သီးခြားသက်သာခွင့်ဥပဒေ ပုဒ်မ-၈ အရ ကျူးကျော်နေထိုင်သူအား နှင်ထုတ်၍ လက်ရောက်ရလိုမှုစွဲဆိုခြင်း

သီးခြားသက်သာခွင့်ဥပဒေ ပုဒ်မ-၈ အရ ကျူးကျော်နေထိုင်သူအား နှင်ထုတ်၍ လက်ရောက်ရလိုမှုစွဲဆိုခြင်း - Property Knowledge in Myanmar from iMyanmarHouse.com
20 Aug 2020 10:51 am တွင် တင်ခဲ့သည်
4010 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

ကျူးကျော်သူများအားနှင်လိုမှုစွဲဆိုရာတွင် အများအားဖြင့် သီးခြားသက်သာခွင့်ဥပဒေ ပုဒ်မ-၈ အရ စွဲဆိုသည့်အမှုနှင့် သီးခြားသက်သာခွင့်ဥပဒေ ပုဒ်မ-၉ အရ စွဲဆိုသည့်အမှုဟူ၍ (၂)မျိုးစွဲလိုလေ့ရှိသည်ကို တွေ့ရ သည်။ သီးခြားသက်သာခွင့်ဥပဒေ ပုဒ်မ-၈အရ စွဲဆိုမှုမှာအောက်ပါအတိုင်းဖြစ်သည်။

မရွှေ့မပြောင်းနိုင်သောပစ္စည်းတစ်ရပ်ကို ပိုင်ဆိုင်ခွင့်ရှိသူသည် မိမိပိုင်ဆိုင်မှုကို အကြောင်းပြု၍ လက်ရောက်ရယူခွင့် စွဲဆိုခြင်းသည် သီးခြားသက်သာခွင့်ဥပဒေ ပုဒ်မ-၈ အရ စွဲဆိုခြင်းဖြစ်သည်။ လက်ရောက် ခွင့်ရှိသူဟူသော အဓိပ္ပါယ်မှာ မည့်သည့်မရွှေ့မပြောင်းနိုင်သောပစ္စည်းကိုမဆို ပိုင်ရှင်တစ်ဦးအနေဖြင့်ဖြစ်စေ၊ လက်ရှိထားပိုင်ခွင့်ရှိသူအနေဖြင့်ဖြစ်စေ လက်ဝယ်ထားပိုင်ခွင့်ရှိသူကို ဆိုလိုခြင်းဖြစ်သည်။ ထိုပိုင်ရေးဆိုင်ခွင့်မှာ ပဋိညာဉ်အရဖြစ်စေ၊ အမွေဆက်ခံခြင်းအရဖြစ်စေ၊ ပြဋ္ဌာန်းသတ်မှတ်ချက်အရဖြစ်စေ ပေါ်ပေါက်လာသော အခွင့် အရေးဖြစ်သည်။

ထို့ကြောင့် မိမိပိုင် မရွှေ့မပြောင်းနိုင်သောပစ္စည်းတွင် ကျူးကျော်နေသူကို ပိုင်ဆိုင်ခွင့် သို့မဟုတ် လက်ဝယ်ထားပိုင်ခွင့်အပေါ် အခြေခံပြီး ဖယ်ရှားနှင်ထုတ်၍ ပစ္စည်းလက်ရောက်ရလိုမှုစွဲဆိုခြင်းသည် သီးခြား သက်သာခွင့်ဥပဒေ ပုဒ်မ-၈ နှင့်သက်ဆိုင်သည်။

သီးခြားသက်သာခွင့်ဥပဒေ ပုဒ်မ-၈ အရ တရားစွဲရန် လိုအပ်သောအင်္ဂါရပ်များမှာ-

- တရားလိုသည် အချင်းဖြစ်ပစ္စည်းကိုပိုင်ဆိုင်ကြောင်း သို့မဟုတ် လက်ရှိဖြစ်ကြောင်း၊

- တရားလို၏ လက်ရှိမှ လက်မဲ့ဖြစ်စေကြောင်း၊

- ထိုကဲ့သို့လက်မဲ့ဖြစ်ရခြင်းမှာ အမှုကိုတရားမစွဲဆိုမီ (၁၂)နှစ်အတွင်းကဖြစ်ကြောင်း၊

- တရားပြိုင်သည် ပစ္စည်းအပေါ် ပိုင်ရေးဆိုင်ခွင့်တစ်စုံတစ်ရာမရှိကြောင်း စသည့်အချက်များ ပြည့်စုံရန် လိုအပ်မည်ဖြစ်သည်။

ထိုသို့စွဲဆိုရာတွင် အချင်ဖြစ်ပစ္စည်း တည်ရှိရာအရပ်ဒေသရှိ တရားရုံးတွင် တရားစွဲဆိုရမည်ဖြစ်ပြီး တရားပြိုင်လက်ရှိဖြစ်ခြင်းသည် တရားလိုနှင့် ဆန့်ကျင်လာသည့် အခါကစ၍ (၁၂)နှစ်အတွင်း တရားစွဲဆို ရမည်ဖြစ်သည်။ တရားမစွဲမီ (၁၂)နှစ် အတွင်း အချင်းဖြစ်ပစ္စည်းမှာ တရားလို လက်ရှိဖြစ်ကြောင်းနှင့် တရားပြိုင် သည် ယင်းပစ္စည်းကို ဆိုင်ရေးဆိုင်ခွင့်မရှိဘဲ သိမ်းပိုက်ထားကြောင်း သက်သေပြရန်လိုမည်ဖြစ်သည်။ တရားလို ဘက်မှ ဆိုလွှာနှင့်အတူ ပိုင်ရေးဆိုင်ခွင့်စာချုပ်စာတမ်းများနှင့် အချင်းဖြစ်ပစ္စည်း၏ မြေပုံ၊မြေရာဇဝင်ကို ပူးတွဲ တင်ပြရန်လိုမည်။

တရားလိုသည် ပိုင်ရှင်အနေဖြင့်ဖြစ်စေ၊ အခြားနည်းအရဖြစ်စေ လက်ရှိဖြစ်ခဲ့သော မရွှေ့မပြောင်းနိုင်သော ပစ္စည်းအပေါ်တွင် တရားပြိုင်က ကျူးကျော်ဝင်ရောက်သဖြင့် တရားလိုက လက်မဲ့ဖြစ်လျှင် သို့မဟုတ် တရားလို ကိုယ်တိုင်က ယင်းပစ္စည်းကို လက်လွှတ်လိုက်လျှင် ယင်းပစ္စည်းအတွက် လက်ရောက်ရလိုမှု စွဲဆိုခဲ့သော် ကာလစည်းကမ်းသတ်ဥပဒေ ပထမဇယား အပိုဒ် ၁၄၂ နှင့် သက်ဆိုင်မည်ဖြစ်သည်။ တရားလိုသည် ပိုင်ဆိုင်မှုသာရှိ၍ မည်သည့်အခါတွင်မျှ လက်ရှိမဖြစ်ခဲ့ဘူးသော မရွှေ့မပြောင်းနိုင်သောပစ္စည်းကို လက်ရောက်ရလိုမှု စွဲဆိုခဲ့သော် ကာလစည်းကမ်းသတ် ဥပဒေပထမဇယားအပိုဒ် ၁၄၂ နှင့်အကျုံးမဝင် သက်ဆိုင်ခြင်းမရှိ၍ ကာလစည်းကမ်းသတ် ဥပဒေ ပထမဇယားအပိုဒ် ၁၄၄ အရစွဲဆိုရမည်ဖြစ်သည်။

ကျူးကျော်သူအားနှင်ထုတ်၍ မြေကိုလက်ရောက်ရလိုကြောင်း( ပုဒ်မ -၈ အရ) စွဲဆိုရာတွင် တရားပြိုင်က ဆန့်ကျင်လက်ရှိထားပိုင်ခွင့်ရပြီးကြောင်း ထုချေလာလျှင် ကာလစည်းကမ်းသတ် ဥပဒေဇယား အမှတ်စဉ် ၁၄၄ နှင့် သက်ဆိုင်သောအမှုဖြစ်ပါက တရားလိုအနေဖြင့် ပိုင်ဆိုင်ခွင့်ကို သက်သေထူရမည်ဖြစ်ပြီး၊ ဆန့်ကျင်လက်ရှိ ထားပိုင်ခွင့်ရပြီးဖြစ်ကြောင်း သက်သေထင်ရှားပြရန်မှာ ကျူးကျော်သူ တရားပြိုင်အပေါ်၌ ကျရောက်မည် ဖြစ်သည်။

ကျူးကျော်သူအား ဖယ်ရှားပေးစေလိုမှုတွင် အိမ်ငှားအားနှင်ထုတ် ပေးစေလိုမှုကဲ့သို့ အကြောင်းကြားစာ ပေးရန် မလိုပေ။ ကျူးကျော်သူအား နှင်ထုတ်ပိုင်ခွင့်ကို ကျူးကျော်သည့်နေ့တွင် သက်ဆိုင်ရာမြေရှင် သို့မဟုတ် မြေကိုလက်ရှိထားသူက ရရှိသည့်မြေမှ ထွက်ခွာပေးစေရန်အကြောင်းကြားစာကို မလိုက်နာခြင်းက တရားစွဲဆို နိုင်စေရန် အကြောင်း ပေါ်ပေါက်စေသည် မဟုတ်ပေ။ ကျူးကျော်သူအား ဖယ်ရှားပေးစေရန် တရားစွဲဆိုခွင့်သည် ထပ်တစ်လဲလဲ ပေါ်ပေါက်သော အခွင့်အရေးမျိုးမဟုတ်၊ ကျူးကျော်သည့်နေ့တွင် စတင်ပေါ်ပေါက်ခြင်းဖြစ် သည်။ ကာလစည်းကမ်သတ်ကို ထိုနေ့မှ စတင်၍ရေတွက်ရသည်။ သို့ဖြစ်၍ အကြောင်းကြားစာကို အကြောင်း ပြုပြီး တရားစွဲဆိုရန်အကြောင်း ပေါ်ပေါက်သည်ဟု အဆိုပြုခြင်းသည်လည်းကောင်း၊ အကြောင်းကြားစာ၌ နောက်ဆုံးထား၍ ဖယ်ရှားထွက်ခွာပေးစေရန်နေ့၏ နောက်ပိုင်းရက်များတွင် တရားစွဲဆိုရန်အကြောင်းမှာ အဆက်မပြတ်ပေါ်ပေါက်သည်ဟူသော အဆိုပြုချက်သည်လည်းကောင်း ဥပဒေနှင့် ညီညွတ်မှုမရှိကြောင်းကို လမ်းညွှန်ထားပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

 

သီးျခားသက္သာခြင့္ဥပေဒ ပုဒ္မ-၈ အရ က်ဴးေက်ာ္ေနထိုင္သူအား ႏွင္ထုတ္၍ လက္ေရာက္ရလိုမႈစြဲဆိုျခင္း

က်ဴးေက်ာ္သူမ်ားအားႏွင္လိုမႈစြဲဆိုရာတြင္ အမ်ားအားျဖင့္ သီးျခားသက္သာခြင့္ဥပေဒ ပုဒ္မ-၈ အရ စြဲဆိုသည့္အမႈႏွင့္ သီးျခားသက္သာခြင့္ဥပေဒ ပုဒ္မ-၉ အရ စြဲဆိုသည့္အမႈဟူ၍ (၂)မ်ိဳးစြဲလိုေလ့ရွိသည္ကို ေတြ႕ရ သည္။ သီးျခားသက္သာခြင့္ဥပေဒ ပုဒ္မ-၈အရ စြဲဆိုမႈမွာေအာက္ပါအတုိင္းျဖစ္သည္။

မေ႐ႊ႕မေျပာင္းႏိုင္ေသာပစၥည္းတစ္ရပ္ကို ပိုင္ဆိုင္ခြင့္ရွိသူသည္ မိမိပိုင္ဆိုင္မႈကို အေၾကာင္းျပဳ၍ လက္ေရာက္ရယူခြင့္ စြဲဆိုျခင္းသည္ သီးျခားသက္သာခြင့္ဥပေဒ ပုဒ္မ-၈ အရ စြဲဆိုျခင္းျဖစ္သည္။ လက္ေရာက္ ခြင့္ရွိသူဟူေသာ အဓိပၸါယ္မွာ မည့္သည့္မေ႐ႊ႕မေျပာင္းႏိုင္ေသာပစၥည္းကိုမဆို ပိုင္ရွင္တစ္ဦးအေနျဖင့္ျဖစ္ေစ၊ လက္ရွိထားပိုင္ခြင့္ရွိသူအေနျဖင့္ျဖစ္ေစ လက္ဝယ္ထားပိုင္ခြင့္ရွိသူကို ဆိုလိုျခင္းျဖစ္သည္။ ထိုပိုင္ေရးဆိုင္ခြင့္မွာ ပဋိညာဥ္အရျဖစ္ေစ၊ အေမြဆက္ခံျခင္းအရျဖစ္ေစ၊ ျပ႒ာန္းသတ္မွတ္ခ်က္အရျဖစ္ေစ ေပၚေပါက္လာေသာ အခြင့္ အေရးျဖစ္သည္။

ထို႔ေၾကာင့္ မိမိပိုင္ မေ႐ႊ႕မေျပာင္းႏိုင္ေသာပစၥည္းတြင္ က်ဴးေက်ာ္ေနသူကို ပိုင္ဆိုင္ခြင့္ သို႔မဟုတ္ လက္ဝယ္ထားပိုင္ခြင့္အေပၚ အေျခခံၿပီး ဖယ္ရွားႏွင္ထုတ္၍ ပစၥည္းလက္ေရာက္ရလိုမႈစြဲဆိုျခင္းသည္ သီးျခား သက္သာခြင့္ဥပေဒ ပုဒ္မ-၈ ႏွင့္သက္ဆိုင္သည္။

သီးျခားသက္သာခြင့္ဥပေဒ ပုဒ္မ-၈ အရ တရားစြဲရန္ လိုအပ္ေသာအဂၤါရပ္မ်ားမွာ-

- တရားလိုသည္ အခ်င္းျဖစ္ပစၥည္းကိုပိုင္ဆုိင္ေၾကာင္း သို႔မဟုတ္ လက္ရွိျဖစ္ေၾကာင္း၊

- တရားလို၏ လက္ရွိမွ လက္မဲ့ျဖစ္ေစေၾကာင္း၊

- ထိုကဲ့သုိ႔လက္မဲ့ျဖစ္ရျခင္းမွာ အမႈကိုတရားမစြဲဆိုမီ (၁၂)ႏွစ္အတြင္းကျဖစ္ေၾကာင္း၊

- တရားၿပိဳင္သည္ ပစၥည္းအေပၚ ပိုင္ေရးဆိုင္ခြင့္တစ္စံုတစ္ရာမရွိေၾကာင္း စသည့္အခ်က္မ်ား ျပည့္စံုရန္ လိုအပ္မည္ျဖစ္သည္။

ထိုသို႔စြဲဆိုရာတြင္ အခ်င္ျဖစ္ပစၥည္း တည္ရွိရာအရပ္ေဒသရွိ တရား႐ုံးတြင္ တရားစြဲဆိုရမည္ျဖစ္ၿပီး တရားၿပိဳင္လက္ရွိျဖစ္ျခင္းသည္ တရားလိုႏွင့္ ဆန္႔က်င္လာသည့္ အခါကစ၍ (၁၂)ႏွစ္အတြင္း တရားစြဲဆို ရမည္ျဖစ္သည္။ တရားမစြဲမီ (၁၂)ႏွစ္ အတြင္း အခ်င္းျဖစ္ပစၥည္းမွာ တရားလို လက္ရွိျဖစ္ေၾကာင္းႏွင့္ တရားၿပိဳင္ သည္ ယင္းပစၥည္းကို ဆိုင္ေရးဆိုင္ခြင့္မရွိဘဲ သိမ္းပိုက္ထားေၾကာင္း သက္ေသျပရန္လိုမည္ျဖစ္သည္။ တရားလို ဘက္မွ ဆိုလႊာႏွင့္အတူ ပိုင္ေရးဆိုင္ခြင့္စာခ်ဳပ္စာတမ္းမ်ားႏွင့္ အခ်င္းျဖစ္ပစၥည္း၏ ေျမပုံ၊ေျမရာဇဝင္ကို ပူးတြဲ တင္ျပရန္လိုမည္။

တရားလိုသည္ ပိုင္ရွင္အေနျဖင့္ျဖစ္ေစ၊ အျခားနည္းအရျဖစ္ေစ လက္ရွိျဖစ္ခဲ့ေသာ မေ႐ႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းအေပၚတြင္ တရားၿပိဳင္က က်ဴးေက်ာ္ဝင္ေရာက္သျဖင့္ တရားလိုက လက္မဲ့ျဖစ္လွ်င္ သို႔မဟုတ္ တရားလို ကိုယ္တိုင္က ယင္းပစၥည္းကို လက္လႊတ္လိုက္လွ်င္ ယင္းပစၥည္းအတြက္ လက္ေရာက္ရလိုမႈ စြဲဆိုခဲ့ေသာ္ ကာလစည္းကမ္းသတ္ဥပေဒ ပထမဇယား အပိုဒ္ ၁၄၂ ႏွင့္ သက္ဆိုင္မည္ျဖစ္သည္။ တရားလိုသည္ ပိုင္ဆိုင္မႈသာရွိ၍ မည္သည့္အခါတြင္မွ် လက္ရွိမျဖစ္ခဲ့ဘူးေသာ မေ႐ႊ႕မေျပာင္းႏိုင္ေသာပစၥည္းကို လက္ေရာက္ရလိုမႈ စြဲဆိုခဲ့ေသာ္ ကာလစည္းကမ္းသတ္ ဥပေဒပထမဇယားအပိုဒ္ ၁၄၂ ႏွင့္အက်ဳံးမဝင္ သက္ဆိုင္ျခင္းမရွိ၍ ကာလစည္းကမ္းသတ္ ဥပေဒ ပထမဇယားအပိုဒ္ ၁၄၄ အရစြဲဆိုရမည္ျဖစ္သည္။

က်ဴးေက်ာ္သူအားႏွင္ထုတ္၍ ေျမကိုလက္ေရာက္ရလိုေၾကာင္း( ပုဒ္မ -၈ အရ) စြဲဆိုရာတြင္ တရားၿပိဳင္က ဆန္႔က်င္လက္ရွိထားပိုင္ခြင့္ရၿပီးေၾကာင္း ထုေခ်လာလွ်င္ ကာလစည္းကမ္းသတ္ ဥပေဒဇယား အမွတ္စဥ္ ၁၄၄ ႏွင့္ သက္ဆိုင္ေသာအမႈျဖစ္ပါက တရားလိုအေနျဖင့္ ပိုင္ဆိုင္ခြင့္ကို သက္ေသထူရမည္ျဖစ္ၿပီး၊ ဆန္႔က်င္လက္ရွိ ထားပိုင္ခြင့္ရၿပီးျဖစ္ေၾကာင္း သက္ေသထင္ရွားျပရန္မွာ က်ဴးေက်ာ္သူ တရားၿပိဳင္အေပၚ၌ က်ေရာက္မည္ ျဖစ္သည္။

က်ဴးေက်ာ္သူအား ဖယ္ရွားေပးေစလိုမႈတြင္ အိမ္ငွားအားႏွင္ထုတ္ ေပးေစလိုမႈကဲ့သို႔ အေၾကာင္းၾကားစာ ေပးရန္ မလိုေပ။ က်ဴးေက်ာ္သူအား ႏွင္ထုတ္ပိုင္ခြင့္ကို က်ဴးေက်ာ္သည့္ေန႔တြင္ သက္ဆိုင္ရာေျမရွင္ သို႔မဟုတ္ ေျမကိုလက္ရွိထားသူက ရရွိသည့္ေျမမွ ထြက္ခြာေပးေစရန္အေၾကာင္းၾကားစာကို မလိုက္နာျခင္းက တရားစြဲဆို ႏိုင္ေစရန္ အေၾကာင္း ေပၚေပါက္ေစသည္ မဟုတ္ေပ။ က်ဴးေက်ာ္သူအား ဖယ္ရွားေပးေစရန္ တရားစြဲဆိုခြင့္သည္ ထပ္တစ္လဲလဲ ေပၚေပါက္ေသာ အခြင့္အေရးမ်ိဳးမဟုတ္၊ က်ဴးေက်ာ္သည့္ေန႔တြင္ စတင္ေပၚေပါက္ျခင္းျဖစ္ သည္။ ကာလစည္းကမ္သတ္ကို ထိုေန႔မွ စတင္၍ေရတြက္ရသည္။ သို႔ျဖစ္၍ အေၾကာင္းၾကားစာကို အေၾကာင္း ျပဳၿပီး တရားစြဲဆိုရန္အေၾကာင္း ေပၚေပါက္သည္ဟု အဆိုျပဳျခင္းသည္လည္းေကာင္း၊ အေၾကာင္းၾကားစာ၌ ေနာက္ဆုံးထား၍ ဖယ္ရွားထြက္ခြာေပးေစရန္ေန႔၏ ေနာက္ပိုင္းရက္မ်ားတြင္ တရားစြဲဆိုရန္အေၾကာင္းမွာ အဆက္မျပတ္ေပၚေပါက္သည္ဟူေသာ အဆိုျပဳခ်က္သည္လည္းေကာင္း ဥပေဒႏွင့္ ညီၫြတ္မႈမရွိေၾကာင္းကို လမ္းၫႊန္ထားပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပေဒအႀကံေပး ပညာရွင္အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
imyanmarmarket
42 Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service