အိမ်ရှင်၊ အိမ်ငှားပြဿနာကို အိမ်ငှားနှင်ထုတ်ပေးစေလိုမှု တရားရုံးမှာတရားစွဲဆိုဖြေရှင်းပြီးလို့ အိမ်ရှင်မှ အနိုင်ရခဲ့ရင် ဘာတွေဆက်လုပ်ဖို့လိုအပ်သလဲ။
အိမ်ရှင်၊ အိမ်ငှားပြဿနာကို အိမ်ငှားနှင်ထုတ်ပေးစေလိုမှု တရားရုံးမှာတရားစွဲဆိုဖြေရှင်းပြီးလို့ အိမ်ရှင်မှ အနိုင်ရခဲ့ရင် ဘာတွေဆက်လုပ်ဖို့လိုအပ်သလဲ။ - Property Knowledge in Myanmar from iMyanmarHouse.com
14 Oct 2020 1:18 pm တွင် တင်ခဲ့သည်
2002 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ရွှေစင်ဝင်း
[Unicode]
အိမ်ရှင်မှ အိမ်ငှားနှင်ထုတ်ပေးစေလိုမှု တရားစွဲဆိုပြီးအနိုင်ရရှိခဲ့လျှင် တရားရုံးမှချမှတ်သည့် အမိန့်ဒီကရီဖြင့်တရားမဇာရီမှုဆက်လက်ဖွင့်လှစ်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါသည်။
ဇာရီမှုတွင် တရားနိုင်/တရားရှုံးခေါ်ဝေါ်သုံးစွဲတာဖြစ်သည့်အတွက် အိမ်ရှင်သည် တရားနိုင်ဖြစ်ပြီးအိမ်ငှားသည် တရားရှုံးအဖြစ်ဆက်လက်သုံးစွဲရမှာဖြစ်ပါသည်။ တရားနိုင်ကဇာရီမှုဖွင့်လှစ်သည့်အခါ တရားရုံးမှ အချင်းဖြစ်ဥပစာဖြစ်သည့် အိမ် (သို့မဟုတ်) ခြံကို ပြန်လည်ရယူဖို့အတွက် ဘိလစ်ခန့်အပ်ရန် လျှောက်ထားရမည်။ တရားရုံးမှ ခန့်အပ်ပေးမည်။
ပထမဆုံးအနေဖြင့် တရားရုံးအနေဖြင့် တရားရှုံးကိုဘယ်နေ့၊ ဘယ်ရက်မှာအချင်းဖြစ်ဥပစာမှ နောက်ဆုံးထားဖယ်ရှားပေးရန်နှင့် မဖယ်ရှားပါကအင်အားသုံးဖယ်ရှားမည်ဖြစ်ကြောင်းစာထုတ်ပြီးအချင်းဖြစ်ဥပစာတွင်စာကပ်ခြင်း၊ တရားရှုံးအားအသိပေးခြင်းများဆောင်ရွက်ရမည်ဖြစ်သည်။ ထို့သို့ဆောင်ရွက်ရန် တရားနိုင်မှ တရားမကျင့်ထုံး အမိန့် ၂၁ ၊ နည်း ၃၅အရအပ်ဝရမ်းထုတ်ပေးရန်လျှောက်ထားရမည်။
ဇာရီရုံးတွင် တရားမကျင့်ထုံးဥပဒေ အမိန့် ၂၁ ၊ နည်း ၃၅(၁) အရ ဒီကရီကိုအတည်ပြုရာတွင် အချင်းဖြစ်ဥပစာကို တရားနိုင်အား လက်ရောက်ပေးအပ်ရမည်ဖြစ်သည်။ ထိုသို့ လက်ရောက်ပေးအပ်ရာတွင် ဒီကရီအရ လိုက်နာရန်တာဝန်ရှိပြီး ပစ္စည်းမှ ပြောင်းရွှေ့ပေးရန် ငြင်းဆန်သူအား ဖယ်ရှားနိုင်မည်ဖြစ်သည်။အချင်းဖြစ်ဥပစာမှ ထွက်ခွာသွားရန် ငြင်းဆန်သူ တရားရှုံးအား ဖယ်ရှားခြင်းသည် တရားမကျင့်ထုံးဥပဒေအမိန့် ၂၁ ၊ နည်း ၃၅ (၁) ပါ ပြဋ္ဌာန်းချက်နှင့်အညီ ဆောင်ရွက်ခြင်းဖြစ်၍ ဒီကရီကို ကျော်လွန်ဆောင်ရွက်ရာ မရောက်ပါ။ အပ်ဝရမ်းအတည်မဖြစ်ဘူးမအောင်မြင်ဘူးဆိုလျှင် တရားရှုံးကလည်း ခုခံတယ်၊ တချို့ကလည်း ဘယ်နည်းနဲ့မှ မဖယ်ပေးဘူးဆိုပြီးသေသေကြေကြေ ခုခံတာတွေရှိတယ်။ ထိုအခါမှာ ဘိလစ်အရာရှိက လုပ်ငန်းဆောင်တာကို ကျွမ်းကျင်ဖို့လိုအပ်ပါတယ်။ တရားရှုံးကမဖယ်ဘူးဆိုလျှင် တရားရုံးမှ ရဲအပ်အားတောင်းခြင်းဆက်လက်ဆောင်ရွက်ပါသည်။ ဥပမာ- တရားရှုံးက မဖယ်ပေးတော့ဘူးဆိုတော့ ဘိလစ်နှင့် ရဲအရာရှိများသည် အချင်းဖြစ်ဥပစာသို့သွားရောက်ပြ်ီးလိုက်ပါလာသောရဲက အိမ်ထဲမှာဖြစ်ဖြစ် မြေထဲမှာဖြစ်ဖြစ်၊ အိမ်ထဲမှာ ရှိတဲ့လူတွေကိုဆွဲထုတ်ရမယ်၊ ပစ္စည်းတွေလည်း ဆွဲချပေးရမှာဖြစ်ပါသည်။ ဆွဲချပြီးတော့ အပြင်မှာပုံပေးရ ပြီးတော့ တရားရှုံးယူခြင်း/မယူခြင်းသည် သူအပိုင်းဖြစ်သွားမည်။ အဲ့လိုလုပ်ရမယ်ဟာကို ရဲက ဒီအတိုင်း လက်ပိုက်ကြည့်နေမယ်ဆိုလျှင်တော့ အလုပ်မဖြစ်ပါဘူး။ ဒီကရီအရ လိုက်နာရမယ့် တာဝန်ရှိတယ်၊ မလွဲမသွေ တစ်ခါတည်း ဆွဲချလိုက်ပါ။
တချို့မဆိုင်ပဲ အချင်းဖြစ်ဥပစာမှာတက်နေတဲ့သူတွေရှိတယ်။ ဒီကရီကိုလိုက်နာဖို့ တာဝန်မရှိသူဆိုတဲ့ ပုဂ္ဂိုလ်များကျတော့ သီးခြားပုဒ်မနဲ့ အရေးယူလို့ ရတယ်။တရားမကျင့်ထုံးဥပဒေပုဒ်မ-၅၁၊ ပုဒ်မ-၇၄တို့အရဒီကရီအရ ဆောင်ရွက်တဲ့အခါမှာ ဟန့်တားနှောက်ယှက်သူကို အရေးယူတဲ့ပုဒ်မတွေဖြစ်ပါသည်။ တရားမကျင့်ထုံးဥပဒေ ပုဒ်မ-၇၄အရ ဒီကရီအတည်ပြုခြင်းကိုခုခံခြင်း (သို့မဟုတ်) ဟန့်တားနှောက်ယှက်ခြင်းဆောင်ရွက်လျှင် အဆိုပါသူအားတရားမအကျဉ်းထောင်တွင် ရက် (၃၀)အမိန့်ချမှတ်နိုင်သည့်အပြင် တရားနိုင် အားလက်ရောက်ပေးအပ်စေရန် ညွှန်ကြားနိုင်သည် ဟုပြဌာန်းထားပါသည်။
အထက်ပါနည်းလမ်းအဆင့်ဆင့်အတိုင်းဆောင်ရွက်ပြီးအိမ်ရှင်ဖြစ်သည့် တရားနိုင်မှ အချင်းဖြစ်ဥပစာကို ပြန်လည်ရယူရမည်ဖြစ်ပါကြောင်းဥပဒေဗဟုသုတရရှိစေရန် ရေးသားဖော်ပြအပ်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
imyanmarmarket
42 Mini Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service