‘‘ ပါမစ်ပေါက် ’’ ၊‘‘ဂရန်သစ် ’’လျှောက်လို့ ရပေမယ့် ရတက်မအေးနိုင်တာက ‘‘မြေချပါမစ် မူရင်း’’ လက်ဝယ်ရှိသူတွေ
‘‘ ပါမစ်ပေါက် ’’ ၊‘‘ဂရန်သစ် ’’လျှောက်လို့ ရပေမယ့် ရတက်မအေးနိုင်တာက ‘‘မြေချပါမစ် မူရင်း’’ လက်ဝယ်ရှိသူတွေ - Property Knowledge in Myanmar from iMyanmarHouse.com
27 Jul 2020 3:04 pm တွင် တင်ခဲ့သည်
12960 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by နှင်းအိခင်
[Unicode]
လက်ဖက်ရည်ဆိုုင် မှာထိုင်ပြီးတိုင်ပင်ကြစို့ခုတလော အိမ်ခြံမြေ အရောင်း အဝယ် အေးသွားပေမယ့်၊အိမ်ခြံမြေအကျိုးဆောင် ပွဲစားများထိုင်နေကျ ၊ လက်ဖက်ရည်ဆိုုင်မှာတော့…..ပုံမှန် ထိုင်နေကြ၊ ဆွေးနွေးကျ၊ တိုုင်ပင်ကျဆဲ ရှိပါတယ်။အကွက်လှကြောင်းဈေးတန်ကြောင်းအချို့အချောင်ဈေးဖြစ်ကြောင်းရောင်းလိုသူချင်း အပြန်အလှန် ထောက်ခံ နေကြပေမယ့် ထုံးစံအတိုုင်း ဝယ်သူမဆင်းတာ တွေ့ရသဖြင့်တစ်နေကုန် ထိုင်နေကြ။ မနက်ပ်ိုင်း တစ်ပိုင်း ထိုင်ပြီး ပြန်ကျတာကို တွေ့ရပါတယ်။
အေးသွားတာက ‘‘ မြေ ’’၊ စည်နေတာက ‘‘ မြို့တော်ခန်းမ’’
အိမ်ခြံမြေ အရောင်းအဝယ် ဈေးကွက်ငြိမ်နေတဲ့အခါ၊ အိမ်ခြံမြေ အရောင်းအဝယ် ကုမ္ပဏီထူထောင်ထားသူများကတော့ ငြိမ်ငြိမ်မနေ လှုပ်ရှားနေကြ တယ်။ ဘယ်မှာ..လှုပ်ရှားနေကြလဲ ဆိုတော့ရန်ကုန် မြို့တော်ခန်းမမှာလေ။ ဘာလုပ်နေကြတာပါလိမ့်….ဟု စုံစမ်းကြ မိတယ်။
မူရင်းပျောက်လို့ဂရန် သစ်လျှောက်
ရန်ကုန်မြို့တော်ခန်းမ ၊မြို့ပြစီမံကိန်းနဲ့မြေစီမံခန့်ခွဲမှု ဌာန မှာ မြေချပါမစ် ကနေ ဂရန်သစ်လျှောက်သူများ ၊ဂရန်သစ်ရလို့လာထုတ်ကြသူများကို တွေ့ရပါတယ်။ အချို့ကလည်းမိမိ အမည်ပေါက် ဂရန်ပျောက်သွားလို့၊ အမည်ပေါက်ဂရန် မိတ္တူ ပြန်လျှောက်ကြတာကိုလဲ တွေ့ရပါတယ်။ မြို့တော်ခန်းမမှာ စည်ကားနေရခြင်း အကြောင်း ထဲမှာ လူအများ စိတ်ဝင်စားဆုံးက…မြေချ ပါမစ် ပျောက်ဆုံးသွားလို့….ပါမစ်ပျောက်… ဂရန်သစ် လျှောက်ချင်နေကြတဲ့ သူတွေပါဘဲ။ ပါမစ် ပျောက်လို့ဂရန် သစ်လျှောက်ထားတဲ့ ကိစ္စတွေက လည်း ယခင်က ခေတ္တ ဆိုင်းငံထားတယ်လို့သိရပါတယ်။ သို့သော် မကြာသေးခင်ကမှမြို့တော်ခန်းမမှာရှိတဲ့၊မြေစီမံခန့်ခွဲမှု ဌာနမှာပါမစ်ပျောက် ၊ဂရန်သစ် လျှောက်လိုရပြီ ကြားတာနဲ့၊ဂရန်သစ် လျှောက်ဖို့လူတွေ များလာရခြင်း ဖြစ်ပါတယ်။
ဟိုတုန်းက ပါမစ်ပျောက်ရင် ရပ်ကွက်/ ရဲစခန်းထောက်ခံချက်/တရားရုံး ကျမ်း ကျိန် လိုအပ်။
ပါမစ်ပျောက်လို့ဂရန်သစ်လျှောက်ရင် ယခင်ကတော့မြေကွက်ရှိတဲ့ ရပ်ကွက်က မြေချပါမစ် တကယ်ပျောက်ဆုံးကြောင်း ထောက်ခံစာ ရပ်ကွက်ထောက်ခံချက်အရ ရဲစခန်းက ဆက်လက် ထောက်ခံချက် တို့ကို ရေးပေးရတယ်။ ထို့အတူ ….အဆိုပါ မြေချပါမစ် တကယ် ပျောက်ဆုံးသည်မှာ မှန်ကန်ကြောင်း တရားရုံး ကျမ်းကျိန်လည်းတပါတည်း တင်ပြရတယ်။
ယခုမြို့နယ် စည်ပင်ထောက်ခံချက်လို
ယခုအခါ ပါမစ်ပျောက် ဂရန်သစ် လျှောက်ရင်တော့မြေကွက်တည်ရှိရာ ၊မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရဲ့ပျောက်ဆုံးကြောင်း ထောက်ခံချက်က လည်းလိုအပ်တဲ့အကြောင်းသိရပါတယ်။မြို့နယ် အုပ်ချုပ်ရေးမှူးထံ မှာ ကြွေးကျန် ကင်းရှင်းကြောင်း ထောက်ခံချက် တော့လုပ်ဖူးတယ်။ ပါမစ် ပျောက်ဆုံးကြောင်း ထောက်ခံချက် လုပ်ရမယ်ဆိုတာကတော့ အခုမှ ထပ်မံ သိရတဲ့ဗဟုသုတ အသစ်ပါ။
ပါမစ်ပြောင်း များ သို့ဂရန်သစ် ထုတ်ပေးရန် နောက်ဆက်တွဲတွေ ပေါ်လာနိုင်
ယခုလို ပါမစ်ပျောက် ဂရန် အသစ် လျှောက်ထားခြင်းကို လက်ခံဆောင် ရွက်ပေးတဲ့မြေစီမံခန့်ခွဲမှု ဌာန အနေနဲ့တာဝန် ကြီးလိမ့်မယ်လို့စာရေးသူ ထင်ပါတယ်။ယနေ့အိမ်ခြံမြေ အရောင်းအဝယ် လောကမှာ ကြားသိနေရတဲ့ စကားတွေ အရမြေချပါမစ် အရောင်းအဝယ် လုပ်တဲ့အခါ တခြမ်းထိုး စနစ် အရာင်းအဝယ်လုပ်ကြတာကိုမကြာခဏ တွေ့ရတက်ပါတယ်။
တခြမ်းထိုစနစ်နဲ့အရောင်းအဝယ်လုပ်တယ်ဆိုရင်စာချုပ်အဆက်အစပ်များတက်ပါတယ်။အဆင့်ဆင့်ရောင်းဝယ်တာ မှန်သော်လည်း ရောင်းသူများမှာ မြေချပါမစ် ကိုသာပေးလိုက်တာပါ။ မြေချ ပါမစ်မူရင်းကို ပြန်ရောင်းတဲ့ အခါ ပါမစ် မိတ္တူကူးယူ ပြီး သိမ်းထားလေ့ရှိကြပါတယ်။
ပါမစ်အရောင်းအဝယ်များတဲ့မြို့တွေ သတိရှိကြလေ
ဥပမာ။ ။ဒဂုံဆိပ်ကမ်းမြို့နယ်က ပဲခူးမြစ်လမ်း ၊ ကနောင်မင်းသားကြီး လမ်းဘေးဝဲယာ ကမြေကွက်တွေဆိုရင် သိန်း(၅၀၀)၊ ကနေ သိန်း(၁၀၀၀) အထက်မှာ ရှိနေပါတယ်။ နေရာကလဲ ကောင်းတယ်။
လူတိုင်းသဘောကျတဲ့ နေရာလဲဖြစ်တော့ ခဏခဏ အရောင်းအဝယ်ဖြစ်ကြပါတယ်။ ဝယ်ရောင်းသမားတွေလဲ မြေချပါမစ်ဆိုရင်အကြိုက်ဆုံး ဖြစ်တယ်။ အစထဲကအရောင်းအဝယ်ဈေးကစားဖို့ဝယ်ထားတာ ဖြစ်လေတော့ ဘယ်သူမှ ဂရန်အမည် ပေါက်မလုပ်ချင်ကြဘူး။
ပါမစ်ပျောက် ဂရန်သစ်လျှောက်လို့ရပေမယ့် ရတက် မအေးရတာ ပါမစ် မူရင်းကိုင်သူတွေ
ရောင်းထွက်ရင်လည်းနေရာကောင်းတွေဆိုတော့ပါမစ်မိတ္တူတွေ သိမ်းထား တက် ကြတယ်။ အချို့ကလဲ ယုံကြည်ရတဲ့ပွဲစားတွေကို ရောင်းပေးဖို့ပါမစ် မိတ္တူတွေ ပေးတက်ကြတာမျိုးလဲရှိတယ်။ဒီလိုပါမစ်တွေက ရိုးသားတဲ့သူတွေဆီမှာ ရှိနေတယ်ဆိုရင် ဘာမှအရေးမကြီးပေမယ့်။ မရိုးမသားမသမာသူတွေရဲ့ လက်ထဲများရောက် သွားရင် အတွေးသစ် စိတ်ကူးသစ် တွေပေါ်သွားပြီး ပါမစ် ပျောက် ဂရန်သစ် လျှောက်သွားခဲ့ရင် မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်ပြီးတရားရုံးတက်ပြီး ဖြေရှင်းရတာမျိုးတွေလဲ ပေါ်လာနိုင်ပါတယ်။
ပါမစ် အမှန်ပျောက်သူတွေအတွက် ဝမ်းသာစရာ
အမှန် တကယ်ပါမစ်ပျောက်လို့ ဂရန်သစ် လျှောက်ဖို့စောင့်စားနေတဲ့သူတွေ အတွက်တော့ ‘‘အရှေ့က နေဝန်း ထွက်သည့်ပမာ’’ ဝမ်းသာနေကြ မှာပါ ၊ယနေ့အချိန်သမယ ကို လူအများစောင့်စားနေတာကြာပါပြီ။ ဒါကြောင့်မြေပေါ်မှာအိမ်ဆောက်နေရသော်လည်းပိုင်ဆိုင်မှုအထောက်အထား မရှိသေးသူများ နောင်ရေးစိတ်အေးရဖို့အရေးမိမိအမည်ပေါက် အနှစ် ၆၀ ဂရန်မြေငှားစာချုပ် လက်ဝယ်ထားကိုင်နိုင်ဖို့ရန်ကုန်မြို့တော်ခန်းမ မြို့ပြ စီမံကိန်းဖွင့်မြေစီမံခန့်ခွဲ မှုဌာနမှာအမြန်သွားရောက် စုံစမ်းကြပါလို့ သတင်းကောင်းပါးလိုက်ပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက်  ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
လက်ဖက်ရည်ဆိုင် မှာထိုင်ပြီးတိုင်ပင်ကြစို့ ခုတလော အိမ်ခြံမြေ အရောင်းအဝယ် အေးသွားပေမယ့် ၊အိမ်ခြံမြေအကျိုးဆောင် ပွဲစားများထိုင်နေကျ ၊ လက်ဖက်ရည်ဆိုင်မှာတော့ …..ပုံမှန် ထိုင်နေကြ၊ ဆွေးနွေးကျ၊ တိုင်ပင်ကျဆဲ ရှိပါတယ်။အကွက်လှကြောင်းဈေးတန်ကြောင်းအချို့ အချောင်ဈေးဖြစ်ကြောင်းရောင်းလိုသူချင်း အပြန်အလှန် ထောက်ခံ နေကြပေမယ့် ထုံးစံအတိုင်း ဝယ်သူမဆင်းတာ တွေ့ ရသဖြင့် တစ်နေကုန် ထိုင်နေကြ။ မနက်ပိုင်း တစ်ပိုင်း ထိုင်ပြီး ပြန်ကျကို တွေ့ ရပါတယ်။
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ရောင်းရန်ရှိသော အိမ်ခြံမြေများ
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
imyanmarmarket
The Rich Villa
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service