မြေကွက်ရောင်းပေးဖို့ ပါမစ်မိတ္တူ ပေးခဲ့မိပါသလား ?

မြေကွက်ရောင်းပေးဖို့ ပါမစ်မိတ္တူ ပေးခဲ့မိပါသလား ? - Property Knowledge in Myanmar from iMyanmarHouse.com
5 Sep 2020 1:10 pm တွင် တင်ခဲ့သည်
1659 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

အခုတစ်လောအိမ်ခြံမြေအရောင်းအဝယ်တွေပြန်လည်နှိုးထလာပြီးအထင်နဲ့အိမ်ခြံမြေကွက်ရောင်းလိုသူအချို့ဟာ ဈေးကောင်းပေးဝယ်သည် ဆိုတဲ့ အိမ်ခြံမြေပွဲစားတွေနဲ့ ဆက်သွယ်စုံစမ်းလာကြတာကိုတွေ့ရပါတယ်။ မြေကွက်ပြန်ရောင်းချင်အောင်လည်းအိမ်ခြံမြေပွဲစားများ ၊ အကျိုးဆောင်များဟာ အွန်လိုင်မှာရောင်းမယ့်မြေကွက်ကို မြို့နယ်မြေပုံပေါ်မှာ လမ်းညွန်မြှားပြပြီးရောင်းနေကြတာကိုတွေ့ရတယ်။

ဒါနဲ့တင်အားမရသေးလို့ မြေကွက်နဲ့အိမ်ကိုပါ အွန်လိုင်းပေါ်မှာ ဓါတ်ပုံရိုက်ပြီး တင်ထားကြတယ်။ ဈေးနှုန်းကိုတော့ ရောင်းချင်သူအပ်ထားတဲ့နှုန်းထက် ၁၀ သိန်းမှ ၁၅ သိန်းလောက်ပိုတင်ထားကြတယ်လေ။ ဒါကလည်းအဆိုးမဆိုးနိုင်ပါဘူး။ ပွဲစားပါဆိုမှပွဲခမကျန်ဘဲနဲ့ ဘယ်သူလုပ်ပေးချင်မှာလဲမဟုတ်ဘူးလား အွန်လိုင်းဆိုတာကတော့ လူငယ် ၊ လူလတ်များသာအများဆုံးအသုံးပြုကြတာပါ။ လူကြီးပိုင်းတွေကတော့ အာမခံချက်ခိုင်ခိုင်မာမာနဲ့ အထောက်အထားပြည့်စုံတဲ့ ကြေးမုံ/မြန်မာ့အလင်းသတင်းတွေမှာပါတဲ့ ၊ အိမ်ခြံမြေကြော်ငြာတွေကိုဘဲ ကြည့်ပြီး ဆက်သွယ်စုံစမ်းကြည့်တာများပါတယ်။

ကြေးမုံ/မြန်မာ့အလင်းစာတွေမှာ ကြည့်လိုက်ရင်လည်း ၊ ဈေးကောင်းပေးဝယ်သည် ဆိုတဲ့ကြော်ငြာတွေကလည်း ၊ တစ်နေ့တစ်မျိုးမရိုးရအောင်ကြော်ငြာကြတယ်။ ရောင်းချင်သူတွေကလည်းဈေးကောင်းပေးမယ်ဆိုတော့ အားကိုးကြတာပေါ့။တကယ်ဆက်သွယ်ကြည့်လိုက်တဲ့အခါ မှန်းချက်နဲ့နှမ်းထွက် က မကိုက်ပါဘူး ဝယ်ရင်းဈေးထက် ၁၀ သိန်း သိန်း ၂၀ လောက်အထိဈေးနှိမ့်ခံရတယ်။

လွန်ခဲ့တဲ့ (၂) နှစ် လောက်ကဝယ်ထားတဲ့မြေကွက်ကိုဈေးလျော့ပြီး ပြန်ရောင်းတာတောင် ဝယ်စဉ်က သိန်း (၂၀)ပိုပေးခဲ့ရလို့ ဈေးကြီးကြီးမိသွားတယ်လို့ ပြန်ဝယ်သူက အားမနာဘဲပြောသေးတယ်။တကယ်တန်းကျတော့ သူပြောသလိုကိုယ်လည်းဝယ်စဉ်ကအဲဒီလို ပေါ့ပေါ့ဆဆနဲ့ဝယ်ခဲ့တာမျိုးတော့ မဟုတ်ပါဘူး“ ပိုက်ဆံ” က အလွယ်တကူ နှိုက်ယူလို့ရတဲ့ငွေတွင်းရှိတာမှမဟုတ်တာဈေးမှန်ရဖို့ ရပ်ကွက်အနှံ့တောနင်းရှာဝယ်ယူရတာလေ။

အခုလည်းကြည့်လေ “ နှင်းနှင်း ” တစ်ယောက်မိမိရဲ့ မိသားစုအတွက် ငွေအရေးကြီးတာနဲ့ လွန်ခဲ့တဲ့ (၂) နှစ်က ဝယ်ထားတဲ့ ဒဂုံဆိပ်ကမ်းက မြေကွက်ကို (၁၀)သိန်းလောက်အရှုံးခံပြီးရောင်းမယ်ဆိုတဲ့ စိတ်ကူးနဲ့ သတင်းစာနဲ့အွန်လိုင်း မှာကြော်ငြာနေတဲ့ အကျိုးဆောင်ပွဲစားတစ်ချို့နဲ့ဆက်သွယ်ကြည့်ပါတယ်။ နောက်ဆုံး ဒဂုံဆိပ်ကမ်းကပွဲစားတစ်ဦးနဲ့ ချိတ်ဆက်မိလို့ ပွဲစားကဝယ်သူကိုခေါ်လာပါတယ်။

နှစ်ဘက်ရောင်းဈေးညှိနှိုင်းပြီး ပြေလည်တာနဲ့ မြေကွက်ရှိတဲ့ နေရာကိုလိုက်ပြပါတယ်။ဝယ်သူကလည်း အရှေ့လှည့်မို့သဘောကျပါတယ်။ပွဲစားနဲ့ရောင်းသူဝယ်သူတွေမြေကွက်အနေအထားကြည့်ပြီးစကားပြောဆိုနေစဉ်မှာ အသက် (၃၅) နှစ်ကျော် လူငယ်တစ်ဦးသူတို့နားကိုရောက်လာပါတယ်။အစ်ကိုတို့အခုအရောင်းအဝယ်လုပ်မှာက မြေကွက်နံပါတ်ဘယ်လောက်လဲဟင် မြေကွက်နံပါတ် “ 007 ” လေ။ ဘာဖြစ်လို့လဲ “ဟင်…..ဟုတ်လား ”

ကျွန်တော် (20 ‘x 60 ‘) ဝယ်ထားတာလည်းအဲဒိၤနံပါတ်ဖြစ်နေတယ်။ “ ဟိုက်” ….ဒါဆိုရင် ညီလေး အလိမ်ခံလိုက်ရပြီထင်တယ် မဖြစ်နိုင်ပါဘူးဗျာ ရောင်းသွားတဲ့သူတွေပြောတာက “” မြေကွက်ရဲ့ခေါင်းရင်းက ပိုနေတဲ့မြေကွက်ကိုရောင်းတာလို့ ပြောတယ် ဟု ငြင်းခုံနေတယ်။ သူပြောပုံထောက်ရင် “ 007 ”မြေကွက်ပါမစ်ကို အဆင့်ဆင့်ရောင်းဝယ်ကြရင် ပါမစ်မိတ္တူကူးယူထားသူတစ်ဦးက မြေပိုအကြောင်းပြပြီးရောင်းသွားခြင်းကိုဝယ်ထားမိသူတစ်ဦးဖြစ်နေတာကိုတွေ့ရတယ်။

မြေပို ဝယ်ထားသူက အဲဒီလိုလာပြောတဲ့အတွက် မြေကွက်ဝယ်ယူဖို့လိုက်လာတဲ့ သူတွေက မဝယ်ရဲတော့ဘဲ ကျွန်တော်တို့အိမ်ပြန်ပြီးပြန်စဉ်းစားလိုက်ပါဦးမယ် ဆိုပြီး ပြန်သွားကြပါတော့တယ်။

အခုရောင်းမယ့် “ နှင်းနှင်း ” က မြေချပါမစ်ရင်းနဲ့ စာချုပ်အဆက်အစပ်တွေပြပေမဲ့အရှုပ်အရှင်းရှိတယ် ဆိုပြီး နောက်ဆုတ်သွားကြတာဖြစ်ပါတယ်။

ရောင်းသူ “နှင်းနှင်း” မှာတော့ အမှန်အကန်မြေချပါမစ်မူရင်းနဲ့ စာချုပ်အဆက်အစပ်တွေပြနိုင်ပါလျက် ၊ အရောင်းအဝယ်လုပ်ရာမှာ နှောင့်နှေးကြန့်ကြာသွားနိုင်တာပေါ့ “နှင်းနှင်း ” လည်း အခက်အခဲတွေ့သလို 007 မြေကွက်မိတ္တူနဲ့ မြေပိုဝယ်ထားမိသူမှာလည်း အလိမ်ခံလိုက်ရလေခြင်းဆိုပြီးလိမ်ရောင်းသွားတဲ့သူတွေကိုပြဿနာရှင်းပေးဖို့လိုက်ရှာနေလာက်ပြီ။

ကျွန်န်ုပ်အနေနဲ့လည်း ဟိုစဉ်က မြေနဲ့အိမ်ရောင်းချင်သူများအလုပ်လာအပ်ရင်မိတ္တူ တစ်စုံကူးပေးထားပါလားလို့ တောင်းခဲ့ဘူးတယ်။ ဒါပေမယ့် အိမ်ခြံမြေမြေကွက်ရောင်းချင်သူများအနေနဲ့ အိမ်ခြံမြေနဲ့ ပတ်သက်တဲ့ မြေချပါမစ်မိတ္တူတို့ ၊ စလစ်မိတ္တူ ၊ ဂရန်မိတ္တူတို့ကို အိမ်ခြံမြေအကျိုးဆောင်တွေကိုမပေးချင်ကြတာ ဒါကြောင့်ပါလားလို့ သင်ခန်းစာတစ်ခုရလိုက်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ေျမကြက္ေရာင္းေပးဖို႔ ပါမစ္မိတၱဴ ေပးခဲ့မိပါသလား ?

အခုတစ္ေလာအိမ္ၿခံေျမအေရာင္းအဝယ္ေတြျပန္လည္ႏႈိးထလာၿပီးအထင္နဲ႔အိမ္ၿခံေျမကြက္ေရာင္းလိုသူအခ်ိဳ႕ဟာ ေဈးေကာင္းေပးဝယ္သည္ ဆိုတဲ့ အိမ္ၿခံေျမပြဲစားေတြနဲ႔ ဆက္သြယ္စုံစမ္းလာၾကတာကိုေတြ႕ရပါတယ္။ ေျမကြက္ျပန္ေရာင္းခ်င္ေအာင္လည္းအိမ္ၿခံေျမပြဲစားမ်ား ၊ အက်ိဳးေဆာင္မ်ားဟာ အြန္လိုင္မွာေရာင္းမယ့္ေျမကြက္ကို ၿမိဳ႕နယ္ေျမပုံေပၚမွာ လမ္းၫြန္ျမႇားျပၿပီးေရာင္းေနၾကတာကိုေတြ႕ရတယ္။

ဒါနဲ႔တင္အားမရေသးလို႔ ေျမကြက္နဲ႔အိမ္ကိုပါ အြန္လိုင္းေပၚမွာ ဓါတ္ပုံ႐ိုက္ၿပီး တင္ထားၾကတယ္။ ေဈးႏႈန္းကိုေတာ့ ေရာင္းခ်င္သူအပ္ထားတဲ့ႏႈန္းထက္ ၁၀ သိန္းမွ ၁၅ သိန္းေလာက္ပိုတင္ထားၾကတယ္ေလ။ ဒါကလည္းအဆိုးမဆိုးႏိုင္ပါဘူး။ ပြဲစားပါဆိုမွပြဲခမက်န္ဘဲနဲ႔ ဘယ္သူလုပ္ေပးခ်င္မွာလဲမဟုတ္ဘူးလား အြန္လိုင္းဆိုတာကေတာ့ လူငယ္ ၊ လူလတ္မ်ားသာအမ်ားဆုံးအသုံးျပဳၾကတာပါ။ လူႀကီးပိုင္းေတြကေတာ့ အာမခံခ်က္ခိုင္ခိုင္မာမာနဲ႔ အေထာက္အထားျပည့္စုံတဲ့ ေၾကးမုံ/ျမန္မာ့အလင္းသတင္းေတြမွာပါတဲ့ ၊ အိမ္ၿခံေျမေၾကာ္ျငာေတြကိုဘဲ ၾကည့္ၿပီး ဆက္သြယ္စုံစမ္းၾကည့္တာမ်ားပါတယ္။

ေၾကးမုံ/ျမန္မာ့အလင္းစာေတြမွာ ၾကည့္လိုက္ရင္လည္း ၊ ေဈးေကာင္းေပးဝယ္သည္ ဆိုတဲ့ေၾကာ္ျငာေတြကလည္း ၊ တစ္ေန႔တစ္မ်ိဳးမ႐ိုးရေအာင္ေၾကာ္ျငာၾကတယ္။ ေရာင္းခ်င္သူေတြကလည္းေဈးေကာင္းေပးမယ္ဆိုေတာ့ အားကိုးၾကတာေပါ့။တကယ္ဆက္သြယ္ၾကည့္လိုက္တဲ့အခါ မွန္းခ်က္နဲ႔ႏွမ္းထြက္ က မကိုက္ပါဘူး ဝယ္ရင္းေဈးထက္ ၁၀ သိန္း သိန္း ၂၀ ေလာက္အထိေဈးႏွိမ့္ခံရတယ္။

လြန္ခဲ့တဲ့ (၂) ႏွစ္ ေလာက္ကဝယ္ထားတဲ့ေျမကြက္ကိုေဈးေလ်ာ့ၿပီး ျပန္ေရာင္းတာေတာင္ ဝယ္စဥ္က သိန္း (၂၀)ပိုေပးခဲ့ရလို႔ ေဈးႀကီးႀကီးမိသြားတယ္လို႔ ျပန္ဝယ္သူက အားမနာဘဲေျပာေသးတယ္။တကယ္တန္းက်ေတာ့ သူေျပာသလိုကိုယ္လည္းဝယ္စဥ္ကအဲဒီလို ေပါ့ေပါ့ဆဆနဲ႔ဝယ္ခဲ့တာမ်ိဳးေတာ့ မဟုတ္ပါဘူး“ ပိုက္ဆံ” က အလြယ္တကူ ႏႈိက္ယူလို႔ရတဲ့ေငြတြင္းရွိတာမွမဟုတ္တာေဈးမွန္ရဖို႔ ရပ္ကြက္အႏွံ႔ေတာနင္းရွာဝယ္ယူရတာေလ။

အခုလည္းၾကည့္ေလ “ ႏွင္းႏွင္း ” တစ္ေယာက္မိမိရဲ႕ မိသားစုအတြက္ ေငြအေရးႀကီးတာနဲ႔ လြန္ခဲ့တဲ့ (၂) ႏွစ္က ဝယ္ထားတဲ့ ဒဂုံဆိပ္ကမ္းက ေျမကြက္ကို (၁၀)သိန္းေလာက္အရႈံးခံၿပီးေရာင္းမယ္ဆိုတဲ့ စိတ္ကူးနဲ႔ သတင္းစာနဲ႔အြန္လိုင္း မွာေၾကာ္ျငာေနတဲ့ အက်ိဳးေဆာင္ပြဲစားတစ္ခ်ိဳ႕နဲ႔ဆက္သြယ္ၾကည့္ပါတယ္။ ေနာက္ဆုံး ဒဂုံဆိပ္ကမ္းကပြဲစားတစ္ဦးနဲ႔ ခ်ိတ္ဆက္မိလို႔ ပြဲစားကဝယ္သူကိုေခၚလာပါတယ္။

ႏွစ္ဘက္ေရာင္းေဈးညႇိႏႈိင္းၿပီး ေျပလည္တာနဲ႔ ေျမကြက္ရွိတဲ့ ေနရာကိုလိုက္ျပပါတယ္။ဝယ္သူကလည္း အေရွ႕လွည့္မို႔သေဘာက်ပါတယ္။ပြဲစားနဲ႔ေရာင္းသူဝယ္သူေတြေျမကြက္အေနအထားၾကည့္ၿပီးစကားေျပာဆိုေနစဥ္မွာ အသက္ (၃၅) ႏွစ္ေက်ာ္ လူငယ္တစ္ဦးသူတို႔နားကိုေရာက္လာပါတယ္။အစ္ကိုတို႔အခုအေရာင္းအဝယ္လုပ္မွာက ေျမကြက္နံပါတ္ဘယ္ေလာက္လဲဟင္ ေျမကြက္နံပါတ္ “ 007 ” ေလ။ ဘာျဖစ္လို႔လဲ “ဟင္…..ဟုတ္လား ”

ကြၽန္ေတာ္ (20 ‘x 60 ‘) ဝယ္ထားတာလည္းအဲဒိနႍပါတ္ျဖစ္ေနတယ္။ “ ဟိုက္” ….ဒါဆိုရင္ ညီေလး အလိမ္ခံလိုက္ရၿပီထင္တယ္ မျဖစ္ႏိုင္ပါဘူးဗ်ာ ေရာင္းသြားတဲ့သူေတြေျပာတာက “” ေျမကြက္ရဲ႕ေခါင္းရင္းက ပိုေနတဲ့ေျမကြက္ကိုေရာင္းတာလို႔ ေျပာတယ္ ဟု ျငင္းခုံေနတယ္။ သူေျပာပုံေထာက္ရင္ “ 007 ”ေျမကြက္ပါမစ္ကို အဆင့္ဆင့္ေရာင္းဝယ္ၾကရင္ ပါမစ္မိတၱဴကူးယူထားသူတစ္ဦးက ေျမပိုအေၾကာင္းျပၿပီးေရာင္းသြားျခင္းကိုဝယ္ထားမိသူတစ္ဦးျဖစ္ေနတာကိုေတြ႕ရတယ္။

ေျမပို ဝယ္ထားသူက အဲဒီလိုလာေျပာတဲ့အတြက္ ေျမကြက္ဝယ္ယူဖို႔လိုက္လာတဲ့ သူေတြက မဝယ္ရဲေတာ့ဘဲ ကြၽန္ေတာ္တို႔အိမ္ျပန္ၿပီးျပန္စဥ္းစားလိုက္ပါဦးမယ္ ဆိုၿပီး ျပန္သြားၾကပါေတာ့တယ္။

အခုေရာင္းမယ့္ “ ႏွင္းႏွင္း ” က ေျမခ်ပါမစ္ရင္းနဲ႔ စာခ်ဳပ္အဆက္အစပ္ေတြျပေပမဲ့အရႈပ္အရွင္းရွိတယ္ ဆိုၿပီး ေနာက္ဆုတ္သြားၾကတာျဖစ္ပါတယ္။

ေရာင္းသူ “ႏွင္းႏွင္း” မွာေတာ့ အမွန္အကန္ေျမခ်ပါမစ္မူရင္းနဲ႔ စာခ်ဳပ္အဆက္အစပ္ေတြျပႏိုင္ပါလ်က္ ၊ အေရာင္းအဝယ္လုပ္ရာမွာ ေႏွာင့္ေႏွးၾကန႔္ၾကာသြားႏိုင္တာေပါ့ “ႏွင္းႏွင္း ” လည္း အခက္အခဲေတြ႕သလို 007 ေျမကြက္မိတၱဴနဲ႔ ေျမပိုဝယ္ထားမိသူမွာလည္း အလိမ္ခံလိုက္ရေလျခင္းဆိုၿပီးလိမ္ေရာင္းသြားတဲ့သူေတြကိုျပႆနာရွင္းေပးဖို႔လိုက္ရွာေနလာက္ၿပီ။

ကြၽန္ႏ္ုပ္အေနနဲ႔လည္း ဟိုစဥ္က ေျမနဲ႔အိမ္ေရာင္းခ်င္သူမ်ားအလုပ္လာအပ္ရင္မိတၱဴ တစ္စုံကူးေပးထားပါလားလို႔ ေတာင္းခဲ့ဘူးတယ္။ ဒါေပမယ့္ အိမ္ၿခံေျမေျမကြက္ေရာင္းခ်င္သူမ်ားအေနနဲ႔ အိမ္ၿခံေျမနဲ႔ ပတ္သက္တဲ့ ေျမခ်ပါမစ္မိတၱဴတို႔ ၊ စလစ္မိတၱဴ ၊ ဂရန္မိတၱဴတို႔ကို အိမ္ၿခံေျမအက်ိဳးေဆာင္ေတြကိုမေပးခ်င္ၾကတာ ဒါေၾကာင့္ပါလားလို႔ သင္ခန္းစာတစ္ခုရလိုက္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
CarsDB
42 Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service