အန္တရာယ်ပြုခြင်းခံရလျှင် ဥပဒေအရ အသုံးခွင့်ပေးထားသည့် ကာကွယ်ခုခံပိုင်ခွင့်

အန္တရာယ်ပြုခြင်းခံရလျှင် ဥပဒေအရ အသုံးခွင့်ပေးထားသည့် ကာကွယ်ခုခံပိုင်ခွင့် - Property Knowledge in Myanmar from iMyanmarHouse.com
19 Aug 2020 2:58 pm တွင် တင်ခဲ့သည်
2986 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

ကာကွယ်ခုခံပိုင်ခွင့်ဆိုသည်မှာ မိမိခန္တာကိုယ်ကို (သို့မဟုတ်) အခြားသူ၏ခန္တာကိုယ်ကို ထိခိုက်ရန် ကျူးလွန်လာလျှင် ကာကွယ်ခုခံပိုင်ခွင့်ကို အသုံးပြုခွင့်ရှိသည်။ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ-၉၆ တွင်ပြဌာန်းထားပြီး ကာကွယ်ခုခံပိုင်ခွင့်အရ ပြုလုပ်သော ပြုလုပ်မှုသည် ပြစ်မှုမမြောက်ပါဘူး။ လူကိုယ်ကို ကာကွယ်ခုခံပိုင်ခွင့်နှင့် ပစ္စည်းကိုကာကွယ်ခုခံပိုင်ခွင့်ဆိုပြီး ရှိပါသည်။

ကာကွယ်ခုခံပိုင်ခွင့်ကို ဘယ်လိုအခြေအနေမှာ ဘယ်လောက်အသုံးပြုခွင့်ရှိလဲ

လူတစ်ဦးတစ်ယောက်က ရန်မူလာလျှင် ထွက်ပြေးရန်မလိုဘဲ ရန်မမူနိုင်သည်အထိ ကာကွယ်ခုခံပိုင်ခွင့် ရှိသည်။ သို့ရာတွင် လိုအပ်သည်ထက်ပို၍ ကလဲ့စားချေသည့်သဘော သက်ရောက်အောင် သတ်ဖြတ်ခြင်းကို ပြုလုပ်ခွင့်မရှိဘူး။

ပစ္စည်းနှင့်ပတ်သက်သည့် ကာကွယ်ခုခံပိုင်ခွင့်တွင် သူခိုးသည် ပစ္စည်းရှင်အား သေစေ (သို့မဟုတ်) ဒဏ်ရာအနာတရ ရစေရန် ပြုလုပ်မှသာ ထိုခိုးသူအား သေစေနိုင်သည်အထိ ကာကွယ်ခုခံပိုင်ခွင့်ရှိသည်။

ကာကွယ်ခုခံပိုင်ခွင့်ရှိသူသည် မည်သည့်လက်နက်ကိုသာ အသုံးပြုရမည်ဟု ကန့်သတ်ထားခြင်းမရှိပါ။

ပြည်သူ့ဝန်ထမ်းအဖြစ်ဖြင့်ပြုသော ပြုလုပ်မှု

ပြည်သူ့ဝန်ထမ်းအဖြစ်ဖြင့် ပြုသော (သို့မဟုတ်) ပြုရန်အားထုတ်သော သူသည် ပြည်သူ့ဝန်ထမ်း ဖြစ်သည်ဟု အပြုခံရသူက မသိလျှင် (သို့မဟုတ်) ယုံကြည်ရန်အကြောင်းမရှိလျှင် ထိုပြည်သူ့ဝန်ထမ်း၏ ပြုလုပ်မှုကိိုု တားဆီးရန် ကာကွယ်ခုခံပိုင်ခွင့်ရှိသည်။

မည်သည့်အခြေအနေတွင် ကာကွယ်ခုခံပိုင်ခွင့်သုံးခွင့်မရှိဘူးလဲ

- ဘေးအန္တရာယ်ကျရောက်ရန် စိုးရိမ်ဖွယ်အခြေအနေမရှိပါက ကာကွယ်ခုခံပိုင်ခွင့်ကို အသုံးမပြုနိုင် ပါ။

- တစ်စုံတစ်ယောက်၏ ပြုလုပ်မှုသည် ပြစ်မှုမြောက်သည့် ပြုလုပ်မှုမဟုတ်ပါက ကာကွယ်ခုခံပိုင်ခွင့် မရှိပါ။

- မိမိကိုယ်တိုင်က မတရားစော်ကားသူဖြစ်လျှင် ရန်စသူဖြစ်လျှင် ကာကွယ်ခုခံပိုင်ခွင့်မရှိပါ။

- နှစ်ဦးနှစ်ဘက် ခိုက်ရန်ဖြစ်ပွားနေစဉ်တွင် ထိုသို့ခ်ိုက်ရန် ဖြစ်ပွားကြသူများသည် ကာကွယ်ခုခံ ပိုင်ခွင့်ကို အသုံးမပြုနိုင်ပါ။

-ပြည်သူ့ဝန်ထမ်း၊ အာဏာပိုင်တို့ထံမှ အကာအကွယ် အစောင့်အရှောက်ရနိုင်ရန် တိုင်တန်းရန် အချိန်ရှိသည့် ကိစ္စများတွင် ကာကွယ်ခုခံပိုင်ခွင့်မရှိပါ။

လူကိုယ်ကို ကာကွယ်ခုခံပိုင်ခွင့်တွင် မည်သည့်အခါတွင် အောက်ပါကိစ္စရပ်များတွင် လူကိုသေစေရန်အထိ ကာကွယ်ခုခံပိုင်ခွင့်ရှိသည်။

- မကာကွယ်မခုခံလျှင် သေဘေးသို့ရောက်စေနိုင်သည်ဟု စိုးရိမ်ဖွယ်ရာဖြစ်လောက်သည့် လက်ရောက်မှု။

- မကာကွယ်မခုခံလျှင် အပြင်းအထန် နာကျင်စေနိုင်သည်ဟု စိုးရိမ်ဖွယ်ရာဖြစ်လောက်သည့် လက်ရောက်မှူ။

- မုဒိမ်းကျင့်ရန် အကြံအစည်နှင့် ကျူးလွန်သည့် လက်ရောက်မှု။

- ကာမရာဂစိတ်ကို ဓမ္မတာအတွင်းမဟုတ်ဘဲ ရောင်ရဲအောင် ပြုလုပ်ရန်အကြံနှင့် ကျူးလွန်သည့် လက်ရောက်မှု။

- လူကိုခိုးယူရန် အကြံနှင့်သော်လည်းကောင်း၊ သွေးဆောင်ခေါ်ဆောင်ရန်အကြံနှင့်သော်လည်း ကောင်း ကျူးလွန်သည့် လက်ရောက်မှု။

- လွတ်မြောက်ရေးအတွက် ပြည်သူ့ဝန်ထမ်းအာဏာပိုင်တို့ထံ တိုင်တန်းနိုင်ခြင်းမရှိဘဲ မတရား ချုပ်နှောင်ရန်အကြံနှင့် ကျူးလွန်သည့်လက်ရောက်မှု တို့ဖြစ်ပါသည်။

အထက်ပါ ပြုလုပ်မှုများမှတစ်ပါး အခြားကိစ္စရပ်များတွင် လူကိုသေစေသည်အထိ ကာကွယ်ခုခံ ပိုင်ခွင့်မရှိပါ။

ပစ္စည်းကို ကာကွယ်ခုခံပိုင်ခွင့်တွင် မည်သည့်အခါတွင် အောက်ပါကိစ္စရပ်များတွင် လူကိုသေစေရန်အထိ ကာကွယ်ခုခံပိုင်ခွင့်ရှိသည်။

- လုယက်မှု

- ညဉ့်အခါ အိမ်ဖောက်ထွင်းမှု

- လူနေရန်ဖြစ်စေ၊ ပစ္စည်းထားသိုရန်ဖြစ်စေ အသုံးပြုသည့် တိုက်၊ အိမ်စသည့် အဆောက်အအုံ၊ တဲ၊ ရေယာဉ် တစ်ခုခုတွင် မီးဖြင့်အကျိုးဖျက်ဆီးမှု။

- မခုခံဘဲနေပါက သေဘေးကို (သို့မဟုတ်) အပြင်အထန်နာကျင်ခြင်းခံရမည်ဟု စိုးရိမ်ရန်အကြောင်း ရှိအောင် ကျူးလွန်သည့် ခိုးမှု သို့မဟုတ် အကျိုးဖျက်ဆီးမှု သို့မဟုတ် အိမ်ကျော်နင်းမှု တို့ဖြစ်ပါသည်။

အထက်ပါပြုလုပ်မှုများမှတစ်ပါး ခိုးမှု၊ အကျိုးဖျက်ဆီးမှု၊ ရာဇဝတ်ပြစ်ဒဏ်ထိုက်သော ကျော်နင်းမှုကို ကျူးလွန်လျှင် (သို့မဟုတ်) ကျူးလွန်ရန် အားထုတ်သည့်ကိစ္စရပ်များတွင် လူကိုသေစေသည်အထိ ကာကွယ်ခုခံ ပိုင်ခွင့်မရှိပါ။

ကာကွယ်ခုခံပိုင်ခွင့်ကို ကျော်လွန်သုံးစွဲခြင်း

ဥပဒေအရ ခွင့်ပြုထားသည့် ကာကွယ်ခုခံပိုင်ခွင့်ကို လိုအပ်သည်ထက် ကျော်လွန်သုံးစွဲမိ၍ လူကို သေစေခဲ့လျှင် လူသေမှုအဖြစ် ပြစ်ဒဏ်စီရင်ခြင်းခံရမည် ဖြစ်သည်။ ယခုခေတ်အနေအထားတွင် အန္တရာယ်များသည့် လူမှုပတ်ဝန်းကျင်ကြောင့် မိမိတို့၏အသက် အန္တရာယ် ကို ထိခိုက်နိုင်သည် အခြေအနေကို ရင်ဆိုင်လာရသည့်အခါ ဥပဒေအရ အသုံးပြုခွင့်ပြုထားသည့် ကာကွယ်ခုခံ ပိုင်ခွင့်ကို အသုံးပြုနိုင်ရန်နှင့် လိုအပ်သည်ထပ် ပိုမိုမသုံးစွဲမိစေရန် ရည်ရွယ်၍ ဥပဒေဗဟုသုတရရှိစေရန် ရေးသားဖော်ပြလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

 

အႏၱရာယ္ျပဳျခင္းခံရလွ်င္ ဥပေဒအရ အသံုးခြင့္ေပးထားသည့္ ကာကြယ္ခုခံပုိင္ခြင့္

ကာကြယ္ခုခံပိုင္ခြင့္ဆိုသည္မွာ မိမိခႏၱာကိုယ္ကို (သို႔မဟုတ္) အျခားသူ၏ခႏၱာကိုယ္ကို ထိခိုက္ရန္ က်ဴးလြန္လာလွ်င္ ကာကြယ္ခုခံပိုင္ခြင့္ကို အသံုးျပဳခြင့္ရွိသည္။ ျပစ္မႈဆိုင္ရာဥပေဒ ပုဒ္မ-၉၆ တြင္ျပဌာန္းထားၿပီး ကာကြယ္ခုခံပိုင္ခြင့္အရ ျပဳလုပ္ေသာ ျပဳလုပ္မႈသည္ ျပစ္မႈမေျမာက္ပါဘူး။ လူကိုယ္ကို ကာကြယ္ခုခံပိုင္ခြင့္ႏွင့္ ပစၥည္းကိုကာကြယ္ခုခံပိုင္ခြင့္ဆိုၿပီး ရွိပါသည္။

ကာကြယ္ခုခံပိုင္ခြင့္ကို ဘယ္လိုအေျခအေနမွာ ဘယ္ေလာက္အသံုးျပဳခြင့္ရွိလဲ

လူတစ္ဦးတစ္ေယာက္က ရန္မူလာလွ်င္ ထြက္ေျပးရန္မလိုဘဲ ရန္မမူႏိုင္သည္အထိ ကာကြယ္ခုခံပိုင္ခြင့္ ရွိသည္။ သို႔ရာတြင္ လိုအပ္သည္ထက္ပို၍ ကလဲ့စားေခ်သည့္သေဘာ သက္ေရာက္ေအာင္ သတ္ျဖတ္ျခင္းကို ျပဳလုပ္ခြင့္မရွိဘူး။

ပစၥည္္းႏွင့္ပတ္သက္သည့္ ကာကြယ္ခုခံပိုင္ခြင့္တြင္ သူခိုးသည္ ပစၥည္းရွင္အား ေသေစ (သုိ႔မဟုတ္) ဒဏ္ရာအနာတရ ရေစရန္ ျပဳလုပ္မွသာ ထုိခုိးသူအား ေသေစႏုိင္သည္အထိ ကာကြယ္ခုခံပုိင္ခြင္႔ရွိသည္။

ကာကြယ္ခုခံပိုင္ခြင့္ရွိသူသည္ မည္သည့္လက္နက္ကိုသာ အသံုးျပဳရမည္ဟု ကန္႔သတ္ထားျခင္းမရွိပါ။

ျပည္သူ႔ဝန္ထမ္းအျဖစ္ျဖင့္ျပဳေသာ ျပဳလုပ္မႈ

ျပည္သူ႔ဝန္ထမ္းအျဖစ္ျဖင့္ ျပဳေသာ (သို႔မဟုတ္) ျပဳရန္အားထုတ္ေသာ သူသည္ ျပည္သူ႔ဝန္ထမ္း ျဖစ္သည္ဟု အျပဳခံရသူက မသိလ်ွင္ (သို႔မဟုတ္) ယံုၾကည္ရန္အေၾကာင္းမ႐ွိလ်ွင္ ထိုျပည္သူ႔ဝန္ထမ္း၏ ျပဳလုပ္မႈကိုို တားဆီးရန္ ကာကြယ္ခုခံပိုင္ခြင့္႐ွိသည္။

မည္သည့္အေျခအေနတြင္ ကာကြယ္ခုခံပိုင္ခြင့္သံုးခြင့္မရွိဘူးလဲ

- ေဘးအႏၱရာယ္က်ေရာက္ရန္ စိုးရိမ္ဖြယ္အေျခအေနမရွိပါက ကာကြယ္ခုခံပိုင္ခြင့္ကို အသံုးမျပဳႏိုင္ ပါ။

- တစ္စံုတစ္ေယာက္၏ ျပဳလုပ္မႈသည္ ျပစ္မႈေျမာက္သည့္ ျပဳလုပ္မႈမဟုတ္ပါက ကာကြယ္ခုခံပိုင္ခြင့္ မရွိပါ။

- မိမိကိုယ္တိုင္က မတရားေစာ္ကားသူျဖစ္လွ်င္ ရန္စသူျဖစ္လွ်င္ ကာကြယ္ခုခံပိုင္ခြင့္မရွိပါ။

- နွစ္ဦးႏွစ္ဘက္ ခုိက္ရန္ျဖစ္ပြားေနစဥ္တြင္ ထုိသုိ႔ခုိ္က္ရန္ ျဖစ္ပြားၾကသူမ်ားသည္ ကာကြယ္ခုခံ ပိုင္ခြင္႔ကုိ အသံုးမျပဳနိုင္ပါ။

-ျ ပည္သူ႔ဝန္ထမ္း၊ အာဏာပိုင္တို႔ထံမွ အကာအကြယ္ အေစာင့္အေ႐ွာက္ရႏိုင္ရန္ တိုင္တန္းရန္ အခ်ိန္႐ွိသည့္ ကိစၥမ်ားတြင္ ကာကြယ္ခုခံပိုင္ခြင့္မ႐ွိပါ။

လူကိုယ္ကို ကာကြယ္ခုခံပိုင္ခြင့္တြင္ မည္သည့္အခါတြင္ ေအာက္ပါကိစၥရပ္မ်ားတြင္ လူကိုေသေစရန္အထိ ကာကြယ္ခုခံပိုင္ခြင့္ရွိသည္။

- မကာကြယ္မခုခံလ်ွင္ ေသေဘးသို႔ေရာက္ေစႏိုင္သည္ဟု စိုးရိမ္ဖြယ္ရာျဖစ္ေလာက္သည့္ လက္ေရာက္မႈ။

- မကာကြယ္မခုခံလ်ွင္ အျပင္းအထန္ နာက်င္ေစႏိုင္သည္ဟု စိုးရိမ္ဖြယ္ရာျဖစ္ေလာက္သည့္ လက္ေရာက္မႉ။

- မုဒိမ္းက်င့္ရန္ အၾကံအစည္ႏွင့္ က်ဴးလြန္သည့္ လက္ေရာက္မႈ။

- ကာမရာဂစိတ္ကို ဓမၼတာအတြင္းမဟုတ္ဘဲ ေရာင္ရဲေအာင္ ျပဳလုပ္ရန္အၾကံႏွင့္ က်ဴးလြန္သည့္ လက္ေရာက္မႈ။

- လူကိုခိုးယူရန္ အၾကံႏွင့္ေသာ္လည္းေကာင္း၊ ေသြးေဆာင္ေခၚေဆာင္ရန္အၾကံႏွင့္ေသာ္လည္း ေကာင္း က်ဴးလြန္သည့္ လက္ေရာက္မႈ။

- လြတ္ေျမာက္ေရးအတြက္ ျပည္သူ႔ဝန္ထမ္းအာဏာပိုင္တို႔ထံ တိုင္တန္းႏိုင္ျခင္းမရွိဘဲ မတရား ခ်ဳပ္ေႏွာင္ရန္အၾကံႏွင့္ က်ဴးလြန္သည့္လက္ေရာက္မႈ တို႔ျဖစ္ပါသည္။

အထက္ပါ ျပဳလုပ္မႈမ်ားမွတစ္ပါး အျခားကိစၥရပ္မ်ားတြင္ လူကိုေသေစသည္အထိ ကာကြယ္ခုခံ ပိုင္ခြင့္မရွိပါ။

ပစၥည္းကို ကာကြယ္ခုခံပိုင္ခြင့္တြင္ မည္သည့္အခါတြင္ ေအာက္ပါကိစၥရပ္မ်ားတြင္ လူကိုေသေစရန္အထိ ကာကြယ္ခုခံပိုင္ခြင့္ရွိသည္။

- လုယက္မႈ

- ညဥ့္အခါ အိမ္ေဖာက္ထြင္းမႈ

- လူေနရန္ျဖစ္ေစ၊ ပစၥည္းထားသိုရန္ျဖစ္ေစ အသံုးျပဳသည့္ တိုက္၊ အိမ္စသည့္ အေဆာက္အအံု၊ တဲ၊ ေရယာဥ္ တစ္ခုခုတြင္ မီးျဖင့္အက်ိဳးဖ်က္ဆီးမႈ။

- မခုခံဘဲေနပါက ေသေဘးကို (သို႔မဟုတ္) အျပင္အထန္နာက်င္ျခင္းခံရမည္ဟု စိုးရိမ္ရန္အေၾကာင္း ရွိေအာင္ က်ဴးလြန္သည့္ ခိုးမႈ သို႔မဟုတ္ အက်ိဳးဖ်က္ဆီးမႈ သို႔မဟုတ္ အိမ္ေက်ာ္နင္းမႈ တုိ႔ျဖစ္ပါသည္။

အထက္ပါျပဳလုပ္မႈမ်ားမွတစ္ပါး ခိုးမႈ၊ အက်ိဳးဖ်က္ဆီးမႈ၊ ရာဇဝတ္ျပစ္ဒဏ္ထိုက္ေသာ ေက်ာ္နင္းမႈကို က်ဴးလြန္လ်ွင္ (သို႔မဟုတ္) က်ဴးလြန္ရန္ အားထုတ္သည့္ကိစၥရပ္မ်ားတြင္ လူကိုေသေစသည္အထိ ကာကြယ္ခုခံ ပိုင္ခြင့္မရွိပါ။

ကာကြယ္ခုခံပိုင္ခြင့္ကို ေက်ာ္လြန္သံုးစြဲျခင္း

ဥပေဒအရ ခြင့္ျပဳထားသည့္ ကာကြယ္ခုခံပိုင္ခြင့္ကို လိုအပ္သည္ထက္ ေက်ာ္လြန္သံုးစြဲမိ၍ လူကို ေသေစခဲ့လွ်င္ လူေသမႈအျဖစ္ ျပစ္ဒဏ္စီရင္ျခင္းခံရမည္ ျဖစ္သည္။ ယခုေခတ္အေနအထားတြင္ အႏၱရာယ္မ်ားသည့္ လူမႈပတ္၀န္းက်င္ေၾကာင့္ မိမိတို႔၏အသက္ အနၱရာယ္ ကို ထိခိုက္ႏိုင္သည္ အေျခအေနကို ရင္ဆိုင္လာရသည့္အခါ ဥပေဒအရ အသံုးျပဳခြင့္ျပဳထားသည့္ ကာကြယ္ခုခံ ပိုင္ခြင့္ကို အသံုးျပဳနိုင္ရန္ႏွင့္ လိုအပ္သည္ထပ္ ပိုမိုမသံုးစြဲမိေစရန္ ရည္ရြယ္၍ ဥပေဒဗဟုသုတရရွိေစရန္ ေရးသားေဖာ္ျပလိုက္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပေဒအႀကံေပး ပညာရွင္အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service