အာလူးကို လက်တွေ့ကျကျ အသုံးပြု နည်း (၁၀) မျိုး
အာလူးကို လက်တွေ့ကျကျ အသုံးပြု နည်း (၁၀) မျိုး - Property Knowledge in Myanmar from iMyanmarHouse.com
12 Oct 2020 2:07 pm တွင် တင်ခဲ့သည်
14944 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ဇာနည်ကျော်
[Unicode]
ကျွန်မတို့သည် အာလူးကို ဘယ်လိုအရသာရှိအောင် နည်းလမ်းအမျိုးမျိုးနဲ့ ချက်ပြုတ်နိုင်မလဲဆိုတာ သိထားကြပါတယ်။ ဒါပေမယ့် ဒီအာလူးကို ငွေထည်တွေသန့်ရှင်း လို့ရတယ်ဆိုတာ၊ ချိုင်းကြားကို ဖြူဝင်းစေတယ်ဆိုတာကို သတိမထားမိကြပါဘူး။ အာလူးကို ချက်ပြုတ်တဲ့နေရာမဟုတ်တဲ့ တခြားနေရာတွေမှာ သုံးနိုင်မယ့်နည်းလမ်းတွေ အများကြီးရှိပါတယ်။ ဘယ်နေရာတွေမှာ သုံးလို့ရသေးလဲဆိုတာ ကြည့်လိုက်ပါဦးနော်။
၁။ သံချေးတွေကို အလွယ်တကူ ဖယ်ရှားလို့ရပါတယ်
ဒယ်အိုးတွေမှာ သံချေးတတ်နေရင် အာလူးက အံ့သြစရာကောင်းလောက်အောင် ကူညီပေးနိုင်ပါတယ်။ ပထမဆုံးအာလူးကို တစ်ခြမ်းခြမ်းပါ။ အာလူးရဲ့ဖြတ်ထားတဲ့အပိုင်းနဲ့ မုန့်ဖုတ်ဆိုဒါ၊ ဆား၊ ပန်းကန်ဆေးဆပ်ပြာတို့ကို သုတ်ပြီး သံချေးတွေကို ပွတ်ပေးပါ။ ဒယ်အိုးမှာ သံချေးတွေ ပြောင်သွားပြီဆို ရေနှင့်ဆေးပြီး ခြောက်သွေ့အောင်ထားပါ။
၂။ အပူလောင်တဲ့အခါ ကုသပါ
အသေးစား အပူလောင်တာ၊ နေလောင်တာလောက်တော့ ဒီနည်းလမ်းက သင့်လျော်မှာပါ။ မီးလောင်ဒဏ်ရာ၊ ရေနွေးပူလောင်တာတို့ဆို အားလူးနဲ့ ပြုလုပ်လို့ရမှာ မဟုတ်ပါဘူး။ အာလူး၂လုံးကိုယူပြီး သေချာဆေးပါ။ ခပ်ပါးပါးလေးတွေ လှီးပါ။ ဒါမှမဟုတ် အရည်ပျစ်ပျစ်ရအောင် ကြိတ်လိုက်လို့လည်း ရပါတယ်။ ပိတ်ကျဲစနဲ့ စစ်ပြီး အဲ့ဒီအရည်ကို ဝါဂွမ်းလေးနဲ့ ဆွတ်ပြီး အသုံးပြုနိုင်ပါတယ်။ အပူလောင်တဲ့နေရာမှာ အာလူးချပ်လေးတွေကို ကပ်ခြင်း၊ အရည်ဆွတ်ခြင်းပြုလုပ်ပြီး ၁၀မိနစ်၊ ၁၅မိနစ်လောက်နေမှ ရေအေးနဲ့ ဆေးပေးပါ။
၃။ အစွန်းအထင်းတွေကို နှုတ်ဆက်လိုက်ပါ
အာလူးက အထည်အမျိုးက အစွန်းအထင်းတွေကို ဖယ်ရှားဖို့ ကူညီပေးပါလိမ့်မယ်။ ပြုလုပ်ဖို့အတွက် အာလူးနှစ်လုံးကို ရေဆေးပါ။ရေ ၀.၅ လီတာဖြည့်ထားတဲ့ ပန်းကန်လုံးတစ်လုံးထဲမှာ အာလူးကို ခြစ်ထည့်ပါ။ ခြစ်ထားတဲ့ အာလူးအဖတ်တွေကို ဖယ်ပြီး ရေဆတူထည့်ပါ။ ၁၀မိနစ် ၁၅မိနစ်လောက်စောင့်ပါ။ ရေမြုပ်တစ်ခုကိုသုံးပြီး အာလူးရေနဲ့ အစွန်းအထင်းတွေကို ပွတ်တိုက်ပေးပါ။ ပြီးမှ ရေအေးနဲ့ ပြန်လျှော်ပါ။
၄။ သားရေဖိနပ်တွေကို သနှ့်ရှင်း တောက်ပြောင်စေပါတယ်
လည်သာဖိနပ်တွေက ဈေးကြီးပါတယ်။ အချိန်ကြာလာတာနဲ့အမျှ မှေးမှိန်သွားရင်၊ အခြစ်ရာတွေဖြစ်လာရင် အာလူးကို အသုံးပြုနိုင်ပါတယ်။ အာလူးအစိမ်းကို ထက်ခြမ်းခြမ်းပါ။ ဖိနပ်မျက်နှာပြင်တစ်ခုလုံးကို အာလူးခြမ်းနဲ့ ပွတ်တိုက်ပေးပါ။ ၅မိနစ်လောက်ထားပြီးမှ ခြောက်သွေ့နူးညံ့တဲ့အဝတ်စနဲ့ သုတ်ပေးပါ။
၅။ ငွေဇွန်းတွေ မည်းနေတာကို တောက်ပအောင်
အာလူးပြုတ်တဲ့ အခါ အာလူးပြုတ်ရေကို မသွန်ပစ်ပါနဲ့။ အာလူးပြုတ်ရည်ထဲမှာ ငွေဇွန်းတွေကို တစ်နာရီလောက် စိမ်ထားပေးပါ။ တကယ်လို့ ငွေလက်ဝတ်ရတနာဆို နူးညံ့တဲ့ ဘရပ်လေးနဲ့ သန့်စင်သွားအောင် ပွတ်ပေးပါ။ ပြီးမှ ရေနဲ့ဆေးပြိး တစ်သျှူးနဲ့ သုတ်ပေးပါ။
၆။ ချိုင်းကြားဖြူဖွေးအောင်
အာလူးခြမ်းလေးတွေနဲ့ ချိုင်းကြားမှာ ၃မိနစ်လောက် ကပ်ထားပေးလို့ရပါတယ်။ ဒါမှမဟုတ် အာလူးဖျော်ရည်ကို ချိုင်းကြားမှာ သုတ်လိမ်းပြီး နာရီဝတ်လောက်နေမှ ရေနှင့်ဆေးပေးလို့ရပါတယ်။ နောက်နည်းလမ်းတစ်ခုကတော့ အာလူးကို ကြိတ်ပြီး ချိုင်းကြားမှာ အုံထားပေးပါ။ ၁၀မိနစ်လောက်နေမှ ရေအေးနဲ့ ဆေးပေးပါ။ ဒီနည်းလမ်းလေးတွေကို တစ်နေ့ ၂ကြိမ်နှင့် ၄ပတ်လောက်လုပ်ပေးရပါမယ်။
၇။ ခေါင်းကိုက်တဲ့အခါ
ခေါင်းကိုက်တာက ဆိုးပါတယ်။ ခေါင်းကိုက်လို့ ဆေးမသောက်ချင်တဲ့ သူတွေ ဒါမှမဟုတ် သဘာဝအတိုင်း ကုစားချင်တဲ့ သူတွေအတွက် ဒီနည်းလမ်းလေးကို လုပ်ကြည့်ပါ။ အာလူးအစိမ်းကို ဆေးပြီး အချပ်လေးတွေလှီးပါ။ သင့်ရဲ့နားထင်ပေါ်မှာ အာလူးချပ်လေးတွေ ကပ်ထားပေးပါ။ နာကျင်မှု ပျောက်သွားတဲ့အထိ လဲလျောင်းပြီး မျက်လုံးမှိတ်ထားပါ။
၈။ အာလူးဖျော်ရည်က ကျန်းမာရေးကို ကောင်းစေပါတယ်
အာလူးဖျော်ရည်မှာ ကယ်လစီယမ်၊ ဖော့စဖောရက်နှင့် ဗီတာမင်စီအပါအဝင် ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ပါဝင်တာကြောင့် ကိုယ်ခံစွမ်းအားစနစ်ကို အားကောင်းစေပြီး အခြားကျန်းမာရေး အကျိုးကျေးဇူးများကို ရရှိစေပါတယ်။ အစာအိမ်ထဲမှာ ဘက်တီးရီးယားပေါက်ဖွားခြင်းမှ တားဆီးနိုင်ပြီး ကိုလက်စထရောကို လျော့ချပေးပါတယ်။ အာလူးဖျော်ရည် လုပ်ဖို့အတွက် အာလူးအစိမ်းကို ဆေးပြီး အခွံခွာပါ။ လှီးပြီး Blender ထဲမှာ အရည်ပျစ်ပျစ်ရတဲ့အထိ မွှေပါ။ ပြီးနောက် အရည်ကို ပိတ်ကျဲစနဲ့ စစ်ပါ။ အရသာတော့ သင်ကြိုက်မှာ မဟုတ်ပါဘူး။
၉။ အသားအရေကို လင်းလက်စေပါတယ်
အာလူးမှာ အင်တီအောက်ဆီဒင့် ၊ ဗီတာမင်စီ၊ ကစီဓါတ်တွေပါဝင်တာကြောင့် အသားအရေကို အစိုဓါတ်နှင့် လိုအပ်တဲ့ အဟာရဓါတ်များ ရရှိစေနိုင်ပါတယ်။ အာလူး ၂ချပ်ကို ၁၀မိနစ် ၊၁၅မိနစ်လောက် မျက်လုံးအောက်မှာ ကပ်ပေးခြင်းဖြင့် မျက်ကွင်းညိုတာတွေ ၊ မျက်အိတ်တွေကို ဖယ်ရှားပေးပါတယ်။
အာလူးခြမ်းနဲ့ ပွတ်ပေးခြင်းဖြင့် ဝက်ခြံကို ပျောက်ကင်းစေပါတယ်။ ညဘက်ပွတ်ပေးပြီး မနက်မှ ရေနှင့်ဆေးရမှာပါ။ ဒီကုသမှုက ချက်ခြင်းတော့ မရပါဘူး။ နေ့တိုင်းလုပ်ပေးရမှာပါ။ အမည်းစက်တွေရှိရင်လညး် အာလူးကြိတ်ထားတဲ့အနှစ်နဲ့ ၅မိနစ်လောက် လ်ိမ်းပေးပြီး ရေအေးနဲ့ ဆေးပေးနိုင်ပါတယ်။ အင်းဆက်ပိုးမွှားတွေ အကိုက်ခံရတဲ့အခါ အာလူးအစိမ်းကို ခြမ်းပြီး ပွတ်သတ်ပေးပါ။ အာလူးက အသားအရေကို အစိုဓါတ်ပေးပြီး အရေးအကြောင်းတွေကို တိုက်ထုတ်ပေးပါတယ်။ အာလူးတစ်လုံးကို ခြစ်ပြီး ပျားရည် ၁ဇွန်း၊ သံလွင်ဆီ ၂ဇွန်းနဲ့ ရောပြီး လိမ်းပေးပါ။ ၁၀မိနစ်လောက်နေမှ ရေအေးနဲ့ ဆေးပေးပါ။ အဆီပြန်နေရင်တော့ ခြစ်ထားတဲ့အာလူးကို နှင်းဆီရည်နှင့် သံပုရာရည်ရောပြီး ၁၅မနစ်၊ မိနစ် ၂၀လောက် လိမ်းပေးထားလို့ ရပါတယ်။
၁၀။ ပြတင်းပေါက်များကို သန့်ရှင်းဖို့
ပြတင်းပေါက်တွေ သနှ့်ရှင်းဖို့အတွက် တောက်ပသွားတဲ့အထိ အားလူးခြမ်းနဲ့အတူ အဝတ်ခြောက်တစ်ထည်နဲ့ ပွတ်တိုက်ပေးနိုင်ပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit: ကြူသင်း
[Zawgyi]
၂။ အပူလောင်တဲ့အခါ ကုသပါ
၎။ သားရေဖိနပ်တွေကို သန့ှ်ရှင်း တောက်ပြောင်စေပါတယ်
၇။ ခေါင်းကိုက်တဲ့အခါ
ပြတင်းပေါက်တွေ သန့ှ်ရှင်းဖို့အတွက် တောက်ပသွားတဲ့အထိ အားလူးခြမ်းနဲ့အတူ အဝတ်ခြောက်တစ်ထည်နဲ့ ပွတ်တိုက်ပေးနိုင်ပါတယ်။
Credit: ကြူသင်း
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
imyanmarmarket
Central Shop House
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service