစ္မေနဝယ္ခြန္ေဆာင္ ၾကတာ ျဖစ္တယ္။ တုိက္ခန္းေတြမွာေတာ့ မျဖစ္မေန ဝယ္ခြန္ေဆာင္ရမယ့္ တင္းက်ပ္တဲ့ စည္းမ်ဥ္းလုပ္ထုံး လုပ္ နည္းထုတ္ျပန္ ထားတာမေတြ႔ ရဘူး။ ဒီအခ်က္ေၾကာင့္လည္း ဝယ္ခြန္မေဆာင္ဘဲ ေရာင္းဝယ္ေန ၾကတာျဖစ္တယ္''

''သက္ဆုိင္ရာဝန္ႀကီးဌာန က ေျမကြက္တန္ဖုိးစံႏႈန္းသတ္ မွတ္ေပးတာရွိတယ္ မဟုတ္လား''

''ရွိတယ္၊ အဲဒီစံႏႈန္းေပၚမူ တည္ၿပီး တန္ဖုိးျဖတ္တာျဖစ္တယ္''

''ဒီလုိဆုိရင္ တုိက္ခန္းေတြကို စံႏႈန္းထား သတ္မွတ္ေပးတာရွိမွာ ေပါ့''

''ရွိတာေပါ့၊ ရန္ကုန္တုိင္းအ တြင္းမွာရွိတဲ့ ၿမိဳ႕နယ္အလုိက္ တုိက္ခန္းအထပ္ေပၚ မူတည္ၿပီး တစ္စတုရန္းေပေပၚမွာ တန္ဖုိးစံႏႈန္း သတ္မွတ္ေပးထားပါတယ္''

''ဝယ္ခြန္ေဆာင္မယ္ဆုိရင္ အခုသတ္မွတ္ထားတဲ့ စံႏႈန္းအတုိင္း ေဆာင္ၾကရမွာေပါ့''

''မွန္ပါတယ္။ ဝယ္ခြန္ေဆာင္ မယ္ဆုိရင္ သက္ဆုိင္ရာတန္ဖုိး ျဖတ္အဖြဲ႔ထံ တုိက္ခန္းဝယ္ၿပီး ရက္ ေပါင္း (၃ဝ) အတြင္း ေလွ်ာက္ထားရပါတယ္။ အဲဒီရက္ေက်ာ္ရင္ ေတာ့ ဒဏ္ေငြေပးေဆာင္ရမွာျဖစ္ တယ္''

''အေရာင္းအဝယ္ စာခ်ဳပ္ တင္ျပရတာေပါ့''

''မွန္ပါတယ္၊ အေရာင္းအဝယ္ စာခ်ဳပ္နဲ႔အတူ ဝယ္သူကိုယ္တုိင္သြားေရာက္ၿပီး တန္ဖုိးျဖတ္ေပး ဖုိ႔ ေလွ်ာက္လႊာျဖည့္စြက္တင္သြင္း ရမွာျဖစ္တယ္။ အခက္အခဲမရွိ ေအာင္ သက္ဆုိင္ရာ အခြန္႐ုံးက ၫႊန္ၾကားျပသ အကူအညီေပးသြား မွာျဖစ္တယ္''

''ဝယ္ခြန္ေဆာင္ရင္ ဘယ္လုိအက်ဳိးေက်းဇူးရႏုိင္မလဲ''

''ဒါကေတာ့ ရွင္းပါတယ္။ ပထမဆုံးအခ်က္ကေတာ့ ဝင္ေငြရလမ္း မေဖာ္ျပႏုိင္တဲ့ ေငြပမာဏက ေငြျဖဴအျဖစ္ ရရွိသြားမွာျဖစ္ပါ တယ္''

''ျပန္ေရာင္းရင္ဘယ္လုိျဖစ္ႏုိင္သလဲ''

''ျပန္ေရာင္းရင္ေတာ့ ဝယ္စဥ္က သတ္မွတ္ထားတဲ့ စံႏႈန္းနဲ႔ ေရာင္းစဥ္က ရရွိတဲ့အျမတ္အစြန္းမွာပဲ ၁ဝ ရာခုိင္ ႏႈန္းေဆာင္ရမွာ ျဖစ္တယ္။ ေရာင္းရေငြေပၚမွာ ေဆာင္ရ မွာမဟုတ္ဘူး''

''ပုိင္ဆုိင္ခြင့္နဲ႔ ပတ္သက္ရင္ေတာ့ ဝယ္ခြန္ေဆာင္တာ က ေကာင္းတာေပါ့ေနာ္''

''မွန္ပါတယ္။ အခ်ဳိ႕တုိက္ခန္းေတြမွာ ေပါင္ႏွံထားတာ ေတြ၊ အေရာင္းထပ္ေနတာေတြ ျဖစ္တတ္တယ္။ အဲဒီလုိ အေျခအေနမ်ဳိးမွာ ဆုိရင္ ဝယ္ခြန္ေပးေဆာင္ထားသူက ပုိင္ဆုိင္ခြင့္ရမွာမုိ႔ အေကာင္းဆုံးကေတာ့ ဝယ္ခြန္ေပး ေဆာင္ထားကာ အေကာင္းဆုံးပဲ သူငယ္ခ်င္း''ဟု အႀကံဳျပဳ ေဆြးေႏြးေပးလုိက္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit : Zaygwet ထီယု (ဥပေဒအတုိင္ပင္ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
42 Mini Condo
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service