မိမိအိမ်ရှိ ကြက်သွန်နီရဲ့ အသုံးဝင်ပုံ နှင့် အကျိုးကျေးဇူးများ

မိမိအိမ်ရှိ ကြက်သွန်နီရဲ့ အသုံးဝင်ပုံ နှင့် အကျိုးကျေးဇူးများ - Property Knowledge in Myanmar from iMyanmarHouse.com
18 Sep 2020 1:58 pm တွင် တင်ခဲ့သည်
4761 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Zawgyi]

ဟင်းချက်ရာတွင် ထည့်သုံးဖို့အတွက် အိမ်တိုင်းအိမ်တိုင်းရဲ့ မီးဖိုချောင်မှာ ကြက်သွန်နီကို ဝယ်ထားလေ့ရှိကြပါတယ်။ ကြက်သွန်နီက ဟင်းချက်ဖို့တစ်ခုတည်း အသုံးဝင်တာလား? တခြားဘယ်နေရာတွေမှာ သုံးလို့ရသေးလဲ?

ကြက်သွန်နီကို ဟင်းချက်ဖို့တစ်ခုတည်းအတွက်မဟုတ်ဘဲ တခြားနေရာနှင့် ကျန်းမာရေးအတွက်ပင် အသုံးပြုလို့ရပါတယ်။ ကြက်သွန်နီအခွံမှစ၊ ကြက်သွန်မြိတ်၊ ကြက်သွန်ဥထိ လွှင့်စရာမလိုဘဲ အားလုံးကို အသုံးပြုလို့ရပါတယ်။

ကြက်သွန်နီကို အစိမ်းသုတ်စား၍ ရသလို၊ ဟင်းခက်ရာတွင် ထည့်ပေးခြင်းဖြင့်လည်း မွှေးပျံ့တဲ့အနံကို ရရှိစေပြီး အသားဟင်းတွေရဲ့ အညှီနံ့ကိုလည်း ပျောက်စေနိုင်ပါတယ်။

ကြက်သွန်နီကို နေ့တိုင်း အစိမ်းလိုက် စားသုံးပေးခြင်းဖြင့် ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေကို လျှော့ခပေးခြင်း၊ နှလုံးအားကောင်းစေခြင်း၊ ကောင်းစွာအိပ်စက်အနားယူနိုင်ခြင်း၊ အစာအဆိပ်သင့်ခြင်းမှ ကာကွယ်ပေးခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။

ကြက်သွန်နီဟာ ဖျားနာတဲ့အခါ အပူရှိန်ကို လျှော့ချပေးနိုင်ပြီး မျက်စိအားကောင်းစေဖို့ မျက်စဉ်းအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ ကြက်သွန်နီမှာ ဗီတာမင် B ၊C ပိုတက်ဆီယမ်၊ သံဓါတ်နဲ့အမျှင်ဓါတ်တွေ ပါဝင်တဲ့အတွက်ကြောင့် ကြက်သွန်နီကို နေ့စဉ် စားသုံးပေးခြင်းဖြင့် ညဘက်စိတ်ကစဉ့်ကယားဖြစ်စေခြင်းကို လျှော့ချပေးနိုင်ပါတယ်။

ကြက်သွန်နီစားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ်ရဲ့ ဗီတာမင်စီဓါတ်ကို မြှင့်တင်ပေးတဲ့အတွက် ချောင်းဆိုးခြင်း၊ ဖျားနာခြင်း နှင့် အအေးမိခြင်းကို ခုခံကာကွယ်ပေးနိုင်ပြီး ဦးနှောက်ရဲ့ အကြောတွေကို ကောင်းကောင်းလုပ်ပေးတဲ့အတွက် မှတ်ဉာဏ်ကို ပိုပြီးကောင်းစေပါတယ်။ ဒါ့အပြင် ရင်ကြပ်ရောဂါ ကုသရာမှာလည်း ကြက်သွန်နီကို အသုံးပြုနိုင်ပြီး အူမကြီးကင်ဆာ၊ ဦးနှောက်ကင်ဆာ နှင့် လည်ခေါင်းကင်ဆာတို့အတွက် အရေးပါတဲ့ အကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်ပါတယ်။

အနံ့ပြင်းပေမယ့် ကျန်းမာရေးကောင်းကျိုးတွေ အများကြီးရှိတဲ့ ကြက်သွန်နီရဲ့ အခွံကို ရေထဲမှာ မိနစ် ၂၀ လောက်စိမ်ထားပြီး အရည်စစ်ယူကာ ညအိပ်ရာဝင်ခါနီး သောက်ပေးရင် ခြေထောက်ကြွက်တက်တဲ့ ရောဂါကို ပျောက်ကင်းစေနိုင်ပါတယ်။ အရေပြားယားယံနေတဲ့နေရာကို ကြက်သွန်ခွံနဲ့ ပွတ်ပေးရင် ယားယံမှုတွေကို သက်သာစေပေမယ့် ကိုယ်ဝန်ဆောင်မိခင် နဲ့ နို့တိုက်မိခင်များ အသုံးမပြုသင့်ပါဘူး။

ကြက်သွန်နီအခွံဟာ ကျန်းမာရေးအကျိုးကျေးဇူးရရှိနိုင်သလို သဘာဝမြေသြဇာကိုလည်း ရရှိနိုင်ပါတယ်။ ကြက်သွန်နီခွံဟာ အိမ်တိုင်းရဲ့ မီးဖိုချောင်မှ အဓိကစွန့်ပစ်ပစ္စည်းဖြစ်ပြီး ကုန်ကျစရိတ်သက်သာစွာနဲ့ အိမ်မှာစိုက်ထားတဲ့အပင်လေးတွေကို ဓါတ်အားဖြည့်ပေးတဲ့ မြေသြဇာပေးစွမ်းနိုင်ပါတယ်။

ကြက်သွန်နီဟာ ဟင်းချက်ရာတွင်သာမက ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေနိုင်သလို တခြားနေရာတွေမှာလည်း အသုံးပြုလို့ရနိုင်ပါတယ်။

ခြေဆီထွက်လို့ ဖိနပ်တွေနံနေရင်လည်း အနံ့တွေပျောက်ဖို့ ကြက်သွန်နီကို အသုံးပြုနိုင်ပါတယ်။ အသုံးပြုပုံအနေနဲ့ မိမိတို့ဖိနပ်တွေထားရှိတဲ့နေရာမှာ ကြက်သွန်နီကို ထက်ခြမ်းခြမ်းပြီး ထားပေးထားပါက ကြက်သွန်နီရဲ့ အနံ့နဲ့အတူ ခြေဆီအနံ့တွေကိုပါ ပျောက်ကင်းစေနိုင်ပါတယ်။

ကြက်သွန်နီကို ဆန်ပုံးထဲထည့်ထားပါက ဆန်တွေ ပိုးတက်ခြင်းမှ ကာကွယ်ပေးပြီး ထပ်ခြမ်းခွဲပြီးသား ထောပတ်သီးမှ ကျန်တစ်ခြမ်းကို သိမ်းထားရာတွင်လည်း ကြက်သွန်နီထည့်၍ သိမ်းထားပါက ထောပတ်သီးခြမ်းမှာ မပုပ်သိုးဘဲ အကောင်းအတိုင်းရရှိမှာဖြစ်ပါတယ်။'

ထိုအရာများအပြင် ကြက်သွန်နီကို မိမိတို့အိမ်ရာထဲတွင်ရှိတဲ့ အဆိပ်အတောက်များကို ဖယ်ရှားတဲ့နေရာမှာလည်း အသုံးပြုနိုင်ပါတယ်။အိပ်ရာ၊ အိပ်ခန်းအတွင်းက အဆိပ်အတောက်တွေက ဦးနှောက်ကို ပျက်စီးစေပြီး သူ့အလိုလို ကိုယ်ခံအားပုံမှန်မဟုတ်ခြင်းနဲ့ အဆစ်ရောင်ရောဂါတွေကို ဖြစ်စေပါတယ်။ ကြက်သွန်နီကို ခြမ်းပြီး အိပ်ရာအောက်တွင် ထားပေးခြင်းဖြင့် မိမိတို့အိပ်ရာထဲရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ပါတယ်။

မိမိတို့အိမ်မှာရှိတဲ့ ကြက်သွန်နီဟာ အကျိုးကျေးဇူးများစွာရှိပြီး အသုံးတည့်တဲ့နေရာတွေ များစွာရှိတာကြောင့် အလေအလွင့်မဖြစ်ရလေအောင်နဲ့ အရေးကြုံလာလျှင် ချက်ချင်းအသုံးပြုတတ်စေဖို့ ဒီဗဟုသုတလေးကို ဖတ်ထားဖို့လိုမယ်နော်.......

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

[Zawgyi]

မိမိအိမ္႐ွိ ၾကက္သြန္နီရဲ႕ အသုံးဝင္ပုံ ႏွင့္ အက်ိဳးေက်းဇူးမ်ား

ဟင္းခ်က္ရာတြင္ ထည့္သုံးဖို႔အတြက္ အိမ္တိုင္းအိမ္တိုင္းရဲ႕ မီးဖိုေခ်ာင္မွာ ၾကက္သြန္နီကို ဝယ္ထားေလ့႐ွိၾကပါတယ္။ ၾကက္သြန္နီက ဟင္းခ်က္ဖို႔တစ္ခုတည္း အသုံးဝင္တာလား? တျခားဘယ္ေနရာေတြမွာ သုံးလို႔ရေသးလဲ?

ၾကက္သြန္နီကို ဟင္းခ်က္ဖို႔တစ္ခုတည္းအတြက္မဟုတ္ဘဲ တျခားေနရာႏွင့္ က်န္းမာေရးအတြက္ပင္ အသုံးျပဳလို႔ရပါတယ္။ ၾကက္သြန္နီအခြံမွစ၊ ၾကက္သြန္ၿမိတ္၊ ၾကက္သြန္ဥထိ လႊင့္စရာမလိုဘဲ အားလုံးကို အသုံးျပဳလို႔ရပါတယ္။

ၾကက္သြန္နီကို အစိမ္းသုတ္စား၍ ရသလို၊ ဟင္းခက္ရာတြင္ ထည့္ေပးျခင္းျဖင့္လည္း ေမႊးပ်ံ႕တဲ့အနံကို ရ႐ွိေစၿပီး အသားဟင္းေတြရဲ႕ အညႇီနံ႔ကိုလည္း ေပ်ာက္ေစႏိုင္ပါတယ္။

ၾကက္သြန္နီကို ေန႔တိုင္း အစိမ္းလိုက္ စားသုံးေပးျခင္းျဖင့္ ကင္ဆာေရာဂါျဖစ္ပြားႏိုင္ေျခကို ေလွ်ာ့ခေပးျခင္း၊ ႏွလုံးအားေကာင္းေစျခင္း၊ ေကာင္းစြာအိပ္စက္အနားယူႏိုင္ျခင္း၊ အစာအဆိပ္သင့္ျခင္းမွ ကာကြယ္ေပးျခင္း စတဲ့ အက်ိဳးေက်းဇူးေတြကို ရ႐ွိႏိုင္ပါတယ္။

ၾကက္သြန္နီဟာ ဖ်ားနာတဲ့အခါ အပူ႐ွိန္ကို ေလွ်ာ့ခ်ေပးႏိုင္ၿပီး မ်က္စိအားေကာင္းေစဖို႔ မ်က္စဥ္းအျဖစ္လည္း အသုံးျပဳႏိုင္ပါတယ္။ ၾကက္သြန္နီမွာ ဗီတာမင္ B ၊C ပိုတက္ဆီယမ္၊ သံဓါတ္နဲ႔အမွ်င္ဓါတ္ေတြ ပါဝင္တဲ့အတြက္ေၾကာင့္ ၾကက္သြန္နီကို ေန႔စဥ္ စားသုံးေပးျခင္းျဖင့္ ညဘက္စိတ္ကစဥ့္ကယားျဖစ္ေစျခင္းကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။

ၾကက္သြန္နီစားသုံးေပးျခင္းျဖင့္ ခႏၶာကိုယ္ရဲ႕ ဗီတာမင္စီဓါတ္ကို ျမႇင့္တင္ေပးတဲ့အတြက္ ေခ်ာင္းဆိုးျခင္း၊ ဖ်ားနာျခင္း ႏွင့္ အေအးမိျခင္းကို ခုခံကာကြယ္ေပးႏိုင္ၿပီး ဦးေႏွာက္ရဲ႕ အေၾကာေတြကို ေကာင္းေကာင္းလုပ္ေပးတဲ့အတြက္ မွတ္ဉာဏ္ကို ပိုၿပီးေကာင္းေစပါတယ္။ ဒါ့အျပင္ ရင္ၾကပ္ေရာဂါ ကုသရာမွာလည္း ၾကက္သြန္နီကို အသုံးျပဳႏိုင္ၿပီး အူမႀကီးကင္ဆာ၊ ဦးေႏွာက္ကင္ဆာ ႏွင့္ လည္ေခါင္းကင္ဆာတို႔အတြက္ အေရးပါတဲ့ အက်ိဳးေက်းဇူးေတြကို ေပးစြမ္းႏိုင္ပါတယ္။

အနံ႔ျပင္းေပမယ့္ က်န္းမာေရးေကာင္းက်ိဳးေတြ အမ်ားႀကီး႐ွိတဲ့ ၾကက္သြန္နီရဲ႕ အခြံကို ေရထဲမွာ မိနစ္ ၂၀ ေလာက္စိမ္ထားၿပီး အရည္စစ္ယူကာ ညအိပ္ရာဝင္ခါနီး ေသာက္ေပးရင္ ေျခေထာက္ႂကြက္တက္တဲ့ ေရာဂါကို ေပ်ာက္ကင္းေစႏိုင္ပါတယ္။ အေရျပားယားယံေနတဲ့ေနရာကို ၾကက္သြန္ခြံနဲ႔ ပြတ္ေပးရင္ ယားယံမႈေတြကို သက္သာေစေပမယ့္ ကိုယ္ဝန္ေဆာင္မိခင္ နဲ႔ ႏို႔တိုက္မိခင္မ်ား အသုံးမျပဳသင့္ပါဘူး။

ၾကက္သြန္နီအခြံဟာ က်န္းမာေရးအက်ိဳးေက်းဇူးရ႐ွိႏိုင္သလို သဘာဝေျမၾသဇာကိုလည္း ရ႐ွိႏိုင္ပါတယ္။ ၾကက္သြန္နီခြံဟာ အိမ္တိုင္းရဲ႕ မီးဖိုေခ်ာင္မွ အဓိကစြန္႔ပစ္ပစၥည္းျဖစ္ၿပီး ကုန္က်စရိတ္သက္သာစြာနဲ႔ အိမ္မွာစိုက္ထားတဲ့အပင္ေလးေတြကို ဓါတ္အားျဖည့္ေပးတဲ့ ေျမၾသဇာေပးစြမ္းႏိုင္ပါတယ္။

ၾကက္သြန္နီဟာ ဟင္းခ်က္ရာတြင္သာမက က်န္းမာေရးအတြက္ အေထာက္အကူျဖစ္ေစႏိုင္သလို တျခားေနရာေတြမွာလည္း အသုံးျပဳလို႔ရႏိုင္ပါတယ္။

ေျခဆီထြက္လို႔ ဖိနပ္ေတြနံေနရင္လည္း အနံ႔ေတြေပ်ာက္ဖို႔ ၾကက္သြန္နီကို အသုံးျပဳႏိုင္ပါတယ္။ အသုံးျပဳပုံအေနနဲ႔ မိမိတို႔ဖိနပ္ေတြထား႐ွိတဲ့ေနရာမွာ ၾကက္သြန္နီကို ထက္ျခမ္းျခမ္းၿပီး ထားေပးထားပါက ၾကက္သြန္နီရဲ႕ အနံ႔နဲ႔အတူ ေျခဆီအနံ႔ေတြကိုပါ ေပ်ာက္ကင္းေစႏိုင္ပါတယ္။

ၾကက္သြန္နီကို ဆန္ပုံးထဲထည့္ထားပါက ဆန္ေတြ ပိုးတက္ျခင္းမွ ကာကြယ္ေပးၿပီး ထပ္ျခမ္းခြဲၿပီးသား ေထာပတ္သီးမွ က်န္တစ္ျခမ္းကို သိမ္းထားရာတြင္လည္း ၾကက္သြန္နီထည့္၍ သိမ္းထားပါက ေထာပတ္သီးျခမ္းမွာ မပုပ္သိုးဘဲ အေကာင္းအတိုင္းရ႐ွိမွာျဖစ္ပါတယ္။

ထိုအရာမ်ားအျပင္ ၾကက္သြန္နီကို မိမိတို႔အိမ္ရာထဲတြင္႐ွိတဲ့ အဆိပ္အေတာက္မ်ားကို ဖယ္႐ွားတဲ့ေနရာမွာလည္း အသုံးျပဳႏိုင္ပါတယ္။အိပ္ရာ၊ အိပ္ခန္းအတြင္းက အဆိပ္အေတာက္ေတြက ဦးေႏွာက္ကို ပ်က္စီးေစၿပီး သူ႕အလိုလို ကိုယ္ခံအားပုံမွန္မဟုတ္ျခင္းနဲ႔ အဆစ္ေရာင္ေရာဂါေတြကို ျဖစ္ေစပါတယ္။ ၾကက္သြန္နီကို ျခမ္းၿပီး အိပ္ရာေအာက္တြင္ ထားေပးျခင္းျဖင့္ မိမိတို႔အိပ္ရာထဲ႐ွိ အဆိပ္အေတာက္မ်ားကို ဖယ္႐ွားေပးႏိုင္ပါတယ္။

မိမိတို႔အိမ္မွာ႐ွိတဲ့ ၾကက္သြန္နီဟာ အက်ိဳးေက်းဇူးမ်ားစြာ႐ွိၿပီး အသုံးတည့္တဲ့ေနရာေတြ မ်ားစြာ႐ွိတာေၾကာင့္ အေလအလြင့္မျဖစ္ရေလေအာင္နဲ႔ အေရးၾကဳံလာလွ်င္ ခ်က္ခ်င္းအသုံးျပဳတတ္ေစဖို႔ ဒီဗဟုသုတေလးကို ဖတ္ထားဖို႔လိုမယ္ေနာ္.......

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service