ဟန်ဆောင်အရောင်းစာချုပ် (ပေါင်နှံလိုသည့်အတွက်အရောင်းစာချုပ်ဟန်ဆောင်ချုပ်ဆိုခြင်း)

ဟန်ဆောင်အရောင်းစာချုပ် (ပေါင်နှံလိုသည့်အတွက်အရောင်းစာချုပ်ဟန်ဆောင်ချုပ်ဆိုခြင်း) - Property Knowledge in Myanmar from iMyanmarHouse.com
1 Oct 2020 11:38 am တွင် တင်ခဲ့သည်
1621 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

အိမ်ခြံမြေရောင်းဝယ်လောကတွင် အိမ်ခြံမြေရောင်းဝယ်ခြင်းအပြင် အပေါင်အနှံလက်ခံခြင်း၊ ငွေပေးအပေါင်စာချုပ်ဖြင့် ငွေချေးယူခြင်းတို့ဆောင်ရွက်ကြပါသည်။

တစ်ချို့သော သူများသည် ငွေလိုသည့်အတွက် တစ်ဦးတစ်ယောက်ထံမှ ငွေချေးလိုသည့်အခါ အာမခံသဘောဖြင့် ပစ္စည်းအပေါင်အနှံပြုမှ ငွေချေးမည်ဆိုသောအခါ ငွေချေးလိုသောပုဂ္ဂိလ်သည် ၎င်းပိုင်ဆိုင်မှုရှိသော ရွှေ့ပြောင်းနိုင်သည့်ပစ္စည်း (သို့) မရွှေ့ပြောင်းနိုင်သည့်ပစ္စည်း အပေါင်အနှံပေးပြီး ငွေပေးအပေါင်စာချုပ်ပြုလုပ်ကြပါတယ်။

အပေါင်ခံသူ(ငွေပေးသူ)က နောင်အခါ ချေးငွေ ပြန်မရခဲ့တာရှိရင် ဆုံးရှုံးမှုမရှိရအောင် လက်ခံရယူထားသော အပေါင်ပစ္စည်းအတွက် ရောင်းပေါင်စာချုပ်ချုပ်ဆိုခိုင်းတယ်။

ငွေချေးယူသူများသည်လည်း ပျက်ကွက်မှုများရှိလာတဲ့အတွက် အပေါင်ခံသူ(ငွေပေးသူ)မှ ပိုင်ဆိုင်မှုခိုင်မာစေသည့် စာချုပ်များချုပ်စေခြင်းဖြင့် ယာယီစာချုပ်၊ ရောင်းပေါင်စာချုပ်၊ ဟန်ဆောင်စာချုပ်စသည်ဖြင့် ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။ စာချုပ်စာတမ်းဆိုတာ မှတ်ပုံတင်ထားတဲ့ စာချုပ်စာတမ်းဖြစ်ပါက စာချုပ်ပါအချက်အလက်များကို ပြင်ရန်၊ ငြင်းဆိုရန် မရပါ။

အရောင်းစာချုပ်ချုပ်ဆိုပြီး မှတ်ပုံတင်ချုပ်ဆိုထားပြီးပါက၎င်းစာချုပ်သည် အရောင်းအဝယ်ပြုလုပ်ခြင်းမဟုတ်ပဲ ပေါင်နှံထားတာပါဟု ငြင်းဆိုမရပါ။

အပေါင်စာချုပ်ဖြစ်ကြောင်း ၊ ဟန်ဆောင်စာချုပ်ဖြစ်ကြောင်းကိုတော့ စာချုပ်ပါအချက်အလက်တွေ မဟုတ်မမှန်ကြောင်း သက်သေပြခွင့်ရှိပါတယ်။ အရောင်းစာချုပ်တစ်ခုဟာ အမှန်တကယ်တော့ အပေါင်စာချုပ်သာ ဖြစ်တယ်ဆိုပါက ဟုတ်မှန်သည်ဆိုသော နှုတ်သက်သေခံချက်တွေကို တရားရုံးက လက်ခံကြားနာနိုင်ပါတယ်။

စာချုပ်တစ်ခုမှာ အရောင်းစာချုပ် (သို့) အပေါင်စာချုပ် မည်သည့်စာချုပ်ဆိုတာကို ခွဲခြားသိနိုင်ရန် စာချုပ်မှာဖော်ပြရေးသားထားသောစကားရပ်တွေအပေါ် လေ့လာသုံးသပ်ရပါမယ်။ရောင်းချကြောင်းအတိအလင်းဖော်ပြထားခြင်းမရှိပဲ ပေါင်နှံခြင်းသာဖြစ်တယ်လို့ ဆိုလာရင် အဲဒီအဆိုပြုသူက သက်သေထင်ရှားပြသနိုင်ရန် တာဝန်ရှိပါတယ်။

အချို့သောစာချုပ်များပေါ်တွင် အရောင်းစာချုပ်ဟုဖော်ပြထားပေမယ့် ရက်ကန့်သတ်ပေးထားချက်၊ ရက်(၆၀)အတွင်း ရောင်းသူက မိမိပစ္စည်းအပေါ် ပြန်လည်ဝယ်ယူခွင့်ရှိကြောင်း ချုပ်ဆိုချက်စသည့်အပေါင်နှင့် သက်ဆိုင်သော အချက်အလက်များဖြစ်နေပါက အပေါင်ခံသူအနေနှင့် အရောင်းအဝယ်စာချုပ်ဟုငြင်းဆိုမရပါ။

စာချုပ်တွင်ဖော်ပြထားချက်အရ ပစ္စည်းတန်ဖိုးသည် ကာလပေါက်ဈေးထက် နည်းနေပါက အပေါင်ဖြစ်နိုင်ပြီး ကာလတန်ဖိုးအမှန်ဆိုပါက ရောင်းချခြင်းဖြစ်နိုင်ပါတယ်။ စာချုပ်ပါအချိန်ကာလသည် တိုတောင်းပါက အရောင်းစာချုပ်ဖြစ်နိုင်ပြီး အချိန်ကာလကြာမြင့်ပါက အပေါင်သဘောမျိုးဖြစ်ကြောင်း ပေါ်ပေါက်ပါသည်။

ရောင်းချသူက ပြန်လည်ဝယ်ယူနိုင်ပါတယ်ဆိုသောအချက်သည် အပေါင်စာချုပ်တစ်ခု၏ အဓိက အချက်ဖြစ်သည်ကို သတိပြုစေလိုပါသည်။အပေါင်ခံထားသူက အခြားသူအား ဟန်ဆောင်စာချုပ်ကို ရောင်းချသည့်အခါ ထပ်မံဝယ်ယူသူအနေနှင့် ရောင်းချသည့်ပစ္စည်းသည် ရောင်းချသူပိုင်ဆိုင်မှုစစ်မှန်ခြင်းရှိ /မရှိ ၊ စာချုပ်ကိုစစ်ဆေးသည့်အခါ ဟန်ဆောင်စာချုပ်များဖြင့် ရောင်းချခြင်း ဟုတ်မဟုတ် စစ်ဆေးရန်လိုအပ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

 



တစ်ချို့သော သူများသည် ငွေလိုသည့်အတွက် တစ်ဦးတစ်ယောက်ထံမှ ငွေချေးလိုသည့်အခါ အာမခံသဘောဖြင့် ပစ္စည်းအပေါင်အနှံပြုမှ ငွေချေးမည်ဆိုသောအခါ ငွေချေးလိုသောပုဂ္ဂိလ်သည် ၄င်းပိုင်ဆိုင်မှုရှိသော ရွှေ့ပြောင်းနိုင်သည့်ပစ္စည်း (သို့) မရွှေ့ပြောင်းနိုင်သည့်ပစ္စည်း အပေါင်အနှံပေးပြီး ငွေပေးအပေါင်စာချုပ်ပြုလုပ်ကြပါတယ်။



အရောင်းစာချုပ်ချုပ်ဆိုပြီး မှတ်ပုံတင်ချုပ်ဆိုထားပြီးပါက၄င်းစာချုပ်သည် အရောင်းအ၀ယ်ပြုလုပ်ခြင်းမဟုတ်ပဲ ပေါင်နှံထားတာပါဟု ငြင်းဆိုမရပါ။











နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
42 Mini Condo
Central Shop House

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service