ဂရန်ဆိုတာ .......

ဂရန်ဆိုတာ ....... - Property Knowledge in Myanmar from iMyanmarHouse.com
24 Aug 2020 3:01 pm တွင် တင်ခဲ့သည်
5612 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

ဂရန်လို့ပြောရင် လူတိုင်းသိတဲ့ “ မြေငှားစာချုပ် ”ကိုပြောတယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ အမိန့်ကြော်ငြာစာအမှတ် ၃/၂၀၀၁ အပိုဒ်(၄)(ဂ)ရဲ့ လုပ်ပိုင်ခွင့်နဲ့ထုတ်ပေးထားတာဖြစ်ပါတယ်။ ထုတ်ပေးလိုက်တဲ့ ဂရန်နှင့်တကွ လူနေထိုင်ခွင့်ကိုပါ ခွင့်ပြုပေးခြင်းဖြစ်ပါတယ်။

အပိုဒ်(၄)(ဃ)မှာတော့ ထုတ်ပေးလိုက်တဲ့ ဂရန်သက်တမ်းကိုပါ တစ်ခါတည်းသတ်မှတ်ပေးပြီး ဖြစ်ပါတယ်။ သက်တမ်းတွေက (၁၅)နှစ်၊ (၃၀)နှစ်၊ (၆၀)နှစ်၊ စသဖြင့်ပေါ့ဗျာ။

သတ်မှတ်ပေးထားပြီးဖြစ်တဲ့ ဂရန်သက်တမ်းများ ကုန်ဆုံးပါကလည်း ထပ်တိုးခွင့်ရှိပါတယ်။ နှစ်(၆၀)ဂရန်ဆိုသော်လည်း (၁၅)နှစ်တစ်ခါ မြေခွန်ကြေးပေးဆောင်ပြီး ဂရန်သက်တမ်းတိုးမြင့် နေရဆဲဖြစ်ပါတယ်။ ဂရန်စည်းကမ်းချက်အတိုင်းလိုက်နာမှု မရှိလျှင်လည်း ဂရန်နှင့် မြေကိုပြန်သိမ်းနိုင်ပါတယ်။

မြေကွက်တစ်ကွက်မှာ ဂရန်အမည်ပေါက်တစ်ဦးမှ အခြားသူကို ရောင်းချလိုက်ပြီး နောက်ထပ်ဝယ်ယူသူ အမည်ပေါက် ပြောင်းရန် အဆင့်တွေအများကြီး ရှိနေပါသေးတယ်။ ဘယ်အဆင့်မှာ ဘယ်လောက်ခိုင်မာမှုရှိပါစေ၊ ရန်ကုန်မြို့တော်စည်ပင်ကို လာရောက်တင်ပြခြင်း မရှိပဲ မြေကွက်ပိုင်ရှင် အမည်ပြောင်းဖို့ရာ မရနိုင်ပါ။

မြေနှင့်ပက်သက်၍ ဆောင်ရွက်ရန်ရှိသော ကိစ္စရပ်များကို ရန်ကုန်မြို့တော်စည်ပင်က စီမံခန့်ခွဲခွင့် ရှိပါတယ်။ ရောင်းဝယ်ခြင်း၊ လဲလှယ်ခြင်း၊ လွှဲပြောင်းခြင်း ခွဲစိတ်ခြင်း စသည့် ဆောင်ရွက်ချက်များအပြင်ကို အခြားသောမြေနှင့်ပက်သက်သည့် စီမံကွပ်ကဲမှုများကိုပါ ဆောင်ရွက်ခွင့်ရှိပါတယ်။

ရန်ကုန်မြို့တော်စည်ပင်က စီမံခန့်ခွဲခွင့်ရှိသည်မှာ- မြေကွက်သာမက မြေကွက်ပေါ်တွင် ကပ်တွယ် တည်ဆောက်ထားရှိသော အဆောက်အဦးဆောက်လုပ် စီမံခန့်ခွဲပိုင်ခွင့်ပါ ဖြစ်ပါသည်။

အဆောက်အဦးတစ်ခုကို အကြီးစားပြင်ဆင်လိုက ရှိရင်းပုံစံမှ မပြောင်းလဲရပါ။ တိုးချဲ့ခြင်း၊ မြှင့်ခြင်း၊ နှိမ့်ခြင်းများ မပြုလုပ်ရပဲ ခိုင်ခံ့အောင်ပြင်ဆင်၍သာ ခွင့်ပြုသည်။ ထိုသို့ပြုပြင်ရန် ကြိုတင်ခွင့်ပြုမိန့်ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွင် လျှောက်ထားတင်ပြရပါမည်။

အသေးစားပြင်ဆင်လိုသည်ရှိသော် အဆောက်အဦးအတွင်းပိုင်းကို ရှိရင်းပုံစံမပြောင်းလဲပဲ ပြင်ဆင်နိုင်ပါသည်။ ပြင်ဆင်ရန် မြို့နယ်စည်ပင်သာယာရေးကို ခွင့်ပြုမိန့်တောင်းခံရပါတယ်။ နေရာကောင်းပြီး အချက်အချာကျသော လူမြင်ကွင်းအဆောက်အဦးကောင်းများဆိုပါက မြို့နယ်စည်ပင်၏ ထောက်ခံချက်နှင့်အတူ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကို တင်ပြလျှောက်ထားနိုင်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

ဂရန္ဆိုတာ .......














နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
imyanmarmarket
Central Shop House

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service