စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေအရ မှတ်ပုံတင်ရမည့်စာချုပ်စာတမ်းများနှင့် မှတ်ပုံမတင်ခြင်း၏ အကျိုးဆက် အကြောင်း

စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေအရ မှတ်ပုံတင်ရမည့်စာချုပ်စာတမ်းများနှင့် မှတ်ပုံမတင်ခြင်း၏ အကျိုးဆက် အကြောင်း - Property Knowledge in Myanmar from iMyanmarHouse.com
17 Aug 2020 11:28 am တွင် တင်ခဲ့သည်
1261 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

၂၀၁၈ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ကပြဋ္ဌာန်းလိုက်တဲ့ စာချုပ်စာတမ်းဥပဒေမှတ်ပုံတင်ဥပဒေ ပုဒ်မ-၁၆အရ အောက်ပါစာချုပ်စာတမ်းများကို မှတ်ပုံမတင်မနေရ စာချုပ်စာတမ်းများအဖြစ်သတ်မှတ်ထားပါသည်။

(က) မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းကို အပိုင်ပေးသည့်စာချုပ်စာတမ်း၊

(ခ) မရွှေ့မပြောင်းနိုင်သည့်ပစ္စည်း၌ဖြစ်စေ၊ ယင်းနှင့်စပ်လျဉ်း၍ဖြစ်စေ တန်ဖိုးငွေကျပ်တစ်သိန်းနှင့် အထက် ရှိသည့် မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းများရောင်းချခြင်း၊ ဆိုင်ရာဆိုင်ခွင့်အကျိုးစီးပွားတစ်စုံတစ်ရာဖြစ်စေရေး အတွက် ကြေညာခြင်း၊ လွှဲအပ်ခြင်း၊ ကန့်သတ်ခြင်း၊ စွန့်လွတ်ခြင်းနှင့် ဖျက်သိမ်းခြင်းတို့ကို ခိုင်မာစေရန်ပြုလုပ် သည့် သေတမ်းစာမဟုတ်သော စာရွက်စာတမ်းများ၊ ယင်းစာချုပ်စာတမ်းတို့နှင့်သက်ဆိုင်သည့် ပိုင်ဆိုင်ခွင့် အပေါ် တရားရုံးကချမှတ်သည့် စီရင်ချက်၊ ဒီကရီ၊ အမိန့်၊

(ဂ) တန်ဖိုးငွေကျပ်တစ်သိန်းနှင့်အထက်ရှိသည့် ပိုင်ဆိုင်ခွင့်စာချုပ်ကိုအပ်နှံ၍ ပေါင်နှံငွေချေးခြင်းမှတစ်ပါး ပေါင်နှံခြင်းကို ပေါင်နှံသူလက်မှတ်ရေးထိုးပြီး အနည်းဆုံးအသိသက်သေနှစ်ဦးက မှန်ကန်ကြောင်း ဝန်ခံ လက်မှတ်ရေးထိုးထားသည့် ပေါင်နှံခြင်းစာချုပ်များနှင့် ပေါင်နှံခြင်းဖျက်သိမ်းသောစာချုပ်များ၊

(ဃ) မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းကို တစ်နှစ်ပြီးတစ်နှစ် ငှားရမ်းခြင်း၊ တစ်နှစ်ထက်ပို၍ ငှားရမ်းခြင်း၊ ငှားရမ်းခကို နှစ်အလိုက်သတ်မှတ်၍ ငှားရမ်းခြင်းစာချုပ်များ၊

(င) ကုမ္ပဏီအသင်းအဖွဲ့တို့က မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းပိုင်ဆိုင်ခွင့်အားလုံးကိုဖြစ်စေ တစ်ချို့တစ်ဝက် ကိုဖြစ်စေ ယင်းပစ္စည်းနှင့်သက်ဆိုင်သည့် အကျိုးစီးပွားကိုဖြစ်စေ ယုံမှတ်အပ်နှံသူသို့ပေါင်နှံခြင်း၊ ပေးအပ်ခြင်း သို့မဟုတ် အခြားနည်းဖြင့် လွှဲအပ်ခြင်းပြုသည့် စာချုပ်စာတမ်းများ၊

(စ) ကိတ္တိမသားသမီးမွေးစားခြင်း စာချုပ်စာတမ်းများ၊

(ဆ) နိုင်ငံတော်အစိုးရက အခါအားလျော်စွာ သက်မှတ်သည့်စာချုပ်စာတမ်းများ။ စာချုပ်စာတမ်းဥပဒေမှတ်ပုံတင်ဥပဒေ ပုဒ်မ-၁၆အရ သတ်မှတ်သော မှတ်ပုံမတင်မနေရ စာချုပ် စာတမ်းများကို မှတ်ပုံတင်ခြင်းမပြုလျှင်-

(က) မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းကို တစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်း၊ ငှားရမ်းခြင်းတို့သည် သက်ရောက်မှုမရှိစေရ၊

(ခ) ကိတ္တိမသားသမီးမွေးစားခြင်းအတွက် တရားဝင်အထောက်အထား သက်သေခံချက် မဖြစ်စေရ၊

(ဂ) စာချုပ်စာတမ်းပါပစ္စည်းနှင့် သက်ဆိုင်သည့် သို့မဟုတ် အခွင့်အာဏာပေးအပ်ချက်သည် တရားဝင် အထောက်အထား သက်သေခံချက် မဖြစ်စေရ။

အထက်တွင်ဖော်ပြထားသည့် စာချုပ်စာတမ်းများသည် မဖြစ်မနေမှတ်ပုံတင်ရန် လိုအပ်မည်ဖြစ်ပြီး မှတ်ပုံတင်ဆောင်ရွက်ထားခြင်းမရှိလျှင် ချုပ်ဆိုသည့် စာချုပ်စာတမ်းသည် အကျိုးသက်ရောက်မှုမရှိဖြစ်ပြီး ဆုံးရှုံးမှု ဖြစ်ပွားစေမှာဖြစ်တဲ့အတွက် မဖြစ်မနေမှတ်ပုံတင်ရန် လိုအပ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

စာခ်ဳပ္စာတမ္းမွတ္ပံုတင္ဥပေဒအရ မွတ္ပံုတင္ရမည့္စာခ်ဳပ္စာတမ္းမ်ားႏွင့္ မွတ္ပံုမတင္ျခင္း၏ အက်ိဳးဆက္ အေၾကာင္း

၂၀၁၈ခုႏွစ္၊ ျပည္ေထာင္စုလႊတ္ေတာ္ကျပ႒ာန္းလိုက္တဲ့ စာခ်ဳပ္စာတမ္းဥပေဒမွတ္ပံုတင္ဥပေဒ ပုဒ္မ-၁၆အရ ေအာက္ပါစာခ်ဳပ္စာတမ္းမ်ားကို မွတ္ပံုမတင္မေနရ စာခ်ဳပ္စာတမ္းမ်ားအျဖစ္သတ္မွတ္ထားပါသည္။

(က) မေရႊ႕မေျပာင္းႏိုင္သည့္ပစၥည္းကို အပိုင္ေပးသည့္စာခ်ဳပ္စာတမ္း၊

(ခ) မေရႊ႕မေျပာင္းႏိုင္သည့္ပစၥည္း၌ျဖစ္ေစ၊ ယင္းႏွင့္စပ္လ်ဥ္း၍ျဖစ္ေစ တန္ဖိုးေငြက်ပ္တစ္သိန္းႏွင့္ အထက္ ရွိသည့္ မေရႊ႕မေျပာင္းႏိုင္သည့္ပစၥည္းမ်ားေရာင္းခ်ျခင္း၊ ဆိုင္ရာဆိုင္ခြင့္အက်ိဳးစီးပြားတစ္စံုတစ္ရာျဖစ္ေစေရး အတြက္ ေၾကညာျခင္း၊ လႊဲအပ္ျခင္း၊ ကန္႔သတ္ျခင္း၊ စြန္႔လြတ္ျခင္းႏွင့္ ဖ်က္သိမ္းျခင္းတို႔ကို ခုိင္မာေစရန္ျပဳလုပ္ သည့္ ေသတမ္းစာမဟုတ္ေသာ စာရြက္စာတမ္းမ်ား၊ ယင္းစာခ်ဳပ္စာတမ္းတို႔ႏွင့္သက္ဆုိင္သည့္ ပိုင္ဆိုင္ခြင့္ အေပၚ တရားရံုးကခ်မွတ္သည့္ စီရင္ခ်က္၊ ဒီကရီ၊ အမိန္႔၊

(ဂ) တန္ဖိုးေငြက်ပ္တစ္သိန္းႏွင့္အထက္ရွိသည့္ ပိုင္ဆိုင္ခြင့္စာခ်ဳပ္ကိုအပ္ႏွံ၍ ေပါင္ႏွံေငြေခ်းျခင္းမွတစ္ပါး ေပါင္ႏွံျခင္းကို ေပါင္ႏွံသူလက္မွတ္ေရးထုိးၿပီး အနည္းဆံုးအသိသက္ေသႏွစ္ဦးက မွန္ကန္ေၾကာင္း ဝန္ခံ လက္မွတ္ေရးထိုးထားသည့္ ေပါင္ႏွံျခင္းစာခ်ဳပ္မ်ားႏွင့္ ေပါင္ႏွံျခင္းဖ်က္သိမ္းေသာစာခ်ဳပ္မ်ား၊

(ဃ) မေရႊ႕မေျပာင္းႏိုင္သည့္ပစၥည္းကို တစ္ႏွစ္ၿပီးတစ္ႏွစ္ ငွားရမ္းျခင္း၊ တစ္ႏွစ္ထက္ပို၍ ငွားရမ္းျခင္း၊ ငွားရမ္းခကို ႏွစ္အလိုက္သတ္မွတ္၍ ငွားရမ္းျခင္းစာခ်ဳပ္မ်ား၊

(င) ကုမၸဏီအသင္းအဖြဲ႕တို႔က မေရႊ႕မေျပာင္းႏိုင္သည့္ပစၥည္းပိုင္ဆိုင္ခြင့္အားလံုးကိုျဖစ္ေစ တစ္ခ်ိဳ႕တစ္ဝက္ ကိုျဖစ္ေစ ယင္းပစၥည္းႏွင့္သက္ဆိုင္သည့္ အက်ိဳးစီးပြားကိုျဖစ္ေစ ယံုမွတ္အပ္ႏွံသူသို႔ေပါင္ႏွံျခင္း၊ ေပးအပ္ျခင္း သို႔မဟုတ္ အျခားနည္းျဖင့္ လႊဲအပ္ျခင္းျပဳသည့္ စာခ်ဳပ္စာတမ္းမ်ား၊

(စ) ကိတၱိမသားသမီးေမြးစားျခင္း စာခ်ဳပ္စာတမ္းမ်ား၊

(ဆ) ႏိုင္ငံေတာ္အစိုးရက အခါအားေလ်ာ္စြာ သက္မွတ္သည့္စာခ်ဳပ္စာတမ္းမ်ား။ စာခ်ဳပ္စာတမ္းဥပေဒမွတ္ပံုတင္ဥပေဒ ပုဒ္မ-၁၆အရ သတ္မွတ္ေသာ မွတ္ပံုမတင္မေနရ စာခ်ဳပ္ စာတမ္းမ်ားကို မွတ္ပံုတင္ျခင္းမျပဳလွ်င္-

(က) မေရႊ႕မေျပာင္းႏိုင္သည့္ ပစၥည္းကို တစ္နည္းနည္းျဖင့္ လႊဲေျပာင္းျခင္း၊ ငွားရမ္းျခင္းတို႔သည္ သက္ေရာက္မႈမရွိေစရ၊

(ခ) ကိတၱိမသားသမီးေမြးစားျခင္းအတြက္ တရားဝင္အေထာက္အထား သက္ေသခံခ်က္ မျဖစ္ေစရ၊

(ဂ) စာခ်ဳပ္စာတမ္းပါပစၥည္းႏွင့္ သက္ဆိုင္သည့္ သုိ႔မဟုတ္ အခြင့္အာဏာေပးအပ္ခ်က္သည္ တရားဝင္ အေထာက္အထား သက္ေသခံခ်က္ မျဖစ္ေစရ။ အထက္တြင္ေဖာ္ျပထားသည့္ စာခ်ဳပ္စာတမ္းမ်ားသည္ မျဖစ္မေနမွတ္ပံုတင္ရန္ လိုအပ္မည္ျဖစ္ၿပီး မွတ္ပံုတင္ေဆာင္ရြက္ထားျခင္းမရွိလွ်င္ ခ်ဳပ္ဆိုသည့္ စာခ်ဳပ္စာတမ္းသည္ အက်ိဳးသက္ေရာက္မႈမရွိျဖစ္ၿပီး ဆံုးရႈံးမႈ ျဖစ္ပြားေစမွာျဖစ္တဲ့အတြက္ မျဖစ္မေနမွတ္ပံုတင္ရန္ လိုအပ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပေဒအႀကံေပး ပညာရွင္အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service