သင်မသိသေးတဲ့ ဆားရဲ့အံ့မခန်း အသုံးဝင်ပုံ (၁၀) မျိုး

သင်မသိသေးတဲ့ ဆားရဲ့အံ့မခန်း အသုံးဝင်ပုံ (၁၀) မျိုး - Property Knowledge in Myanmar from iMyanmarHouse.com
9 Sep 2020 3:46 pm တွင် တင်ခဲ့သည်
6394 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

ဆားဟာ ဟင်းကောင်းတစ်ခွက်ရရုံသာ စွမ်းဆောင်နိုင်တာ မဟုတ်ပါဘူး။ သန့်ရှင်းရေးနဲ့ ကျန်းမာရေးအတွက်ပါ အထူးအသုံးဝင်တဲ့ ဆေးကောင်းတစ်လက် ဖြစ်ပါတယ်။

ဆားကို ဘယ်လိုနေရာတွေမှာ ဘယ်လိုအကျိုးရှိရှိ အသုံးပြုနိုင်လဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

(၁) ချိုးတွေကိုဖယ်ရှားနိုင်တယ်

ဟင်းအိုး တူးသွားတဲ့အခါတွေမှာပဲ ဖြစ်ဖြစ်၊ သုံးတာကြာလို့ပဲ ဖြစ်ဖြစ် အိုးတွေမှာ ကပ်နေတဲ့ ချိုးတွေကို ပန်းကန်ဆေးဆပ်ပြာထဲ ဆားအနည်းငယ် ထည့်ပြီး ပွတ်ဆေးပေးလိုက်ရုံနဲ့ ပြောင်လက်သွားမှာပါ။

(၂) စဉ့်တုံးကို သန့်ရှင်းစေတယ်

သုံးတာကြာသွားလို့ စဉ့်တုံးက မည်းလာတဲ့အခါမှာ ဆားဖြူးပြီး သံပုရာခြမ်းလေးနဲ့ ပွတ်ပေးလိုက်ရုံနဲ့ အသစ်အတိုင်းသန့်ရှင်းသွားစေပါတယ်။

(၃) ဖန်ပေါ်က အစွန်းတွေ ချွတ်ပေးတယ်

ဖန်မှာစွန်းနေတဲ့ အဝါကွက်တွေနဲ့ အစွန်းကွက်တွေကို ဆားအနည်းငယ်နဲ့ ရေရောပြီးခလောက်ပေးကာ ဆပ်ပြာနဲ့ပြန်လည် ဆေးကြောပေးလိုက်ရင် သန့်ရှင်းတောက်ပြောင်စေပါတယ်။

(၄) မျက်နှာဂျီးချွတ်ပေးနိုင်တယ်

ဆားအနည်းငယ်ကိုယူပြီး ထောပတ်နှင့် (၁ အချိုး ၂) ရောပေးကာ မျက်နှာကို ညင်ညင်သာသာ ပွတ်လိမ်းပေးကာ (၅) မိနစ်အကြာမှာ ရေဆေးပေးခြင်းဖြင့် မျက်နှာကို အတွင်းပိုင်းအထိ သန့်စင်စေပါတယ်။

(၅) ချိစ်တွေကိုမှိုမတက်အောင် ကာကွယ်ပေးတယ်

ချိစ်တွေကို မှိုမတက်အောင်လို့ ဆားကိုရေနဲ့ဖျော်ပြီး ချိစ်အပြင်ပိုင်းတွေကို သုတ်လိမ်းပေးခြင်းဖြင့် မှိုမတက်အောင် ကာကွယ်ပေးပါတယ်။

(၆) ကြွေပြားတွေကို သန့်စင်စေတယ်

ဆပ်ပြာရည်ထဲကို ဆားထည့်ပြီး ကြွေပြားတွေကို ဆေးကြောသန့်စင်ပေးခြင်းဖြင့် အသစ်အတိုင်း တောက်ပသစ်လွင်နေစေပါတယ်။

(၇) ခြေထောက်စိမ်နိုင်တယ်

ရေနွေးထဲကို ဆားအနည်းငယ်ထည့်ပြီး ရေအေးသွားတဲ့အထိ ခြေထောက်ကိုစိမ်ပေးပါ။ အကြောတွေအားလုံးပြေသွားပြီး ညောင်းညာတာတွေ သက်သာစေပါတယ်။

(၈) ကော်ဖီချိုးတွေကို ဖယ်ရှားပေးတယ်

ကြွေခွက်တွေမှာ ကော်ဖီချိုးတွေကျန်နေတာတွေကို ဆားနဲ့ ရှာလကာရည်ဆတူရောပြီး ခွက်ထဲလောင်းထည့်ကာ တစ်နာရီခန့်ကြာတဲ့အခါမှာ ဆေးကြောပေးခြင်းဖြင့်၊ ကော်ဖီချိုးနှင့် လက်ဖက်ရည်ချိုးတွေကို ပြောင်စေပါတယ်။

(၉) ကော်ဖီအခါးကိုသက်သာစေတယ်

ကော်ဖီကအရမ်းခါးနေတဲ့အခါ ဆားအနည်းငယ်ဖြူးပေးခြင်းဖြင့် အခါးသက်သာစေပါတယ်။

(၁၀) အဖြူရောင်အဝတ်အထည်တွေကို ဖြူဖွေးစေတယ်

အဖြူရောင် အဝတ်အထည်တွေ လျှော်ဖွပ်တဲ့အခါ ဆားအနည်းငယ် ထည့်လျှော်ခြင်းဖြင့် ဖြူဖွေးတောက်ပနေစေပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: AuntyMay

 

[Zawgyi]


























Credit: AuntyMay

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
42 Mini Condo
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service