ဟင်းသီးဟင်းရွက်တွေ ကြာရှည်ခံအောင် ဘယ်လိုထိန်းသိမ်းမလဲ
ဟင်းသီးဟင်းရွက်တွေ ကြာရှည်ခံအောင် ဘယ်လိုထိန်းသိမ်းမလဲ - Property Knowledge in Myanmar from iMyanmarHouse.com
6 Oct 2020 11:49 am တွင် တင်ခဲ့သည်
15438 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ရွှေစင်ဝင်း
[Unicode]
ခုလို ကိုဗစ်ကာလမှာ ဈေးလည်း ခဏခဏ မသွားနိုင်၊ အခြောက်အခြမ်းတွေကိုလည်း မကြာခဏ မစားနိုင်တော့ ဟင်းသီးဟင်ရွက်တွေ အသားငါးတွေကို များများဝယ်ပြီး တစ်ပတ်စာ၊ တစ်လစာ ဆိုပြီးဝယ်ထားလေ့ရှိကြပါတယ်။
ဟင်းသီးဟင်းရွက်တွေများများဝယ်ထားပေမယ့် အထားမခံလို့ စိတ်ညစ်နေပါသလား။ အရွက်တွေ ဝါကုန်လို့ ဟင်းရွက်တွေနွမ်းကုန်လို့ ၊ ရေခဲသေတ္တာထဲ ထည့်ထားပေမယ့် အရွက်တွေ ရေနဲ့ထိပြီး ရိကုန်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဟင်းသီးဟင်းရွက်တွေ ပစ်ရတာ များနေပြီလား။ ဒါဆိုရင် ဒီနေ့မှာတော့ ဟင်းသီးဟင်းရွက်တွေ ကြာရှည်ခံအောင် ဘယ်လိုထိန်းသိမ်းရမလဲဆိုတဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
ဟင်းသီးဟင်းရွက်
ဈေးကဝယ်လာပြီး ရေမဆေးဘဲ သတင်းစာစက္ကူနဲ့ လုံအောင်ထုပ်ပြီး ရေခဲသေတ္တာထဲ ထည့်သိမ်းပါ။ ရေခဲသေတ္တာမရှိပါက သတင်းစာစက္ကူမသုံးဘဲ အဝတ်စိုနဲ့ ပတ်ပြီး သိမ်းဆည်းပါ။
ရှောက်သီး၊ သံပုရာသီး
နေရောင်တိုက်ရိုက်ရတဲ့ နေရာမှာ မထားဘဲ ရေခဲသေတ္တာထဲ ထည့်သိမ်းမယ်ဆိုရင်တော့ အိတ်ထဲထည့်ပိတ်ပြီးမှ သိမ်းပါ။
ငရုတ်သီးစိမ်း
အညှာခြွေပြီး သိမ်းထားပါက ပိုပြီး ကြာရှည်ခံပါတယ်။
ခရမ်းချဉ်သီး
ရေခဲသေတ္တာထဲ ထည့်သိမ်တာက ခရမ်းချဉ်ရဲ့ အနံ့၊ အရသာတွေကို လျော့သွားစေနိုင်တာကြောင့် ရေခဲသေတ္တာထဲ မထည့်ဘဲ အပြင်မှာ ခြင်း(သို့)ကြမ်းပြင်ပေါ် ကြင်းထားတာပိုကောင်းပါတယ်။ နေရောင်တိုက်ရိုက်ရတဲ့ နေရာ မဟုတ်ရင်ပိုကောင်းပါတယ်။
ကြက်သွန်နီ၊ ဖြူ၊ ဂျင်း၊ အာလူး
လေဝင်လေထွက်ကောင်းတဲ့ ခြင်း(သို့) အခန်းကြမ်းပြင်ပေါ်မှာ ကြင်းထားမယ်ဆိုရင် ပိုပြီး ကြာရှည်ခံပါတယ်။
ငှက်ပျောသီး
ရေခဲသေတ္တာထဲ ထည့်သိမ်းမယ်ဆိုပါက အပေါ်၊ အလယ်တွေမှာ မထားဘဲ သတင်းစာနဲ့ သေချာထုပ်ပိုးပြီး ရေခဲသေတ္တာရဲ့ အောက်ဆုံးအကန့်မှာ ထားပါ။
ငှက်ပျောသီးအညှာကို အိတ်စွပ်ပြီး သိမ်းပါကလည်း ငှက်ပျောသီး မည်းလာခြင်းမှ ကာကွယ်ပေးပါတယ်။
မုန်လာဥနီ
မုန်လာဥနီရဲ့ ထိပ်ပိုင်းမှာ ပင်စည်တွေပါခဲ့ရင် ဖြတ်ပစ်ပြီးမှ သိမ်းဆည်းပါ။
ပြောင်းဖူး၊ ကန်စွန်းဥ
ရေစိုဝတ်လေးနဲ့ အုပ်ထားပြီးသိမ်းထားပါက မခြောက်သွားဘဲ စားတဲ့အခါမှာလည်း ချိုနေမှာဖြစ်ပါတယ်။
ဂေါ်ဖီထုပ်
ဂေါ်ဖီထုပ်ကို ကြာရှည်ခံဖို့ဆိုရင် အိတ်နဲ့ စွပ်ထားဖို့မလိုပါ။ ရေခဲသေတ္တာရဲ့ အောက်ဆုံးအကန့်မှာ ထည့်ထားပါက ၂ ပတ်လောက်ထိ ခံပါတယ်။
ဟင်းခတ်အမွှေးအကြိုင်အပင်များ
အသား၊ ငါးများ ဟင်းချက်စားတဲ့အခါ မွှေးနေအောင် ထည့်တဲ့ နံနံပင်၊ ပူစီနံ၊ တရုတ်နံနံပင်များကို ရေခဲသေတ္တာထဲ မထည့်ဘဲ အပြင်မှာ ပုံးတစ်ခုထဲကို အမြစ်မြုတ်အောင်ထည့်ပြီး သိမ်းပါ။
ဟင်းသီးဟင်းရွက်တွေကို ဝယ်ထားပြီး ကြာရှည်ခံတဲ့ နည်းလမ်းတွေနဲ့ ထိမ်းသိမ်းထားတော့ နေ့စဉ်နေ့တိုင်း စိမ်းစိမ်းစိုစိုလေး ချက်ပြုတ်စားလို့ရပြီပေါ့........
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
ဟင်းသီးဟင်းရွက်
ရှောက်သီး၊ သံပုရာသီး
ငရုတ်သီးစိမ်း
ခရမ်းချဉ်သီး
ငှက်ပျောသီး
ရေခဲသေတ္တာာထဲ ထည့်သိမ်းမယ်ဆိုပါက အပေါ်၊ အလယ်တွေမှာ မထားဘဲ သတင်းစာနဲ့ သေချာထုပ်ပိုးပြီး ရေခဲသေတ္တာရဲ့ အောက်ဆုံးအကန့်မှာ ထားပါ။
မုန်လာဥနီ
ပြောင်းဖူး၊ ကန်စွန်းဥ
ဂေါ်ဖီထုပ်
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
Central Shop House
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service