ရှောက်ရွက်လေးအကြောင်း သိကောင်းစရာ

ရှောက်ရွက်လေးအကြောင်း သိကောင်းစရာ - Property Knowledge in Myanmar from iMyanmarHouse.com
19 Nov 2020 2:15 pm တွင် တင်ခဲ့သည်
11872 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

ထိုင်းအစားအစာတွေတိုင်းလိုလိုမှာတွေ့ရတတ်တဲ့ အမွှေးအကြိုင်တစ်ခုပါ။ တို့ဟူးသုပ်၊ ငါးဖယ်သုပ်၊ကင်းမွန်သုပ်တွေထဲထည့်စားရင်လည်း အနံ့အရသာပြည့်စုံစေတဲ့ ဟင်းခတ်အမွှေးအကြိုင်လေးပေါ့။ တို့စားရင်လည်းမွှေးမွှေးလေးနဲ့ ခံတွင်းရှင်းပါသေးတယ်နော်။ ရှောက်ရွက်ရဲ့ အသုံးတည့်မှုက ဒီလောက်ပဲလား။ ဒီထက်မကတဲ့ ကျန်းမာရေးအကျိုးထူးတွေပိုင်ဆိုင်ထားတဲ့ ရှောက်ရွက်လေးအကြောင်း နည်းနည်းလောက် ဆွေးနွေးကြရအောင်လား။

ရှောက်ရွက်မှာဘာတွေပါလဲ

ရှောက်ရွက်မှာ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်တဲ့ ဗီတာမင် C၊ ရှောက်မျိုးနွယ်ဝင်အပင်တွေမှာ ပါတဲ့ ဗီတာမင် တစ်မျိုးဖြစ်တဲ့ ဗီတာမင် Pတို့အဓိကပါဝင်နေပါတယ်။

ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးတွေရရှိစေနိုင်တာလဲ

ရှောက်ရွက်က ဖလေဗာနွိုက်ကြွယ်ဝစွာပါဝင်နေတာကြောင့် နှလုံးရောဂါနဲ့ ကင်ဆာဝေဒနာခံစားနေရသူတွေအတွက် သင့်တော်ပါတယ်။ အစားများလို့ မအီမသာဖြစ်တာ၊ ပင်ပန်းနုံးချိတာ၊ အော့အန်တာ၊ ဗိုက်မကောင်းတာတွေအတွက်လည်း ရှောက်ရွက်ကို ရေစင်စင်လေးဆေးပြီး ဝါးစားလိုက်ရုံပါ။ ဝမ်းသွားနေသွူအေနေနဲ့ ရှောက်ရွက်နုနုလေးကိုဝါးစားပေးလို့ရသလို ရှောက်ရွက်ပြုတ်ရည်သောက်ပေးလို့လည်းရပါတယ်။ အနာတွေ၊ ပြတ်ရှဒဏ်ရာတွေ အနာစိမ်းတွေဖြစ်တဲ့အခါမှာလည်း အနာကိုပိုးဝင်ကူးစက်တာမျိုးမဖြစ်စေဖို့ ရှောက်ရွက်ကိုရေစင်အောင်ဆေးပြီး သတ္တုရည်ကို စွတ်ပေးလို့ရပါတယ်။ အဆစ်အမြစ်တွေရောင်တာ၊ အကြောအခြင်တွေရောင်ရမ်းနာကျင်တာကိုလည်း သက်သာစေနိုင်ပါသေးတယ်။ သွေးကြောတွေကို ကျန်းမာစေပြီး ကိုယ်ခံအားစနစ်ကိုလည်း ကျန်းမာစေနိုင်ပါတယ်။

အာရုံကြောတွေကျန်းမာစေဖို့ အသုံးပြုလို့ရသလို၊သွေးတိုးတာ၊ အစာခြေစနစ်မှာဖြစ်တဲ့အနာတွေကို သက်သာစေဖို့ အတွက်လည်း အသုံးပြုလို့ရပါတယ်။ ညဘက်အိပ်မပျော်သူတွေအတွက်လည်း အစွမ်းထက်တဲ့သဘာဝဆေးတစ်မျိုးပါ။ အအေးမိတာ၊ အစာမကြေတာ၊ဝမ်းချုပ်တာ၊ ပန်းနာရင်ကြပ်ခံစားနေရတာ၊လေပြွန်ရောင်ရမ်းတာ၊ အသက်ရှုလမ်းကြောင်း ဆိုင်ရာရောဂါခံစားနေရတာ၊ ဗီတာမင် C ချို့တဲ့မှုတွေကို သက်သာစေနိုင်ပါတယ်။ စိတ်ငြိမ်စေပြီး အာရုံကြောတွေကို ကျန်းမာစေနိုင်တဲ့ အာနိသင်လည်းရှိပါတယ်။

ခေါင်းကိုက်တာ၊ ခေါင်းတစ်ခြမ်းကိုက်တာခံစားနေရမယ်ဆိုရင်တော့ ရှောက်ရွက်ကို ရေနွေးဆူဆူထဲမှာ ၁၀ မိနစ်လောက်စိမ်ပြီး ရလာတဲ့ အရည်ကို သောက်ပေးပါ။ နေ့စဉ် နှစ်ခွက်ပုံမှန်သောက်ပေးမယ်ဆိုရင် ခေါင်းကိုက်တာ သက်သာသွားမှပြာ။ ပန်းနာရင်ကြပ်ရှိသူတွေအနေနဲ့လည်း ရှောက်ရွက်ကို ဆေးဖြစ်ဝါးဖြစ်စားပေးသင့်ပါတယ်။

ဒီလောက်ဆိုရင်တော့ ရှောက်ရွက်လေးက ဟင်းလျာတွေကိုပဲ အနံ့အရသာပြည့်စုံစေတာလား၊ ကျန်းမာရေးကိုပါ အထောက်အကူပြုလားဆိုတာကို သဲသဲကွဲကွဲသိလောက်မယ်ထင်ပါတယ်နော်။ ရှောက်ရွက်နုနုလေးတွေကို ကျန်းမာရေးအတွက် စားလိုက်ကြရအောင်လား…….

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 Credit: hellosayarwon

 

 

[Zawgyi]













Credit: hellosayarwon

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
Central Shop House
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service