မြေအမျိုးအစား အလိုက်စာရွက်စာတမ်း စစ်ဆေးသင့်

မြေအမျိုးအစား အလိုက်စာရွက်စာတမ်း စစ်ဆေးသင့် - Property Knowledge in Myanmar from iMyanmarHouse.com
21 Nov 2020 12:37 pm တွင် တင်ခဲ့သည်
1358 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

အိမ်ခြံမြေဈေး ကွက်အတွင်းမှာ မြေ၊ တိုက်ခန်းရောင်းဝယ်မှုတွေမှာရောင်းမှား ဝယ်မှားမဖြစ်ပေါ်စေဖို့ မြေအမျိုးအစားအလိုက်စစ်ဆေးရမယ့် စာရွက် စာတမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

အိမ်ခြံမြေ၊တိုက်ခန်း ဝယ်ယူမယ်ဆို ရင် အိမ်ခြံမြေ၊ တိုက်ခန်းအမျိုးအစား အလိုက် လိုအပ်တဲ့ စာရွက်စာတမ်းတွေက အပြည့်အဝမတူညီနိုင်ပါဘူး။

ဒါကြောင့် အိမ်ခြံမြေ၊ တိုက်ခန်း ဝယ်ယူတဲ့အခါပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်း အပြည့်အစုံကိုတိုက်ဆိုင်စစ်ဆေးသင့်ပါတယ်။ဒါကြောင့် အိမ်ခြံမြေဝယ်ယူသူတွေ အနေနဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို သိရှိထားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ဂရန်မြေ

- ဂရန်မြေဝယ်မယ်ဆိုရင် ဂရန်အမည် ပေါက်"မှန် မမှန်၊ စစ် မစစ်" ကိုသက်ဆိုင်ရာ ရုံးမှာ သွားရောက် စစ်ဆေးရမှာ ဖြစ်ပါတယ်။ - ဂရန်မြေနဲ့ ပတ်သက်လို့ စစ်ဆေးရမယ့် စာရွက်စာ တမ်းကနည်းပါတယ်။ ဂရန်အမည်ပေါက် မှန် မမှန်ကိုသာရုံးမှာ သွားရောက် စစ်ဆေးဖို့ပဲ လိုအပ်ပါတယ်။

ပါမစ်မြေ

ပါမစ်မြေဆိုတာကတော့ မြို့သစ်ဘက်တွေမှာ ချထားပေးတဲ့မြေအမျိုးအစား ဖြစ်ပါတယ်။ - ပါမစ်မြေကို ဝယ်ယူမယ် ဆိုရင် ချ ထားပေးတဲ့ပါမစ် မှန် မမှန်၊အဆို ပါ ပါမစ်ကို အင်ထရီပြင်ထားဖို့ လိုအပ်ပါ တယ်။အင်ထရီဆိုတာက မြေနေရာ အ ကွက် ချ ပြီး ထုတ်ပေးလိုက်တဲ့ပါမစ်ကိုပြန်လည် စစ်ဆေးပြီး နေထိုင်ခွင့်ပြုတဲ့အမှတ် တံဆိပ် ဖြစ်ပါတယ်။

အင်ထရီဝင်ပြီးသား ပါမစ်ဆိုရင် နောက်ကျောဘက်မှာ လေးထောင့်တံဆိပ်တုံးလေးနဲ့ ပြန်လည်စိစစ် ပြီးဖြစ်ကြောင်း ပါရှိရမှာ ဖြစ်ပါတယ်။အင် ထရီ မဝင်ရသေးတဲ့ မြေကွက်တွေက ဈေး ကွက်အတွင်းမှာဈေးနှုန်းကွဲလွဲမှုရှိတယ် လို့ သိရတယ်။“ ဈေးနှုန်းမကွာဘူးဆိုရင်တောင် ရာ တန်အကွက်တွေမှာဈေး ငါးသိန်း၊ ၁၀ သိန်း ကွာတယ်၊ထောင်တန် အကွက်တွေမှာဆိုရင် အင်ထရီမဝင်ရသေးလို့ပွဲပျက် တာတွေတောင် ရှိတယ်”လို့မြန်မာ့ရတနာ မြေ အိမ်ခြံမြေအကျိုးဆောင်မှအမ်ဒီ ကို ဝင်းနိုင်ဦးက ဆိုပါတယ်။ - ပါမစ်မြေမှာ စာရွက်စာတမ်းလည်း မှန်ကန်မှုရှိပြီးအင်ထရီလည်း ဝင်ထား မယ်ဆိုရင်အမည်ပေါက်ပိုင်ရှင်ရဲ့ မှတ်ပုံ တင် မိတ္တူ၊သန်းခေါင်စာရင်းမိတ္တူ ပါရှိရပါမယ်။အဆိုပါ မိတ္တူတွေကိုလည်း မူရင်းနဲ့ တိုက်ဆိုင် စစ်ဆေးသင့်ပါတယ်။

လယ်မြေ

လယ်မြေ ဝယ်ယူမယ်ဆိုရင်တော့ လယ်မြေအတွက်

- အစိုးရကို အခွန်ပေးထားတဲ့ စလစ်၊လယ်ယာမြေမှတ်ပုံတင် စာအုပ်၊စလစ် up to date ဖြစ် မဖြစ် စစ် ဆေးရပါမယ်။စလစ် up to date ဆိုတာကတော့ အစိုးရကို အခွန်ငွေပေးသွင်းထား တဲ့နှစ်က အနီးဆုံးနှစ် ဖြစ်ရပါမယ်။ - လယ်ယာမြေမှာ ပိုင်ဆိုင်မှု စာရွက်စာ တမ်းဆိုတာ "လယ်ယာမြေ လက်ဝယ်ရှိသူတိုင်း" ရဲ့လက်ထဲမှာ မရှိနိုင်ပါဘူး။လယ်ယာမြေကို စိုက်ပျိုးလုပ်ကိုင်တဲ့အပေါ်အခွန် စည်းကြပ်ခံထားရတဲ့ မြေခွန် ပြေစာ သည်သာ ပိုင်ဆိုင်မှု ဖြစ်ပါတယ်။- အမှန် တကယ် လယ်ယာမြေကို လုပ်ကိုင်နေပြီးအခွန်စည်းကြပ်မှုကိုလည်း ထမ်းဆောင်ထားမယ်ဆိုရင်လယ်ယာမြေ လက်ရှိ ရှိသူအနေနဲ့ အင်္ဂါရပ်ညီညွတ်ပြီလို့ ဆိုနိုင်ပါ တယ်။လယ်ယာမြေလုပ်ကိုင်သူတွေကို မြေစာရင်းဌာနကအခွန်စည်းကြပ်မှု မှတ်ပုံတင်စာရင်းနဲ့ မြေပုံမှာမှတ်သားထား လေ့ရှိပါတယ်။

- တချို့လယ်ယာမြေတွေက အခွန်ပြေစာအပြင်မြေစာရင်းပုံစံ ၁၀၅ ကိုလည်း ရေးကူးရယူထားရှိနိုင်ပါတယ်။ - မြေစာရင်းပုံစံ ၁၀၅ ဆိုတာက မြေစာရင်းဌာနကမှတ် ပုံတင်စာရင်း၊ မြေပုံ စသည်တို့မှာ မှတ်သား ထားတဲ့အတိုင်း မှတ်တမ်းထိန်းသိမ်းတဲ့ မြေစာရင်းဌာန က ပုံစံတူရေးကူးပေးတဲ့ပုံစံ တစ်ခု ဖြစ်ပါတယ်။

မြေစာရင်းပုံစံ ၁၀၅ မှာ မြေကွက်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုတစုတစည်း သိရှိနိုင်ပါတယ်။ ပုံစံ ၁၀၅ မှာ ဖော်ပြချက်အရမြေကွက်တည်ရှိ တဲ့ မြို့၊ ရပ်ကွက်၊ ကျေးရွာ၊ ကွင်း၊ ဧရိယာ၊မြေအမျိုးအစား စတာတွေကို အလွယ်တကူ သိရှိနိုင်ပါတယ်။ “လယ်ယာမြေကို စလစ်တစ်ခုတည်းနဲ့ အရောင်းအဝယ်လုပ်တာတွေရှိတယ်၊ အဲ ဒါတွေက ရေရှည်မှာ အဆင်မပြေပါဘူး”လို့ကိုဝင်းနိုင်ဦးက ဆိုပါတယ်။ - ယခုအချိန်မှာ လယ်ယာမြေကို အရပ် သဘောရောင်းဝယ်နေကြပြီးစာချုပ်စာ တမ်းမှတ်ပုံတင်ရုံးမှာ လယ်ယာမြေဥပဒေ သစ်အရမှတ်ပုံတင်ပြီးမှသာ တရားဝင် ဆောင်ရွက်လို့ရမှာ ဖြစ်တယ်။

လန ၃၉ မြေ

- လန ၃၉ ဆိုတာက လယ်ယာမြေမှ တစ်ဆင့် အခြားမြေအဖြစ်ပြောင်းလဲ အ သုံးပြုခွင့် ပြုထားတဲ့ မြေအမျိုးအစားဖြစ်ပါ တယ်။ လန ၃၉ မြေ ဝယ်ယူမယ်ဆိုရင် လယ်ယာမြေကနေ အခြားမြေပြောင်းလဲ အသုံးပြုခွင့်ပြုထားတဲ့ လန ၃၉ စာရွက် ရှိ ရပါမယ်။ - ဒါမှသာ လယ်ယာမြေကို အိမ် ယာမြေ၊ စက်မှုထုတ်ကုန် တစ်ခုခုပြောင်း လဲ အသုံးပြုမယ်ဆိုရင် လန ၃၉ ချထား ပေးတဲ့ စာရွက်ရှိမှအဆင်ပြေမှာ ဖြစ်ပါ တယ်။

တိုက်ခန်းဝယ်မယ်ဆိုရင်

တိုက်ခန်း အရောင်းအဝယ် ပြုလုပ်တဲ့ အခါမှာဆက်စပ်စာချုပ်တစ်ခုရှိရုံ နဲ့ ပိုင် ဆိုင်မှု အထောက်အထားပြည့်စုံပြီလို့ မထင်မှတ်သင့်ပါဘူး။ တိုက်ခန်းအရောင်း အဝယ်ပြုလုပ်တဲ့နေရာ မှာ မရှိမဖြစ်လိုအပ်တဲ့စာရွက်စာတမ်းတွေကတော့

- ဆက်စပ် စာချုပ်၊

- BCC (လူနေထိုင်ခွင့်)

- မြေ ရှင်လက်မှတ်

- ရေမီတာ၊ မီးမီတာ စာရွက်စာတမ်းတွေ လို အပ်ပါတယ်။အဲသည် စာရွက်စာတမ်းတွေ ပါရှိရင်တော့ ပိုင်ဆိုင်မှု သေချာနိုင်တယ်လို့သိရပါတယ်။

ဘိုးဘွားပိုင်မြေ

ဘိုးဘွားပိုင်မြေ ဖြစ်ခဲ့မယ်ဆိုရင်တော့သက်ဆိုင်ရာ မြေပိုင်ဆိုင်မှုမှတ်တမ်းမှာ ပိုင်ရှင်အဖြစ်မှတ်တမ်းရှိပြီး ဖြစ်ရမှာ ဖြစ် ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: The kumudra journal

 

[Zawgyi]

ေျမအမ်ိဳးအစား အလိုက္စာရြက္စာတမ္း စစ္ေဆးသင့္

အိမ္ျခံေျမေဈး ကြက္အတြင္းမွာ ေျမ၊ တိုက္ခန္းေရာင္းဝယ္မႈေတြမွာေရာင္းမွား ဝယ္မွားမျဖစ္ေပၚေစဖို႔ ေျမအမ်ိဳးအစားအလိုက္စစ္ေဆးရမယ့္ စာရြက္ စာတမ္းေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

အိမ္ျခံေျမ၊တိုက္ခန္း ဝယ္ယူမယ္ဆို ရင္ အိမ္ျခံေျမ၊ တိုက္ခန္းအမ်ိဳးအစား အလိုက္ လိုအပ္တဲ့ စာရြက္စာတမ္းေတြက အျပည့္အဝမတူညီႏိုင္ပါဘူး။

ဒါေၾကာင့္ အိမ္ျခံေျမ၊ တိုက္ခန္း ဝယ္ယူတဲ့အခါပိုင္ဆိုင္မႈအေထာက္အထား စာရြက္စာတမ္း အျပည့္အစံုကိုတိုက္ဆိုင္စစ္ေဆးသင့္ပါတယ္။ဒါေၾကာင့္ အိမ္ျခံေျမဝယ္ယူသူေတြ အေနနဲ႔ လိုအပ္တဲ့ စာရြက္စာတမ္းေတြကို သိရွိထားဖို႔ လိုအပ္တယ္လို႔ ဆိုပါတယ္။

ဂရန္ေျမ

- ဂရန္ေျမဝယ္မယ္ဆိုရင္ ဂရန္အမည္ ေပါက္"မွန္ မမွန္၊ စစ္ မစစ္" ကိုသက္ဆိုင္ရာ ႐ံုးမွာ သြားေရာက္ စစ္ေဆးရမွာ ျဖစ္ပါတယ္။ - ဂရန္ေျမနဲ႔ ပတ္သက္လို႔ စစ္ေဆးရမယ့္ စာရြက္စာ တမ္းကနည္းပါတယ္။ ဂရန္အမည္ေပါက္ မွန္ မမွန္ကိုသာ႐ံုးမွာ သြားေရာက္ စစ္ေဆးဖို႔ပဲ လိုအပ္ပါတယ္။

ပါမစ္ေျမ

ပါမစ္ေျမဆိုတာကေတာ့ ၿမိဳ႕သစ္ဘက္ေတြမွာ ခ်ထားေပးတဲ့ေျမအမ်ိဳးအစား ျဖစ္ပါတယ္။ - ပါမစ္ေျမကို ဝယ္ယူမယ္ ဆိုရင္ ခ် ထားေပးတဲ့ပါမစ္ မွန္ မမွန္၊အဆို ပါ ပါမစ္ကို အင္ထရီျပင္ထားဖို႔ လိုအပ္ပါ တယ္။အင္ထရီဆိုတာက ေျမေနရာ အ ကြက္ ခ် ၿပီး ထုတ္ေပးလိုက္တဲ့ပါမစ္ကိုျပန္လည္ စစ္ေဆးၿပီး ေနထိုင္ခြင့္ျပဳတဲ့အမွတ္ တံဆိပ္ ျဖစ္ပါတယ္။

အင္ထရီဝင္ၿပီးသား ပါမစ္ဆိုရင္ ေနာက္ေက်ာဘက္မွာ ေလးေထာင့္တံဆိပ္တံုးေလးနဲ႔ ျပန္လည္စိစစ္ ၿပီးျဖစ္ေၾကာင္း ပါရွိရမွာ ျဖစ္ပါတယ္။အင္ ထရီ မဝင္ရေသးတဲ့ ေျမကြက္ေတြက ေဈး ကြက္အတြင္းမွာေဈးႏႈန္းကဲြလဲြမႈရွိတယ္ လို႔ သိရတယ္။“ ေဈးႏႈန္းမကြာဘူးဆိုရင္ေတာင္ ရာ တန္အကြက္ေတြမွာေဈး ငါးသိန္း၊ ၁၀ သိန္း ကြာတယ္၊ေထာင္တန္ အကြက္ေတြမွာဆိုရင္ အင္ထရီမဝင္ရေသးလို႔ပဲြပ်က္ တာေတြေတာင္ ရွိတယ္”လို႔ျမန္မာ့ရတနာ ေျမ အိမ္ျခံေျမအက်ိဳးေဆာင္မွအမ္ဒီ ကို ဝင္းႏိုင္ဦးက ဆိုပါတယ္။ - ပါမစ္ေျမမွာ စာရြက္စာတမ္းလည္း မွန္ကန္မႈရွိၿပီးအင္ထရီလည္း ဝင္ထား မယ္ဆိုရင္အမည္ေပါက္ပိုင္ရွင္ရဲ႕ မွတ္ပံု တင္ မိတၱဴ၊သန္းေခါင္စာရင္းမိတၱဴ ပါရွိရပါမယ္။အဆိုပါ မိတၱဴေတြကိုလည္း မူရင္းနဲ႔ တိုက္ဆိုင္ စစ္ေဆးသင့္ပါတယ္။

လယ္ေျမ

လယ္ေျမ ဝယ္ယူမယ္ဆိုရင္ေတာ့ လယ္ေျမအတြက္

- အစိုးရကို အခြန္ေပးထားတဲ့ စလစ္၊လယ္ယာေျမမွတ္ပံုတင္ စာအုပ္၊စလစ္ up to date ျဖစ္ မျဖစ္ စစ္ ေဆးရပါမယ္။စလစ္ up to date ဆိုတာကေတာ့ အစိုးရကို အခြန္ေငြေပးသြင္းထား တဲ့ႏွစ္က အနီးဆံုးႏွစ္ ျဖစ္ရပါမယ္။ - လယ္ယာေျမမွာ ပိုင္ဆိုင္မႈ စာရြက္စာ တမ္းဆိုတာ "လယ္ယာေျမ လက္ဝယ္ရွိသူတိုင္း" ရဲ႕လက္ထဲမွာ မရွိႏိုင္ပါဘူး။လယ္ယာေျမကို စိုက္ပ်ိဳးလုပ္ကိုင္တဲ့အေပၚအခြန္ စည္းၾကပ္ခံထားရတဲ့ ေျမခြန္ ေျပစာ သည္သာ ပိုင္ဆိုင္မႈ ျဖစ္ပါတယ္။- အမွန္ တကယ္ လယ္ယာေျမကို လုပ္ကိုင္ေနၿပီးအခြန္စည္းၾကပ္မႈကိုလည္း ထမ္းေဆာင္ထားမယ္ဆိုရင္လယ္ယာေျမ လက္ရွိ ရွိသူအေနနဲ႔ အဂၤ ါရပ္ညီညြတ္ၿပီလို႔ ဆိုႏိုင္ပါ တယ္။လယ္ယာေျမလုပ္ကိုင္သူေတြကို ေျမစာရင္းဌာနကအခြန္စည္းၾကပ္မႈ မွတ္ပံုတင္စာရင္းနဲ႔ ေျမပံုမွာမွတ္သားထား ေလ့ရွိပါတယ္။

- တခ်ိဳ႕လယ္ယာေျမေတြက အခြန္ေျပစာအျပင္ေျမစာရင္းပံုစံ ၁၀၅ ကိုလည္း ေရးကူးရယူထားရွိႏိုင္ပါတယ္။ - ေျမစာရင္းပံုစံ ၁၀၅ ဆိုတာက ေျမစာရင္းဌာနကမွတ္ ပံုတင္စာရင္း၊ ေျမပံု စသည္တို႔မွာ မွတ္သား ထားတဲ့အတိုင္း မွတ္တမ္းထိန္းသိမ္းတဲ့ ေျမစာရင္းဌာန က ပံုစံတူေရးကူးေပးတဲ့ပံုစံ တစ္ခု ျဖစ္ပါတယ္။

ေျမစာရင္းပံုစံ ၁၀၅ မွာ ေျမကြက္နဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြကိုတစုတစည္း သိရွိႏိုင္ပါတယ္။ ပံုစံ ၁၀၅ မွာ ေဖာ္ျပခ်က္အရေျမကြက္တည္ရွိ တဲ့ ၿမိဳ႕၊ ရပ္ကြက္၊ ေက်းရြာ၊ ကြင္း၊ ဧရိယာ၊ေျမအမ်ိဳးအစား စတာေတြကို အလြယ္တကူ သိရွိႏိုင္ပါတယ္။ “လယ္ယာေျမကို စလစ္တစ္ခုတည္းနဲ႔ အေရာင္းအဝယ္လုပ္တာေတြရွိတယ္၊ အဲ ဒါေတြက ေရရွည္မွာ အဆင္မေျပပါဘူး”လို႔ကိုဝင္းႏိုင္ဦးက ဆိုပါတယ္။ - ယခုအခ်ိန္မွာ လယ္ယာေျမကို အရပ္ သေဘာေရာင္းဝယ္ေနၾကၿပီးစာခ်ဳပ္စာ တမ္းမွတ္ပံုတင္႐ံုးမွာ လယ္ယာေျမဥပေဒ သစ္အရမွတ္ပံုတင္ၿပီးမွသာ တရားဝင္ ေဆာင္ရြက္လို႔ရမွာ ျဖစ္တယ္။

လန ၃၉ ေျမ

- လန ၃၉ ဆိုတာက လယ္ယာေျမမွ တစ္ဆင့္ အျခားေျမအျဖစ္ေျပာင္းလဲ အ သံုးျပဳခြင့္ ျပဳထားတဲ့ ေျမအမ်ိဳးအစားျဖစ္ပါ တယ္။ လန ၃၉ ေျမ ဝယ္ယူမယ္ဆိုရင္ လယ္ယာေျမကေန အျခားေျမေျပာင္းလဲ အသံုးျပဳခြင့္ျပဳထားတဲ့ လန ၃၉ စာရြက္ ရွိ ရပါမယ္။ - ဒါမွသာ လယ္ယာေျမကို အိမ္ ယာေျမ၊ စက္မႈထုတ္ကုန္ တစ္ခုခုေျပာင္း လဲ အသံုးျပဳမယ္ဆိုရင္ လန ၃၉ ခ်ထား ေပးတဲ့ စာရြက္ရွိမွအဆင္ေျပမွာ ျဖစ္ပါ တယ္။

တိုက္ခန္းဝယ္မယ္ဆိုရင္

တိုက္ခန္း အေရာင္းအဝယ္ ျပဳလုပ္တဲ့ အခါမွာဆက္စပ္စာခ်ဳပ္တစ္ခုရွိ႐ံု နဲ႔ ပိုင္ ဆိုင္မႈ အေထာက္အထားျပည့္စံုၿပီလို႔ မထင္မွတ္သင့္ပါဘူး။ တိုက္ခန္းအေရာင္း အဝယ္ျပဳလုပ္တဲ့ေနရာ မွာ မရွိမျဖစ္လိုအပ္တဲ့စာရြက္စာတမ္းေတြကေတာ့

- ဆက္စပ္ စာခ်ဳပ္၊

- BCC (လူေနထိုင္ခြင့္)

- ေျမ ရွင္လက္မွတ္

- ေရမီတာ၊ မီးမီတာ စာရြက္စာတမ္းေတြ လို အပ္ပါတယ္။အဲသည္ စာရြက္စာတမ္းေတြ ပါရွိရင္ေတာ့ ပိုင္ဆိုင္မႈ ေသခ်ာႏိုင္တယ္လို႔သိရပါတယ္။

ဘိုးဘြားပိုင္ေျမ

ဘိုးဘြားပိုင္ေျမ ျဖစ္ခဲ့မယ္ဆိုရင္ေတာ့သက္ဆိုင္ရာ ေျမပိုင္ဆိုင္မႈမွတ္တမ္းမွာ ပိုင္ရွင္အျဖစ္မွတ္တမ္းရွိၿပီး ျဖစ္ရမွာ ျဖစ္ ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: The kumudra journal

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service