အိပ်စက်ခြင်း နဲ့ ကျန်းမာရေး
အိပ်စက်ခြင်း နဲ့ ကျန်းမာရေး - Property Knowledge in Myanmar from iMyanmarHouse.com
25 Sep 2020 11:09 am တွင် တင်ခဲ့သည်
2468 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by နှင်းအိခင်
[Unicode]
လူ့ဘဝရဲ့ လေးပုံတစ်ပုံကို အိပ်စက်ခြင်းနဲ့ ကုန်ဆုံးကြရပါတယ်။ လူတစ်ယောက်မှာ တစ်ရက်လျှင် အနည်းဆုံး (၆)နာရီတော့ အိပ်စက်သင့်ပါတယ်။ (၈)နာရီ အပြည့်အဝ အိပ်စက်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ အိပ်စက်ခြင်းက ကျန်းမာရေးကို များစွာအထောက်အကူဖြစ်စေတာကို သိကြမယ်ထင်ပါတယ်။
ယနေ့လို ဒီဂျစ်တယ်ခေတ်မှာ အိပ်စက်ချိန်တွေက လျော့လာကြပါပြီ။ အိပ်ကာနီးဖုန်းသုံးနေ၊ game ဆော့ချိန်တွေကြောင့် အိပ်စက်ချိန်တွေ လျော့လာကြပါတယ်။ အိပ်ရေးဝဝမအိပ်ခြင်းက ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး ခန္ဓာကိုယ်ကို လေးလံထိုင်းမှိုင်းစေပြီး နေ့တစ်နေ့ကို မကြည်မလင်နဲ့ ဖြတ်သန်းကြရပါတယ်။
ညဘက်အိပ်ရေးမဝခြင်းက နောက်တစ်နေ့မှာ အကျိုးသက်ရောက်စေပြီး ရေရှည်ကျန်းမာရေးအတွက်လည်း ထိခိုက်လာနိုင်ပါတယ်။ လူတိုင်း လူတိုင်း အိပ်ရေးဝဝ အိပ်သင့်ပါတယ်။ ဒါကြောင့် နှစ်ခြိုက်စွာအိပ်ပျော်တတ်စေဖို့ နဲ့ အိပ်စက်ခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်။
နှစ်ခြိုက်စွာအိပ်ပျော်စေဖို့ စားသင့်တဲ့ အစားအစာများ
အိပ်စက်ခြင်းနဲ့ ကျန်းမာရေးက တိုက်ရိုက်အချိုးကျသလို၊ အစားအစာနဲ့ အိပ်စက်ခြင်းကလည်း ဆက်စပ်နေပါတယ်။ တစ်ချို့ဆိုရင် မအိပ်ခင်မှာ ကော်ဖီ၊ လက်ဖက်သုတ် စတဲ့ အစားအစာများ စားမိပြီး တစ်ညလုံးအိပ်မပျော်တာတို့တောင်ဖြစ်ကြပါတယ်။ ဒါကြောင့် မိမိရဲ့ အိပ်စက်ခြင်းကို အကျိုးသက်ရောက်စေမယ့် အစားအစာတွေကို စားပေးသင့်ပါတယ်။
အိပ်စက်ခြင်းကို အကျိုးသက်ရောက်စေနိုင်တဲ့ အစားအစာများမှာ နို့ထွက်ပစ္စည်းများ၊ ကြက်သား၊ ငါး၊ ဥများ၊ ကိုက်လန်၊ ပျားရည်၊ ငှက်ပျောသီး၊ အခွံမာသီးများ စသည်တို့ဖြစ်ကြပြီး တစ်နေ့မှာ ၎င်းအစားအစာများကို ထည့်သွင်းစားသုံးပေးခြင်းဖြင့် ညဘက်မှာ နှစ်ခြိုက်စွာအိပ်ပျော်စေဖို့ အကျိုးသက်ရောက်စေပါတယ်။
ဘယ်လိုပုံစံအိပ်စက်မလဲ
လူတွေဟာ အိပ်တဲ့အခါ ပုံစံအမျိုးမျိုးနဲ့ အိပ်စက်ကြပါတယ်။ ပက်လက်၊ မှောက်ခုံ၊ ဘေးတစ်စောင်း မိမိအားသန်ရာကို အိပ်စက်ကြပါတယ်။ အိပ်စက်ခြင်းပုံစံတွေက ဆိုးကျိုးအနည်းငယ်စီရှိကြပေမယ့် ဘယ်လိုပုံစံက ကျန်းမာရေးကို ပိုပြီး အထောက်အကူပြုပေးနိုင်လဲဆိုတာကတော့ ပက်လက် နဲ့ ဘေးတစ်စောင်းအိပ်ခြင်းပဲဖြစ်ပါတယ်။ မှောက်ခုံအိပ်စက်ခြင်းကိုတော့ လုံးဝ မအိပ်သင့်ပါဘူး။ မှောက်ခုံအိပ်ခြင်းကြောင့် လည်ပင်းနာ၊ ခါးနာတဲ့ ရောဂါလက္ခတွေ ခံစားရတာဖြစ်တာကြောင့် ဖြစ်နိုင်မယ်ဆိုရင် ပက်လက် နဲ့ ဘေးစောင်းအိပ်ခြင်းနဲ့ပဲ အိပ်စက်ဖို့ အကြံပြုလိုက်ပါတယ်။
အိပ်ရာမဝင်ခင် မပြုလုပ်သင့်သောအရာများ
မိမိဟာ အိပ်ရာထဲရောက်တာနဲ့ ချက်ချင်းအိပ်မပျော်တတ်တဲ့သူဆိုရင် ညနေဘက်တွေမှာ ကော်ဖီ၊ လက်ဖက်စားတာကို ရှောင်သင့်ပါတယ်။ အရည်များများသောက်ခြင်းကြောင့် toilet မကြာခဏသွားနေရပြီဆိုရင်လည်း အိပ်စက်ဖို့ အချိန်ကြာနိုင်ပါတယ်။ အလုပ်တွေနဲ့ ပြဿနာတွေကို အိပ်ရာထဲထိ မခေါ်လာပါနဲ့။ မအိပ်ခင် တစ်နာရီလောက်အလိုမှာ ဖုန်းကြည့်ခြင်းကို ရပ်ထားပေးပါ။ ဒါမှသာ သင်အိမ်ရာထဲ ဝင်ချိန်မှာ လျှင်မြန်စွာ အိပ်စက်နိုင်မှာပဲဖြစ်ပါတယ်။ တကယ်လို့ အတွေးတွေများပြီး အိပ်မပျော်ဖြစ်နေပြီဆိုရင်တော့ Sleeping Song လေးဖွင့်ပြီး အိပ်ပျော်အောင်အိပ်ကြည့်ဖို့ အကြံပြုလိုက်ပါတယ်။
အိပ်ရာမဝင်ခင် ပြုလုပ်သင့်သော အရာများ
ညနေဘက် ရေနွေးနွေးလေးနဲ့ ရေချိုးခြင်းက သင့်ကို အိပ်ပျော်စေဖို့ အကူအညီဖြစ်ပါတယ်။ မအိပ်ခင်မှာ တရားထိုင်ခြင်း၊ ပုတီးစိပ်ခြင်းကလည်း အိပ်ပျော်စေဖို့ အထောက်အကူကောင်းတစ်ခုပဲဖြစ်ပါတယ်။
အိပ်ရေးဝခြင်းရဲ့ အကျိုးကျေးဇူး
အိပ်ရေးဝခြင်းက ကိုယ်ခံအားကောင်းစေပြီး၊ ညဘက်အိပ်ရေးဝနေခြင်းက နောက်တစ်နေ့မှာ လန်းလန်းဆန်းဆန်း တတ်တတ်ကြွကြွနဲ့ အလုပ်လုပ်နိုင်မှာပဲဖြစ်ပါတယ်။
အိပ်ရေးမဝခြင်းရဲ့ ဆိုးကျိုးများ
အိပ်ရေးမဝခြင်းက စိတ်ကျရောဂါကိုဖြစ်စေပါတယ်။ အိပ်ရေးမဝခြင်းကြောင့် ကိုယ်လက်များ ထုံထိုင်းပြီး မလှုပ်ချင်၊ မကိုင်ချင်နဲ့ တနေ့လုံး မလန်းမဆန်းဖြစ်နေရခြင်းကြောင့် မိမိရဲ့ ကျန်းမာရေးသာမက အလုပ်၊ မိသားစု၊ စီးပွားရေး စတဲ့နေရာတွေမှာပါ ရေရှည်မှာ ထိခိုက်လာနိုင်ပါတယ်။
ဒါကြောင့် လူတိုင်းလူတိုင်း အချိန်မှန်မှန်အိပ်ပြီး မိမိရဲ့ ကျန်းမာရေးကို ဂရုစိုက်ကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
42 Mini Condo
Central Shop House
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service