(၃) ထပ်နှင့်အောက် အဆောက်အဦးများဆောက်လုပ်ရန် လျှောက်ထားရာတွင် လိုအပ်သောစာရွက်စာတမ်းများ

(၃) ထပ်နှင့်အောက် အဆောက်အဦးများဆောက်လုပ်ရန် လျှောက်ထားရာတွင် လိုအပ်သောစာရွက်စာတမ်းများ - Property Knowledge in Myanmar from iMyanmarHouse.com
25 Sep 2020 3:46 pm တွင် တင်ခဲ့သည်
2092 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

လူနေမှုကျယ်ပြန့်လာသည်နှင့်အမျှ အဆောက်အဦးအထပ်မြင့်များ၊ (၃)ထပ်နှင့်အောက်)တိုက်ခန်းများမိသားစုလုံးချင်းအိမ်များ၊ ဆောက်လုပ်နေထိုင်လာကြပါသည်။

ထို့ကြောင့် အဆောက်အဦးများဆောက်လုပ်ရန် လိုအပ်သောစာရွက်စာတမ်းများကိုရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊အင်ဂျင်နှီယာဌာန(အဆောက်အအုံ)သို့အောက်ပါအချက်အလက်များဖြင့် ဆောက်လုပ်ခွင့်ပြုမိန့် လျှောက်ထားနိုင်ကြောင်းဖော်ပြလိုက်ရပါသည်။

(၁)သတ်မှတ်လျှောက်လွှာ

(က) ဆောက်လုပ်ခွင့်လျှောက်လွှာပုံစံ

(ခ) အဆောက်အအုံ ကြီးကြပ်ဆောက်လုပ်မည်ဖြစ်ကြောင်းမှတ်ပုံတင်လက်မှတ်ရအင်ဂျင်နီယာမှ တင်ပြရန်

(ဂ) ခွင့်ပြုချက်မရမီ ကြိုတင်ဆောက်လုပ်ခြင်းနှင့် မြေပိုင်ဆိုင်မှုပြဿနာပေါ်ပေါက်ခြင်းတို့အတွက် အဆောက်အဦးဆိုင်ရာလုပ်ငန်းတာဝန်ခံအဖွဲ့၏ ညွှန်ကြားချက်ကိုလိုက်နာဆောင်ရွက်မည် ဖြစ်ကြောင်းမြေရှင်မှ ခံဝန်ကတိတင်ပြရန်

(ဃ) အိမ်ရှင်/အိမ်ငှားပြဿနာအရှုပ်အရှင်းကင်းရှင်းကြောင်းရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် တင်ပြရန်

(င)ဘေးကပ်လျက် မြေကွက်ပိုင်ရှင်များ၏သဘောထားများတင်ပြရန်(ဘေး၃ပေနှင့်အထက် မြေချန်ထားပါကတင်ပြရန်မလိုပါ)

(စ) စီးပွားရေးလုပ်ငန်းသုံးအဆောက်အအုံဆောက်လုပ်ခြင်းနှင့် ပက်သက်၍ ဘေးပတ်ဝန်းကျင်ရှိ (ဘေးဝဲဘက်(၂)ဦး၊ ယာဘက်(၂)ဦး၊ ရှေ့ဘက်(၃)ဦး၊ နောက်ဘက်(၃)ဦး၊ စုစုပေါင်း(၁၀)ဦးမှ ကန့်ကွက်ရန်မရှိကြောင်းထောက်ခံချက်တင်ပြရန်

(ဆ) အဆောက်အအုံခိုင်ခံ့မှုနှင့် ပက်သက်၍ မှတ်ပုံတင်လက်မှတ်ရအင်ဂျင်နီယာမှ တာဝန်ယူကြောင်း ခံဝန်ကတိတင်ပြရန်

(ဇ) အဆောက်အအုံဟောင်းဖျက်သိမ်းခွင့် လျှောက်လွှာပုံစံ

(ဈ) အဆောက်အအုံဟောင်းဖျက်သိမ်းရာတွင် ဘေးကပ်လျှက်ရှိသောအဆောက်အအုံပျက်စီးမှုမရှိစေရန် ဖျက်သိမ်းပါမည့်အကြောင်းမှတ်ပုံတင်လက်မှတ်ရအင်ဂျင်နီယာနှင့် မြေရှင်တို့မှ ခံဝန်ကတိတင်ပြရန်

(ည) မြေရှင်၏ GP/SPမှ တင်ပြမည်ဆိုပါကမြေရှင်သက်ရှိထင်ရှားရှိကြောင်းနှင့် ကိုယ်စားလှယ်လွဲအပ်ထားသည်မှာမှန်ကန်ကြောင်းမြေရှင်မှတင်ပြရန် (ဋ) ကန်ထရိုက်တိုက်ပုံစံဖြစ်ပါကမြေရှင်၊ လိုင်စင်ရကန်ထရိုက်တာ(LC)နှင့် မှတ်ပုံတင်လက်မှတ်ရအင်ဂျင်နီယာတို့မှ သတ်မှတ်ထားသည့် စည်းကမ်းချက်များအားလိုက်နာဆောင်ရွက်ပါမည်ဖြစ်ကြောင်း ခံဝန်ကတိတင်ပြရန်

(၂) လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ (မြေရှင်၊ GP/SP)

(၃) လိုင်စင်ရကန်ထရိုက်တာစိစစ်ရေးကတ်ပြားမိတ္တူ၊ မှတ်ပုံတင် လက်မှတ်ရအင်ဂျင်နီယာ/ဗိသုကာလုပ်ငန်းလုပ်ကိုင်ခွင့် သက်သေခံကတ်ပြားမိတ္တူ

(၄) ဂရန်မိတ္တူနှင့် သက်ဆိုင်ရာဌာနမှ (၁)နှစ်အတွင်းထုတ်ပေးထားသောနယ်နမိတ်တိုင်းတာသတ်မှတ်သသည့်မြေပုံ (D/Map) မိတ္တူ (မူရင်းနှင့်တိုက်ဆိုင်စစ်ဆေးပါမည်)

(၅) မိသားစုလုံးချင်းနှင့် စီးပွားရေးလုပ်ငန်းသုံးအဆောက်အအုံပုံစံဖြစ်ပါကလျှောက်ထားသူနှင့် မှတ်ပုံတင်လက်မှတ်ရအင်ဂျင်နီယာ/ဗိသုကာတို့မှ လက်မှတ်ရေးထိုးထားသောအဆိုပြုပုံစံ(၃)စုံ(A3 Size)

(၆) ကန်ထရိုက်တိုက်ပုံစံဖြစ်ပါကမြေရှင်၊ လိုင်စင်ရကန်ထရိုက်တာ (LC)နှင့် မှတ်ပုံတင် လက်မှတ်ရအင်ဂျင်နီယာ/ဗိသုကာတို့မှ လက်မှတ်ရေးထိိုးထားသောအဆိုပြုပုံစံ(၃)စုံ(A3 Size)

(၇) ဖျက်သိမ်းမည့် အဆောက်အအုံဟောင်း၏ ဓာတ်ပုံနှင့် ဘေးနှစ်ဖက်ရှိအဆောက်အအုံဟောင်းများ၏ ဓာတ်ပုံ

(၈) ကန်ထရိုက်တိုက်ပုံစံနှင့် စီးပွားရေးသုံးအဆောက်အအုံများဖြစ်ပါကမီးသတ်ဦးစီးဌာန၏ အကြံပြုချက်နှင့် အတည်ပြုပုံစံစသည့်လိုအပ်ချက်များကိုဆောင်ရွက်ပြီးတင်ပြနိုင်ပါကဆောက်လုပ်ခွင့်ပြုမိန့်ရရှိမည်ဖြစ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]




(၁)သတ်မှတ်လျှောက်လွှာ





(င)ေ ဘးကပ်လျက် မြေကွက်ပိုင်ရှင်များ၏သဘောထားများတင်ပြရန်(ဘေး၃ပေနှင့်အထက် မြေချန်ထားပါကတင်ပြရန်မလိုပါ)










(၆) ကန်ထရိုက်တိုက်ပုံစံဖြစ်ပါကမြေရှင်၊ လိုင်စင်ရကန်ထရိုက်တာ (LC)နှင့် မှတ်ပုံတင် လက်မှတ်ရအင်ဂျင်နီယာ/ဗိသုကာတို့မှ လက်မှတ်ရေးထိုးထားသောအဆိုပြုပုံစံ(၃)စုံ(A3 Size)








နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
Central Shop House
42 Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service