အိမ်ခြံမြေပိုင်ဆိုင်မှုအငြင်းပွားနေသည့်ကိစ္စတွင် တရားရုံး၌အမှုရင်ဆိုင်နေစဉ် ရောင်းချခြင်းမပြုလုပ်နိုင်ရန်အတွက် တားဝရမ်းလျှောက်ထားခြင်းကိစ္စ

အိမ်ခြံမြေပိုင်ဆိုင်မှုအငြင်းပွားနေသည့်ကိစ္စတွင် တရားရုံး၌အမှုရင်ဆိုင်နေစဉ် ရောင်းချခြင်းမပြုလုပ်နိုင်ရန်အတွက် တားဝရမ်းလျှောက်ထားခြင်းကိစ္စ - Property Knowledge in Myanmar from iMyanmarHouse.com
14 Oct 2020 1:39 pm တွင် တင်ခဲ့သည်
1976 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

အိမ်ခြံမြေပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးတရားရုံးမှု အမွေခွဲဝေလိုမှု၊ ပစ္စည်းလက်ရောက်ရလိုမှုများစွဲဆိုရင်ဆိုင်နေချိန်တွင် အမှုသည်တစ်ဖက်ဖက်မှ နောက်တစ်ဖက်မသိအောင် အချင်းဖြစ်ဥပစာကိုတိတ်တဆိတ် ရောင်းချခြင်းများဆောင်ရွက်ကြတာတွေရှိပါတယ်။ ထိုသို့ အမှုရင်ဆိုင်နေစဉ် ရောင်းချခြင်းဆောင်ရွက်မရနိုင်အောင် အမှုသည်ဘက်မှ အချင်းဖြစ်ပစ္စည်းနှင့်ပတ်သက်ပြီးတားဝရမ်းလျှောက်ထားရန်လိုအပ်မည်ဖြစ်ပါသည်။

တားဝရမ်းဆိုသည်မှာ အမိန့်တွင်ပါရှိသည့် အရေးကြီးသော ပြုမူချက်ကို တစ်ဖက်အမှုသည်မှပြုလုပ်ရန် (သို့မဟုတ်) မပြုလုပ်ရန် တရားရုံး၏ အမိန့်တစ်ရပ်ဖြစ်သည်။ တားဝရမ်း (၂)မျိုးရှိပါသည်။ ယာယီတားဝရမ်းနှင့် ထာဝရတားဝရမ်းဟူ၍ဖြစ်ပါသည်။ တားဝရမ်းသည် အမှုသည်များကို အကာအကွယ်ပေးသော သက်သာခွင့်တစ်ရပ်ဖြစ်ပါသည်။

ယာယီတားဝရမ်း၏ အဓိကရည်ရွယ်ချက်မှာ အမှုတစ်ခုစစ်ဆေးနေစဉ်အတွင်းနောက်ဆုံးစီရင်ချက်နှင့် ဒီကရီမချမှတ်မီအမှုဖြစ်ပွားသောအချင်းဖြစ်ပစ္စည်းသည် ပျောက်ပျက်ပြောင်းလဲခြင်းမရှိ၊ နဂိုမူလ အခြေအနေအတိုင်း ထားရှိစေရန် ထိန်းသိမ်းရခြင်းဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုလျှင် ရောင်းချခြင်း၊ လွှဲပြောင်းခြင်း၊ ပေးကမ်းခြင်းမပြုရလို့ တရားရုံးကတားမြစ်မိန့်ထုတ်ဆင့်ပေးခြင်းဖြစ်သည်။ ယာယီတားဝရမ်းသည် ဖြစ်ပွားလျက်ရှိသော တရားမမှု ဆုံးခန်းတိုင်ရောက်သည်အထိ ဖြစ်သည်။

တရားမမှုကြီးမှုတွင် အမှုမပြီးပြတ်မီအတောအတွင်း လျှောက်လွှာဖြင့် လျှောက်ထားနိုင်ပြီးကြားဖြတ်အမိန့်ချမှတ်၍ယာယီတားဝရမ်းကိုဥပဒေနှင့်အညီထုတ်ပေးသည်။ ယာယီတားဝရမ်းကိုသက်ဆိုင်ရာအချင်းဖြစ်ပစ္စည်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် တားဝရမ်းအမိန့်ကိုကပ်ထားရပါသည်။ တရားမကျင့်ထုံး အမိန့် ၃၉ တွင် မည်သို့ ဆောင်ရွက်ရမည်ကို ပြဋ္ဌာန်းထားပါသည်။ တရားမထွေထွေအမှုသီးခြားလျှောက်ထားရန်မလိုပါ။

ထာဝရတားဝရမ်းဆိုသည်မှာတရားရုံး၌အမှုတစ်ရပ်နှင့်ပတ်သတ်၍အပြီးအပြတ်ချမှတ်ခြင်းနှင့် တူညီသောအမိန့်တစ်ရပ်ဖြစ်သည်။ ယင်းသို့တားမြစ်ရာတွင် ပိုင်ဆိုင်ခွင့်ကိုသတ်မှတ်ရာလည်းရောက်သည်။ ဆိုလိုသည်မှာတရားပြိုင်သည် တရားလို၏ အကျိုးစီးပွားကိုနှောင့်ယှက်ခြင်းအားအမြဲထာဝစဉ်မပြုလုပ်ရန်ဖြစ်သည်။ သို့ဖြစ်၍ထာဝရတားဝရမ်းအမိန့်ကိုတရားစီရင်ဆုံးဖြတ်ပြီးနောက်ပိုင်းတွင်မှ ထုတ်ပေးခွင့်ရှိသည်။ ထာဝရတားဝရမ်းကိုမူ သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ ၅၄မှ ၅၇ တွင် ပြဋ္ဌာန်းထားကာ တရားရုံးတော်က ဒီကရီချမှတ်ပေးရပါသည်။

တရားရုံးတွင် ရင်ဆိုင်နေသည့် အမှုကိုအမိန့်ချအဆုံးအဖြတ်ပေးပြီးသည့်အခါမှသာယာယီတားဝရမ်းကိုဝရမ်းခွာပေးဖို့လျှောက်ထားနိုင်မှာဖြစ်ပါသည်။ ထိုသို့ယာယီတားဝရမ်းလျှောက်ထားခြင်းဖြင့် အချင်းဖြစ် ပစ္စည်းကိုအမှုရင်ဆိုင်နေစဉ်ကာလအတွင်းရောင်းချခြင်းမှ ကာကွယ်နိုင်မည်ဖြစ်ကြောင်းဥပဒေဗဟုသုတရရှိစေရန် ရေးသားဖော်ပြအပ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

အိမ္ျခံေျမပိုင္ဆိုင္မႈအျငင္းပြားေနသည့္ကိစၥတြင္ တရားရံုး၌အမႈရင္ဆိုင္ေနစဥ္ ေရာင္းခ်ျခင္းမျပဳလုပ္ႏိုင္ရန္အတြက္ တားဝရမ္းေလွ်ာက္ထားျခင္းကိစၥ

အိမ္ျခံေျမပိုင္ဆိုင္မႈနဲ႔ပတ္သက္ၿပီးတရားရံုးမႈ အေမြခြဲေဝလိုမႈ၊ ပစၥည္းလက္ေရာက္ရလိုမႈမ်ားစြဲဆိုရင္ဆိုင္ေနခ်ိန္တြင္ အမႈသည္တစ္ဖက္ဖက္မွ ေနာက္တစ္ဖက္မသိေအာင္ အခ်င္းျဖစ္ဥပစာကိုတိတ္တဆိတ္ ေရာင္းခ်ျခင္းမ်ားေဆာင္ရြက္ၾကတာေတြရွိပါတယ္။ ထိုသုိ႔ အမႈရင္ဆိုင္ေနစဥ္ ေရာင္းခ်ျခင္းေဆာင္ရြက္မရႏိုင္ေအာင္ အမႈသည္ဘက္မွ အခ်င္းျဖစ္ပစၥည္းႏွင့္ပတ္သက္ၿပီးတားဝရမ္းေလွ်ာက္ထားရန္လိုအပ္မည္ျဖစ္ပါသည္။

တားဝရမ္းဆိုသည္မွာ အမိန္႔တြင္ပါရွိသည္႔ အေရးႀကီးေသာ ျပဳမူခ်က္ကို တစ္ဖက္အမႈသည္မွျပဳလုပ္ရန္ (သို႔မဟုတ္) မျပဳလုပ္ရန္ တရား႐ုံး၏ အမိန္႔တစ္ရပ္ျဖစ္သည္။ တားဝရမ္း (၂)မ်ဳိးရွိပါသည္။ ယာယီတားဝရမ္းႏွင္႔ ထာဝရတားဝရမ္းဟူ၍ျဖစ္ပါသည္။ တားဝရမ္းသည္ အမႈသည္မ်ားကို အကာအကြယ္ေပးေသာ သက္သာခြင္႔တစ္ရပ္ျဖစ္ပါသည္။

ယာယီတားဝရမ္း၏ အဓိကရည္ရြယ္ခ်က္မွာ အမႈတစ္ခုစစ္ေဆးေနစဥ္အတြင္းေနာက္ဆံုးစီရင္ခ်က္ႏွင့္ ဒီကရီမခ်မွတ္မီအမႈျဖစ္ပြားေသာအခ်င္းျဖစ္ပစၥည္းသည္ ေပ်ာက္ပ်က္ေျပာင္းလဲျခင္းမရွိ၊ နဂိုမူလ အေျခအေနအတိုင္း ထားရွိေစရန္ ထိန္းသိမ္းရျခင္းျဖစ္သည္။ တစ္နည္းအားျဖင့္ဆိုလွ်င္ ေရာင္းခ်ျခင္း၊ လႊဲေျပာင္းျခင္း၊ ေပးကမ္းျခင္းမျပဳရလို႔ တရားရံုးကတားျမစ္မိန္႔ထုတ္ဆင့္ေပးျခင္းျဖစ္သည္။ ယာယီတားဝရမ္းသည္ ျဖစ္ပြားလ်က္ရွိေသာ တရားမမႈ ဆုံးခန္းတိုင္ေရာက္သည္အထိ ျဖစ္သည္။

တရားမမႈၾကီးမႈတြင္ အမႈမၿပီးျပတ္မီအေတာအတြင္း ေလွ်ာက္လႊာျဖင္႔ ေလွ်ာက္ထားႏိုင္ၿပီးၾကားျဖတ္အမိန္႔ခ်မွတ္၍ယာယီတားဝရမ္းကိုဥပေဒႏွင့္အညီထုတ္ေပးသည္။ ယာယီတားဝရမ္းကိုသက္ဆိုင္ရာအခ်င္းျဖစ္ပစၥည္းႏွင့္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးရံုးမ်ားတြင္ တားဝရမ္းအမိန္႔ကိုကပ္ထားရပါသည္။ တရားမက်င္႔ထုံး အမိန္႔ ၃၉ တြင္ မည္သို႔ ေဆာင္ရြက္ရမည္ကို ျပ႒ာန္းထားပါသည္။ တရားမေထြေထြအမႈသီးျခားေလွ်ာက္ထားရန္မလိုပါ။

ထာဝရတားဝရမ္းဆိုသည္မွာတရားရံုး၌အမႈတစ္ရပ္ႏွင့္ပတ္သတ္၍အၿပီးအျပတ္ခ်မွတ္ျခင္းႏွင့္ တူညီေသာအမိန္႔တစ္ရပ္ျဖစ္သည္။ ယင္းသုိ႔တားျမစ္ရာတြင္ ပိုင္ဆိုင္ခြင့္ကိုသတ္မွတ္ရာလည္းေရာက္သည္။ ဆိုလိုသည္မွာတရားၿပိဳင္သည္ တရားလို၏ အက်ိဳးစီးပြားကိုေနွာင့္ယွက္ျခင္းအားအျမဲထာဝစဥ္မျပဳလုပ္ရန္ျဖစ္သည္။ သို႔ျဖစ္၍ထာဝရတားဝရမ္းအမိန္႔ကိုတရားစီရင္ဆံုးျဖတ္ၿပီးေနာက္ပိုင္းတြင္မွ ထုတ္ေပးခြင့္ရွိသည္။ ထာဝရတားဝရမ္းကိုမူ သီးျခားသက္သာခြင့္အက္ဥပေဒပုဒ္မ ၅၄မွ ၅၇ တြင္ ျပ႒ာန္းထားကာ တရား႐ုံးေတာ္က ဒီကရီခ်မွတ္ေပးရပါသည္။

တရားရံုးတြင္ ရင္ဆိုင္ေနသည့္ အမႈကိုအမိန္႔ခ်အဆံုးအျဖတ္ေပးၿပီးသည့္အခါမွသာယာယီတားဝရမ္းကိုဝရမ္းခြာေပးဖို႔ေလွ်ာက္ထားႏိုင္မွာျဖစ္ပါသည္။ ထိုသို႔ယာယီတားဝရမ္းေလွ်ာက္ထားျခင္းျဖင့္ အခ်င္းျဖစ္ ပစၥည္းကိုအမႈရင္ဆိုင္ေနစဥ္ကာလအတြင္းေရာင္းခ်ျခင္းမွ ကာကြယ္ႏိုင္မည္ျဖစ္ေၾကာင္းဥပေဒဗဟုသုတရရွိေစရန္ ေရးသားေဖာ္ျပအပ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
CarsDB
42 Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service