တခြားသူတွေနဲ့ ဘယ်တော့မှ မျှဝေပြီး မသုံးသင့်တဲ့ တစ်ကိုယ်ရည် အသုံးအဆောင် ပစ္စည်းများ

တခြားသူတွေနဲ့ ဘယ်တော့မှ မျှဝေပြီး မသုံးသင့်တဲ့ တစ်ကိုယ်ရည် အသုံးအဆောင် ပစ္စည်းများ - Property Knowledge in Myanmar from iMyanmarHouse.com
18 Nov 2020 11:55 am တွင် တင်ခဲ့သည်
2685 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

 

[Unicode]

မျှဝေခြင်းက တစ်ယောက်ပေါ် တစ်ယောက် ဂရုစိုက်မှုကို ပြခြင်း ဆိုပေမယ့်လည်း မျှဝေပြီး မသုံးသင့်တဲ့ အရာတွေ ရှိနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မျှဝေပြီး သုံးလို့ မဖြစ်တဲ့ ပစ္စည်းတွေကတော့ ကူးစက်မှုတွေ ဖြစ်မှာ စိုးတာကြောင့်နဲ့ သန့်ရှင်းမှုကို ဦးစားပေးတာကြောင့်ပဲ ဖြစ်ပါတယ်။ တစ်ကိုယ်ရည်သုံး ပစ္စည်းတွေဖြစ်တဲ့ အခုဖော်ပြမယ့်အရာတွေကတော့ မျှဝေသုံးဖို့ လုံးဝ မသင့်လျော်ပါဘူးနော်။

(၁) မျက်နှာသုတ်ပုဝါ

မျက်နှာသုတ်ပုဝါနဲ့ ကိုယ်သုတ်ပုဝါ စတာတွေက ဘုံသုံး ထားလို့ မဖြစ်နိုင်ပါဘူး။ အသားအရေတွေမှာ ရှိတဲ့ ပိုးမွှားတွေ၊ ရောဂါပိုးတွေက ပုဝါတွေကနေ ကူးစက်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ဆီက ပိုးတွေ သူ့ဆီ ထပ်မကူးဖို့နဲ့ သူ့ဆီက ဘတ်တီးရီးယားတွေ ကိုယ့်ဆီ မကူးဖို့ ပုဝါတွေကို မျှပြီး မသုံးသင့်ပါဘူးနော်။

(၂) လက်သည်းညှပ်

ခြေသည်း၊ လက်သည်းတွေက ဘတ်တီးရီးယား အခိုအောင်းဆုံး နေရာ ဖြစ်ပါတယ်။ ဒါကြောင့် လက်သည်းညှပ် တစ်ခုတည်းကို တူတူသုံးတာမျိုး မလုပ်သင့်ပါဘူး။ တကယ်လို့ သုံးမယ်ဆိုရင်လည်း အရက်ပြန်နဲ့ သေချာ သန့်စင်ပြီးမှ သုံးသင့်ပါတယ်။

(၃) ခေါင်းဖြီးတဲ့ ဘီး

ခေါင်းဖြီးတဲ့ဘီးကိုလည်း တူတူ သုံးတာ မလုပ်သင့်ပါဘူး။ ခေါင်းမှာ ရှိတဲ့ ဗောက်နဲ့ တစ်ခြားသော ဦးရေပြား ရောဂါတွေကို ဘီးကနေ တဆင့် ကူးစက်စေနိုင်ပါတယ်။ ဒါ့အပြင် ကလစ်နဲ့ ဘီးကုတ် စတာတွေကို တူတူ သုံးရင်လည်း ကူးစက်နိုင်ပါသေးတယ်။

(၄) နားကြပ်

တစ်ယောက် နားကြပ် တစ်ယောက် ယူသုံးတာမျိုး၊ ခဏငှားသုံးတာမျိုးလည်း ကျန်းမာရေးနဲ့ မသင့်တော်ပါဘူး။ နားဖာချေးတွေကနေ ပေါက်ဖွားတဲ့ ဘတ်တီးရီးယားတစ်မျိုး ပြန့်နှံ့ မသွားစေဖို့အတွက် ကိုယ့်နားကြပ် ကိုယ်သုံးတာ အကောင်းဆုံးပါပဲ။

(၅) အလှပြင်ပစ္စည်း

ဆဲလ်သေတွေကနေ ဖြစ်တဲ့ ဘတ်တီးရီးယားတွေ မကူးဖို့အတွက် မျက်နှာလိမ်းတဲ့ ဘရှက်တွေ၊ တို့ဖက် စတာတွေကိုလည်း မျှပြီး မသုံးရပါဘူး။ ဝက်ခြံဖြစ်စေတဲ့ ဘတ်တီးရီးယားတွေ ကူးတာမျိုးလည်း ဖြစ်တတ်လို့ မျှ မသုံးလေ ကောင်းလေပါပဲနော်။

(၆) နှုတ်ခမ်းနီ

မိန်းကလေးတွေ အတော်များများက နှုတ်ခမ်းနီကို မျှသုံးတာမျိုး ပြုလုပ်တတ်ကြပါတယ်။ တကယ့်တော့ ဒီအချက်က အရမ်းကို အန္တရာယ်များတဲ့ အချက်ပါပဲ။ နှုတ်ခမ်းရေယုန်ဖြစ်တာမျိုးကိုလည်း ကူးစက်စေနိုင်ပါသေးတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Crediit: AuntyMay

 

[Zawgyi]



(၁) မျက်နှာသုတ်ပုဝါ


(၂) လက်သည်းညှပ်


(၃) ခေါင်းဖြီးတဲ့ ဘီး


(၄) နားကြပ်


(၅) အလှပြင်ပစ္စည်း


(၆) နှုတ်ခမ်းနီ





Crediit: AuntyMay

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
42 Mini Condo
Central Shop House

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service