အရက်ပြန်နှင့် ပတ်သက်ပြီး သိသင့်သည်များ

အရက်ပြန်နှင့် ပတ်သက်ပြီး သိသင့်သည်များ - Property Knowledge in Myanmar from iMyanmarHouse.com
8 Nov 2020 11:48 am တွင် တင်ခဲ့သည်
4771 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

မြန်မာနိုင်ငံမှာ ကိုဗစ်ပိုးတွေ့လူနာမြင့်တက်လာတာကြောင့်  အိမ်ထဲမှာ အနေများ တာ၊ အိမ်ပြင်ထွက်ရင် mask တပ်တာ၊ လက်ကို ဆပ်ပြာ ဒါမှမဟုတ် အယ်လ်ကိုဟော ပါဝင်တဲ့ Hand gel နဲ့ ဆေးကြောတာ၊ မိမိလက်ကိုင်ဖုန်းနဲ့ မိမိလက်နဲ့ ထိတွေမိတဲ့ မျက်နှာပြင်တွေကို အရက်ပြန်နဲ့ ပွတ်တိုက်တာတွေကို ပြုလုပ်လာကြပါတယ်။ အရက်ပြန်နဲ့ ပွတ်တိုက်တာက ဒီလိုအကျိုးကျေးဇူးတွေအပြင် တခြားအသုံးပြု နိုင်တာလည်းရှိတာမို့ သိသင့်တာလေးတွေရှိတာမို့ ဖော်ပြပေးလိုက်ပါတယ်။

၁။ ပြင်းအားများတိုင်း မကောင်းပါ

ပစ္စည်းတွေကို ပိုးမွှားသန့်စင်ဖို့ ၇၀ % ဒါမှမဟုတ် ၉၉ % isopropyl alcohol ပါဝင်တဲ့ အရက်ပြန်ကို ဝယ်ယူ အသုံးပြုကြပါတယ်။ အယ်လ်ကိုဟော ရာခိုင်နှုန်း မြင့်မားစွာ ပါဝင်တာက ပိုပြီးထိရောက်မယ်လို့ ထင် မှတ်ထားကြပေမယ့် အမှန်တကယ်တော့ ပိုးသတ်ဖို့အတွက် ၇၀ % က ပိုပြီးကောင်း မွန်တယ်လို့ သိရပါတယ်။ သူ့မှာ ရေပိုမိုပါဝင်တဲ့အတွက် အယ်လ်ကိုဟောက ဖြည်း ဖြည်းချင်း ပျော်ဝင်သွားကာ ဆဲလ်ထဲကို ထိုးဖောက်ဝင်ရောက်ပြီး ဘက်တီးရီးယား ကို သတ်ပစ်နိုင်တာကြောင့်ပါ။ သင် အသုံးပြုတဲ့ အရက်ပြန်က အယ်လ်ကိုဟောပါဝင်နှုန်း ၈၀-၈၅ % ထက် ကျော်လွန်သွားရင် ပိုးသတ်နိုင်စွမ်းကျဆင်းသွားပါတယ်။

၂။ အပင်ပေါ်က ပိုးကောင်တွေကို ဖယ်ရှားနိုင်ပါတယ်

သင့်အိမ်တွင်းက အပင်တွေမှာ ပိုးကောင်တွေ ရှိနေရင် အရက်ပြန်နဲ့ ပွတ်ပေးနိုင်ပါတယ်။ ဒီလို ပြုလုပ်တာက အဆိပ်အတောက်ကင်းစင်ပြီး သဘာဝနည်းအတိုင်း ပိုးမွှားတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

၃။ ခွဲစိတ်အပြီး ပျို့အန်တာ ကို သက်သာနိုင်ပါတယ်

ခွဲစိတ်ကုသမှု ခံယူအပြီးမှာ ပျို့အန်ချင်လာတာက မေ့ဆေးရဲ့ဆိုးကျိုးကြောင့်ပါ။ အယ်လ်ကိုဟော pad နဲ့ ပွတ်တိုက်ထားတဲ့ ရနံ့ကို ရှူလိုက်တာက ပျို့အန်ချင် တာ သက်သာနိုင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ ပျို့အန်ပျောက်ဆေးဝါး အသုံးပြုတာထက်လည်း ထိရောက်မှု ပိုပြီးမြန်ဆန်ပါတယ်။

၄။ အဖျားမကျနိုင်ပါဘူး

ဟိုးအရင်တုန်းက ကလေးတွေအဖျားကျဆင်းဖို့အတွက် ကလေးရဲ့အရေပြားကို အရက်ပြန်နဲ့ ပွတ်တိုက်ပေးတတ်ကြပါတယ်။ အခုအခါမှာတော့ ဒီလိုပြုလုပ်တာက ကလေးအတွက် အန္တရာယ်များလွန်းတယ်လို့ သိပ္ပံပညာရှင်တွေက ထုတ်ဖော်လိုက်ပါတယ်။ အရက်ပြန်က ကလေးရဲ့အရေပြားထဲကို စိမ့်ဝင်ပြီး အယ်လ်ကိုဟောအဆိပ်အ တောက်ဖြစ်တာ၊ သတိလစ်မေ့မျောသွားတာနဲ့ သေဆုံးတဲ့အထိ ဖြစ်နိုင်တယ်လို့ ဆိုပါ တယ်။ အထူးသဖြင့် နို့စို့ကလေးနဲ့ အသက်ငယ်လွန်းတဲ့ကလေးတွေမှာပါ။

၅။ မင်စွန်းရာကို ဖယ်ရှားနိုင်ပါတယ်

သင့်အဝတ်အစားတွေပေါ်မှာ မင်စွန်းသွားရင် အယ်လ်ကိုဟောနဲ့ ဖယ်ရှားနိုင်ပါတယ်။ မင်မခြောက်သွေ့ခင်မှာ ပြုလုပ်ပါ။ မင်စွမ်းရာပေါ်မှာ အယ်လ်ကိုဟော pad နဲ့ ဖုံးအုပ်ပါ။ pad ပေါ်မှာ မင်တွေ ပြည့်သွားရင် အသစ်တစ်ခုလဲလှယ်ပြီး မင်စွန်းတာကုန်သွားတဲ့အထိ ပြုလုပ်ပါ။ မင်စွန်းရာအဟောင်းကိုတော့ ဖယ်ရှားဖို့ ခက်ခဲနိုင်ပါတယ်။

၆။ သင့်အိမ်ကို သန့်ရှင်းရေး ပြုလုပ်ရာမှာ အသုံးပြုနိုင်ပါတယ်

မှန်နဲ့ မှန်တံခါးတွေကို သန့်ရှင်းရေးပြုလုပ်ဖို့ အရက်ပြန်တစ်ပိုင့်ကို ပန်းကန် ဆေးဆပ်ပြာရည် လက်ဖက်ရည်ဇဃန်း တစ်ဝက်၊ အမိုးနီးယားခွက်တစ်ဝက်စာနဲ့ ရောစပ်ပြီး ရေ တစ်ဂါလန်ထည့်ကာ Spray ဘူးထဲထည့်ကာ အသုံးပြုပါ။

၇။ အအေးကပ်ဖို့ အသုံးပြုနိုင်ပါတယ်

ထိခိုက်ဒဏ်ရာပေါ်မှာ အအေးကပ်ဖို့ အရက်ပြန်ကို အောက်ပါအတိုင်း အသုံးပြု ပါ။ ပလတ်စတစ် Zip plot အိပ်တစ်ခုထဲကို ၇၀ % အရက်ပြန်နဲ့ ရေကို ဆတူအချိုး ထည့်ပြီး ရေခဲသေတ္တာထဲက ရေခဲတဲ့ နေရာမှာထည့်ထားပါ။ အပြာရောင်လေး ဖြစ် ချင်ရင်တော့ ဆိုးဆေးအပြာ (Blue food coloring) ထည့်လိုက်ပါ။ အဆစ်လွဲတာ၊ အရွတ်ထိခိုက်တာတွေအတွက် အသုံးဝင်ပါတယ်။

၈။ အစွန်းချွတ်ဆေး၊ အရောင်ချွတ်ဆေးတွေနဲ့ အတူတူ အသုံးမပြုပါနဲ့

အယ်လ်ကိုဟောကို အစွန်းချွတ်ဆေးတွေနဲ့ အတူတူတွဲပြီး ဘယ်တော့မှ အသုံး မပြုပါနဲ့။ အဆုတ်ထိခိုက်နိုင်တဲ့ အန္တရာယ်ရှိတဲ့ ဂက်စ်တွေ ထွက်လာနိုင်လို့ပါ။ ဒီ ဂက်စ်ကြောင့် မျက်စိ၊ လည်ချောင်းနဲ့ အဆုတ်မှာ ပူစပ်ပူလောင် ဖြစ်နိုင်ပါတယ်။

၉။ မျက်နှာပြင် အများစုကို ပိုးသန့်စင်နိုင်ပါတယ်

အယ်လ်ကိုဟောနဲ့ ရေကို ဆတူရောစပ်ပြီး ဂရင်းနိုက်နဲ့ ကြွေပြားတွေလို မာကျောတဲ့ မျက်နှာပြင်တွေကို ပိုးသန့်စင်ဖို့ အသုံးပြုနိုင်ပါတယ်။ တချို့ဆေးရုံတွေမှာ တော့ နားကြပ်၊ အဖျားတိုင်းသာမိုမီတာနဲ့ ကပ်ကြေးတွေကို အရက်ပြန်နဲ့ ပိုးသတ်ကြ ပါတယ်။ ကျွမ်းကျင်သူတွေကတော့ ဆေးခန်းသုံးနဲ့ ခွဲစိတ်ခန်းသုံးပစ္စည်းတွေကို အ ရက်ပြန်နဲ့ ပိုးသတ်တာကို အားမပေးပါဘူး။ အရက်ပြန်က ဘက်တီးရီးယားမျိုးမှုန်တွေကို မသတ်ပစ်နိုင်တဲ့အတွက် ရောဂါကူးစက်နိုင်တာကြောင့်လို့ ဆိုပါတယ်။

၁၀။ Hand sanitizer ပြုလုပ် နိုင်ပါတယ်

Hand sanitizer ကို မိမိကိုယ်တိုင် ပြုလုပ်နိုင်ဖို့ ခွက်တစ်ခွက်ရဲ့ သုံးပုံ နှစ်ပုံစာ အယ်လ်ကိုဟောကို ခွက်ရဲ့ သုံးပုံတစ်ပုံစာ ရေနဲ့ သေချာ နှံစပ်အောင် ရောစပ်ပြီး ပု လင်းထဲထည့်ထားကာ အသုံးပြုပါ။

၁၁။ နားပိုးဝင်တာ သက်သာနိုင်ပါတယ်

အယ်လ်ကိုဟောနဲ့ ရှလကာရည်ကို ဆတူရောစပ်ပြီး ရလာတဲ့ အရည်ကို နားရွက် ထဲကို အစက်အနည်းငယ်ချပြီး နားရွက်ကို တစ်ဖက်စောင်းပြီး ပြန်ထုတ်ပါ။ နားထဲ ရေဝင်နေရင် ခြောက်သွေ့သွားနိုင်ပြီး ရောဂါပိုးဝင်နေရင်လည်း နားရဲ့ pH ကို ပုံမှန် ဖြစ်စေပါတယ်။

၁၂။ သစ်သားနဲ့ သရေပေါ် အသုံးမပြုပါနဲ့

အရက်ပြန်ကို သစ်သားပေါ်မှာ ပွတ်တိုက်ရင် သစ်သားပျက်စီးနိုင်သလို သရေ ပေါ်မှာ အသုံးပြုခဲ့ရင်လည်း အရောင်ကျွတ်သွားတာနဲ့ အဖတ်ကွာကြတာတွေ ဖြစ်ပြီး ပျက်စီးနိုင်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Cedit: ဒေါက်တာခင်မိုးမိုး

[Zawgyi]

အရက္ျပန္ႏွင့္ ပတ္သက္ၿပီး သိသင့္သည္မ်ား

ျမန္မာႏိုင္ငံမွာ ကိုဗစ္ပိုးေတြ႕လူနာျမင့္တက္လာတာေၾကာင့္  အိမ္ထဲမွာ အေနမ်ား တာ၊ အိမ္ျပင္ထြက္ရင္ mask တပ္တာ၊ လက္ကို ဆပ္ျပာ ဒါမွမဟုတ္ အယ္လ္ကိုေဟာ ပါဝင္တဲ့ Hand gel နဲ႔ ေဆးေၾကာတာ၊ မိမိလက္ကိုင္ဖုန္းနဲ႔ မိမိလက္နဲ႔ ထိေတြမိတဲ့ မ်က္ႏွာျပင္ေတြကို အရက္ျပန္နဲ႔ ပြတ္တိုက္တာေတြကို ျပဳလုပ္လာၾကပါတယ္။ အရက္ျပန္နဲ႔ ပြတ္တိုက္တာက ဒီလိုအက်ိဳးေက်းဇူးေတြအျပင္ တျခားအသုံးျပဳ ႏိုင္တာလည္း႐ွိတာမို႔ သိသင့္တာေလးေတြ႐ွိတာမို႔ ေဖာ္ျပေပးလိုက္ပါတယ္။

၁။ ျပင္းအားမ်ားတိုင္း မေကာင္းပါ

ပစၥည္းေတြကို ပိုးမႊားသန္႔စင္ဖို႔ ၇၀ % ဒါမွမဟုတ္ ၉၉ % isopropyl alcohol ပါဝင္တဲ့ အရက္ျပန္ကို ဝယ္ယူ အသုံးျပဳၾကပါတယ္။ အယ္လ္ကိုေဟာ ရာခိုင္ႏႈန္း ျမင့္မားစြာ ပါဝင္တာက ပိုၿပီးထိေရာက္မယ္လို႔ ထင္ မွတ္ထားၾကေပမယ့္ အမွန္တကယ္ေတာ့ ပိုးသတ္ဖို႔အတြက္ ၇၀ % က ပိုၿပီးေကာင္း မြန္တယ္လို႔ သိရပါတယ္။ သူ႕မွာ ေရပိုမိုပါဝင္တဲ့အတြက္ အယ္လ္ကိုေဟာက ျဖည္း ျဖည္းခ်င္း ေပ်ာ္ဝင္သြားကာ ဆဲလ္ထဲကို ထိုးေဖာက္ဝင္ေရာက္ၿပီး ဘက္တီးရီးယား ကို သတ္ပစ္ႏိုင္တာေၾကာင့္ပါ။ သင္ အသုံးျပဳတဲ့ အရက္ျပန္က အယ္လ္ကိုေဟာပါဝင္ႏႈန္း ၈၀-၈၅ % ထက္ ေက်ာ္လြန္သြားရင္ ပိုးသတ္ႏိုင္စြမ္းက်ဆင္းသြားပါတယ္။

၂။ အပင္ေပၚက ပိုးေကာင္ေတြကို ဖယ္႐ွားႏိုင္ပါတယ္

သင့္အိမ္တြင္းက အပင္ေတြမွာ ပိုးေကာင္ေတြ ႐ွိေနရင္ အရက္ျပန္နဲ႔ ပြတ္ေပးႏိုင္ပါတယ္။ ဒီလို ျပဳလုပ္တာက အဆိပ္အေတာက္ကင္းစင္ၿပီး သဘာဝနည္းအတိုင္း ပိုးမႊားေတြကို ဖယ္႐ွားေပးႏိုင္ပါတယ္။

၃။ ခြဲစိတ္အၿပီး ပ်ိဳ႕အန္တာ ကို သက္သာႏိုင္ပါတယ္

ခြဲစိတ္ကုသမႈ ခံယူအၿပီးမွာ ပ်ိဳ႕အန္ခ်င္လာတာက ေမ့ေဆးရဲ႕ဆိုးက်ိဳးေၾကာင့္ပါ။ အယ္လ္ကိုေဟာ pad နဲ႔ ပြတ္တိုက္ထားတဲ့ ရနံ႔ကို ႐ွဴလိုက္တာက ပ်ိဳ႕အန္ခ်င္ တာ သက္သာႏိုင္တယ္လို႔ ေလ့လာမႈေတြအရ သိရပါတယ္။ ပ်ိဳ႕အန္ေပ်ာက္ေဆးဝါး အသုံးျပဳတာထက္လည္း ထိေရာက္မႈ ပိုၿပီးျမန္ဆန္ပါတယ္။

၄။ အဖ်ားမက်ႏိုင္ပါဘူး

ဟိုးအရင္တုန္းက ကေလးေတြအဖ်ားက်ဆင္းဖို႔အတြက္ ကေလးရဲ႕အေရျပားကို အရက္ျပန္နဲ႔ ပြတ္တိုက္ေပးတတ္ၾကပါတယ္။ အခုအခါမွာေတာ့ ဒီလိုျပဳလုပ္တာက ကေလးအတြက္ အႏၲရာယ္မ်ားလြန္းတယ္လို႔ သိပၸံပညာ႐ွင္ေတြက ထုတ္ေဖာ္လိုက္ပါတယ္။ အရက္ျပန္က ကေလးရဲ႕အေရျပားထဲကို စိမ့္ဝင္ၿပီး အယ္လ္ကိုေဟာအဆိပ္အ ေတာက္ျဖစ္တာ၊ သတိလစ္ေမ့ေမ်ာသြားတာနဲ႔ ေသဆုံးတဲ့အထိ ျဖစ္ႏိုင္တယ္လို႔ ဆိုပါ တယ္။ အထူးသျဖင့္ ႏို႔စို႔ကေလးနဲ႔ အသက္ငယ္လြန္းတဲ့ကေလးေတြမွာပါ။

၅။ မင္စြန္းရာကို ဖယ္႐ွားႏိုင္ပါတယ္

သင့္အဝတ္အစားေတြေပၚမွာ မင္စြန္းသြားရင္ အယ္လ္ကိုေဟာနဲ႔ ဖယ္႐ွားႏိုင္ပါတယ္။ မင္မေျခာက္ေသြ႕ခင္မွာ ျပဳလုပ္ပါ။ မင္စြမ္းရာေပၚမွာ အယ္လ္ကိုေဟာ pad နဲ႔ ဖုံးအုပ္ပါ။ pad ေပၚမွာ မင္ေတြ ျပည့္သြားရင္ အသစ္တစ္ခုလဲလွယ္ၿပီး မင္စြန္းတာကုန္သြားတဲ့အထိ ျပဳလုပ္ပါ။ မင္စြန္းရာအေဟာင္းကိုေတာ့ ဖယ္႐ွားဖို႔ ခက္ခဲႏိုင္ပါတယ္။

၆။ သင့္အိမ္ကို သန္႔႐ွင္းေရး ျပဳလုပ္ရာမွာ အသုံးျပဳႏိုင္ပါတယ္

မွန္နဲ႔ မွန္တံခါးေတြကို သန္႔႐ွင္းေရးျပဳလုပ္ဖို႔ အရက္ျပန္တစ္ပိုင့္ကို ပန္းကန္ ေဆးဆပ္ျပာရည္ လက္ဖက္ရည္ဇဃန္း တစ္ဝက္၊ အမိုးနီးယားခြက္တစ္ဝက္စာနဲ႔ ေရာစပ္ၿပီး ေရ တစ္ဂါလန္ထည့္ကာ Spray ဘူးထဲထည့္ကာ အသုံးျပဳပါ။

၇။ အေအးကပ္ဖို႔ အသုံးျပဳႏိုင္ပါတယ္

ထိခိုက္ဒဏ္ရာေပၚမွာ အေအးကပ္ဖို႔ အရက္ျပန္ကို ေအာက္ပါအတိုင္း အသုံးျပဳ ပါ။ ပလတ္စတစ္ Zip plot အိပ္တစ္ခုထဲကို ၇၀ % အရက္ျပန္နဲ႔ ေရကို ဆတူအခ်ိဳး ထည့္ၿပီး ေရခဲေသတၱာထဲက ေရခဲတဲ့ ေနရာမွာထည့္ထားပါ။ အျပာေရာင္ေလး ျဖစ္ ခ်င္ရင္ေတာ့ ဆိုးေဆးအျပာ (Blue food coloring) ထည့္လိုက္ပါ။ အဆစ္လြဲတာ၊ အ႐ြတ္ထိခိုက္တာေတြအတြက္ အသုံးဝင္ပါတယ္။

၈။ အစြန္းခြၽတ္ေဆး၊ အေရာင္ခြၽတ္ေဆးေတြနဲ႔ အတူတူ အသုံးမျပဳပါနဲ႔

အယ္လ္ကိုေဟာကို အစြန္းခြၽတ္ေဆးေတြနဲ႔ အတူတူတြဲၿပီး ဘယ္ေတာ့မွ အသုံး မျပဳပါနဲ႔။ အဆုတ္ထိခိုက္ႏိုင္တဲ့ အႏၲရာယ္႐ွိတဲ့ ဂက္စ္ေတြ ထြက္လာႏိုင္လို႔ပါ။ ဒီ ဂက္စ္ေၾကာင့္ မ်က္စိ၊ လည္ေခ်ာင္းနဲ႔ အဆုတ္မွာ ပူစပ္ပူေလာင္ ျဖစ္ႏိုင္ပါတယ္။

၉။ မ်က္ႏွာျပင္ အမ်ားစုကို ပိုးသန္႔စင္ႏိုင္ပါတယ္

အယ္လ္ကိုေဟာနဲ႔ ေရကို ဆတူေရာစပ္ၿပီး ဂရင္းႏိုက္နဲ႔ ေႂကြျပားေတြလို မာေက်ာတဲ့ မ်က္ႏွာျပင္ေတြကို ပိုးသန္႔စင္ဖို႔ အသုံးျပဳႏိုင္ပါတယ္။ တခ်ိဳ႕ေဆး႐ုံေတြမွာ ေတာ့ နားၾကပ္၊ အဖ်ားတိုင္းသာမိုမီတာနဲ႔ ကပ္ေၾကးေတြကို အရက္ျပန္နဲ႔ ပိုးသတ္ၾက ပါတယ္။ ကြၽမ္းက်င္သူေတြကေတာ့ ေဆးခန္းသုံးနဲ႔ ခြဲစိတ္ခန္းသုံးပစၥည္းေတြကို အ ရက္ျပန္နဲ႔ ပိုးသတ္တာကို အားမေပးပါဘူး။ အရက္ျပန္က ဘက္တီးရီးယားမ်ိဳးမႈန္ေတြကို မသတ္ပစ္ႏိုင္တဲ့အတြက္ ေရာဂါကူးစက္ႏိုင္တာေၾကာင့္လို႔ ဆိုပါတယ္။

၁၀။ Hand sanitizer ျပဳလုပ္ ႏိုင္ပါတယ္

Hand sanitizer ကို မိမိကိုယ္တိုင္ ျပဳလုပ္ႏိုင္ဖို႔ ခြက္တစ္ခြက္ရဲ႕ သုံးပုံ ႏွစ္ပုံစာ အယ္လ္ကိုေဟာကို ခြက္ရဲ႕ သုံးပုံတစ္ပုံစာ ေရနဲ႔ ေသခ်ာ ႏွံစပ္ေအာင္ ေရာစပ္ၿပီး ပု လင္းထဲထည့္ထားကာ အသုံးျပဳပါ။

၁၁။ နားပိုးဝင္တာ သက္သာႏိုင္ပါတယ္

အယ္လ္ကိုေဟာနဲ႔ ႐ွလကာရည္ကို ဆတူေရာစပ္ၿပီး ရလာတဲ့ အရည္ကို နား႐ြက္ ထဲကို အစက္အနည္းငယ္ခ်ၿပီး နား႐ြက္ကို တစ္ဖက္ေစာင္းၿပီး ျပန္ထုတ္ပါ။ နားထဲ ေရဝင္ေနရင္ ေျခာက္ေသြ႕သြားႏိုင္ၿပီး ေရာဂါပိုးဝင္ေနရင္လည္း နားရဲ႕ pH ကို ပုံမွန္ ျဖစ္ေစပါတယ္။

၁၂။ သစ္သားနဲ႔ သေရေပၚ အသုံးမျပဳပါနဲ႔

အရက္ျပန္ကို သစ္သားေပၚမွာ ပြတ္တိုက္ရင္ သစ္သားပ်က္စီးႏိုင္သလို သေရ ေပၚမွာ အသုံးျပဳခဲ့ရင္လည္း အေရာင္ကြၽတ္သြားတာနဲ႔ အဖတ္ကြာၾကတာေတြ ျဖစ္ၿပီး ပ်က္စီးႏိုင္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Cedit: ေဒါက္တာခင္မိုးမိုး

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
42 Mini Condo
Central Shop House

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service