နိုင်ငံခြားသားအိမ်ငှားတင်လိုသူများအနေဖြင့် လုပ်ဆောင်ထားသည့်သင့်အချက်များ

နိုင်ငံခြားသားအိမ်ငှားတင်လိုသူများအနေဖြင့် လုပ်ဆောင်ထားသည့်သင့်အချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
15 Jul 2020 3:11 pm တွင် တင်ခဲ့သည်
770 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

မြန်မာနိုင်ငံတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ၊ ပြည်ပကစီးပွားရေးလုပ်ငန်းတွေ ဝင်ရောက်လာတာနဲ့အမျှနိုင်ငံခြား သားတွေနေထိုင်ဖို့ အိမ်ရာတွေလိုအပ်ချက်ကများလာပါတယ်။ လက်ရှိမှာဆောက်လုပ်ရေးလုပ်ငန်းတွေက အဆင့်မြင့်အိမ်ခန်းတွေ၊ ကွန်ဒိုတွေဆောက်လုပ်နေတယ်ဆိုပေမယ့် တစ်ယောက်စ၊ နှစ်ယောက်စငှားနေတဲ့သူ အတွက်တော့ မတတ်နိုင်တဲ့ပမာဏပါ။

သည်တော့ အိမ်အငှားဈေးကွက်က ဆက်လက်အားကောင်းနေဆဲပါ။ အိမ်ပိုင်ရှင်တွေအနေနဲ့ မိမိအိမ်ကို နိုင်ငံခြားသားအိမ်ငှားတင်ချင်တယ်ဆိုရင် သိထားသင့်၊ လုပ်ဆောင်ထားသင့်တဲ့အချက်လေးတွေ ဖော်ပြပေးပါမယ်။

၁။ အိမ်ရဲ့တည်နေရာ

နိုင်ငံခြားသားတွေးအနေနဲ့ အကြိုက်များတာတော့ မြို့တွင်းပိုင်းမြို့နယ်တွေပါ။ အထူးသဖြင့် ပန်းခြံတို့၊ ရေကန် တို့နဲ့နီးပြီး မနက်စောစောအားကစားလုပ်လို့ကောင်းတဲ့ နေရာမျိုးတွေဆို ပိုကြိုက်ပါတယ်။ ဒါကြောင့်မို့ ဗဟန်း၊ ကမာရွတ်၊ ရန်ကင်း၊ မရမ်းကုန်းမြို့နယ်တွေကအိမ်တွေကို ဦးစားပေးလိုချင်ကြပါတယ်။ ဒီလိုဆိုလို့ တခြားမြို့နယ် ကအိမ်တွေရော…။ ရန်ကုန်မြို့တွင်းမှာ နေရာကျယ်ကျယ်ဆိုတာကတော်တော်ရှားလို့ သူတို့လည်းသိပ်တော့ ရွေးစရာမရှိပါဘူး။ ကိုယ့်ရဲ့အိမ်ဟာပြန်လည်ပြုပြင်ထားမယ်၊ သန့်ရှင်းသပ်ရပ်မှုရှိမယ်၊ ပတ်ဝန်းကျင်လည်း ကောင်းမွန်တယ် ဈေးလည်းသိပ်မများဘူးဆိုရင်တော့ ငှားကြမှာပါ။

၂။ လုံးချင်းအိမ်၊ ကွန်ဒို၊ တိုက်ခန်း

လုံးချင်းအိမ်ကတော့ လှမ်းမမှီတဲ့ ပန်းဧကရီ လို့ဘဲပြောရမလား။ ရန်ကုန်ရဲ့အဆင့်မြင့်အိမ်ဈေးနှုန်းတွေကြောင့် တော်ရုံလူတော့ အနားမကပ်နိုင်တာအမှန်ပါဘဲ။သည်တော့ကွန်ဒိုအခန်းတွေနဲ့ နေရာကောင်းတဲ့တိုက်ခန်းကျယ် တွေကပိုအငှားသွက်ပါတယ်။ အနီးပါတ်ဝန်းကျင်မှာ ဈေးဝယ်စင်တာတွေ၊ အားကစားခန်းမတွေ၊ အေးအေးဆေးဆေးထိုင်လို့တဲ့ ကော်ဖီဆိုင်လိုမျိုး ဆိုင်လေးတွေရှိတဲ့နေရာတွေကို သဘောကျပါတယ်။ ခြွင်းချက်အနေနဲ့ တချို့ တွေ အထူးသဖြင့်အသက်ငယ်တဲ့သူတွေကတော့ လူစည်ကားတဲ့ မြို့ထဲလိုနေရာတွေကိုသဘောကျပါတယ်။ အသန့်ကြိုက်ပါတယ်ဆိုတဲ့နိုင်ငံခြားသားတွေ ညှော်နံ့တထောင်းထောင်းနဲ့ ၁၉ လမ်းကိုမကြိုက်တဲ့လူရှားပါတယ်။

၃။ အိမ်တွင်းပါဝင်သင့်သောပစ္စည်းများ

ဒါကအရေးကြီးပါတယ်။ နိုင်ငံခြားသားဆိုတာက မြန်မာနိုင်ငံမှာအလုပ်လုပ်ဖို့လာတာပါ။ သည်တော့သူတို့အနေ နဲ့အိမ်တွင်းပရိဘောဂတွေတစ်ပုံကြီးဝယ်ဖို့ စိတ်မဝင်စားပါဘူး။ လက်ဆွဲအိတ်လေးတစ်လုံးလောက်ဘဲဆွဲပြီး အဆင်သင့်တက်နေချင်တာပါ။ အဲဒီအစားအိမ်ငှားခကိုဘဲ ပိုပေးပြီးနေဖို့သဘောကျပါတယ်။အိမ်တွင်းပရိဘောဂ ဆိုရာမှာလည်း အခြေခံပစ္စည်းတွေဖြစ်တဲ့ စားပွဲ၊ ဗီဒို၊ ကုလားထိုင်၊ ကုတင်တွေ၊ ရေခဲသေတ္တာ၊အဝတ်လျှော်စက် တီဗွီလောက်ပါရင်ရပါပြီ။ အရေးကြီးတာတစ်ခုက အဲယားကွန်းပါ။ ဦးစားပေးစာရင်းထဲမှာထိပ်ဆုံးကပါ။

၄။ အိမ်ငှားခ

အရေးအကြီးဆုံးအပိုင်းကိုရောက်လာပါပြီ။ နိုင်ငံခြားသားတစ်ယောက်အဖို့ ပတ်ဝန်းကျင်သန့်သန့် သူတို့လိုချင် တဲ့အထက်ကအချက်တွေပြည့်စုံတယ်ဆိုရင် တိုက်ခန်းလောက်ဆိုရင်တောင် ဒေါ်လာ ၄၀၀၊ ၅၀၀ လောက်ပေး နိုင်ပါတယ်။ ကွန်ဒိုဆိုရင်လည်း ဒေါ်လာ ၁၅၀၀၊၂၀၀၀ လောက်တော့ပေးနေပါတယ်။ အရေးကြီးတာက ကိုယ့် အိမ်ဟာသပ်သပ်ရပ်ရပ်နဲ့ သူတို့လိုချင်တဲ့အချက်တွေပြည့်စုံနေဖို့လိုပါတယ်။ နောက်ထပ်တစ်ချက်က သူတို့တွေကအလုပ်လာလုပ်တာဖြစ်တဲ့အတွက် နှစ်ချုပ်ထက်လချုပ်ငှားရတာကိုပိုစိတ်ဝင်စားပါတယ်။

၅။ ကြော်ငြာ

ကိုယ်ကအိမ်ကို ပြင်ဆင်ထားပြီးပြီဆိုပါစို့။ ဒါပေမယ့်သူတို့မသိရင်တော့ ဘာမှမထူးပါဘူး။ သည်တော့သင့်အနေ နဲ့သင့်အိမ်ကိုသူတို့သိအောင်ကြော်ငြာဖို့လိုပါပြီ။ ပုံနှိပ်မီဒီယာတွေကနေကြော်ငြာတာ သူတို့ဆီတိုက်ရိုက်ရောက် ဖို့အခွင့်အလမ်းနည်းပါတယ်။ သူတို့ရဲ့လုပ်ဖော်ကိုင်ဖက်၊ အပေါင်းအသင်းတွေဆီကနေတစ်ဆင့်တော့ သိနိုင်ပေ မယ့် တစ်ဆင့်ခံဖြစ်နေပါမယ်။ အကောင်းဆုံးကတော့ အွန်လိုင်းမီဒီယာမှာကြော်ငြာခြင်းပါဘဲ။ အွန်လိုင်းယဉ်ကျေးမှုက သူတို့နဲ့ရင်းနှီးပြီးသာမို့ သင့်ကြော်ငြာကိုသူတို့တွေ့သွားဖို့ အခွင့်အလမ်းအများဆုံးပါဘဲ။ တစ်ခုရှိတာကကြော်ငြာကိုမြင်လိုက်တာနဲ့ နေချင်စိတ်ပေါက်လာအောင် ဓါတ်ပုံကောင်းကောင်း၊ အင်္ဂလိပ်လိုရေး ပြီးတင်ထားဖို့ပါဘဲ။

နိုင်ငံခြားသားအိမ်ငှားတင်တာနဲ့ပက်သက်ပြီး ကောင်းကွက်၊ဆိုးကွက်လေးတစ်ချို့ကိုလည်း ပြောပါရစေ။ ကောင်းကွက်အနေနဲ့ပြောရရင် အိမ်ငှားခပိုတောင်းလို့ကောင်းပါတယ်။ ပြီးတော့သူတို့က လူအများကြီးစုမနေ တော့အိမ်ထိခိုက်မှုနည်းပါတယ်။ အများစု (အကုန်တော့မဟုတ်ပါဘူး) ကသန့်သန့်ရှင်းရှင်းနေတတ်ပါတယ်။ ဒါတွေကကောင်းကွက်တွေပါ။ ဆိုးတာတွေကတော့ ဘာသာ၊ယဉ်ကျေးမှု မတူတတ်တဲ့အလျောက် အဆင်မပြေ တာလေးတွေရှိနိုင်ပါတယ်။ ပြီးတော့အသေးအမွှားလေးကအစ တစ်ခုခုအဆင်မပြေတိုင်းကိုယ့်ကို ပြဿနာရှာ တတ်ပါတယ်။ ဒီတော့ အကောင်းအဆိုးနှစ်ဘက်ကြားမှာ ဟန်ချက်ညီအောင်ထိန်းရင်း အိမ်ရှင်၊အိမ်ငှားအားလုံး အဆင်ပြေကြပါစေလို့ဆုတောင်းလိုက်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit : Social News

 

[Zawgyi]

ႏုိင္ငံၿခားသားအိမ္ငွားတင္လုိသူမ်ားအေနၿဖင့္ လုပ္ေဆာင္ထားသည့္သင့္အခ်က္မ်ား

ျမန္မာႏုိင္ငံတြင္း ႏိုင္ငံၿခားရင္းႏွီးၿမွဳပ္ႏွံမႈေတြ၊ ၿပည္ပကစီးပြားေရးလုပ္ငန္းေတြ ၀င္ေရာက္လာတာနဲ႔အမွ်ႏုိင္ငံၿခား သားေတြေနထိုင္ဖုိ႔ အိမ္ရာေတြလုိအပ္ခ်က္ကမ်ားလာပါတယ္။ လက္ရွိမွာေဆာက္လုပ္ေရးလုပ္ငန္းေတြက အဆင့္ၿမင့္အိမ္ခန္းေတြ၊ ကြန္ဒုိေတြေဆာက္လုပ္ေနတယ္ဆုိေပမယ့္ တစ္ေယာက္စ၊ ႏွစ္ေယာက္စငွားေနတဲ့သူ အတြက္ေတာ့ မတတ္ႏိုင္တဲ့ပမာဏပါ။

သည္ေတာ့ အိမ္အငွားေဈးကြက္က ဆက္လက္အားေကာင္းေနဆဲပါ။ အိမ္ပိုင္ရွင္ေတြအေနနဲ႔ မိမိအိမ္ကို ႏုိင္ငံၿခားသားအိမ္ငွားတင္ခ်င္တယ္ဆုိရင္ သိထားသင့္၊ လုပ္ေဆာင္ထားသင့္တဲ့အခ်က္ေလးေတြ ေဖာ္ၿပေပးပါမယ္။

၁။ အိမ္ရဲ့တည္ေနရာ

ႏုိင္ငံၿခားသားေတြးအေနနဲ႔ အၾကိဳက္မ်ားတာေတာ့ ၿမိဳ့တြင္းပိုင္းၿမိဳ့နယ္ေတြပါ။ အထူးသၿဖင့္ ပန္းၿခံတုိ႔၊ ေရကန္ တုိ႔နဲ႔နီးၿပီး မနက္ေစာေစာအားကစားလုပ္လုိ႔ေကာင္းတဲ့ ေနရာမ်ိဳးေတြဆုိ ပိုၾကိဳက္ပါတယ္။ ဒါေၾကာင့္မို႔ ဗဟန္း၊ ကမာရြတ္၊ ရန္ကင္း၊ မရမ္းကုန္းၿမိဳ့နယ္ေတြကအိမ္ေတြကို ဦးစားေပးလုိခ်င္ၾကပါတယ္။ ဒီလုိဆုိလုိ႔ တၿခားၿမိဳ့နယ္ ကအိမ္ေတြေရာ…။ ရန္ကုန္ၿမိဳ့တြင္းမွာ ေနရာက်ယ္က်ယ္ဆုိတာကေတာ္ေတာ္ရွားလုိ႔ သူတုိ႔လည္းသိပ္ေတာ့ ေရြးစရာမရွိပါဘူး။ ကိုယ့္ရဲ့အိမ္ဟာၿပန္လည္ၿပဳၿပင္ထားမယ္၊ သန္႔ရွင္းသပ္ရပ္မႈရွိမယ္၊ ပတ္၀န္းက်င္လည္း ေကာင္းမြန္တယ္ ေဈးလည္းသိပ္မမ်ားဘူးဆုိရင္ေတာ့ ငွားၾကမွာပါ။

၂။ လံုးခ်င္းအိမ္၊ ကြန္ဒို၊ တုိက္ခန္း

လံုးခ်င္းအိမ္ကေတာ့ လွမ္းမမွီတဲ့ ပန္းဧကရီ လုိ႔ဘဲေၿပာရမလား။ ရန္ကုန္ရဲ့အဆင့္ၿမင့္အိမ္ေဈးႏႈန္းေတြေၾကာင့္ ေတာ္ရံုလူေတာ့ အနားမကပ္နုိင္တာအမွန္ပါဘဲ။သည္ေတာ့ကြန္ဒိုအခန္းေတြနဲ႔ ေနရာေကာင္းတဲ့တိုက္ခန္းက်ယ္ ေတြကပိုအငွားသြက္ပါတယ္။ အနီးပါတ္၀န္းက်င္မွာ ေဈး၀ယ္စင္တာေတြ၊ အားကစားခန္းမေတြ၊ ေအးေအးေဆးေဆးထုိင္လို႔တဲ့ ေကာ္ဖီဆုိင္လုိမ်ိဳး ဆိုင္ေလးေတြရွိတဲ့ေနရာေတြကို သေဘာက်ပါတယ္။ ၿခြင္းခ်က္အေနနဲ႔ တခ်ိဳ့ ေတြ အထူးသၿဖင့္အသက္ငယ္တဲ့သူေတြကေတာ့ လူစည္ကားတဲ့ ၿမိဳ့ထဲလုိေနရာေတြကုိသေဘာက်ပါတယ္။ အသန္႔ၾကိဳက္ပါတယ္ဆုိတဲ့ႏုိင္ငံၿခားသားေတြ ေညွာ္နံ႔တေထာင္းေထာင္းနဲ႔ ၁၉ လမ္းကိုမၾကိဳက္တဲ့လူရွားပါတယ္။

၃။ အိမ္တြင္းပါ၀င္သင့္ေသာပစၥည္းမ်ား

ဒါကအေရးၾကီးပါတယ္။ ႏုိင္ငံၿခားသားဆုိတာက ၿမန္မာႏုိင္ငံမွာအလုပ္လုပ္ဖုိ႔လာတာပါ။ သည္ေတာ့သူတုိ႔အေန နဲ႔အိမ္တြင္းပရိေဘာဂေတြတစ္ပံုၾကီး၀ယ္ဖုိ႔ စိတ္မ၀င္စားပါဘူး။ လက္ဆြဲအိတ္ေလးတစ္လံုးေလာက္ဘဲဆြဲၿပီး အဆင္သင့္တက္ေနခ်င္တာပါ။ အဲဒီအစားအိမ္ငွားခကိုဘဲ ပိုေပးၿပီးေနဖုိ႔သေဘာက်ပါတယ္။အိမ္တြင္းပရိေဘာဂ ဆုိရာမွာလည္း အေၿခခံပစၥည္းေတြၿဖစ္တဲ့ စားပြဲ၊ ဗီဒုိ၊ ကုလားထုိင္၊ ကုတင္ေတြ၊ ေရခဲေသတၱာ၊အ၀တ္ေလွ်ာ္စက္ တီဗြီေလာက္ပါရင္ရပါၿပီ။ အေရးၾကီးတာတစ္ခုက အဲယားကြန္းပါ။ ဦးစားေပးစာရင္းထဲမွာထိပ္ဆံုးကပါ။

၄။ အိမ္ငွားခ

အေရးအၾကီးဆံုးအပိုင္းကိုေရာက္လာပါၿပီ။ ႏုိင္ငံၿခားသားတစ္ေယာက္အဖုိ႔ ပတ္၀န္းက်င္သန္႔သန္႔ သူတုိ႔လုိခ်င္ တဲ့အထက္ကအခ်က္ေတြၿပည့္စံုတယ္ဆုိရင္ တုိက္ခန္းေလာက္ဆုိရင္ေတာင္ ေဒၚလာ ၄၀၀၊ ၅၀၀ ေလာက္ေပး ႏုိင္ပါတယ္။ ကြန္ဒုိဆိုရင္လည္း ေဒၚလာ ၁၅၀၀၊၂၀၀၀ ေလာက္ေတာ့ေပးေနပါတယ္။ အေရးၾကီးတာက ကိုယ့္ အိမ္ဟာသပ္သပ္ရပ္ရပ္နဲ႔ သူတုိ႔လုိခ်င္တဲ့အခ်က္ေတြၿပည့္စံုေနဖုိ႔လုိပါတယ္။ ေနာက္ထပ္တစ္ခ်က္က သူတုိ႔ေတြကအလုပ္လာလုပ္တာၿဖစ္တဲ့အတြက္ ႏွစ္ခ်ဳပ္ထက္လခ်ဳပ္ငွားရတာကိုပုိစိတ္၀င္စားပါတယ္။

၅။ ေၾကာ္ၿငာ

ကိုယ္ကအိမ္ကို ၿပင္ဆင္ထားၿပီးၿပီဆုိပါစို႔။ ဒါေပမယ့္သူတုိ႔မသိရင္ေတာ့ ဘာမွမထူးပါဘူး။ သည္ေတာ့သင့္အေန နဲ႔သင့္အိမ္ကိုသူတုိ႔သိေအာင္ေၾကာ္ၿငာဖုိ႔လုိပါၿပီ။ ပံုႏိွပ္မီဒီယာေတြကေနေၾကာ္ၿငာတာ သူတုိ႔ဆီတုိက္ရုိက္ေရာက္ ဖုိ႔အခြင့္အလမ္းနည္းပါတယ္။ သူတုိ႔ရဲ့လုပ္ေဖာ္ကိုင္ဖက္၊ အေပါင္းအသင္းေတြဆီကေနတစ္ဆင့္ေတာ့ သိႏုိင္ေပ မယ့္ တစ္ဆင့္ခံၿဖစ္ေနပါမယ္။ အေကာင္းဆံုးကေတာ့ အြန္လုိင္းမီဒီယာမွာေၾကာ္ၿငာၿခင္းပါဘဲ။ အြန္လုိင္းယဥ္ေက်းမႈက သူတုိ႔နဲ႔ရင္းႏွီးၿပီးသာမုိ႔ သင့္ေၾကာ္ၿငာကိုသူတုိ႔ေတြ႔သြားဖုိ႔ အခြင့္အလမ္းအမ်ားဆံုးပါဘဲ။ တစ္ခုရွိတာကေၾကာ္ၿငာကိုၿမင္လုိက္တာနဲ႔ ေနခ်င္စိတ္ေပါက္လာေအာင္ ဓါတ္ပံုေကာင္းေကာင္း၊ အဂၤလိပ္လုိေရး ၿပီးတင္ထားဖုိ႔ပါဘဲ။

ႏုိင္ငံၿခားသားအိမ္ငွားတင္တာနဲ႔ပက္သက္ၿပီး ေကာင္းကြက္၊ဆုိးကြက္ေလးတစ္ခ်ိဳ႔ကိုလည္း ေၿပာပါရေစ။ ေကာင္းကြက္အေနနဲ႔ေၿပာရရင္ အိမ္ငွားခပိုေတာင္းလုိ႔ေကာင္းပါတယ္။ ၿပီးေတာ့သူတုိ႔က လူအမ်ားၾကီးစုမေန ေတာ့အိမ္ထိခိုက္မႈနည္းပါတယ္။ အမ်ားစု (အကုန္ေတာ့မဟုတ္ပါဘူး) ကသန္႔သန္႔ရွင္းရွင္းေနတတ္ပါတယ္။ ဒါေတြကေကာင္းကြက္ေတြပါ။ ဆုိးတာေတြကေတာ့ ဘာသာ၊ယဥ္ေက်းမႈ မတူတတ္တဲ့အေလ်ာက္ အဆင္မေၿပ တာေလးေတြရွိႏုိင္ပါတယ္။ ၿပီးေတာ့အေသးအမႊားေလးကအစ တစ္ခုခုအဆင္မေၿပတုိင္းကိုယ့္ကို ၿပႆနာရွာ တတ္ပါတယ္။ ဒီေတာ့ အေကာင္းအဆုိးႏွစ္ဘက္ၾကားမွာ ဟန္ခ်က္ညီေအာင္ထိန္းရင္း အိမ္ရွင္၊အိမ္ငွားအားလံုး အဆင္ေၿပၾကပါေစလုိ႔ဆုေတာင္းလုိက္ပါတယ္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit : Social News

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service